← Chapters

ဥယျာဉ်ထဲမှာ ဝှက်ထားတဲ့ အလှ

Vol. 14 Ch. 202

ဥယျာဉ်ထဲမှာ ဝှက်ထားတဲ့ အလှ

Vol. 14 Ch. 202

ခြံဝင်းထဲတွင်တော့ ကျန်နေသော အဘွားအိုများသည် ဒေါသတကြီးအော်ကာ အချို့က ချန်ရှီကို သတ်ရန် ၎င်းတို့၏ရွှေအမြုတေများကို တိုက်တွန်း​နေကြပြီး အချို့ကလည်း မတ်တတ်ထကာ ၎င်းတို့၏ သွက်လက်သန်မာဆဲ ဖြစ်သော ခန္ဓာကိုယ်များဖြင့် နံရံပေါ်မှ ခုန်ဆင်းကာ ထွက်လာကြသည်။

ရွှတ်!

ဆံထိုးသည် လေထဲတွင် ပျံဝဲကာ တခစ်ခစ် ရယ်သံနဲ့အတူ အဘွားကြီးတစ်ယောက်ရဲ့ အလောင်းကို ဖြတ်သွားခဲ့သည်။ ၎င်းရဲ့ အရှိန်အဟုန်ဖြင့် ထိန်းချုပ်ရန် ခဲယဉ်းနေသည့်အတိုင်းပင်။

သတ်ဖို့ ပြေးလာနေတဲ့ အဘွားကြီးဟာ မြေပြင်ပေါ် လဲကျသွား၏။ သူမ ရပ်လိုက်ချိန်မှာတော့ အလောင်းကောင်သာ ဖြစ်သွားခဲ့ချေပြီ။

နံရံကို ကျော်တက်လာတဲ့ အဘွားကြီးကတော့ ခုန်ချလိုက်တာနဲ့ နံရံမှာ သွေးစွန်းထင်းနေခဲ့သည်။ သူမရဲ့ နှလုံးကို ဆံထိုးက အကြိမ်ကြိမ် ဆက်တိုက် ထိုးနေခဲ့သည်။ ခွန်အား​တွေ အားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး သူမရဲ့ ခန္ဓာကိုယ်ကို နံရံတွင် ချိတ်ဆွဲထားပြီးသား ဖြစ်သွားသည်။

အခြားသူများက အိမ်ထဲသို့ ပြေးဝင်သွားကြသည်။ ကြေးပုတီးလုံးများ တဆက်ဆက် တုန်ခါနေချိန်တွင် အခန်းထဲတွင်လည်း ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကာ အော်ဟစ်သံများဖြင့် ဆူညံကုန်သည်။

ဗုန်း!

အဘွားကြီးတစ်ယောက် ရေထဲပြုတ်ကျပြီး ရေမျက်နှာပြင်ပေါ် မှောက်လျက်တွားရင်း အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် မလှုပ်နိုင်တော့ပေ။ မကြာခင်မှာပဲ ရေကန်ဟာ သူမရဲ့သွေးများကြောင့် အနီရောင် ပြောင်းသွားခဲ့သည်။

နက်နဲသော ရင်ပြင်ကြီးသည် ပျံသန်းနေသော ဆံထိုးသံများသာ ဆူညံနေသည်။ အော်ဟစ်သံများနှင့်အတူ အပြင်ဘက်လမ်းမှာတော့ တဗုန်းဗုန်း လဲကျသံများက အလွန်လျင်မြန်လာ၏။ နက်နဲသော ဝင်းအတွင်းမှ မိန်းကလေးများသည် လေ့ကျင့်နေတာတွေကို ရပ်လိုက်ကြပြီး အပြင်ဘက်က အသံများကို နားထောင်နေကြသည်။

မြည်နေသည့်အသံသည် သူတို့၏ ထုံကျင်နေသော ဝိညာဉ်များကို ထိမိသွားသလို ခံစားလိုက်ရသည်။ သူမတို့သည် အချိန်အတော်ကြာ လေ့ကျင့်ထားရသောကြောင့် လေ့ကျင့်မှုက သူမတို့၏ အရိုးထဲအထိ နက်ရှိုင်းစွာ အမြစ်တွယ်နေပါပြီ။

အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရပြီးနောက် ထိုအမျိုးသမီးကြီးများကို ခုခံရန် သတ္တိမရှိတော့ပေ။ ကြောက်စရာ ကောင်းသော အော်သံက ယန်းကျစ်လမ်းကြားရှိ အဘွားအိုများရဲ့ အသံဖြစ်ပြီး သူမတို့၏ အသက်ကို ကယ်တင်သည့် တေးဂီတလည်း ဖြစ်သည်။

ထိုအချိန်တွင် ဆံထိုးရဲ့ ပြေးလွှားနေသော အသံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ခြံဝင်းကြီးထဲက မိန်းကလေးတွေအားလုံး ကြောက်လန့်တကြား ကြည့်နေကြပေမယ့် မကြာခင်မှာပဲ သူတို့မျက်နှာတွေ ငြိမ်သက်သွားကြ၏။

