← Chapters

အားလုံးသေရမယ်

Vol. 14 Ch. 201

အားလုံးသေရမယ်

Vol. 14 Ch. 201

ချန်ရှီ လှုပ်ရှားပြီးချိန်မှာတော့ တခြားအမျိုးသမီး သုံးယောက်က သူတို့ရဲ့ ငွေအပ်ကို အသက်သွင်းလိုက်ကြသည်။ နွားအမွေးကဲ့သို့ ပါးလွှာသော ငွေအပ်များ ပျံတက်လာပြီး ချန်ရှီဆီသို့ ဦးတည်သွားလေသည်။

၎င်းတို့အသုံးပြုသော အပ်များသည် ရွှေကိုယ်ထည်ကဲ့သို့ အရာများကို တန်ပြန်ရန် အထူးသန့်စင် ထုတ်ထားသည်။ ၎င်းကို ရက်ကန်းမိန်းကလေး ပန်းထိုးထားသော နဂါးပုံစံဟု ခေါ်တွင်ပြီး ပြင်ပလူများထံ မကူးစက်နိုင်သော ကောင်းမိသားစုရဲ့ ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်သည်။

သခင်လေးက ကောင်းမိသားစုနဲ့ အလွန်ရင်းနှီးနိုင်သည်။ သူသည် ဤသိုင်းပညာအတွက် ကောင်းမိသားစုကို တောင်းဆိုခဲ့လိမ့်မည်။

နဂါးဝတ်ရုံကို ၀တ်ဆင်ရန် နန်းတော်ရှိ ရက်ကန်းမိန်းကလေးက ပန်းထိုး ရက်ထား​ပေးသည့် နဂါးပုံစံအတိုင်း ဖန်တီးထားသည်။ ၎င်းသည် ချုပ်ရိုးမရှိသော ချုပ်ရိုးကင်း ချည်ထိုးအပ်တစ်ခု ဖြစ်ပြီး နောက်ပိုင်းတွင် မှော်ပညာတစ်ခုအဖြစ် ပြောင်းလဲလာသည်။

ကျွမ်းကျင်သော လက်သမားဆရာများ ငှားရမ်းထားသော ငွေအပ်များဖြင့် အပ်စိုက်ကုထုံး နေရာများကို စိုက်လျက် အသုံးပြုသောအခါတွင် ၎င်းရဲ့စွမ်းအားကို နှစ်ဆတိုးစေပြီး ပိုမိုမြန်ဆန်လာ​စေနိုင်သည်။

အမျိုးသမီး သုံးဦးစလုံးဟာ အခြေတည်ဝိညာဥ် နယ်ပယ်မှာရှိကာ ချန်ရှီထက် တစ်ဆင့် မြင့်မားသည်ဟု ဆိုလိုသည်။ ထို့အပြင် သူမတို့သည် ချန်ရှီရဲ့ ကိုယ်ခန္ဓာကို ဖြိုခွင်းရန် အထူးပြုသည့် လက်နက်များ တပ်ဆင်ထားသောကြောင့် ၎င်းတို့ အောင်မြင်နိုင်သည်။

သို့သော် သူတို့၏ ငွေရောင်အပ်များသည် ချန်ရှီ ချန်ထားခဲ့သော အရိပ်ကိုသာ ထိုးဖောက်သွားခဲ့သည်။

ချန်ရှီရဲ့ အရှိန်က အရမ်းမြန်၏။

တကယ်ကို မြန်လွန်း၏။

သူ မြန်မြန် ခြေလှမ်း လှမ်းပြီးတာနဲ့ နောက်ကွယ်မှာ ပုံရိပ်တစ်ခုသာ ချန်ထားခဲ့ကာ သူမတို့ဆီ ရောက်လာသည်။ ပြောထားသလို နှစ်မီတာအတွင်း မဟုတ်ဘဲ နှစ်မီတာထက်ကို ကျော်လွန်နေပြီ။

သခင်လေးရဲ့ စီရင်ချက်က မှားသွားချေပြီ။

သခင်လေးရဲ့ စီရင်ချက်သည် ချန်ရှီရဲ့ ကျင့်ကြံမှုအဆင့်သည် ရွှေအမြုတေ အဆင့်၇ တွင် ရှိနေသည့်အချက်အပေါ် အခြေခံထားသည်။ သို့သော် အချိန်တိုလေးအတွင်းမှာ ချန်ရှီက အဆင့်၇ကနေ အဆင့်၉ အထိ တိုးတက်လာခဲ့သည်။

ဒါတင်မကပဲ သူ့ရဲ့ အစွန်းရှစ်ပါးရွှေနန်းတော် ကျင့်စဥ်က သူ့ရဲ့ ခန္ဓာကိုယ်ကို တာအိုခန္ဓာနဲ့ နီးစပ်တဲ့ အဆင့်အထိ မြှင့်တင်ပေးခဲ့လေသည်။ စီရင်ချက်မှားရင် လူတွေ သေကုန်လိမ့်မည်။ အခုလည်း မျက်စိတစ်မှိတ် အတွင်းမှာပဲ ချန်ရှီရဲ့လက်ထဲမှာ လူနှစ်ယောက် သေသွားပြီ။

ငွေအပ် ၂၇ ချောင်း ဖြတ်သွားတဲ့အခါ လေးချောင်းသည် စင်္ကြံတိုင်ကို ထိုးဖောက်ပြီး တိုင်များကြားမှ ဖြတ်ပြေးသွားကြသည်။ တိုင်များ ပေါက်ကွဲကာ မရေမတွက်နိုင်သော သစ်သားပြားများ လွင့်ပျံသွားသည်။

ခြောက်ချောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပေပေါင်းများစွာ နက်သော တွင်းကြီးခြောက်ပေါက် ရုတ်တရက် မြေပြင်ပေါ်တွင် ပေါ်လာသည်။

