← Chapters

မြေခွေးရွာ

Vol. 14 Ch. 203

မြေခွေးရွာ

Vol. 14 Ch. 203

အရာရှိများသည် အလောင်းတွေ အများကြီးကို တွေ့သောအခါ ကျန့်အိမ်တော်သို့ အလျင်အမြန် သတင်းပို့ကြသည်။ မကြာခင်မှာပဲ သခင်ကြီးကျန့်ဖြစ်သူ ကျန့်ရေ့ပြန့်ဟာ တရားရုံးချုပ်က တခြားသူတွေကို ခေါ်၍ ယန်းကျစ်လမ်းကြားသို့ ဦးဆောင် ရောက်လာခဲ့၏။

မိန်းမစိုး စန်းပေါင် ကွယ်လွန်ပြီးနောက် သူ၏ မိထွေးကို ဆက်ဆံသူအဖြစ် ပြုလုပ်ခဲ့သည်။ မိသားစု မျိုးဆက် အဆက်ဆက်မှ ဆက်ခံရင်း ယွိတူးမှာ နေရာရခဲ့သည်။

ကျန့်ရေ့ပြန့်ဟာ ဤမျိုးဆက်၏ သခင်ကြီး ဖြစ်ကာ နားမလည်နိုင်တဲ့ ကျင့်ကြံမှု အဆင့်နဲ့ အလွန်တည်ငြိမ်သူ ဖြစ်သည်။ သို့သော် အသိပညာနှင့် အတွေ့အကြုံ ရှိသော်လည်း မှုခင်းအခင်းဖြစ်ပွားရာ နေရာသို့ ရောက်သောအခါတွင်မူ အေးစက်သွားတာကိုတော့ မထိန်းနိုင်ခဲ့။

အလောင်းတွေ!

နေရာတိုင်းမှာ အလောင်းတွေ ရှိနေသည်။

ခြံနှစ်ပေါက်၏ အတက်အဆင်း နေရာ ခြံဝင်းတစ်ခုတွင် ရုပ်အလောင်း ၃ လောင်း တွေ့ရသည်။ ၎င်းတို့အားလုံးမှာ အမျိုးသမီးများဖြစ်ကြပြီး သေဆုံးသွားပုံတွေကလည်း အလွန်ဝမ်းနည်းစရာ ကောင်းသည်။ အမျိုးသမီးတစ်ဦးဆို လည်မျိုနှင့် နားထင်ကို ထိုးဖောက်ခံထားရကာ၊ တစ်ယောက်က ကျောရိုးကျိုးသွားသည်။

နောက်ထပ် အမျိုးသမီးတစ်ဦးမှာ သူမ၏ ဦးနှောက်ကို စုတ်တံဖြင့် ထိုးသွားခံရခြင်းကြောင့် သေဆုံးခဲ့ပြီး တတိယမြောက် အမျိုးသမီးမှာ လည်ပင်းကျိုးကာ အတွင်းအင်္ဂါများ ကွဲအက်ကာ ကျောကုန်းမှာ လုံးဝ ပုပ်သွားခဲ့သည်။

ဒါပေမယ့် သမိုင်းပညာရှင် ကျူးကဲက အမျိုးသမီး နှစ်ယောက် ထပ်ရှိသေးကာ တစ်ယောက်က ရေတွင်းထဲမှာ လွင့်မြောနေပြီး နောက်တစ်ယောက်ကတော့ သွေးအိုင်ထဲမှာ မှောက်လျက် လဲလျောင်းနေကြောင်း ပြောပြလာသည်။

သခင်ကြီးကျန့်နဲ့ တရားသူကြီးချုပ်တို့သည် သေသေချာချာ ကြည့်နေစဥ် ရေတွင်းထဲတွင် သွေးစွန်း​နေတာများသာ တွေ့သည်။ ​မြေပြင်​​ပေါ်က ​သွေးအိုင်​ကို ကြည့်ရင် လူတစ်​ယောက်ပါ ဆိုတာတောင် ​ပြောရခက်​နေပြီ။ သမိုင်းပညာရှင် ကျူးကဲက အဲဒါကို ဘယ်လိုလုပ် ပြောနိုင်တာလဲ။

“လူသတ်သမားက အရမ်းထူးဆန်းတဲ့ မှော်စွမ်းရည်ကို သုံးပြီး လူသေကို အရမ်းသေးငယ်တဲ့ နေရာထဲကို ထည့်ပြီး သတ်ပစ်တာ!"

သမိုင်းပညာရှင် ကျူးကဲသည် သွေးအလုံးကို ဆုပ်ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။ သွေးခြောက်သွားပြီးနောက် အတွင်းပိုင်း အရိုးအပိုင်းအစများကို စစ်ဆေးပြီး "ဒီသွေးတွေက သေဆုံးသွားပုံအတွက် သက်သေပဲ" ဟု ထပ်မံ အတည်ပြုခဲ့သည်။

ကျူးကဲသည် အဘွားအိုများ၏ အလောင်းများကို စစ်ဆေးနေသည့် လမ်းမပေါ်သို့ ရောက်ရှိလာပြန်သည်။ အဲဒီအဘွားကြီးတွေ အားလုံးဟာ ထွက်ပြေးလာရင်း အသတ်ခံခဲ့ရတာပင်။ ဒီလမ်းမှာ လူ ၂ ယောက်သေသည်၊ ​​ဒုတိယလမ်းမှာ ၃ ယောက်သေကာ ​​တတိယလမ်းမှာ လူ ၂ ယောက်သေထားသည်။

ကျူးကဲ: "နောက်တစ်ယောက် ရှိတယ် အဲဒီလူက ရွှေကိုယ်ထည်နည်းလမ်းကို လေ့ကျင့်ထားသူပဲ... ဒါပေမဲ့ လူရမ်းကားက သူ့ရဲ့ရွှေရောင်ကိုယ်ထည်ကို ချိုးဖျက်ပစ်လို့ ပေါက်ကွဲသွားတာ!"