သူမတို့သည် လုပ်လတ်စများကို ဆက်လက် လုပ်ဆောင်​နေခဲ့သည်။ ဖီဖာစောင်း တီးတဲ့ မိန်းကလေးက လက်ရန်းကို မှီပြီး ဖီဖာကို ဆက်ကစားသလို ရေဘေးမှာ ကခုန်နေတဲ့ ကောင်မလေးက ခြေထောက်ဗလာနဲ့ ဆက်ကခုန်နေတော့ ရေက သွေးကြောင့် နီရဲနေတာကို လုံးဝ သတိမမူမိသလိုပင်။

စောင်းသံကို ချိန်ညှိနေသော မိန်းကလေးသည် စောင်းသံကို ဆက်လက် ထိန်းညှိပေးနေစဥ် သူမဘေးနားရှိ အဘွားကြီးက သူမခြေရင်း၌ သေဆုံးသွားသည်။ ဒီလုပ်ရပ်တွေကို မြင်သူတိုင်း ယောက်ျားတွေကို စိတ်လှုပ်ရှားစေဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြတယ်လို့ ထင်နေပေလိမ့်မည်။

ထိုအချိန်တွင် ဆံထိုးတစ်ချောင်းက ပျံသန်းလာပြီး ချန်ရှီ လက်ဖဝါးထဲသို့ ညင်သာစွာ ကျလာခဲ့သည်။ ခြံဝင်းထဲက မိန်းကလေးတွေလည်း ရပ်ပြီး သူ့လက်ဖဝါးပေါ်က ဆံထိုးကို ကြည့်လာကြရာ ဆံထိုးကလည်း သွေးများစွန်းထင်းနေ၏။

"ငါ နင့်ကို သေအောင်တိုက်မယ်!"

အဘွားကြီးတစ်ယောက်က အပြင်းအထန် ရုန်းကန်ပြီး အိမ်ရှေ့မှာ လဲကျသွားသည်။ ခြံထဲကို ပြေးဝင်ဖို့ ကြိုးစား​နေပေမယ့် ရလဒ်က ချော်လဲပြီး မြေပြင်ပေါ် လဲကျသွားတာပင်။

သူမတစ်ကိုယ်လုံးတွင် သွေးအပေါက်များစွာ ရှိနေသည်။ သူမသည် သူမခန္ဓာကိုယ်ကို လိမ်ကောက်ကာ သွားများကို အံကြိတ်ရင်း ရှေ့သို့ တွားသွား​နေခဲ့သည်။ ချန်ရှီကို သူမ မကြောက်တော့သလို ထင်ရသော်လည်း အလွန်ကြောက်သွားပြီးနောက် ဒေါသတွေကလည်း ပေါက်ကွဲချင်နေခဲ့သည်။

ချန်ရှီကို သတ်ချင်နေတာပင်။

အစကတော့ သူမဟာ တခြားအမျိုးသမီး​ကြီးတွေလို ဒီလူသတ်နတ်ဆိုးရဲ့ ဆံထိုးအောက်မှာ သတ်ပစ်ခံရမယ်လို့ တွေးပြီး အလွန်ထိတ်လန့်ခဲ့သည်။ သို့သော်လည်း မမျှော်လင့်ထားဘဲ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ဒါပေမဲ့ ဘဝက သေတာထက်တောင် ပိုဆိုးနေလေသည်။

ချန်ရှီက ဆံထိုးကို သူ့ခန္ဓာကိုယ်ပေါ် အလှည့်ကျရွှေ့ခိုင်းပြီး သေစေနိုင်တဲ့ အစိတ်အပိုင်းတွေကို ရှောင်ရင်း သွေးအပေါက်တွေကိုသာ ပုံဖော်သွားခဲ့သည်။

ချန်ရှီသည် သူမ၏ အပေါ်ပိုင်း၊ အလယ်နှင့် အောက် အသက်ရင်းမြစ်ကို ထိုးဖောက်သည်၊ သူမရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးခဲ့ပြီး ထိုဒဏ်ရာများကို ခန္ဓာကိုယ်ပေါ်တွင် ထားခဲ့သည်။ ကြောင်တစ်ကောင်ကတောင် သူမကို သတ်နိုင်​လောက်တဲ့အထိ လှည့်စားပြီး သတ်နေ၏။

သူမ မလွတ်မြောက်နိုင်မှန်း သိသောကြောင့် နောက်ပြန်လှည့်ကာ ချန်ရှီကိုသတ်ဖို့ အိမ်သို့အပြေးပြန်လာခဲ့သည်။ အနည်းဆုံးတော့ ချန်ရှီကို နှိုးဆော်ပြီး သူမကို အမြန် သတ်ခိုင်းပစ်ရမည်။ အပြင်းအထန် တွားသွားကာ အဆိုးဆုံးသော စကားလုံးများဖြင့် ရေရွတ် ကျိန်ဆဲလိုက်သည်။