အမျိုးသမီး သုံးဦးလုံး အထိတ်တလန့် မဖြစ်ခဲ့ကြပေ။ သူတို့သည် လက်စည်းတံဆိပ် အမူအရာများလုပ်၍ ငွေအပ်များကို စုစည်းလိုက်ကြသည်။ လေထဲမှာ ဓားသွားလို လှုပ်ရှား​နေကြပေမယ့် ငွေအပ်တွေက တည်ငြိမ်နေဆဲ။ ငွေအပ်ပေါ်ရှိ အဆောင်စာလုံး အမျိုးမျိုးကို အသက်သွင်းလိုက်တဲ့အခါ ဆံချည်မျှင်လို ပါးလွှာသော ငွေထိုးအပ်များသည် အသံမထွက်ဘဲ လေထဲတွင် လျင်မြန်စွာ ရွေ့လျားသွားကြသည်။

သူမတို့သည် နတ်ဘုရားများအတွက် အ၀တ်အထည်များ ယက်လုပ်​ပေးသော ကောင်းကင်က အပျိုမလေးများလို လှုပ်ရှားနေကာ ချန်ရှီကတော့ သူတို့ယက်ချင်သော အဝတ်များဖြစ်သည်။

သို့သော် ရက်ကန်းမိန်းကလေးသည် ချန်ရှီကို အပိုင်းပိုင်းခွဲကာ အဝတ်အစားများ ချုပ်ပစ်ချင်နေကြသည်။ အခွင့်အရေးရသရွေ့ ချန်ရှီကို သတ်နိုင်သည်။

ဒါပေမဲ့ အခွင့်အရေးက မြန်လွန်းတော့ သူတို့ခမျာ ဖမ်းမမိချေ။

လက်ဝဲဘက်ရှိ ဒုတိယမိန်းမပျိုထံမှ ငွေအပ်တစ်ချောင်း ပြေးထွက်လာချိန်နှင့် တပြိုင်နက် ချန်ရှီသည် သူ့အနားသို့ ရောက်နေပြီ ဖြစ်သည်။ သူ့ရဲ့ လေချွန်သံက သူမပေါင်ပေါ်တွင် သွေးစွန်းရာများကို ချန်ထားခဲ့ကာ သူမရဲ့ မျက်လုံးများမှ အတင်းအကျပ် ဖယ်ထုတ်လိုက်ရာ အမြင်အာရုံက မှောင်မိုက်သွားပြီး ဘာမှ မမြင်နိုင်တော့ပေ။

ဒါပေမဲ့ ချန်ရှီရဲ့ ပျံသန်းနေတဲ့ ပေါင်က သူမရဲ့ အခြေတည်ဝိညာဥ်ရဲ့ စွမ်းအားနယ်မြေကို ဖြတ်သွားသလို ခံစားလိုက်ရ၏။ ဒါက အာရုံခံစားမှုတစ်ခုပါ။ တကယ့် အမြင်အာရုံ မဟုတ်ပေမယ့် အလွန်ရှင်းလင်းပါသည်။

မိုးခြိမ်းသံကဲ့သို့ လေတိုက်ခတ်သံကို သူမကြားလိုက်ရပြီး ရှောင်တိမ်းချင်လာသည်။ သူမ၏ ခန္ဓာကိုယ်သည် စတင်လှုပ်ရှားနေပြီ ဖြစ်သော်လည်း ခြေထောက်က သူမ မြင်ဖူးသမျှ မှော်ပညာများထက် များစွာမြန်ဆန်လွန်းနေသည်။

"ဝုန်း!"

သူမလည်ချောင်းကို အရာဝတ္ထုတစ်ခုက ထိမှန်သွားခဲ့စဥ် သူမရဲ့ ဦးနှောက်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထို့နောက် သူမရဲ့ ခန္ဓာကိုယ်ကို အရာဝတ္ထု သေးသေးလေးက ထိုးမိသွားကြောင်း သူမ သိလိုက်ရသည်။ အဲဒါတွေက တခြားအမျိုးသမီး နှစ်ယောက်ရဲ့ ငွေအပ်တွေပင်။

ထိုမိုက်မဲသော မိန်းမနှစ်ယောက်သည် ချန်ရှီကို သတ်ဖို့ စိတ်အားထက်သန် လွန်းနေပေလိမ့်မည်။ ထိုအတွေးတစ်ခုကြောင့် အပ်ကို ပြန်ရုတ်သိမ်းရန် အချိန်မရှိသဖြင့် သူမကို ထိသွားစေခဲ့သည်။ သူတို့က ညီအစ်မကောင်းတွေလို့ ပြောဖူးပေမယ့် နောက်ကျောကနေ ဓားနဲ့ထိုးမယ်လို့ မမျှော်လင့်ထားခဲ့။

အားလုံးက စျေးပေါတဲ့ ညီအစ်မတွေချည်းပဲ။

ထိုငွေအပ်များ သူမရဲ့ အခြေတည်ဝိညာဥ် စွမ်းအားနယ်မြေ ကို ဖြတ်သွားသောအခါ သူမ ဘာမှမခံစားခဲ့ရချေ။ အခြေတည်ဝိညာဥ် စွမ်းအားနယ်မြေက ငွေဆေးအပ်များကို အမှန်တကယ် မတားဆီးနိုင်ချေ။

အပ်တစ်ချောင်းသည် သူမရဲ့ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာသောအခါ အပ်ပေါ်တွင် ရေးထွင်းထားသော အဆောင်လက်ဖွဲ့ ၄၆ မျိုးရဲ့ တန်ခိုးများလည်း ပေါက်ကွဲထွက်လာသည်။

ဝုန်း ဝုန်း ဝုန်း !

