သူရဲကောင်းများသည် အခက်အခဲများစွာကို ဖြတ်သန်းရသော်လည်း စိတ်ပျက်စေမည် မဟုတ်ချေ
Vol. 14 Ch. 204
ချန်ရှီသည် တိုင်းတစ်ပါးတွင် မိတ်ဆွေဟောင်းတစ်ဦးနှင့် တွေ့ဆုံရတဲ့အတွက် အလွန်ဝမ်းသာသွားခဲ့သည်။ သူက ကမန်းကတန်း ပရှေ့ကို လှမ်းလာရင်း ပြုံးပြလိုက်သည်။
"လူကြီးမင်း ကျူးကဲပါလား...ဟွမ်ဖောရွာမှာ ငါတို့ ခွဲထွက်ပြီးကတည်းက မတွေ့ရတာ တစ်နှစ်ခွဲကျော်တောင် ကြာပြီ ခင်ဗျား ဘယ်ရောက်နေတာလဲ"
သူ ကျူးကဲကျန့်ကို အလွန်သဘောကျသွားသည်။ ကျူးကဲကျန့်က သူ့အမှုကို တစ်ချိန်က စုံစမ်းစစ်ဆေးခဲ့ဖူးသည်။ သူသည် ရာဇ၀တ်ကောင်ဖြစ်ပြီး သူ့ရဲ့ ပထမဆုံးအကြိမ် ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ကျူးကဲကျန့်က ရှာဖွေတွေ့ရှိသွားခဲ့သည်။
နောက်ပိုင်းတွင်တော့ ကျူးကဲကျန့်ဟာ ရာထူးမှ နှုတ်ထွက်ပြီး ရေနွားခရိုင်က ထွက်ခွာခဲ့သည်မှာ အချိန်အတော် ကြာသည်အထိ သူ့နှင့်ပတ်သက်သည့် သတင်းမရရှိပေ။
ချန်ရှီသည် မိမိမှာ သူ့အား ထွက်သွားစေခဲ့မိကြောင်း တွေးကာ အပြစ်ရှိကြောင်း ခဏတာလောက် ခံစားခဲ့ရသေးသည်။
ကျူးကဲကျန့်ကလည်း သူနဲ့တွေ့ရတာကို ပျော်ပါသည်။
"ပထမတော့ ရေနွားခရိုင်မှာ ငါသိပ်မပျော်ဘူး အဲဒါကြောင့် နှုတ်ထွက်ဖို့ မင်းကို ဆင်ခြေတစ်ခုအနေနဲ့ပဲ သုံးခဲ့တာ။ အဲဒီနောက်မှာ ခဏအနားယူပြီး ရှင်းရှန်အနီးက ခရိုင်တော်တော်များများကို အလုပ်ရှာခဲ့တယ်။ ရှာရခက်ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ငါက ရှင်းရှန်ခရိုင်မှာ အလုပ်တစ်ခု ရှာတွေ့ခဲ့တယ်... ဒါပေမယ့် ရာထူးမတက်ခင်မှာပဲ တရားသူကြီးက ဆွဲထုတ်ခံရလိုက်ရပြီး ခေါင်းဖြတ်လိုက်ရတော့ အလကား ဖြစ်သွားရော”
ချန်ရှီလည်း ဒီကိစ္စက သူနဲ့ တစ်ခုခုတော့ ပတ်သက်နေသလို ခံစားရတာကြောင့် ငြိမ်နေတယ်။ ကျောက်မိသားစုရဲ့ ဘုရင်ခံကို သတ်ခဲ့တဲ့သူက သူ့အဘိုးပင်။ ကျောက်မိသားစုသည် ၎င်း၏အခြေခံအုတ်မြစ်ကို ဆုံးရှုံးလိုက်ရသောကြောင့် တရားရုံးက ရာဇ၀တ်မှုတစ်ခုကို တွေ့ရှိပြီး ကွပ်မျက်ပစ်ခဲ့သည်။
ထိုအချိန်က ရှင်းရှန်ခရိုင်က တရားသူကြီးသည်လည်း ကျောက်မိသားစုမှဖြစ်ပြီး အခြားသူများနှင့်အတူ ခေါင်းဖြတ်ခံခဲ့ရသည်။
ချန်ရှီ: "ခရိုင်တရားသူကြီး အသစ်က ဒီအလုပ်ကို အသိအမှတ်မပြုဘူးလား"
ကျူးကဲကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး။
"ခရိုင်တရားသူကြီး အသစ်လည်း ခုတ်ထစ်ခံသွားရပြီ"
ချန်ရှီ တိတ်ဆိတ်သွားပြန်သည်။
အဲဒီတုန်းက ရှင်းရှန်ခရိုင်က တရားသူကြီးအသစ်ကို ကန်ချွမ်း ဟုခေါ်သည်။ သူ့မိန်းမက ငန်းသားကို ကြိုက်သည်။ တရားသူကြီးနဲ့ သူ့ဇနီးကို သတ်ခဲ့တဲ့ လူသတ်သမားဟာ ဝမ်ချိုင်ကျောင်းတော်မှာ စာရင်းသွင်းထားတဲ့ စာသင်သားချန်ရှီ ဖြစ်ပေ၏။
ကျူးကဲကျန့်: "ငါ သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူးလို့ ထင်ခဲ့တယ် အဲဒါကြောင့် အဝေးကိုထွက်ပြီး မိုးကြိုးခရိုင်ကို သွားခဲ့တယ် အရင်က စုဆောင်းထားတဲ့ လစာတွေကြောင့် ငါ့မှာ ပိုက်ဆံနည်းနည်း ရှိသေးတယ် အဲဒါကြောင့် မိုးကြိုးမြို့ အစိုးရရဲ့ ဥပဒေအကြံပေးကို လာဘ်ထိုးပြီး တရားဝင်ရာထူး တစ်ခုရှာဖို့ ပြင်ဆင်ခဲ့တယ် ငါ့ရဲ့ အရည်အချင်းနဲ့ဆို မိုးကြိုးခရိုင်မှာ ငါနဲ့ မတူတဲ့ မိသားစုကြီးထဲက သားသမီးတွေရှိမယ်လို့ ထင်ခဲ့ပါတယ် ချန်ရှီ... မင်းငါ့ကိုဘာလို့ ဆက်မမေးတာလဲ?"
ချန်ရှီ: "ဒါဆို ဘာဖြစ်သွားတာလဲ?"
ကျူးကဲကျန့်က သက်ပြင်းတစ်ချက်ချကာ ထယ: “အဲ့တုန်းက မိုးကြိုးခရိုင်ရဲ့ တရားသူကြီးယန်ကလည်း အသတ်ခံလိုက်ရတယ်လေ..”
ချန်ရှီသည် စိတ်မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရသည်။
ကျူးကဲကျန့်ခမျာ အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း မျက်လုံးများက တည်ငြိမ်နေသည်။ ခဏအကြာတွင်တော့ ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကာ။
"ကံမကောင်းလို့ နံရံကို ဆောင့်ကန်လိုက်ပေမယ့် ပိုက်ဆံတွေက အကုန်ကုန်သွားပြီ... ပိုက်ဆံမရှိရင် မနေနိုင်တော့ဘူးလေ... မဟုတ်ဘူးလား... ရှင်းရှန်မှာ မနေနိုင်တော့ဘူး ထွက်သွားလို့ရပြီမလား... ချန်ရှီ နောက်တစ်ခု မေးကြည့်ပါဦး"
ချန်ရှီ မျက်တောင်ခတ်လိုက်ပြီး :"ပြီးတော့?"
"ငါ ကုံကျိုးကိုသွားပြီး ဒုတိယဗိုလ်ချုပ်ကြီးရှရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်... အရာရှိမဟုတ်ပေမယ့် ကျွန်တော်ဟာ ဒုတိယဗိုလ်ချုပ်ကြီးရှနဲ့တော့ နီးစပ်ခဲ့သေးတယ်... သူ ငါ့ကို တန်ဖိုးထားတယ်ဆိုရင် နောင်တစ်ချိန်မှာ တပ်မှူးဖြစ်လာမှာ သေချာတယ်လေ..."