ချန်ရှီက မလှုပ်မရှားပင်။ လက်ထဲတွင် သွေးစွန်းနေသော ဆံထိုးကိုကိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းရင်း ဖီဖာစောင်း တီးနေသော ကောင်မလေးကို ကြည့်နေသည်။ ကောင်မလေး အနည်းငယ် ထိတ်လန့်သွားသည်။ သူမ အသက်ကို ထိန်းကာ စောင်းဆက်တီးဖို့ အာရုံစိုက်​နေခဲ့သည်။

တခြားမိန်းကလေးတွေလည်း ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကြိုးစား​​​​နေကြ၏။ ၎င်းတို့သည် အချိန်အတော်ကြာ လေ့ကျင့်သင်ကြား ခံခဲ့ရသဖြင့် အလွန်ချစ်စရာ ကောင်းသော်လည်း ၎င်းတို့သည် လူသားများထက် ယဉ်ပါးသော တိရစ္ဆာန်များနှင့် ပိုတူ​နေသည်။

အဘွားကြီးသည် ချန်ရှီကို ကျိန်ဆဲ​​နေဆဲ ဖြစ်သည်။ သူမသည် လူသားကို ကိုက်စားတော့မလိုမျိုး အလွန်ရက်စက်ပုံရသည်။

အဘွားကြီး: "ငါ နင့်ကို သတ်မယ်!"

ကောင်မလေး၏ မျက်လုံးများက သူမကို စိုက်ကြည့်ရင်း ဖီဖာစောင်းကို ဆက်တီးရန် မေ့သွားခဲ့သည်။

ချန်ရှီရဲ့ လက်ဖဝါးသည် တည်ငြိမ်နေပြီး သွေးစွန်းနေသော ဆံထိုးကို ကိုင်ထားဆဲ။ သူသည် မိန်းကလေးကို "မင်းလည်း တစ်ချက် မှုတ်ကြည့်!" လို့ ပြောသလိုမျိုး သူ့မျက်နှာကို အားပေးတဲ့ အကြည့်နဲ့ ကြည့်နေသည်။

မှုတ်လိုက်ပါ!

မင်းကို အနိုင်ကျင့်သူတွေကို သတ်ပစ်နိုင်တယ်။

တစ်ချက် မှုတ်လိုက်ရုံနဲ့ မင်းကို တိရိစ္ဆာန်တွေလို ဆက်ဆံသူတွေကို သေစေနိုင်တယ်။

မှုတ်လိုက်ရုံနဲ့ လူအဖြစ် ပြန်ပြောင်းနိုင်မယ်။

လာပါ.. တစ်ချက်လေးပဲ မှုတ်လိုက်!

……

ကောင်မလေးသည် သွေးဆောင်ခံလိုက်ရသလိုမျိုး သူမလက်ထဲက ဖီဖာစောင်းအား လှဲချလိုက်ပြီး သူ့ဆီသို့ တရွေ့ရွေ့ လျှောက်လာခဲ့သည်။ အခုနက ချည်နှောင်ခံထားရတဲ့ သူမရဲ့ လှပတဲ့ဆံနွယ်တွေက ရေတံခွန်လို ဖြာကျလာခဲ့သည်။

သူမ မျက်နှာပေါ်ရှိ ဆွဲဆောင်မှုရှိသော အပြုံးက ပျောက်ကွယ်သွားကာ အေးစက်မှုအနည်းငယ်နှင့် မုန်းတီးမှုများက အစားထိုးသွားသည်။ ချန်ရှီလက်ထဲက ဆံထိုးကိုဆွဲယူပြီး အဘွားကြီးဆီ ခလုတ်တိုက်လုနီးပါး ပြေးထွက်သွား၏။

ဝှစ်!

ဆံထိုးက အဘွားကြီးရဲ့ ကျောမှာ ကပ်နေသည်။ ကောင်မလေးက အော်ဟစ်ပြီး ဆံထိုးကို ဆွဲထုတ်ကာ နောက်တစ်ကြိမ် ထပ်မံ ထိုးစိုက်ပစ်လိုက်သည်။

အဘွားကြီးသည် တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီး အော်ဟစ်လေ၏။

"ခွေးမလေး... နင် ဘာလုပ်နေတာလဲ ပုန်ကန်နေတာလား!! နင်က ငါ့ဆီက ဝယ်ထားတဲ့ သားရဲတစ်ကောင်ပဲ... နင်ကငါ့ကို ထိုးတယ်! ငါနင့်ကို သတ်မယ်!"

ဒီမိန်းကလေးကြောင့် အရှက်ခွဲခံရတာထက် ချန်ရှီရဲ့လက်မှာ သေရတာက ပိုကောင်းတယ်လို့ တွေးနေပုံပင်။

သူမအတွက် ဒီခြံထဲက မိန်းကလေးတွေ အားလုံး ပိုက်ဆံရှာတဲ့ တိရိစ္ဆာန်တွေပင်။ တိရိစ္ဆာန်တွေဆီက အသတ်ခံရတာ ဘယ်လောက်တောင် ရှက်စရာကောင်းလဲ။

ကောင်မလေးက ငိုရင်း ဆံထိုးကို ဆွဲထုတ်ကာ ထပ်ထိုးပြန်၏။ သူမရဲ့ အဖြူရောင်အဝတ်အစားက သွေးတွေကြောင့် နီရဲနေ​ပြီ။

"ခွေးမ!"