သူမနောက်မှာ သွေး ၁၈ ပေါက် ရုတ်တရက် ပေါ်လာ၏။ သွေးအပေါက်တစ်ခုစီသည် ပန်းကန်လုံး အရွယ်အစားလောက် ရှိနေရာ ကျောဘက်ရှိ နံရိုးများနှင့် ပုခုံးအရိုးများ ပေါက်ကွဲကာ အတွင်းအင်္ဂါများ ကွဲအက်သွားစေသည်။

သူမဟာ အခြေတည်ဝိညာဥ် နယ်ပယ်က သခင်တစ်ဦးဖြစ်သည်။ သူမ ခန္ဓာကိုယ်သည် ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ် ဘုံနှစ်ခုလုံးတွင် တည်ငြိမ်နေပြီ ဖြစ်သောကြောင့် အပိုင်းပိုင်း မပြိုကွဲသွားပေ။ မဟုတ်ရင် ငွေအပ်တစ်ချောင်းတောင်မှ သူမကို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားစေလောက်အောင် အစွမ်းထက်ပါလိမ့်မည်။

ဒါပေမဲ့ သူမ နာကျင်မှုကို မခံစားနိုင်တော့ပါ။ ချန်ရှီရဲ့ ခြေထောက်သည် သူမရဲ့ လည်ချောင်းကို ဖြတ်သွားကာ ကျောရိုးကိုပါ ကျိုးပဲ့သွား​စေရာ ခေါင်းပြုတ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် သူမသေနေပြီ ဖြစ်သည်။

ထူးဆန်းသော အတွေးများ ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ဦးနှောက်မသေမီ သတိလစ်ခြင်းသာ ဖြစ်သည်။ ဒုတိယအမျိုးသမီးက ဘယ်ဘက်ကနေ ငွေအပ်ဆယ့်ရှစ်ချောင်း ထိုးဖောက်လိုက်တာနဲ့ ချက်ချင်း ရပ်ပြီး နောက်ပြန်ပစ်လိုက်သည်။

ယခုအခါ အမျိုးသမီးငါးဦးတွင် လက်ယာဘက်ခြမ်းက ဒုတိယနှင့် တတိယတို့သာ ကျန်တော့သည်။ အမျိုးသမီး နှစ်ယောက် တုံ့ပြန်မှု အလွန်မြန်သော်လည်း ချန်ရှီက ပိုမြန်​​နေသည်။ သူက ဒုတိယမြောက် အမျိုးသမီးကို ဘယ်ဘက်ကနေ သေသည်အထိ ကန်ကျောက်လိုက်လို့ ပွဲချင်းပြီး သေသွားတာနဲ့ ချက်ချင်း ညာဘက်မှ တတိယမြောက် အမျိုးသမီးဆီသို့ အပြေးအလွှား ပြေးသွားကာ ၎င်းတို့၏ ငွေအပ်များကို ရှောင်ထွက်သွားခဲ့သည်။

တတိယလက်ယာဘက်ရှိ အမျိုးသမီးသည် လျင်မြန်စွာ ဆုတ်ခွာသွားနေစဥ် ချန်ရှီရဲ့ ညာဘက် လှုပ်ရမ်းနေသည်ကို တွေ့လိုက်ရသည်။ အင်္ကျီစလေးက ကောင်းကင်ကို မျိုချလိုက်သလိုမျိုး ရုတ်တရက်ကြီး ကြီးမားလာသည်။

သူမ အလွန်လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း ချန်ရှီရဲ့ မှော်ပညာက သာလွန်ကောင်းမွန်လှသည်။ ချန်ရှီရဲ့ အင်္ကျီလက်ထဲ ကူကယ်ရာမဲ့ ပြုတ်ကျသွားသည်နှင့် အင်္ကျီလက်က တုန်ခါသွားပြီး သွေးစတွေ သူ့လက်မောင်းများ တစ်လျှောက် စီးဆင်းသွားသည်။

တောက်တျယ် ကောင်းကင်မျို အစီအရင်ကို အင်္ကျီလက် တစ်ဖက်တည်းဖြင့် သုံးသွားခဲ့သည်။

ချန်ရှီ ​မြေပြင်​​ပေါ် ခြေချပြီးတာနဲ့ တပြိုင်​နက်​ သူက ချာကနဲ လှည့်​ကာ ညာဘက်​ရှိ ဒုတိယမြောက် အမျိုးသမီးဆီသို့ ​ပြေးထွက်သွားသည်။ အခြေအနေ မကောင်းကြောင်း မြင်တာနဲ့ အမြန်ပြန်ဆုတ်သွားသော်လည်း ချန်ရှီက ခြေလှမ်းနှစ်လှမ်းဖြင့် ဖမ်းမိသွားသည်။

သူမ ရေတွင်းဘက်သို့ ဆုတ်သွားခဲ့သည်။ ချန်ရှီက သွေးစွန်းနေသော လက်ဖဝါးဖြင့် သူမမျက်နှာကို ဖုံးအုပ်ကာ နောက်သို့ ဖိချလိုက်သည်။

အမျိုးသမီး ရေတွင်းထဲကို ဝုန်းကနဲ ပြုတ်ကျသွား၏။ ချန်ရှီသည် ကျန်လက်တစ်ဖက်၌ လက်မ၏ ပထမအဆစ်ကို လက်ခလယ်နှင့် လက်သူကြွယ်ဖြင့် ဖိကာ မြောက်ဧကရာဇ်စည်းတံဆိပ်ကို ဖွဲ့စည်းခဲ့သည်။ မိုးကြိုးသည် သူ့ရဲ့လက်ငါးချောင်းကြားမှ လှိုင်းထလာပြီး ရေတွင်းထဲသို့ ပစ်ထည့်လာသည်။