တရားသူကြီးက “ဒါကို ဘယ်လိုသိလိုက်တာလဲ”

သမိုင်းပညာရှင် ကျူးကဲ:"လူကြီးမင်း ကျေးဇူးပြုပြီး ဒီတံခါးကို နှိပ်ကြည့်လိုက်ပါ..."

တရားသူကြီးလည်း တံခါးဝသို့ ​ရောက်လာ၍ လက်နှင့် တို့ထိ​ကြည့်လေ၏။ တံခါးဝတွင် သွေးစွန်းထင်းနေသော်လည်း သွေးထက် ပိုထူကာ ငါးညှီနံ့များ သင်းနေသည်။

ကျူးကဲ: "အဲဒါကို နမ်း​ကြည့်လိုက်ရင် အသားအမြှုပ်တွေနဲ့ ရောထားတဲ့ သွေးတွေ တွေ့ရလိမ့်မယ်"

တရားသူကြီးမှာ ထိုအရာကို လျှာနဲ့ တို့ထိတော့မယ့် အချိန်မှာပဲ ဒါကိုကြားတော့ လက်ထဲက သွေးတွေကို အလျင်အမြန် သုတ်ပစ်လိုက်သည်။

"ဒီဟာက လူ့အသားက လူ့သွေးတွေ ရောနေတာလား... ဘယ်လိုလုပ် အပိုင်းပိုင်း ကွဲသွားတာလဲ"

ကျူးကဲ: "လူကြီးမင်း... ရွှေကိုယ်ထည်ရဲ့ အစွမ်းက ရွှေကိုယ်ထည်ကွဲပြီးတာနဲ့ ကွယ်ပျောက်သွားမှာပါ.. ကျင့်ကြံမှု အဆင့်မြင့်လေ စွမ်းအားတွေ ပြန့်ကျဲလာလေလေ တိုက်ခိုက်လေလေ ပြင်းထန်လေလေပဲ ဒီလူက စွမ်းအားအရမ်း မြင့်မားပြီး ဓားနဲ့လှံတွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်သင်ကြား ပေးခံထားရတာ... မျက်လုံးသုံး မီးသေနတ်တောင်မှ သူမကို လုံးဝ မထိခိုက်နိုင်ဘူး ကျည်ဆံပန်းကန်လုံးနဲ့ သေနတ်မှုန့်ကို စားလိုက်ရင်တောင် ကွဲသွားပြီး သူမရဲ့ဝမ်းဗိုက်ထဲမှာပဲ ပေါက်ကွဲသွားလိမ့်မယ်... ရွှေရောင်ကိုယ်ထည်ကို ထိန်းသိမ်းထားတဲ့ ကြီးမားတဲ့ စွမ်းအားက ပေါက်ကွဲထွက်နိုင်ပေမယ့် သူ့ခန္ဓာကိုယ်ကို ပိုပိုပြီး ဖောင်းကားလာစေတယ်"

သူက သူ့နောက်မှာ ကျည်ဆံကို ချိန်ညှိကာ ထိုင်ချလိုက်ပြီး နံရံထောင့်က မခြောက်သေးသော သွေးတစ်စက်ကို လက်ညိုးဖြင့် သုတ်ယူလိုက်သည်။

"ပေါက်ကွဲမှုအတွင်း သူ့အသားနဲ့ သွေးတွေ ကြေမွသွားပြီး အရိုးတွေပါ အမှုန့်ဖြစ်သွားတာ... ဒီသွေးပုတီးစေ့တွေကို သေသေချာချာ ညှစ်ရင် အရိုးမှုန့်တွေကို ခံစားရမှာပဲ... ဒီလူက ယန်းကျစ်လမ်း​ကြားရဲ့ အမေကြီး ဖြစ်မယ်"

သခင်ကြီးကျန့်: "သမိုင်းပညာရှင် ကျူးကဲ.... မင်း သေသေချာချာ ရှင်းပြနိုင်နေတယ် ဆိုတော့ လူသတ်သမားက ဘယ်သူလဲဆိုတာ မင်းသိလား... မင်း သတ်လိုက်သလိုပဲ..."

ကျူးကဲက ခေါင်းယမ်းပြီး "​သေရည်သောက်ဖို့ ယန်းကျစ်လမ်းကြားကို လာတုန်းက အဲဒီအမျိုးသမီးကို တွေ့ဖူးတယ်... သူမက အထူး ကျင့်စဥ်ကို စမ်းသပ်ခဲ့တာလို့ ကျွန်တော် သံသယဖြစ်မိသေးတယ်... သူမရဲ့လက်တစ်ဖက်က ရွှေရောင်ပြောင်းသွားမှ သူမမှာ ရွှေရောင်ကိုယ်ထည် ရှိနေတာလို့ သိလိုက်တာ"

သုံးယောက်သား ဆန့်ကျင်ဘက်အိမ်သို့ ရောက်လာကြသည်။

တရားသူကြီးက ဟိုဟိုဒီဒီကြည့်ရင်း :“ဒီမှာ အလောင်းခုနစ်လောင်း လဲနေတယ်”

ကျူးကဲ: "ဆယ့်တစ်လောင်း... နံရံမှာ တွဲလောင်းကျနေတာ တစ်လောင်း... အခန်းထဲမှာ နှစ်ယောက်၊ ခေါင်မိုးပေါ်မှာ တစ်လောင်း ရှိတယ်"

တရားသူကြီးရဲ့ မျက်နှာသည် အနည်းငယ်နီလာကာ အရှက်ပြေ ချောင်းဆိုးလိုက်သည်။

"ဒီလူတွေ ဘယ်လိုသေတာလဲ"