အဘွားကြီးက အလွန်ဒေါသထွက်နေစဥ် ဒုတိယမိန်းကလေးက ကျော်တက်လာကာ ခေါင်းပေါ်ရှိ ဆံထိုးကို ဆွဲထုတ်ကာ သူမအသားထဲ ထိုးသွင်းပစ်ခဲ့သည်။ အဘွားကြီးမှာ ဒေါသအလွန်ထွက်ကာ ကျန်နေသော ခွန်အားကို မပြသနိုင်တော့ချေ။

"လူယုတ်မာတွေ အကုန်လုံးကို သတ်ပစ်မယ်! နင်တို့အဝတ်တွေကို ငါချွတ်မယ်... နင်တို့​ကို ဆွဲချပြီး ရေအေးနဲ့ လောင်းပစ်မယ်..."

စကားမဆုံးခင်မှာပဲ တခြားမိန်းကလေးက ပြေးလာပြီး သူမ ကိုယ်ထဲကို ထိုးစိုက်လိုက်ပြန်သည်။ ထို့နောက် တခြားမိန်းကလေးတွေကလည်း ပြေးလိုက်လာကြသည်။

အဘွားကြီး: "နင်တို့ရဲ့ လက်သည်းတွေကို ဖယ်လိုက်စမ်း! ငါ နင်တို့ရဲ့လက်ချောင်းတွေကို ချိုးပစ်မယ်!...ခွေးမတွေ ငါ့ကို မြန်မြန်သေခိုင်းစမ်းပါ... ကျေးဇူးပြုပြီး!"

ကောင်မလေးတွေက သူမကို သူတို့ရဲ့ ခန္ဓာကိုယ်အောက်မှာ ဖိထားလိုက်ကြပြီး အဆက်မပြတ် ထိုးနေကြရာ အချိန်အတော်ကြာပြီးနောက် အဘွားကြီးလည်း သေဆုံးသွားခဲ့သည်။

ကောင်မလေးတွေက မျက်ရည်တွေဖြင့်။

ချန်ရှီသည် သွေးစွန်းနေသော လက်ဖဝါးများကို ကြည့်ကာ လမ်းလျှောက်လာနေသော ဟူဖေးဖေးဘက် လှည့်ပြောလိုက်သည်။

"အစ်မဖေးဖေး... သူတို့က အခု လူသားတွေလို ပြန်ဖြစ်သွားတာ...ငါ သူတို့ကို မြင်လိုက်တုန်းက တခြားသူတွေရဲ့ သနားညှာတာမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေကြောင့် အရေပြားက အိတ်တွေလို ထုံကျင်နေပြီ... အခုမှ သူတို့ရဲ့ ဝိညာဉ်တွေက ပြန်​ရောက်လာတာ"

ဟူဖေးဖေးက သူ့စကားကို တိတ်တဆိတ် နားထောင်ပြီး သူ့ကိုသာ ကြည့်​မေသည်။ ပညာရှင်ငယ်လေးသည် ရုပ်ရည်မဆိုးဘဲ အလွန်လျင်မြန်စွာ ကြီးထွားလာ​နေတာကို သူမ ရုတ်တရက် ခံစားလိုက်ရသည်။ သူက သူမထက် အရပ်ရှည်လာသည်။

"အစ်ကိုချန်လည်း ပညာရှင်တစ်ယောက်ပါ... သူလည်း မြေခွေးတွေရဲ့ ချမ်းသာတဲ့ သားမက် ဖြစ်လာနိုင်တယ်မလား"

သူမ နှလုံးတွေ တဒိန်းဒိန်း ခုန်နေ၏။

ဒါပေမဲ့ အရမ်းရင်းနှီးသလိုပင်။

ထို့အပြင် အစ်ကိုချန်သည် သံမဏိသမားဖြစ်ပြီး ခိုင်မာသော ပုံစံရှိသည်။ နောက်ပြီး သူက ငယ်သေးသည်။ သူတို့မြေခွေးမိန်းကလေးတွေက ပညာတတ်တွေကို သဘောကျပေမယ့် ဆယ့်နှစ်နှစ်သား ပညာရှင်ကိုတော့ မလှုပ်ရှားနိုင်ဘူးမလား။

ဟူဖေးဖေး အနည်းငယ် ပူနေသည့် သူမ၏ နီရဲနေသော မျက်နှာကို ဖုံးထားရင်း မိမိကိုယ်ကို လျှို့ဝှက်စွာ ကျိန်ဆဲနေလိုက်သည်။

"ငါက သားရဲပဲဟ!"