ရေတွင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေကြီးတွေတောင် သုံးပေကျော် မြင့်သွားခဲ့သည်။ အမြင့် ဆယ်ပေခန့်ရှိ ရေတွင်းမှ လျှပ်စီးကြောင်းများ ကောင်းကင်အထက်သို့ ပြေးတက်လာသည်။ လျှပ်စီးကြောင်းသည် သံပင်များနှင့် ငွေရောင်ပန်းပွင့်များ ကဲ့သို့ဖြစ်ပြီး အလွန်လှပသည်။

ချန်ရှီက ဘေးကို လှည့်ကြည့်လိုက်တော့ ငွေအပ် ကိုးချောင်းက သူ့နောက်ကနေ ပျံထွက်သွားပြီး တံခါးကို တိတ်တဆိတ် ဖြတ်ဝင်သွားသည်။ နက်နဲသော ဝင်းတံခါးသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီး ကျန်ရှိသော စွမ်းအားများ လွင့်သွား၏။

ထိုအချိန်တွင် ဟေးကော်က မျက်မှန်ကို ဖမ်းမိထားပြီ ပြန်မတပ်ရသေးပေ။ ဟူဖေးဖေး ဦးထုပ်ကို လှမ်းကိုင်လိုက်ရာ အမျိုးသမီးငါးဦးစလုံး သေဆုံးသွားခဲ့ပြီ။ ချန်ရှီက သူတို့ကို ကျော်ဖြတ်ပြီး ပြိုကျနေတဲ့ တံခါးကို ဖြတ်ကာ အမေကြီးဆီ ဦးတည်သွားလေသည်။

အမေကြီးသည် ယခုအချိန်အထိ ချန်ရှီ လုပ်ကြံလာမယ်လို့ မမျှော်လင့်ထားသလို ချန်ရှီ ဒီလောက် မြန်မြန်ဆန်ဆန် သတ်ပစ်နိုင်မယ်လို့လည်း သူမ မျှော်လင့်ခဲ့ပေ။ ယန်းကျစ်လမ်းကြားက ထိပ်တန်း သခင်ငါးဦး ချက်ချင်း အသတ်ခံခဲ့ရပြီး သခင်လေး သန့်စင်သော ငွေအပ်များပင် လုံးဝ အသုံးမဝင်ခဲ့ပေ။

ချန်ရှီရဲ့ အရှိန်အဝါသည် တဟုန်ထိုး တက်လာပြီး အခြေတည်ဝိညာဥ် နယ်ပယ်က သခင်ငါးဦးကို တစ်ပြိုင်တည်း သတ်နိုင်တဲ့ စွမ်းအားပါလာသည်။ ကြောက်မက်ဖွယ်ကောင်းသော လူသတ်ရောင်ဝါသည် အမေကြီးရဲ့ မျက်နှာကို ထိမှန်သွားကာ သူမဆံပင်များကို နောက်ပြန် ပျံသွားစေခဲ့သည်။

မြေပြင်ပေါ်က ညှိုးနွမ်းနေသော အဝါရောင် သစ်ရွက်ခြောက် အချို့ပင် လူသတ် အရှိန်အဝါကြောင့် လွင့်စင်သွားကာ လှပသော ခြံဝင်းဘကထဲအထိ လွင့်ပျံသွားသည်။ ထိုနေရာတွင်ရှိ မိန်းကလေး၏ ပါးလွှာသော အဝတ်များကို မှုတ်ထုတ်ကာ သူမတို့ရဲ့ နုပျိုလှပသော ခန္ဓာကိုယ်ကို ပေါ်လွင်လာစေသည်။

လူသတ်အငွေ့အသက်က ပိုပိုပြီး ပြင်းထန်လာ၏။

အဘွားကြီးသည် ကလေးမလေးရဲ့ ခေါင်းပေါ် လက်ကိုတင်ကာ အော်လိုက်သည်။

"ချန်ရှီ ရပ်စမ်း! မဟုတ်ရင် ငါ ခွေးကောင်မလေးကို သတ်ပစ်ရလိမ့်မယ်"

ချန်ရှီ ကလေးမလေးကို အမှန်တကယ် ကယ်တင်လိုကြောင်း သူမ မြင်နိုင်သောကြောင့် အကြိမ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ချန်ရှီကို ထိန်းချုပ်ရန် ကလေးမလေးရဲ့ ဘဝကို အသုံးပြုခဲ့သည်။ ချန်ရှီသည် သူမအလှကို မမက်သော်လည်း အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးကို ထိန်းချုပ်သည့်အခါ အလှတရားထက် သာလွန်သော အရာတွေ ရှိသည်။

ယောက်ျားတစ်ယောက်ကို ထိန်းချုပ်ရတာကို သူမ အရမ်းနှစ်သက်သည်။ တခါတရံ မာကျောပြီး တခါတရံ ပျော့ပျောင်း၊ လိမ်ပြီး ရုန်းကန်နေတဲ့ သူမရှေ့မှ ယောက်ျားများကို ကြည့်ပြီး ဖော်မပြနိုင်တဲ့ ကြည်နူးမှုကို ခံစားရ၏။

ချန်ရှီ ခေတ္တရပ်ပြီး နောက်တဖန် လမ်းလျှောက်လိုက်သည်။

"မကြောက်ပါနဲ့ ညီမလေး.. ဒီဘဝမှာ မင်းကို ငါ မကာကွယ်နိုင်တော့ဘူး နောင်ဘဝတွေမှာတော့ မင်းကို မိသားစုကောင်းကောင်းမှာ ပြန်မွေးဖွားနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အဘွားကြီး ထိတ်လန့်သွားသည်။

ဒီလူက ကောင်မလေးကို ခြိမ်းခြောက်မှုအဖြစ် အသုံးချသွားမှာကို လုံးဝ မကြောက်ဘူး။

လုံးဝကို မကြောက်ဘူး!