သမိုင်းပညာရှင် ကျူးကဲသည် မြေပြင်မှ ဆံထိုးတစ်ချောင်းကို ကောက်ယူလိုက်ပြီး ဆံထိုးအောက်ရှိ အခေါင်းပေါက်မှ ကြေးနီအလုံး​လေးကို လက်ညှိုးဖြင့် ထိလိုက်သည်။ ထိုအလုံးလေးဆီမှ ခေါင်းလောင်းသံကဲ့သို့ အသံတစ်သံ ပြတ်သားစွာ ထွက်လာ၏။

“လူကြီးမင်း... ဒါက လူသတ်လက်နက်ပဲ”

သခင်ကြီးကျန့်နဲ့ တရားသူကြီးတို့လည်း ဆံထိုးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားကြသည်။

"မှော်လက်နက် မဟုတ်ဘူးလား "

လူသတ်သမားဟာ လူများစွာကို သတ်ပစ်နိုင်ဖို့ မှော်လက်နက်ကို သုံးခဲ့တာပဲလို့ မူလက ထင်ခဲ့ကြသော်လည်း ၎င်းမှာ သာမန်ဆံထိုးလေးသာ ဖြစ်နေသည်။ အဆောင်လက်ဖွဲ့ သို့မဟုတ် မှော်လက်နက်တစ်ခုမျှပင် မဟုတ်ချေ။

မက်မွန်သစ်သား၊ ကျောက်စိမ်း သို့မဟုတ် စက္ကူကဲ့သို့ တစ်စုံတစ်ခု ပါဝင်လျှင် အဆောင်စာလုံး အစီအရင်တွေကို တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရေးထွင်းနိုင်သည်။ လိုအပ်သည့်အခါ ယဇ်ပူဇော်နိုင်သော်လည်း စွမ်းအားမကုန်မီ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ အသုံးပြုနိုင်သည်။

မှော်လက်နက်များသည် ဓား၊ လှံနှင့် ဓားရှည်များကဲ့သို့သော လက်နက်များပေါ်တွင် အ​ဆောင်စာလုံးများကို ထုလုပ်ကြခြင်းပင်။ သူတို့ထဲကို ချီစွမ်းအင် နဲ့ ချီသွေးတွေ စီးကျလာတဲ့အခါ ၎င်းတို့ရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်ပြီး လူတွေကို ဒဏ်ရာရအောင် အသုံးချနိုင်သည်။ မှော်လက်နက်ကို မဖျက်ဆီးဘဲ စွမ်းအားက မကုန်သရွေ့ စဉ်ဆက်မပြတ် အသုံးပြုနိုင်သည်။

မှော်လက်နက်များကတော့ အတော်ပင်ရှားပါသည်။ သိုးဦချိုကောင်းကင်ဝိညာဥ် မီးအိမ်၊ အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံး၊ ကမ္ဘာမြေစာအုပ်နှင့် ဝိညာဉ်တစ်သောင်းအလံ ကဲ့သို့သော ရတနာများကိုသာ မှော်လက်နက်များဟု ခေါ်နိုင်သည်။

ယန်းကျစ်လမ်းကြားထဲက လူသတ်သမားသည် လူသတ်ရန် မှော်လက်နက်၊ အ​ဆောင်စာလုံး အစီအရင် သို့မဟုတ် လက်နက်ကို အသုံးမပြုဘဲ အသုံးအများဆုံး ဆံထိုးတစ်ခုသာ သုံးသွားခဲ့သည်။

"လူသတ်ဖို့ အသုံးအများဆုံး အရာဝတ္ထုတွေကို သုံးသွားတယ် ဆိုတော့ လူသတ်သမားဟာ သူ့ရဲ့ စွမ်းရည်ကို အလွန်အမင်း ယုံကြည်မှုရှိတယ်....ခဏခဏ သောင်းကျန်းတာ ဒါမှမဟုတ် လူတွေကို မကြာခဏ သတ်ပစ်တတ်သူမျိုး ဖြစ်မယ်"

သမိုင်းပညာရှင် ကျူးကဲက အလောင်းတွေကို စစ်ဆေးပြီး စီရင်ချက်ချနေသည်။

"ဒီလူသတ်သမားက ယုံကြည်မှုရှိတယ်... သောင်းကျန်းတတ်ပြီး လူတွေကို မကြာခဏ သတ်တတ်တယ်... အလောင်းတွေပေါ်က ဒဏ်ရာတွေကို ငါ အရင်ကလည်း တွေ့ဖူးတယ်..."

သူက ဒီမှာရပ်ပြီး ဆက်မလျှောက်သွားခဲ့။

ရင်းနှီးသော ကြိုးများကို မြင်လိုက်ရသည်။ အနက်ရောင် ခွေးမွေးကို ရှာမတွေ့သော်လည်း ရင်းနှီးမှုတစ်ခုက သူ့အပေါ်သို့ ကျရောက်လာ၏။

"ဝိညာဉ်ကိုခေါ်!"

သမိုင်းပညာရှင် ကျူးကဲသည် ဤအမျိုးသမီးကြီးများ၏ ဝိညာဉ်များကို ပြန်ခေါ်ရန် ဝိညာဉ်ခေါ်သည့် အဆောင်လက်ဖွဲ့များကို အမြန်ထုတ်ကာ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။

"လူကြီးမင်းကျူးကဲ... ဝိညာဉ်ကို ခေါ်လို့မရဘူး!"