ထိုအချိန်တွင် ခွေးဟောင်သံက သူမကို လှုပ်နှိုးပစ်လိုက်သည်။ ဟူဖေးဖေးလည်း ဟေးကော် အသံပေးရာဘက်သို့ လှမ်းကြည့်လိုက်ရာ ဟေးကော်က ကလေးမလေး၏ ဘေးတွင် ထိုင်နေတာ တွေ့လိုက်ရသည်။ ချန်ရှီနှင့် အဒေါ်တို့ကြား ရန်ပွဲကြောင့် ထိတ်လန့်သွားဟန်တူသော ကလေးမလေးက မှင်တက်နေ၏။ သူမနှာခေါင်းထဲမှ နှပ်ချေးရှည်ကြီး တစ်ခုကလည်း ထွက်ကျနေသေးသည်။

"ဒီကလေးမလေး အသက်ရှင်သေးတာလား?"

ဟူဖေးဖေး အံ့အားသင့်စွာဖြင့် လမ်းလျှောက်လာခဲ့သည်။

"ကံကောင်းလိုက်တာ!"

အခြေတည်ဝိညာဥ် နယ်ပယ်က သခင်များ သေသည်အထိ တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့၏ ပေါက်ကွဲစေသော တိုက်ခိုက်ရေး စွမ်းအားက အလွန်အံ့အားသင့်စရာပင်။ နောက်ပိုင်းတွင် တံခါးများ လုံးဝပျက်စီးခဲ့ပြီး အုတ်ကြွပ်များလည်း ကွဲအက်သွားခဲ့သည်။

အဘွားကြီး၏ နတ်ဘုရင်ဘီးတံဆိပ်သည် ချန်ရှီရဲ့ လက်သီးချက်နှင့် တိုက်မိသောအခါ အပူလှိုင်းက အလွန်ပြင်းထန်ပေ၏။ ၎င်းတို့ခြေဖဝါးအောက်ရှိ မြေပြင်သည် အရည်ပျော်သွားပြီး ဖန်မျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည်။

ခြေလှမ်းသုံးလှမ်းနှင့် ခုနစ်လှမ်းအကွာက အုတ်ချပ်များဆိုလျှင် အမှုန်အမွှားများ အဖြစ် ကွဲအက်သွားကာ နင်းလိုက်တာနဲ့ နက်နဲသော ခြေရာများ ကျန်ရစ်ခဲ့ပေမည်။ လေးငါးနှစ်သမီးငယ်လေးကို မဆိုထားနှင့် ရွှေအမြုတေ နယ်ပယ်မှ ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားတစ်ဦးပင်လျှင် ထိုကဲ့သို့ ပြင်းထန်သော အင်အားကြောင့် ဒဏ်ရာရသွားပေလိမ့်မည်။

ချန်ရှီလည်း ရှေ့ကို တိုးလာခဲ့သည်။

ဟူဖေးဖေး: "အစ်ကိုချန်...နင်က အရမ်းကြင်နာတယ်... ဟိုအဒေါ်ကြီးနဲ့ တိုက်တုန်းက ခွန်အားကိုတောင် အသုံးချပြီး ကာကွယ်ခဲ့သေးတယ်... နင် လိမ်နေတာ ငါသိပါတယ် သူ့ကို နောက်ဘဝမှာ လူဝင်စားခိုင်းတော့မယ် ဆိုတာလေ... နင့်ရဲ့နှလုံးသားက နင့်လက်တွေထက် အများကြီး နူးညံ့တယ်"

ချန်ရှီသည် ဟူဖေးဖေး ယနေ့ အနည်းငယ် ထူးဆန်းနေသလို ခံစားမိသော်လည်း ၎င်းကို နှလုံးထဲ မသွင်းထားခဲ့ပေ။ သူ့မျက်လုံးတွေက ထူးဆန်းတဲ့ အကြည့်တွေကို ဖယ်ရင်း ဒဏ်ရာကင်းမဲ့တဲ့ ကလေးမလေးကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

"အမေကြီးဆိုတဲ့ အမျိုးသမီးက အခြေတည်ဝိညာဥ် အဆင့်ကို ရောက်နေပြီ... သူမရဲ့ အခြေတည်ဝိညာဉ်က တစ်ပေလောက် မြင့်တယ်... သူမနဲ့ရင်ဆိုင်တုန်းက ငါ ခွန်အားကို မချန်ထားခဲ့ဘူး"

"နင် ဘာကိုဆိုလိုတာလဲ..."

"သူမကို နောက်ဘဝမှာ ကောင်းမွန်တဲ့ မိသားစုမှာ ပြန်လည် မွေးဖွားစေချင်တာက ငါ တကယ် ပြောခဲ့တာ... ငါ အသေတိုက်ခဲ့တာ!"