ချန်ရှီက သူ့ခြေထောက်ကို ဆောင့်ချလိုက်သည်။ အစွန်းရှစ်ပါးရွှေနန်းတော်ကို အသက်သွင်းလိုက်တဲ့အခါ အစွန်းရှစ်ခု ရွှေနန်းတော်တို့ စုံလင်စွာ ပေါင်းစပ်လာကာ တံခါးပေါက်ရှစ်ခုသည် သူနှင့်လေးပေခန့် အကွာတွင် ပေါ်ထွက်လာ၏။

မုခ်ဝတွင် ဘောလုံး​လေးကဲ့သို့ နတ်အလင်းရောင်တစ်ခု ရှိပြီး သူ့ရဲ့ ရွှေအမြုတေကို ဆွဲထုတ်ယူလိုက်သည်။ ရွှေအမြုတေ စွမ်းအားနယ်မြေသည် သာမာန်ကျင့်​ကြံသူထက် အဆများစွာ ပိုကြီးပြီး အ​ခြေတည်ဝိညာဥ် နယ်ပယ်ကလူရဲ့ စွမ်းအားနယ်မြေထက် များစွာ ယုတ်ညံ့မည်မဟုတ်ပေ။

အ​မေကြီးသည် သူ့ရဲ့ စွမ်းအားနယ်မြေ အသက်ဝင်လာတာကို မြင်တွေ့ရန် အချိန်သာ ရလိုက်ပြီး နောက်အခိုက်အတန့်တွင်တော့ သူမ ပြိုကျနေသော အိမ်ကြီးထဲကို ကန်ထုတ်ခံလိုက်ရကာ တံခါးကို အပိုင်းပိုင်း ကွဲအက်သွား​စေခဲ့သည်။ ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးတစ်ချက် ကျွေးလိုက်သည်။ ဤလက်သီးသည် အမြောက်ကျည်လို တဟုန်ထိုး တုန်ခါနေပြီး လှိမ့်ခနဲ မြည်သံနှင့်အတူ ထွက်လာသည်။

မိုးခြိမ်းသံ ပါလာသော ဤလက်သီးချက်သည် အားနည်းသော ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ကိုတောင် ဖြိုခွဲနိုင်သည်။

သူမ နှောင့်နှေးမနေဝံ့ပေ။ ခွေးကောင်မလေးလို့ ခေါ်သော ကလေးမလေးကို သတ်ဖို့ အချိန်မရတော့ဘဲ ကမန်းကတမ်း မတ်တပ်ထရပ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်မှုတစ်ခုကို တီထွင်လိုက်သည်။

ဤကျွမ်းကျင်မှုကို လုပ်ဆောင်သောအခါ သူမ တစ်ကိုယ်လုံး ရွှေရောင်တွေနဲ့ တောက်ပလာသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကလည်း အက်ကွဲသံများနှင့်အတူ လျင်မြန်စွာ ကျယ်ပြန့်လာသည်။

သူမသည် မူလက အလွန်အရပ်ရှည်ပြီး ချန်ရှီထက် ခေါင်းတစ်ပိုင်း သို့မဟုတ် နှစ်ဆပိုမြင့်သည်။ ယခု သူမသည် နံရံထက်ပင် ပိုမြင့်လာပြီး မျက်လုံးတစ်မှိတ် အတွင်းမှာပင် ဆယ်ပေကျော်အထိ အရပ်ရှည်လာသည်။ သူမ၏ လျင်မြန်စွာ ကြီးထွားလာသော အရိုးများနှင့် ကြွက်သားများသည် သူမ၏ အရေပြားကို ပြင်းထန်စွာ ဆွဲဆန့်လိုက်ရာ အချိန်မရွေး အရေပြား ကွဲသွားတော့မလိုပင်။

တခဏချင်းမှာပဲ အမျိုးသမီး နတ်ဘုရားလောင်းလို ဖြစ်သွားသည်။ ချစ်စရာကောင်းသော အမျိုးသမီးတစ်ဦးမှ ပိန်ပိန်ပါးပါးနှင့် ပျော့ပျောင်းသော မိန်းမအဖြစ်သို့ ပြောင်းလဲခဲ့သည်။ သူမသည် ညစ်ညမ်းသော ပြည့်တန်ဆာမှ မြင့်မြတ်သော ဗုဒ္ဓဘာသာအသွင်ဆောင်သော ပုဂ္ဂိုလ်အဖြစ်သို့ ပြောင်းလဲခဲ့သည်။

သူမသည် မိုးခြိမ်းသံနှင့်အတူ ချန်ရှီ၏ လက်သီးကို ထိတွေ့ရန် ထန်းရွက်အရွယ်အစားရှိ လက်ဖဝါးကို ရိုက်ချလိုက်သည်။

သူမရဲ့ လက်ဖဝါးစွမ်းအား ပေါက်ကွဲသွားသည်။ သူမ ဦးခေါင်းနောက်တွင် နတ်ကွန်းတစ်ခု ရှိကာ နတ်သန္ဓေသားက နတ်ကွန်းထဲ၌ ထိုင်နေလေသည်။ အ​ခြေတည်ဝိညာဥ်က တစ်ပေခန့်မြင့်လာပြီး ၎င်းတွင်ပါရှိသော စွမ်းအင်နှင့် သွေးသည် အခြားအမျိုးသမီးများ၏ အခြေတည်ဝိညာဥ်များထက် အဆများစွာ ပို​ပြင်းသည်။

အခြေတည်ဝိညာဥ်က သူမနောက်သို့ လိုက်ကာ လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ဗုဒ္ဓဂါထာများကို ကျယ်လောင်သော သက္ကတအသံများဖြင့် ရွတ်ဆိုနေလေသည်။

"အာ, ရှား, ပါ, ဖေ, ပါ, ရှူး, ထော်, ဆ, ဖော့, တာ, မား, ရှား, ပါ, ဖေ, ပါ, ရှူး, တု, လင့်!"