သမိုင်းပညာရှင် ကျူးကဲလည်း ညစ်ညမ်းသောလေကို ရှုရှိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"သူ ယွိတူးကို ရောက်လာတာလား? နောက်ဆုံးအကြိမ်တုန်းက သူ့ကြောင့် ရေနွားခရိုင်ရဲ့ သမိုင်းပညာရှင် အဖြစ်ကနေ နုတ်ထွက်ခဲ့ရတယ်... နောက်ဆုံး ယွိတူးမှာ အလုပ်တစ်ခုရခဲ့ပေမယ့် သူ ငါ့ကို ဖမ်းမိသွားပြန်ပြီ"

"သမိုင်းပညာရှင် ကျူးကဲ... သမိုင်းပညာရှင် ကျူးကဲ... ကျူးကဲကျန့်!"

သခင်ကြီးကျန့်မှာ သူ့ကို အကြိမ်ပေါင်းများစွာ ခေါ်ပေမယ့် အကြောင်းမထူးတာကြောင့် သူ့အမည်ရင်းကို လှမ်းအော်လိုက်သည်။

"ဘာတွေ စိတ်ကူးယဉ်နေတာလဲ... မင်းမှာ ဘာအ​ကြံရှိသေးလဲ"

ကျူးကဲကျန့်လည်း ငြိမ်သက်သွားပြီး ပြန်လှည့် ဦးညွှတ်လိုက်သည်။

"လူကြီးမင်း... အမေကြီးက ရွှေကိုယ်ထည်နဲ့ တခြားကျင့်စဥ်တွေကို ကျင့်ကြံထားတယ်...လူသတ်သမားရဲ့ ခန္ဓာကိုယ်က စိန်လို ဖျက်ဆီးလို့မရပေမယ့် ရွှေကိုယ်ထည်ထက်တော့ မညံ့ဘူး... လူသတ်သမားက ရွှေအမြုတေ အဆင့်မှာပဲ ရှိနေပါသေးတယ်... အခြေတည်ဝိညာဥ် အဆင့်အထိ မရောက်သေးပါဘူး..."

တရားသူကြီးက သူ့ကို ဝင်နှောင့်ယှက်လိုက်သည်။

"လူသတ်သမားက အ​ခြေတည်ဝိညာဥ်ကို မအောင်မြင်ဘူးဆိုတာ မင်းဘယ်လိုသိလဲ"

သခင်ကြီးကျန့်ရဲ့ မျက်လုံးများကလည်း သူ့ကို စိုက်ကြည့်လာလေရာ ကျူးကဲကျန့်လည်း ရုတ်တရက် ဖိအားများစွာ ခံစားလာရတော့သည်။

"လူကြီးမင်းခင်ဗျ...တပေါက်ကော်ဘုံကျောင်းက ရွှေကိုယ်ထည် ကျင့်စဥ်ကို ဒီအမျိုးသမီးလို ပြည့်တန်ဆာဆီကို အပြည့်အဝ မအပ်နှံနိုင်ပါဘူး... အဲဒါကြောင့် သူမက ရွှေကိုယ်ထည်အစစ်ကို မမွေးမြူထားဘူးလို့ ပြောလို့ရတယ်... လူသတ်သမားရဲ့ ခွန်အားနဲ့ဆို အခြေတည်ဝိညာဉ်အဆင့်အထိ ကျင့်ကြံထားရင် အမေကြီးရဲ့ ခန္ဓာကိုယ်ကို အလွယ်လေး ရှင်းပစ်လို့ရတယ် ဒီလောက် ဖျက်စီးပြီး သတ်ပစ်ဖို့ မလိုအပ်ပါဘူး...ဒါကြောင့် ကျွန်တော်က ရွှေအမြုတေနယ်ပယ်လို့ ခန့်မှန်းမိတာပါ..."

သခင်ကြီးကျန့်နဲ့ တရားသူကြီးချုပ်တို့ နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားကြသည်။ လူသတ်သမားဟာ ရွှေအမြုတေ အဆင့်ဖြင့် အခြေတည်ဝိညာဥ် နယ်ပယ်က သခင်တစ်ဦးကို တိုက်ခိုက်ပြီး ပြိုင်ဘက်၏ ရွှေရောင်ကိုယ်ထည်ကို တစ်ချက်ချင်း ဖြိုခွဲလိုက်သည်။

ဒီနည်းလမ်းက အစွမ်းထက်လွန်း၏။

“ဒီပြည့်တန်ဆာငယ်တွေကို ရာဇ၀တ်ကောင်က ဘယ်လို သယ်ထုတ်သွားတာလဲ..."

တရားသူကြီးက မေးလေသည်။

"ယွိတူးက ငါတို့ရဲ့ နှာခေါင်းအောက်မှာ ရှိနေတာ... ပြည့်တန်ဆာတွေ အများကြီးနဲ့ ဘယ်လို ထွက်သွားတာလဲ"

ကျူးကဲကျန့်: "စတုတ္တမြောက် မိန်းက​လေးကို အရမ်းသေးငယ်တဲ့ နေရာတစ်ခုထဲ ပစ်ထည့်ပြီး သတ်လိုက်တာ...သူက လူတွေကို သတ်ဖို့အတွက် ဒီမှော်ပညာကို သုံးနိုင်မှတော့ လူတွေကို ဖုံးကွယ်ဖို့ ဒီမှော်ပညာကို သုံးနိုင်မှာပဲ ဒီပြည့်တန်ဆာ အယောက် ၂၀ ကျော်ကို ဖုံးကွယ်ဖို့ စွန်ပလွံအရွယ် သေတ္တာတစ်လုံးပဲ လိုတယ်"

တရားသူကြီးက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ကပ်ပြောသည်။

“ဒီအမှုကို မဖြေရှင်းနိုင်ရင် ဘယ်လိုရှင်းပြရမလဲ”

ကျူးကဲကျန့်က ခန့်ညားစွာ ဦးညွှတ်လိုက်သည်။

"သခင်လေးက လူသတ်သမား ဘယ်သူလဲဆိုတာ သိနိုင်ပါတယ်..အဲဒါကြောင့် လူကြီးမင်းတို့ စိတ်ပူစရာ မလိုပါဘူး"