ဟူဖေးဖေးလည်း ဟေးကော် အနားရှိ ကလေးမလေးအား မျက်လုံးပြူးကျယ်ကျယ်ဖြင့် စိုက်ကြည့်လိုက်သည်။

"ဒါဆို သူမ ဘယ်လိုလုပ် အသက်ရှင်​နေခဲ့တာလဲ"

"ဒီမေးခွန်းရဲ့ အဖြေကို ငါလည်း သိချင်နေတာ"

ချန်ရှီလည်း ထိုင်ချလိုက်ပြီး ကလေးမလေးရဲ့ နှာခေါင်းကို ဖိကာ နှပ်ချေးများကို သုတ်​ပေးလိုက်သည်။

"ရှောင်ဝုကျုံ ဆိုတဲ့ နာမည်က စော်ကားတာပဲ မင်းကိုယ်မင်း အဲ့လို မခေါ်နဲ့တော့ အခုကစပြီး မင်းကို ငါနာမည်ပေးမယ်... နန်းနန်း"

ကလေးမလေးက နှာခေါင်းကို ပွတ်သပ်ရင်း စိတ်ရှုပ်ထွေးစွာနဲ့ ပြန်မေးလေသည်။

"နန်းနန်းဆိုတာ ဘာလဲ"

ချန်ရှီ မတ်တတ် ထရပ်လိုက်သည်။

"သမီးငယ်လေး ဆိုတဲ့ အဓိပ္ပာယ်ပေါ့... ထ... ငါ မင်းကို လိုက်ပို့ပေးမယ်"

ချန်ရှီ ပြုံးပြုံးလေး ပြောလိုက်သည်။ ဟေးကော်ကလည်း မတ်တပ်ထရပ်ပြီး ကလေးမလေးကို လက်နှစ်ဖက်နဲ့ ဆွဲကာ သစ်သားတွန်းလှည်းပေါ် တင်လိုက်သည်။

သူမဟာ မတ်တပ်ရပ်နေတဲ့ ဟေးကော် လောက်တောင် အရပ်မရှည်ပေ။ လှည်းထဲမှာ ရပ်လိုက်ပြီး ချန်ရှီကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေသည်။

"ငါက ရှောင်ဝုကျုံ (ခွေးကောင်မလေး) မဟုတ်ဘူးလား... ငါက နန်းနန်းပေါ့"

ချန်ရှီက ပြုံးပြီး ခေါင်းညိတ်ပြသည်။

"ဘယ်သူကမှ ရှောင်ဝုကျုံ မဟုတ်ဘူး... ယုတ်မာတဲ့လူက စော်ကားသွားတာပဲ ရှိတာ မင်းက မိန်းကလေးပဲ မင်းအရင်ကတည်း နန်းနန်း... အခုရော နောက်ရော နန်းနန်းပဲ ဖြစ်လာလိမ့်မယ်"

နန်းနန်းက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ဟေးကော်ကို လက်ညှိုးထိုးပြသည်။

"ဒါဆို သူက မကောင်းဘူးလား"

"သူက ခွေးတစ်ကောင်ပဲ" ချန်ရှီက လေးနက်စွာပြောသည်။

နန်းနန်း :"သူက နတ်ဆိုး!"

"အဲဒါ ခွေး!"

"နတ်ဆိုး!"

……

ချန်ရှီမှာ သူမကို အနိုင်ယူလို့ မရသောကြောင့် ဤအကြောင်းကို သူမနှင့် ငြင်းခုံမနေတော့ပေ။ ဟေးကော်မှာ ချန်ရှီကို စိတ်အားထက်သန်စွာ ကြည့်ကာ သူ့အတွက် ပြန်တိုက်ခိုက်ပေးမယ်လို့ မျှော်လင့်နေသည်။

ဟူဖေးဖေးက သူမရဲ့ နှုတ်ခမ်းတွေကို ပွတ်သပ်ရင်း ချန်ရှီကို လှည့်မေးလိုက်၏။

"အဲဒီမိန်းကလေးတွေရော ဘယ်လိုလုပ်မလဲ ငါတို့ထွက်သွားရင် သူတို့ကို အစိုးရက ဖမ်းဆီးပြီး လူသတ်မှုနဲ့ တရားစွဲခံရလိမ့်မယ်... သူတို့ကို တရားမစွဲရင်တောင် ဒီမှာရှိတဲ့ သခင်တွေက ပြည့်တန်ဆာတွေအဖြစ် ဆက်ဆံပြီး ဖောက်သည်တွေကို ဖျော်ဖြေခိုင်းလိမ့်မယ်"

ချန်ရှီ ခဏလောက် စဉ်းစားပြီး။

"မင်းတို့က မြေခွေးတွေပဲ သိသာထင်ရှားတဲ့ သားရဲတွေ ဒါပေမယ့် မင်းဟာ ငါတို့လူသားတွေဆီက လေ့လာပြီး လက်ထပ်ဖို့ လာခဲ့တာ... မြေခွေးမလေး.. မင်းနဲ့အတူ နောက်ထပ် လူသားညီအစ်မတွေ ထပ်မွေးဖို့ စိတ်ကူးရှိလား"

ဟူဖေးဖေးရဲ့ မျက်လုံးများလည်း တောက်ပလာသည်။

"ဒီမိန်းကလေးတွေက ငါတို့ မြေခွေးတွေထက်တောင် မြေခွေးပိုဆန်သေးတယ်...ငါတို့ မြေခွေးမျိုးနွယ်ရဲ့ ကျင့်ကြံနည်းနဲ့လည်း ကိုက်ညီတယ်။ယွိတူးမှာ မြေခွေးမျိုးနွယ် ရွာတစ်ခု ရှိတယ် ငါ သူတို့ကို အဲဒီနေရာမှာ ခဏနေဖို့ ငါ စီစဉ်ပေးနိုင်ပါတယ် ဒါပေမယ့် အခုနက တိုက်ပွဲက အရမ်းဆူညံနေတော့ အစိုးရတာဝန်ရှိသူတွေက ငါတို့ကို အမြန်ဖြေရှင်းဖို့ လာရှာလိမ့်မယ်"