စာလုံးတွေက လိမ်ပြီး ထူးဆန်းတဲ့ သက္ကတစကားလုံးတွေ အဖြစ် စီးဆင်းလာသည်။ ၎င်းတို့က သူမရဲ့ ပခုံးပေါ်ကနေ လှည့်ပတ်ပြီး သက္ကတဘီးကြီးလို သူမရဲ့ လက်ဖဝါးတလျှောက် တဖျပ်ဖျပ် ဝဲကျလာ၏။ သူ့လက်ဖဝါးထဲ ရောက်လာတဲ့အခါ ဗုဒ္ဓဘာသာရဲ့ လျှို့ဝှက်ထားတဲ့ စွမ်းအားတွေက သူမလက်ဖဝါးပေါ်မှ ပေါက်ထွက်လာခဲ့လေသည်။

ဤသည်မှာ ဗုဒ္ဓဘာသာတွင် မဟာကာလာဝဇရာဘုရင်၏ ရွှေရောင်အလင်းမန္တန်မှ ဖန်တီးထားသော ရွှေကိုယ်ခန္ဓာဖြစ်ပြီး ဂါထာက ပထမအကွက်နှင့် သက်ဆိုင်သည်။

စိတ်ဘီး။

ဆရာတော်ဝါးခါး ယွိတူးကို ရောက်လာတုန်းက သူသည် ဤ နတ်ဘုရင်ဘီးတံဆိပ်ကို သခင်ငယ်အား သင်ကြားပေးခဲ့သည်။

စိတ်ဘီးကို အသက်သွင်းရန် ၎င်းနဲ့ သက်ဆိုင်တဲ့ ကျင့်စဥ်တွေကို ကျင့်ထားဖို့ လိုအပ်ပါသည်။ ဆရာတော်ဝါးခါးသည် သခင်ငယ်အား ဤလှုပ်ရှားမှုကို သင်ကြားပေးသောအခါ သူသည် သခင်ငယ်ထံသို့ သက်ဆိုင်သော မန္တန်ကို လွှဲပြောင်းပေးသောကြောင့် သခင်ငယ်ကလည်း စိတ်ဘီးကို ကျင့်နိုင်ခဲ့သည်။

နတ်ဘုရင်ဘီးတံဆိပ် ရွှေရောင်အလင်းမန္တန်ကို မန္တန်များ၊ အဆောင်လက်ဖွဲ့ စာလုံးပေါင်းများဖြင့် ဖွဲ့စည်းထားသည်။ ဆရာတော်ဝါးခါးက ဒီလက်ဆောင် ဘယ်လောက် အရေးကြီးကြောင်း ပြသရင်း သင်ကြားပေးခဲ့သည်။

သခင်ငယ်သည် ဤသိုင်းပညာကို ဟောင်းနွမ်းနေသော ပြည့်တန်ဆာပိုင်ရှင်ထံ အပ်နှင်းခဲ့တယ အံ့သြစရာ မဟုတ်ပေ။ သူမသည် သူ့အပေါ် အလွန်သစ္စာစောင့်သိပေ၏။

တစ်ချိန်တည်းမှာပင် ချန်ရှီရဲ့ ရွှေအမြုတေကလည်း အသက်ရင်းမြစ်ထဲမှ ထိုးတက်လာပြီး သူ့ရင်ဘတ်ဆီသို့ တက်သွားကာ ညာလက်မောင်းထဲ ဝင်သွားခဲ့သည်။ သူ့လက်လွှဲချက်နဲ့အတူ ရွှေအမြုတေကလည်း ပြေးထွက်လာသည်။

ဒါက မင်ဧကရာဇ် ရွှေရောင်ကိုယ်ခန္ဓာ တိုက်ခိုက်နည်း ဖြစ်သည်။

ကုံကျိုးမြို့ နတ်ဆိုးနယ်မြေ အဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် ဆရာတော်ဝါးခါးသည် ချန်ရှီကို နှစ်ကြိမ်တိုက်ခိုက်ရန် မှိုဦးခေါင်းအကြီးကြီးကို ထိန်းချုပ်ခဲ့ပြီး ချန်ရှီကလည်း ရွှေရောင်ကိုယ်ထည်တိုက်ခိုက်ရေး နည်းလမ်းရဲ့ လျှို့ဝှက်ချက်အချို့ကို တိတ်တဆိတ် လေ့လာခဲ့သည်။

ကံတရားက တကယ်ကို အံ့သြစရာကောင်းတယ်လို့ ပြောရမည်။ သူတို့နှစ်ယောက်လုံးက မင်ဧကရာဇ်ရဲ့ ရွှေရောင်အလင်း ကျင့်စဥ်ကိုသာ သုံးနေကြသည်။ တစ်ခုက စာလုံး ဖွဲ့စည်းမှုဖြစ်ပြီး နောက်တစ်ခုက တိုက်ပွဲနည်းလမ်း ဖြစ်ကာ အချင်းချင်း တိုက်မိသွားကြသည်။

အမေကြီးမှာ တစ်ဖက်လူရဲ့ မှော်စွမ်းအားသည် ပင်လယ်ကြီးလို နားမလည်နိုင်လောက်အောင် နက်နဲသည်ဟု ခံစားမိလာသည်။ အာရုံစူးစိုက်မှုအဆင့်က သူမလောက် မဆိုးပေမယ့် အနက်ကတော့ သူမထက်တောင် ပိုမြင့်နေတာ အံ့သြသွားမိသည်။