သခင်ကြီးကျန့်က အနည်းငယ် ခေါင်းညိတ်ပြသည်။

"ဒါပေမဲ့ ဒီကိစ္စက ငါတို့ အစိုးရရဲ့ အမှားပဲ... ငါတို့ သခင်​လေးကို အကြောင်းကြားပြီး တောင်းပန်ဖို့ လိုသေးတယ်.. အစိုးရက သခင်ငယ်ကို ကိုယ်တိုင် ဆက်သွယ်ပြီး ဒီကိစ္စကို ပြောပြရလိမ့်မယ်"

သူက ခေတ္တရပ်လိုက်ပြီး "ကျူးကဲကျန့်...မင်း သခင်ငယ်လေးရဲ့ ကျေးဇူးကို လက်ခံယူထားပြီးပြီ... လူသတ်သမားနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ သိရင် ဖုံးကွယ်မထားရဘူး"

ကျူးကဲကျန့်က အောက်ကို ငုံ့လိုက်သည်။

"မလုပ်ရဲပါဘူး"

ထိုအချိန်တွင် အင်္ကျီအတိုနှင့် ဘောင်းဘီရှည် ၀တ်ထားသော အမျိုးသားတစ်အုပ်ဟာ လူအုပ်ကြားထဲ တွန်းဝင်လာကာ ခြံဝင်းထဲ ဝင်သွားကြသည်။ တော်တော်ရက်စက်ပုံရ၏။ သခင်ကြီးကျန့်နဲ့ တခြားသူတို့ကို မြင်သောအခါ လန့်သွားပြီး မောက်မာမှုတို့ ပျောက်သွားသည်။ အလျင်အမြန် ဦးညွှတ်ပြီး ဆိုကြသည်။

“မင်္ဂလာပါ လူကြီးမင်းတို့...”

သခင်ကြီးကျန့်က ထိုလူများကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ယန်းကျစ်လမ်းကြားမှာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တာကို လူပန်ဂိုဏ်း ဝင်ရောက်စွက်ဖက်ရမယ့် အလှည့် ဘယ်တုန်းက ရောက်သွားတာလဲ?"

ဦးစီးအရာရှိက တစ်ချက် ဦးညွတ်လိုက်သည်။

"ဒီနိမ့်ကျတဲ့လူက စီးထူဝမ်း သခင်ကြီးနဲ့ တရားသူကြီးချုပ်ကို ဂါဝရပြုပါတယ်"

တရားသူကြီးက :"စီးထူဝမ်းကိုး.. ထပါ မင်းနဲ့ ဒီအမျိုးသမီး ဆက်ဆံရေး ကောင်းကြမှန်း ငါတို့သိပါတယ် သူမ သေဆုံးသွားတော့ တခြားသူတွေထက် မင်းပိုဝမ်းနည်းနေတယ် ဆိုတာလည်း ငါတို့သိပါတယ် ဒါပေမယ့် ဒီလူသတ်မှုက ငါတို့ ယွိတူးစီရင်စုရဲ့ ကိစ္စမို့ ဝင်မစွက်ပါနဲ့"

လူပန်ဂိုဏ်း၏ အကြီးအကဲ စီးထူဝမ်းလည်း သူ့အမူအရာကို အနည်းငယ်ပြောင်းပြီး ရှေ့ကို ငုံ့လိုက်သည်။

"ဒီကိစ္စက ယွိတူး စီရင်စုအတွက်တင်မကဘဲ သခင်​လေးနဲ့လည်း ဆိုင်ပါတယ်... လူပန်ဂိုဏ်းက ဝင်စွက်ဖက်ရမှာ သေချာပါတယ်!"

"မင်း!"

တရားသူကြီးက တစ်ခုခုပြောတော့မှာမို့ သခင်ကြီးကျန့်လည်း သူ့ကို တားဖို့ လက်ကို မြှောက်လိုက်သည်။

"ငါ မင်းသားကျန်းရဲ့ အိမ်ကြီးဆီ ပြန်သွားပြီး သခင်ငယ်ကို ဆက်သွယ်လိုက်ပါ့မယ်... မင်းအမှုကို ဆက်ပြီး စုံစမ်းနေလိုက်!"

တရားသူကြီးချုပ်: " ဟုတ်ကဲ့"

သခင်ကြီးကျန့် ထွက်သွားခဲ့သည်။ သူသည် ယန်းကျစ်လမ်းကြားမှ ထွက်သွားပြီးနောက် သူ၏ မျက်ခုံးများက ရုတ်တရက် မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက် လေးပင်စွာ ချလိုက်သည်။

"ကလေးပညာရှင်နဲ့ သခင်လေး... တားမြစ်ချက်နှစ်ခု ထိပ်တိုက်တွေ့နေပြီ...ငါက ဘာလို့ အလယ်မှာ ဖမ်းပေးနေရတာလဲ"

သူသည် ရုတ်တရက် ခေါင်းကိုက်လာသလိုပါ ခံစားလိုက်ရသည်။ လူသတ်သမားသည် ချန်ရှီ ဖြစ်ကြောင်း အခြားသူများက မသိကြသော်လည်း သူကတော့ ကောင်းကောင်း သိသည်။ မြို့ထဲသို့မဝင်မီ ချန်ရှီသည် ယွိတူး၏ ပထဝီဝင်ကိုစူးစမ်းရန် ငှက်တစ်ကောင်ကို မြို့ကိုကျော်၍ မင်းသားကျန့်အိမ်တော်ထဲ ပျံသန်းစေခဲ့ရာ လက်ဝှေ့ယမ်းကာ ငှက်အားလုံးကို ပစ်ချခဲ့သူမှာ သူပဲ ဖြစ်သည်။