ဒါကိုကြားတာနဲ့ ချန်ရှီ ချက်ချင်း ထွက်သွားသည်။

"ဒီကိစ္စကို ဟေးကော်ဆီ အပ်ထားခဲ့လိုက်ပါ...ဟေးကော် ပြဿနာရှိလား"

ဟေးကော်က ဟောင်လေသည်။

ဟူဖေးဖေး ဒီစကားကိုတော့ နားလည်၏။

ချန်ရှီ သစ်သားလှည်းထဲတွင် သစ်သားအိမ်တစ်လုံးကို ရှာဖွေယူလိုက်သည်။ ခြံဝင်းငယ်က ပေတစ်ပေသာသာ သာရှိသော်လည်း နန်းဆောင်များ၊ လှေကားထစ်များ၊ ဥယျာဉ်များ၊ ရေကန်များ၊ ကျောက်ဆောင်များနှင့် တံတားများဖြင့် ဖုံးလွှမ်းထားသည်။ အတော်လေး ရှုခင်းကောင်း၏။

"မိန်းကလေးတို့ ဒီကိုလာကြပါ"

ချန်ရှီသည် သစ်သားခြံဝင်းငယ်လေးကို ကိုင်ထားပြီး ငိုနေသော မိန်းကလေးများကို ခေါ်လိုက်သည်။ ဖီဖာစောင်းတီးသူ ကောင်မလေးက အရင်ရောက်လာ၏။ ချန်ရှီ သူမကို ပြုံးပြလိုက်ပြီး။

"ဒါကို တို့ကြည့်လိုက်"

မိန်းကလေးက သူ့ကို အရမ်းယုံကြည်နေတာမို့ ခြံဝင်းကို ထိဖို့ လက်ကိုဆန့်လိုက်သည်။ မမျှော်လင့်ဘဲ သူမလက်က ခြံဝင်းကို မထိခင်မှာ သူမတစ်ကိုယ်လုံး လျင်မြန်စွာ ကျုံ့သွားပြီး ခြံဝင်းထဲသို့ ပြုတ်ကျသွားခဲ့သည်။

ဟူဖေးဖေး အလွန်အံ့သြသွားပြီး စပ်စုဖို့ ရှေ့သို့ထွက်လာခဲ့သည်။ သို့သော် ချန်ရှီက သူမကို အမြန်နောက်ပြန်တွန်းကာ ပြောလေ၏။

"တအား ကပ်မလာနဲ့!"

ခြံနက်ကြီးထဲက မိန်းကလေးတွေက တစ်ယောက်ပြီး တစ်ယောက် ချဉ်းကပ်လာပြီး ခြံထဲကို လဲကျသွားတာရာ ဟူဖေးဖေး ပါးစပ်အဟောင်းသား ဖြစ်နေ၏။

ခြံဝန်းငယ်အတွင်းရှိ ကောင်မလေးများကလည်း အလွန်အံ့သြနေကြတာ မြင်လိုက်ရသည်။ တံတားပေါ်မှာ လမ်းလျှောက်ပြီး လှည့်ပတ်ကြည့်နေကြသည်။ သူမတို့သည် အကြိမ်ရေ မရေမတွက်နိုင်အောင် သေးငယ်သွားပုံရသည်။

"ကျုံ့သွားတာလား?"

ချန်ရှီ ခေါင်းခါလိုက်ပြီး: "မကျဉ်းသွားပါဘူး.. ဒီသစ်သားဝင်းရဲ့ အတွင်းပိုင်းနေရာက ပိုကျယ်လာတာ...အပြင်ကကြည့်ရင် ပုံပန်းသဏ္ဌာန်က ပိုကြီးမလာဘူး..."

ဟူဖေးဖေး လေးစားမှုအပြည့်နဲ့: "အစ်ကိုချန် နင့်မှာ ထိပ်တန်းပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေတာပဲ!"