"သူ ဘယ်လို နတ်သန္ဓေသားမျိုး ရထားတာလဲ"

သခင်လေးက ချန်ရှီသည် ဘယ်လို နတ်သန္ဓေသားမျိုး ပိုင်ဆိုင်ထားကြောင်း သူမအား မပြောခဲ့ပေ။ ဤအချက်အလက် မရှိခြင်းကြောင့် သူမကို ယောင်ဝါးဝါး ဖြစ်မိစေသည်။

ချန်ရှီရဲ့ ကိုယ်ပိုင် မှော်အစွမ်းသည် သူမလောက် မကောင်းကြောင်း သူမ သဘောပေါက်သော်လည်း နတ်သန္ဓေသားရဲ့ ကောင်းချီးကြောင့် သူမကို ယှဉ်နိုင်ခဲ့သည်။ ဒီလို နတ်သန္ဓေသားရှိမှန်း သူမ ဘယ်တုန်းကမှ မသိခဲ့ပါ။

"ဒါပေမယ့် မင်းရဲ့နတ်သန္ဓေသားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါ့ရဲ့ နတ်ဘုရင်ဘီးတံဆိပ်ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်ထက် ခိုင်ခံ့နိုင်မှာ မဟုတ်ဘူး...."

ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက် သွားသောအခါတွင် သူမက အော်လိုက်ပြီး နောက်ထပ် တိုက်ခိုက်မှုတစ်ခု စတင်တော့မည်။ ထိုအခိုက် သူမရဲ့ တင်းကျုံး အပ်စိုက်ကုထုံး နေရာက အနည်းငယ် နာကျင်သွားတာ ခံစားလိုက်ရသည်​။ တစ်ဆက်တည်း သူမရဲ့ ရင်ဘတ်အောက်ရှိ တင်းကျုံးအမှတ်မှ အလင်းတန်းတစ်ခု လင်းလက်လာသည်။

အမေကြီး အံ့အားသင့်သွားသည်။

"ဒါကဘာလဲ"

သူမရဲ့ ရွှေရောင်ကိုယ်ထည်ဟာ ရုတ်တရက်ဆိုသလို ပြိုကွဲသွားကာ ကြီးမားလှတဲ့ ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့သွားသည်။ တင်းကျုံး အမှတ်ရှိ ဆေးထိုးအပ်အရွယ် အပေါက်မှ ချီနှင့် သွေးများ တဟုန်ထိုး ထွက်ကျလာသည်။

အပေါက်သေးသေးလေးမှ ယိုစိမ့်လာသော ချီစွမ်းအင်များသည် ကျယ်လောင်သော အသံနဲ့အတူ အရှိန်ပို၍ မြန်လာသည်။

"ဆရာတော်ဝါးခါးက မင်းသခင်လေးရဲ့ မင်ဧကရာဇ် ရွှေရောင်အလင်းမန္တန်ရဲ့ ချို့ယွင်းချက်ကို တစ်ခါမှ မပြောပြဖူးဘူး မဟုတ်လား"

ချန်ရှီ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး သူမ၏ ဘယ်ဘက်လက်သီးကို တင်းမာသော မျက်နှာဖြင့် ဆုပ်ကိုင်ထားသည်။

"မင်းရဲ့ရွှေရောင်ကိုယ်ခန္ဓာကို ချိုးဖျက်ဖို့ သခင်ငယ်ရဲ့ ငွေအပ်ကို ငါသုံးလိုက်တာလေ... မင်း မျှော်လင့်ထားသလိုတော့ မဟုတ်ဘူးမလား..."

အမေကြီး စကားစမလို့ ပြင်လိုက်ရင်ပဲ ချန်ရှီက ဘယ်လက်သီးနဲ့ ထိုးချလိုက်ရာ တင်းကျုံး အမှတ်ကို ပြင်းပြင်းထန်ထန် ထိသွားလေသည်။

အမေကြီးရဲ့ မျက်နှာက အနည်းငယ် ရွံ့ရှာဖွယ်ကောင်းလယသည်။ သူမရင်ဘတ်ကို လက်တစ်ဖက်ဖြင့်အုပ်ကာ ချန်ရှီ မျက်နှာကို နောက်တစ်ဖက်နှင့် ဆုပ်ကိုင်ထားသည်။ ဒီနာကျင်မှုကြောင့် ချန်ရှီကိုပါ အတူတူ ဆွဲခေါ်သွားချင်နေပုံပင်။

ချန်ရှီ သူ့လက်သီးတွေကို ပြန်ဆုတ်လိုက်ပြီး သွေးစွန်းနေတဲ့ ညာလက်က သူမမျက်နှာကို တင်းတင်းကြပ်ကြပ် တွန်းထုတ်လိုက်သည်။

"မင်းရဲ့ရွှေကိုယ်က ကွဲသွားပြီး မင်းရဲ့ စွမ်းအားတွေ လွင့်သွားရင် မကြာခင် သေလိမ့်မယ်"

ချန်ရှီ သူမကို ကန်ထုတ်လိုက်သည်။ သူမဟာ ယန်းကျစ်လမ်းကြား ဆယ်ပေကျော်ကျော်အထိ လွင့်သွားကာ ခွေးသေတစ်ကောင်လို ပစ်ကျသွားသည်။

ချန်ရှီသည် ခမ်းနားထည်ဝါသော အိမ်ကြီးထဲသို့ လမ်းလျှောက် ထွက်လာတဲ့အခါ အပြင်ဘက် လမ်းပေါ်တွင် အဘွားအို၏ ကွေးကောက်နေသော ခန္ဓာကိုယ်သည် လေဝင်သွားသလို ရုတ်တရက် ဖောင်းကားလာပြီး မကြာမီ ရေထဲတွင် အချိန်အတော်ကြာအောင် သေဆုံးသွားခဲ့သော ဧရာမအကောင်ကြီးကဲ့သို့ ဝိုင်းစက်သွားလေ၏။