သူက ချန်ရှီရဲ့ နောက်ခံကို ကောင်းကောင်းသိသူပင်။

ရှီးကျင်းအပေါ် မင်းသားကျန့် အိမ်တော်ရဲ့ သဘောထားသည် အမြဲတမ်း ဝင်ရောက်စွက်ဖက်ခြင်း မရှိသလို ပါဝင်ခြင်းလည်း မရှိပေ။ ကျန့်မိသားစုသည် မြင့်မြတ်သော မိသားစုကြီး ဆယ့်သုံးစုထဲက မဟုတ်သော်လည်း ကမ္ဘာပေါ်ရှိ အဖြစ်အပျက် အားလုံးကို ရှင်းရှင်းလင်းလင်း သိကြသည်။ သခင်ကြီးကျန့်ကလည်း ချန်ရှီကို အခြားသူများထက် ပိုသိသည်။

"သူ ငါ့ယွိတူးမှာသေရင် ယွိတူးပြည်သူတွေကို သူ့နဲအတူ သင်္ဂြိုဟ်ပစ်ရလိမ့်မယ်!"

ဒါကိုတွေးရင်း သူ့ခေါင်းက ပိုနာကျင်လာသည်။

ကျန့်နန်းတော်သို့ ရောက်သောအခါ သခင်ကြီးကျန့်သည် သခင်လေးကို ဆက်သွယ်ရန် ကြံစည်ထားသော်လည်း ဘဏ္ဍာစိုးက ရောက်လာသည်။

"သခင်ကြီး... ကျွန်တော် သခင်လေးကို ဆက်သွယ်ပြီးပါပြီ"

သခင်ကြီးကျန့်က မျက်ခုံးပင့်လိုက်ပြီး :"ကျန့်ကျီ.... မင်းက ကောင်းကောင်းလုပ်ထားတာပဲ.. ဒါပေမယ့် မင်းက သခင်လေးရဲ့ ဘဏ္ဍာစိုးမဟုတ်ဘူး... ငါ့ရဲ့ ကျန့်အိမ်တော်က ဘဏ္ဍာစိုးမှူးပဲ"

ဘဏ္ဍာစိုး ကျန့်ကျီလည်း ဦးညွှတ်ပြီး "သခင်ကြီးကို သစ္စာစောင့်သိတာနဲ့ သခင်လေးအပေါ် သစ္စာစောင့်သိတာက ကွာခြားမှုမရှိပါဘူး"

သခင်ကြီးကျန့် အနည်းငယ် ဒေါသထွက်သွားသည်။ သူက လက်ကိုဝှေ့ယမ်းပြီး “ထွက်သွား!” လို့ မကျေမနပ်နဲ့ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ဘဏ္ဍာစိုး ကျန့်ကျီလည်း ပြန်ထွက်သွားသည်။

"ပြန်လာခဲ့! သခင်လေးက မင်းကို ဘာပြောလဲ"

ကျန့်ကျီ : "သခင်လေးက လင်ကျိုးက ရွှီမိသားစုဆီ အလည်အပတ် ရောက်နေတာပါ ဒီအကြောင်းကို ကြားတော့ သူအရမ်း ဒေါသထွက်သွားတယ်... သခင်လေးက ဒီကိစ္စကို ကျွန်တော်တို့ကိုယ်တိုင် ဆုံးဖြတ်သင့်တယ်လို့ ပြောခဲ့ပြီး သခင်ကြီးက ဒီကိစ္စကို မမေးသင့်ပါဘူးတဲ့... သခင်ကြီး သခင်ငယ်ကို ဆက်သွယ်နိုင်ပါတယ်... "

သခင်ကြီးကျန့်: "မလိုပါဘူး.. ထွက်သွား"

"ဟုတ်ကဲ့ပါ သခင်ကြီး!"

ဘဏ္ဍာစိုး ကျန့်ကျီလည်း ဦးညွှတ်ပြီး ထွက်သွားတော့သည်။ သခင်ကြီးကျန့်ခမျာ သူ ထွက်သွားတာကို ကြည့်ပြီး သက်ပြင်းချကာ တိုးတိုးလေး ရွတ်လိုက်လေသည်။

"ဒီမင်းသားကျန့် အိမ်ကြီးက ကျန့်မိသားစုက ပိုင်တာလား... သခင်ငယ်က ပိုင်တာလား ဒါပေမယ့်၊ ဒီကိစ္စက ယွိတူးမှာရှိတဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ ဘဝနဲ့ သက်ဆိုင်တာမို့ ဒီကိစ္စကို မေးရမှာပဲ"

......

ချန်ရှီနဲ့ ဟူဖေးဖေးတို့ သစ်သားလှည်းထဲတွင် ထိုင်နေကြသည်။ နန်းနန်းသည် သူမရှေ့တွင် လွင့်နေသော ဟေးကော်ကိုသာ စိုက်ကြည့်နေ၏။ ကလေးမလေးသည် ဒေါသတကြီးဖြင့် လက်သီးဆုပ်ရင်း ခွေးသည် နတ်ဆိုးဖြစ်ကြောင်း သူမ ယုံကြည်ထားပြီး ၎င်း၏ပုံစံအမှန်ကို ပြသရန် စောင့်ဆိုင်းနေခဲ့သည်။

ဟူဖေးဖေးသည် သံလိုက်အိမ်မြှောင်ကို ကိုင်ထားပြီး သစ်သားလှည်း၏ ဦးတည်ရာကို ထိန်းကာ လမ်းပြရန် ဟေးကော်ကို အခါအားလျော်စွာ ခေါ်တတ်သည်။

နာရီဝက်ကြာပြီးနောက် သူတို့သည် ယွိတူးမြို့မှ မိုင်တစ်ရာကျော် ဝေးကွာလာခဲ့ပြီး နောက်ဆုံးတွင် သိပ်မကျယ်လှသော တောင်ပေါ် ရွာတစ်ရွာသို့ ရောက်ရှိလာခဲ့သည်။