ဒီလိုပြောတဲ့အခါ တိတ်တဆိတ် သတိလစ်သွားသလို ခံစားလိုက်ရသည်။ မြေခွေးဝိညာဥ်သည် ပညာရှင်ကို ချစ်ရန်မဟုတ်ဘဲ မြင့်မားသောအဆင့်သို့ ရောက်ရှိစေရန်အတွက် သူမ၏ ကိုယ်ပိုင်ဝိညာဉ်ရေး နှလုံးသားကို ထက်မြက်စေရန် ချစ်ခြင်းမေတ္တာကို အသုံးပြုဖို့ပင်။ ဒါကြောင့် ပညာရှင်ကိုရှာဖွေရန် ဤကမ္ဘာသို့ ရောက်လာခဲ့သည်။

အထူးသဖြင့် သံမဏိကဲ့သို့ သန်မာသော လူတစ်ယောက်ဆီက သွေးဆောင်မှုကို မခံစားချင်ကြောင်း သူမကိုယ်သူမ တွေးနေမိသည်။

ချန်ရှီ သစ်သားဝင်းကို လှည့်ထဲသို့ ပြန်ထည့်ကာ ထွက်လာခဲ့သည်။ ဟေးကော်က ဟူဖေးဖေးကို အနောက်ကနေ တွန်းလိုက်ပြီး သူ့နောက်ကို လိုက်သွားခိုင်းလေ၏။ ဟူဖေးဖေး လိုက်ကြည့်လိုက်တော့ ခြံဝင်းထဲသို့ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသူတွေက အပြင်ဘက်တွင် စုပုံနေကြပြီ။

အရာရှိတချို့လည်း ဤဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးလာကြသည်။ အနား ရောက်သောအခါ လူအုပ်ကို ဘေးသို့တွန်းထုတ်ပြီး။

"ဖယ်ကြ! အားလုံး ဖယ်ကြ!"

သူတို့က ချန်ရှီနဲ့ တခြားသူတွေကို မမြင်သွားသလိုပင်။

"ခွေးက အရမ်းတော်တာပဲ!"

ဟူဖေးဖေး ခွေးကို တိတ်တဆိတ် သဘောကျသွားသည်။ ထိုစဥ် ချန်ရှီက ဆန့်ကျင်ဘက်အိမ်ဆီသို့ လျှောက်သွားနေ၏။

ဟူဖေးဖေး: "ဘာလုပ်နေတာလဲ မြို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေ ရောက်လာရင် နင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး!"

ချန်ရှီ: "အဲဒီငွေအပ်တွေက တစ်ချောင်းကို ငွေတစ်ထောင်.."

ဟူဖေးဖေးက အပ်ပုံးကို ထုတ်ယူလိုက်ပြီး ရောက်လာသည်။

"ယူလိုက်လေ... တစ်ချောင်းရဲ့ ကုန်ကျစရိတ်က တစ်ထောင်ပဲ... ဒါပေမဲ့ ငါတို့ ရောင်းရင်တော့ နှစ်ထောင်လောက် ရလိမ့်မယ်!"

ချန်ရှီ အလွန်ပျော်ရွှင်သွားခဲ့သည်။ နှစ်ယောက်သား မင်းသားကျန့် အိမ်တော်ကို မသွားတော့ဘဲ ယန်းကျစ်လမ်းကြား အတိုင်း ပြန်လှည့်ထွက်လာခဲ့သည်။

ယန်းကျစ်လမ်းကြား၏ အနောက်ဘက်လမ်းတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုသတင်းက လျင်မြန်စွာ ပြန့်နှံ့သွားပြီး လူများစွာကို စွဲဆောင်မိလာခဲ့သည်။ ကံကောင်းထောက်မစွာ ဟေးကော်က လမ်းကို ဦးဆောင်နေတာကြောင့် လူတွေက သူ့အတွက် အလိုအလျောက် လမ်းဖယ်ပေးမေရာ လမ်းက အရမ်းမစည်ကားပါဘူး။

"စွင်းကျန့်!"

ဟူဖေးဖေး သူမသွားများကို အံကြိတ်ကာ ရုတ်တရက် စာပေပညာရှင်တစ်ဦးကို လူအုပ်ထဲကနေ ဖမ်းဆုပ်လိုက်ပြီး မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ ထိုလူ အသိမဝင်ခင် ဟူဖေးဖေးဟာ လက်သီးနဲ့ အကြိတ်အနယ်ထိုးချပစ်ရာ တစ်ဖက်လူခမျာ မြေပြင်ပေါ်မှာ ခွေခွေလေး လဲကျသွားရသည်။

"ဒီသခင်မလေးက အသက်ကိုတော့ ချမ်းသာပေးလိုက်မယ်!"

ဟူဖေးဖေး လူကို ပြင်းပြင်းထန်ထန် ရိုက်နှက်ရင်း ဒေါသကို ထုတ်ပြလိုက်သည်။ ထို့နောက် သူမက လှည်းပေါ်တက်ပြီး စွင်းကျန့်ကို တံတွေးထွေးရန် ပြန်လှည့်ကြည့်လိုက်သည်။ ချန်ရှီသည် ရုန်းရင်းဆန်ခတ် ဖြစ်နေမှုကို အခွင့်ကောင်းယူကာ နှစ်ကြိမ်လောက် ကန်ထုတ်ခဲ့သည်။

စွင်းကျန့် သူ့မျက်နှာကို အသည်းအသန် ကာကွယ်လိုက်ရသည်။ ခဏကြာတော့မှ ဘယ်သူမှ သူ့ကို မထိတော့ဘူးဆိုတာ တွေ့ရမှ အသည်းအသန် ထလိုက်သည်။

“ငါ ဘယ်သူ့များကို စော်ကားမိသွားတာလဲ?”

All Chapters