သူမ ပြောမပြတတ်အောင် ကြောက်ရွံ့နေမိသည်။ ဒါဟာ သူမရဲ့ ရွှေရောင်ကိုယ်ထည် ကျိုးပဲ့သွားပြီး သူမရဲ့ အရေးကြီးတဲ့ ချီစွမ်းအင်တွေ ယိုစိမ့်တော့မယ့် အရိပ်အယောင်ပါပဲ။ ထိုစဥ် အိမ်ထဲမှ ဟူဖေးဖေး ပြေးထွက်လာတာ မြင်လိုက်ရသောအခါတွင် သူမသည် အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဆွဲယူလိုက်သလို ခံစားလိုက်ရပြီး အော်ဟစ်လိုက်၏။

"ကယ်ပါ.... ကယ်ကြပါဦး..."

သူမ စကားမဆုံးခင်မှာပင် ပြင်းထန်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိ​တော့သော ချီစွမ်းအင်နှင့် သွေးများက သူမခန္ဓာကိုယ်ထဲက ပေါက်ကွဲထွက်လာလေသည်။ ပေါက်ကွဲအားကြောင့် သူ့ပတ်ဝန်းကျင်က အိမ်တွေပါ ပြိုကျသွား၏။ ဟူဖေးဖေးသည် သူမမျက်နှာကို ဖုံးအုပ်ရန် အင်္ကျီလက်စများကို အမြန်ထုတ်လိုက်ပြီး လေပြင်းများကို တားဆီးရန် ဘေးတိုက် လှည့်လိုက်သည်။

သွေးထွက်သံယို မုန်တိုင်း ဖြတ်သန်းပြီးနောက် မြေပြင်ပေါ်တွင် အပေါက်ကြီးတစ်ခုသာ ကျန်ရှိတော့သည်။ အဘွားအိုကတော့ အငွေ့ပျံပြီး လုံးဝပျောက်ကွယ်သွားပုံရသည်။

ဟူဖေးဖေး အလျင်အမြန် ဖြတ်ကျော်ကြည့်လိုက်ရာ ချန်ရှီ ခမ်းနားပြီး နူးညံ့သိမ်မွေ့သော ခြံဝန်းထဲ လျှောက်သွားနေတာ တွေ့လိုက်ရသည်။ ဤနေရာတွင် မိန်းကလေးငယ်များသည် ဆွဲဆောင်မှု ရှိစွာဖြင့် ယောက်ျားများကို မည်ကဲ့သို့ သွေးဆောင်ရမည်ကို သင်ယူရန် အပြင်းအထန် ကြိုးစား​နေခဲ့ကြသည်။ အဘွားအိုရဲ့ ကွပ်မျက်ခံရမှုက သူတို့အပေါ် လုံးဝသက်ရောက်မှု မရှိသလိုပင်။

သူတို့ကို တာဝန်ယူထားတဲ့ အဘွားအိုတွေ အားလုံးကတော့ ထိတ်လန့်တကြားနဲ့။ ချဉ်းကပ်လာတဲ့ ချန်ရှီကို ကြည့်ပြီး ကြောက်ရွံ့နေကြသည်။ သူတို့ အသီးသီးက သူတို့ရဲ့ ရွှေအမြုတေတွေကို ထုတ်ကာ ရက်စက်တဲ့ မျက်လုံးတွေက ရွှန်းလဲ့နေပေမယ့် ရှေ့ကို မလှမ်းဝံ့ကြချေ။

ချန်ရှီ လက်ရန်းကို မှီ၍ ဖီဖာစောင်းတီးနေသော မိန်းကလေးထံသို့ လာကာ တိုးတိုးလေး ပြောလိုက်ပါ၏။

"မင်းရဲ့ ဆံထိုးကို ငှားပါဦး"

ကောင်မလေးက မျက်လုံးဖွင့်ပြီး သူ့ကို မော့ကြည့်လာသည်။ သူမ၏ မျက်လုံးတွေက ကြည်လင်နေတဲ့ ဆောင်းဦး လှိုင်းလုံးများနှယ်။ ချန်ရှီက သူမ၏ စည်းထားသော ဆံပင်ထဲမှ ဆံထိုးကို ဆွဲထုတ်ကာ လက်ဖဝါးပေါ် တင်ကာ ပြုံးပြလိုက်သည်။

ကောင်မလေးက သူ့အပြုံးကြောင့် ကူးစက်ခံလိုက်ရသလို ပြုံးနေ၏။ ချန်ရှီသည် အခေါင်းပေါက် ကြေးပုတီးများအား ဆံထိုးဆီသို့ မှုတ်လိုက်ပြီး။

"မင်းလည်း မှုတ်ကြည့်!"

ကောင်မလေးသည် နှုတ်ခမ်းနီများကို ဖြည်းညှင်းစွာ ဖွင့်ဟကာ ဆံထိုးကို ဖြည်းဖြည်းချင်း မှုတ်လိုက်သည်။ ဆံထိုးက လေထဲကို လွင့်ပျံလာ၏။

“ဝူး!”

ကြေးပုတီးလုံးများသည် အဘွားကြီးတစ်ဦး၏ နတ်ကွန်းကို ဖြတ်သွားကာ သူ့ရဲ့ နားထင်ကိုပါ ထိုးဖောက်ပစ်ခဲ့သည်။

ကျားကို လုပ်ကြံချင်သူတွေ သေရမယ်!

All Chapters