ဤတောင်ပေါ်ရွာက ပထဝီဝင် အနေအထားက အလွန်ထူးခြားသည်။ ဟန်ကုံးတောင်၏ အကိုင်းအခက်များ ဖြစ်သည့် တောင်တန်းများဖြင့် ဝန်းရံထားသည်။ သို့သော် အလယ်ရှိ မြေပြန့်တွင် အထီးကျန်နေသဖွယ် တောင်ထိပ်တစ်ခု ရှိသည်။

တောင်ကုန်းရဲ့ အရှေ့ဘက်တွင်တော့ ဧကသုံးဆယ်မှ လေးဆယ်ကျော်ကျယ်သော ရေကန်တစ်ခုရှိသည်။ သစ်သားလှည်း ဖြတ်သွားတဲ့အခါ ရေအောက်ခြေကနေ ပူဖောင်းတွေ ထွက်လာ၏။

ချန်ရှီ ဤမြင်ကွင်းကို မြင်သောအခါ ငုံ့ကြည့်ကာ။

"ဒီတောင်အောက်မှာ တော်ဝင်သင်္ချိုင်း တစ်ခုရှိရမယ်!"

"ဒီတောင်ကို ချင်းချိုးငယ်လို့ခေါ်တယ် တောင်ပေါ်မှာ သစ်ပင်တွေ အများကြီး ရှိတယ် ငါတို့မြေခွေးရွာက တောင်ပေါ်မှာ...တောင်ခြေရင်းမှာ သင်္ချိုင်းကြီး တစ်ခုရှိတယ် ဒါပေမယ့် အဖောက်ခံထားရလို့ လွတ်နေပြီ"

သစ်သားလှည်းက ရွာထဲကို မောင်းဝင်သွားသည်။ တောင်ခြေရင်း၌ စပါး၊ ပိုးစာ၊ သီးနှံ၊ ကြက်၊ ဘဲ အုပ်များဖြင့် စိုက်ပျိုးထားသော မြေသြဇာကောင်းသော လယ်ကွင်းများရှိသည်။ တောက်ပြောင်စွာ ၀တ်စားဆင်ယင်ပြီး ပြေပြစ်သော စကားပြောဆိုမှုရှိသော ချောမောလှပသော ယောက်ျားလေးတွေ နဲ့ ဆံပင်ဖြူတဲ့ သက်ကြီးရွယ်အိုတချို့လည်း ရှိပေမယ့် ကျန်းမာရေးတွေ ကောင်းနေတုန်းပင်။

သို့သော် မြေခွေးအထီးများသည် အဆင့်အတန်း နိမ့်ကျသောကြောင့် ရွာတွင်တော့ မြေခွေးမများကို လေးစားရလေ့ရှိသည်။

တကယ်တော့ ရွာမှာ ကိုယ်ပိုင်ကျောင်းရှိပါ၏။ စာပေ ပညာရှင်နှင့်တူပြီး လူသားတစ်ယောက်လို ပြုမူနေသော မြေခွေးတစ်ကောင်သည် အဆောင်လက်ဖွဲ့ မှော်ပညာကို ရေးတတ်ဖတ်တတ်စေရန် မြေခွေးအုပ်စုကို သင်ကြားပေးနေသည်။

၎င်းသည် လူသားအသွင်အပြင် ရှိပြီး မြေခွေးငယ်လေးများသာ မြေခွေးနှင့် တူလေသည်။ ၎င်းတို့သည်လည်း မတ်တတ်ရပ်ကာ ခြေနှစ်ချောင်းပေါ် လမ်းလျှောက်၍ အဝတ်သေးသေးလေးဝတ်ကာ လူကဲ့သို့ စကား ပြောဆိုကြသည်။

အပြည့်အဝ အသွင်မပြောင်းနိုင်ကြသေးချေ။

မြေခွေးကျေးရွာမှ သက်ကြီးရွယ်အိုများက သူမကို လာနှုတ်ဆက်သည်။ တွေ့ကြသောအခါတွင် သူတို့သည် ဟူဖေးဖေးအား ငုံ့ကြည့်ကာ ဆိုလာသည်။

"အဖွား ဒီကို ရောက်လာပြီ... ဒီနေ့ ဘယ်လေပြင်းကများ အဖွားကို မြေခွေးရွာ ရောက်လာအောင် တိုက်လိုက်ပါလိမ့်?"

ချန်ရှီ သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဟူဖေးဖေး: "ငါတို့ မြေခွေးမျိုးနွယ်စုမှာ ဘိုးဘွားနဲ့ အကိုင်းအခက်ဆိုပြီး ခွဲခြားထားတယ်... ငါက ဘိုးဘွားမျိုးရိုးကမလို့ အထက်တန်းစား.... အသက်ကြီးလို့ မဟုတ်ဘူး ငါ့ကို အဖွားလို့ မခေါ်နဲ့..."

သူမက မြေခွေး ကျေးရွာမှ သက်ကြီးရွယ်အိုများအား “နင်တို့ငါ့ကို အသက်ကြီးအောင် ခေါ်နေကြတာပဲ” ဟုဆိုကာ ဆူပူကြိမ်းမောင်း​နေခဲ့သည်။

"ကောင်းပါပြီ အဖွားဖေး"

လူတိုင်းက သူတို့ကို ရွာထဲ ဝင်လာချိန်မှာ ကြိုဆိုကြသည်။ ထို့နောက် ရွာရှိ ချောမောလှပသော ယောက်ျားချော မိန်းမချောများသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဟူဖေးဖေးကို ဂါဝရပြုလေ၏။

“မင်္ဂလာပါ အဖွားဖေး!"