ကျူးကဲကျန့်ရဲ့ မျက်လုံးများသည် မျှော်လင့်ချက် အလင်းတန်းများ ပြသခဲ့သော်လည်း နောက်ပိုင်းတွင် မျှော်လင့်ချက်များက မှိန်ဖျော့သွားခဲ့သည်။
"ရှမိသားစုရဲ့ အဘွားကြီး မွေးနေ့ မကြာခင် လာတော့မယ်... လူကြီးမင်းရှက အဘွားကြီးကို မွေးနေ့ လက်ဆောင်ပေးဖို့ ဝိညာဥ်ရှင်ပြန်ဆေး ဝယ်ပေးဖို့ ယွိတူးကို သွားခိုင်းတယ်... ယွိတူးကနေ အပြန်လမ်းမှာ ကုံကျိုးမြို့ကို နတ်ဆိုးနယ်မြေက ဖုံးအုပ်ထားတာ တွေ့လိုက်ရတယ်"
သူ့အသက် နှစ်အနည်းငယ်လောက် အိုသွားသည့်အတိုင်းပင်။ ခဏ ငြိမ်သက်သွားပြီး။
"နတ်ဆိုးနယ်မြေ ပြီးသွားတဲ့အခါ လူကြီးမင်းရှတင်မကဘူး...ရှမိသားစုလည်း ပျောက်ကွယ်သွားပြီး နယ်ခြားတပ်တွေလည်း မရေမတွက်နိုင်အောင် အသေအပျောက်တွေနဲ့ ကြုံခဲ့ရတယ်... ကံကောင်းစွာနဲ့ ငါ ယွိတူးမှာ သခင်ငယ်ကို တွေ့ခဲ့တယ်။ သခင်လေးက ငါ့ကို အရမ်းသဘောကျတယ်..သူ အကူအညီ တောင်းလာတော့ သူ့ကို လူသတ်မှုအတွက် တာဝန်ယူဖို့ အကြံပေးခဲ့တယ်"
ချန်ရှီ ချီတုံချတုံနဲ့ ပြောလိုက်သည်။
"ခင်ဗျားရဲ့အခြေအနေကို အရမ်းညှဉ်းပန်းနှိပ်စက် နေမိမယ်ဆိုတာ မသိခဲ့ဘူး ဒါ ကျွန်တော့် အမှားပါ..."
ကျူးကဲကျန့်က ခေါင်းခါပြီး :"မင်းကို အပြစ်မတင်ပါဘူး ရေနွားခရိုင်မှာ ငါ စိတ်မချမ်းသာပေမယ့် ရှင်းရှန်ခရိုင်ရဲ့ တရားသူကြီးက သိပ်မကောင်းဘူး... ခရိုင်မှူးကန်ကလည်း ဆိုးတယ် ငါသိခဲ့ရင် ငါ သူ့ကို ဖယ်ပစ်မှာပါ... မိုးကြိုးခရိုင်က လူကြီးမင်းယန်က နဂါးကို မွေးပြီး မရေမတွက်နိုင်တဲ့ လူတွေကို ရေထဲ နှစ်ပစ်လိုက်တယ်... ကုံကျိုးက နတ်ဆိုးအသွင်ပြောင်းတာက နတ်ဆိုးဖြစ်လာတဲ့ ဘုန်းတော်ကြီးကြောင့်လေ... မင်းနဲ့ ဘာဆိုင်လို့လဲ"
ချန်ရှီ ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။
"ခင်ဗျားဒီလိုတွေးရင်တော့ ကျွန်တော် စိတ်သက်သာရာ ရပါတယ် "
ကျူးကဲကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြော၏။
"သခင်လေးက ငါ့ကို အရမ်းကြင်နာတယ် ဆင်းရဲပြီး နင်းပြားဖြစ်နေတုန်းက အလုပ်တစ်ခုပေးတယ်... ရွှေအမြုတေကို ရခဲ့တယ် ဒါပေမယ့် တိုးတက်အောင်လုပ်ဖို့က မလွယ်ဘူး သခင်လေးက ငါ့ကျင့်ကြံမှုကို ကူညီပေးဖို့အတွက် လေမိုးကြိုးနတ်စည်းတံဆိပ်ကို ပေးတယ်.. ငါက ရွှေအမြုတေနယ်ပယ်ကို ဖြတ်ကျော်ပြီး အောင်မြင်ဖို့ မျှော်လင့်ထားတယ်"
ချန်ရှီ ခေါင်းညိတ်ပြပြီး :"ခင်ဗျား ဆင်းရဲတုန်းက သခင်ငယ်က အချိန်မီ အကူအညီပေးတဲ့ ငွေကြေးတွေ အများကြီး ပေးခဲ့တယ်..ခင်ဗျားက ကြင်နာပြီး ဖြောင့်မတ်တဲ့သူမို့ သဘာဝအတိုင်း ကျေးဇူးတင်နေမှာပဲ"
"ငါ့မှာ ဝင်ငွေမရှိတာ တစ်နှစ်ခွဲကျော်ရှိပြီ... နောက်ဆုံးတော့ ယွိတူးမှာ အလုပ်တစ်ခု ရှာတွေ့ခဲ့တယ်လေ... ထွက်မသွားချင်တော့ဘဲ လှည့်ပတ်သွားလာနေတာ!"