ဟူဖေးဖေးက သူ့ပတ်ဝန်းကျင်ကို စိုးရိမ်တကြီးကြည့်ပြီး ဆိုလိုက်သည်။

"မြေခွေးမျိုးနွယ်ရွာကို လာရတာ မကြိုက်​တော့ဘူး..."

မြေခွေးတစ်ကောင်က ချန်ရှီကို ကြည့်ပြီး မေးလေ၏။

"ဒါက ဦးလေးလား"

ဟူဖေးဖေး: "ဘာဦးလေးလဲ? မုတ်ဆိတ်မွေးတောင် မ​ပေါက်တဲ့ ဦးလေးတစ်ယောက်ကို မြင်ဖူးလို့လား... ဒါက ချန်ရှီမိသားစုရဲ့ အစ်ကိုကြီးချန်.... ဆွေတော်မျိုးတော် ရှောင်လျောင်ရဲ့ ညီအစ်ကိုရဲ့ ​မြေး... သူလည်း ချန်ရှီမိသားစုကပဲ သူ့ကို ဘယ်လိုခေါ်ရမလဲ သိလား"

"အဘိုးချန်!" မြေခွေးငယ်များက ချန်ရှီထံ ပျံတက်သွားသည်။

ချန်ရှီ အရှုံးပေါ်သွားလေ၏။

လူကြီးက "အဘွားဖေး... ဆရာကြီးချန် ဘယ်မှာလဲ"

ဟူဖေးဖေး : "သူ ဆုံးသွားပြီ"

မျိုးနွယ်စုကြီးရဲ့ အကြီးအကဲက :"ကောင်းကင်မှာ မျက်စိရှိပါတယ်.. အခု ငါတို့ မျိုးနွယ်စုခေါင်းဆောင်ကို လမ်းလွဲ​စေမှာတော့ မဟုတ်ပါဘူး!"

ဟူဖေးဖေးက သူမအား စိုက်ကြည့်ကာ မိန်းကလေးများကို ကယ်တင်ခဲ့တဲ့ အကြောင်း ပြောပြလိုက်သည်။

"စီစဉ်ပေးနိုင်မလား?"

"ငါတို့လက်ထဲသာ အပ်ထားခဲ့လိုက်ပါ!"

မြေခွေးကျင့်​ကြံသူက သူ့ရင်ဘတ်ကို ပွတ်သပ်ရင်း အာမခံပေးလိုက်သည်။ ချန်ရှီလည်း မိန်းကလေးတွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ နေ့စဉ်အသုံးစရိတ်အတွက် ငွေစက္ကူအရွက် သုံးထောင်ကို ထုတ်ကာ ပေးလိုက်သည်။

"ကျေးဇူးပြုပြီး သူတို့ကို ဂရုစိုက်ပေးပါဦး"

သူ့ခမျာ စိုးရိမ်နေသေးပြီး ဒီမိန်းကလေးတွေအတွက် ဘယ်လိုစီစဉ်ပေးမလဲ ဆိုတာ စောင့်ကြည့်ဖို့ ရွာမှာ ခဏနေလိုက်သည်။

ထိုမြေခွေးဝိညာဉ်များသည် သူတို့အတွက် အိမ်ဆောက်ရန် သစ်သားခုတ်ပြီး အုတ်လုပ်သူက လုပ်ကြသည်။ အိုးများ၊ ပန်းကန်များ၊ စောင်များ၊ စောင်များ စသည်တို့ကို ဝယ်ယူရန် မြေခွေးများကိုလည်း မြို့ကို စေလွှတ်ခဲ့သည်။ အချို့သော မြေခွေးများသည် သူမတို့အား လေ့ကျင့်နည်းကို သင်ကြားပေးရန် ပုဂ္ဂလိကကျောင်းများသို့ ခေါ်ဆောင်သွားကြသည်။

များမကြာမီ မိန်းကလေးများသည် မြေခွေးများနဲ့ ရင်းနှီးလာပြီး ယခင်ကလို မခံစားလာရတော့ပေ။ မြေခွေးတွေကလည်း သူမတို့၏ အပြောအဆိုနှင့် အမူအရာများသည် ကျက်သရေ အပြည့်ရှိပြီး မြေခွေးအစစ်ထက်တောင် မြေခွေးဆန်နေတာကြောင့် ၎င်းတို့နဲ့ ရင်းနှီးလိုသော ဆန္ဒများက မသိစိတ်က ဖြစ်ပေါ်လာ​ကြသည်။

ဒါကိုမြင်တော့ ချန်ရှီ စိတ်သက်သာရာရသွားသည်။ ထိုအချိန်တွင် မြေခွေးလေးတစ်ကောင် ပြေးလာ၏။

"အဘိုးချန်... အဘိုးချန် အပြင်မှာ အရာရှိတစ်ယောက် ရှိတယ် ခင်ဗျားကို လိုက်ရှာနေတာတဲ့!"

ချန်ရှီ အနည်းငယ် လန့်ဖျပ်သွားသည်။

"အရာရှိက ရှာနေတာလား ငါ ယွိတူးမှာနေတာ ဘယ်အရာရှိကိုမှ မသိပါဘူး"

မြေခွေးကျေးရွာမှ ထွက်လာသောအခါ ရွာအပြင်ဘက်တွင် အရာရှိတစ်ဦး ရပ်နေတာ တွေ့လိုက်ရသည်။ ဖုန်တွေ ကပ်နေတာကြောင့် အဝေးကြီးကနေ လျှောက်လှမ်းလာခဲ့ရကြောင်း သိသာပေ၏။

"ချန်ရှီ..."

ကျူးကဲကျန့်က ခြေသံကို ကြားတော့ မျှော်ကြည့်ကာ ပြုံးပြုံးလေးဖြင့် ဆိုလာသည်။

"မင်းပြစ်မှုတစ်ခု ထပ်လုပ်ပြန်ပြီ!"

All Chapters