ချန်ရှီက သက်ပြင်းချရင်း :"လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ ခင်ဗျား တော်တော် ဒုက္ခရောက်ခဲ့တာပဲ"
ကျူးကဲကျန့်က အကြာကြီး နှုတ်ဆိတ်သွားပြီးနောက်။
"ဒါပေမဲ့ ငါ့နုတ်ထွက်စာကို မင်းသားကျန့်အိမ်တော်က သခင်ကြီးကျန့်ရဲ့ စားပွဲပေါ်မှာ တင်ထားလိုက်ပြီ"
ချန်ရှီ သူ့ကို အံ့အားသင့်စွာ ကြည့်ရင်း သူဘာကြောင့် ဒီအလုပ်ကနေ နုတ်ထွက်ရမှန်း နားမလည်သေးချေ။ ကျူးကဲကျန့်က အနည်းငယ်ပြုံးလာသည်။
"ငါက ကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့် ငါ့နှလုံးသားထဲမှာ အမှားအမှန်ကို ချိန်ဆနိုင်တဲ့ အသိကတော့ အတိုင်းအတာတစ်ခုထိ ရှိပါတယ်... ယန်းကျစ်လမ်းကြားက ကိစ္စမှာ မင်း ကောင်းကောင်းလုပ်ခဲ့တယ် ငါလုပ်ချင်ပေမယ့် မလုပ်ရဲဘူး.... မင်းမှာ အပြစ်မရှိဘူး၊ ဒါကြောင့် မင်းကို တရားမ၀င်ခိုင်းချင်ဘူး... သခင်လေးကို အပြစ်မလုပ်မိချင်ဘူး... ခွင့်လွတ်မပေးစေချင်ဘူး... ဒါကြောင့် ငါ ဒီရာထူးကနေ နှုတ်ထွက်ရမှာ"
ချန်ရှီ နားမလည်နိုင်စွာ တုန်လှုပ်သွားသည်။
"အစ်ကိုကျူးကဲ...ခင်ဗျားကို ငြိတွယ်စေမိတာ ကျွန်တော်ပါ..."
"ဒါက မင်းကြောင့် မဟုတ်ဘူး"
ကျူးကဲကျန့်က ပြုံးပြီးပြော၏။
"ဒါက ငါ့ရဲ့ အခြေခံမူတွေကြောင့်ပဲ ငါက ဆင်းရဲပြီး ဘယ်တော့မှ မချမ်းသာဖို့ ရည်မှန်းထားတာ.. ငါသာ နည်းနည်း ပိုရက်စက်ပြီး ကြမ်းတမ်းလိုက်ရင် ငါလည်း အောင်မြင်လာလိမ့်မယ်"
ချန်ရှီ သူ့ကို အရမ်းသဘောကျသွားသည်။ အခုခေတ်မှာ သူ့လိုလူက အလွန်နည်းနေပြီ။
"ခင်ဗျားဂဲ့ တရားဝင်ရာထူးကနေ နှုတ်ထွက်ပြီးရင် ဘာအစီအစဉ်တွေရှိလဲ"
"အဲဒါကြောင့် မင်းကိုရှာဖို့ ငါလာခဲ့တာလေ... ချန်ရှီ မင်းရဲ့နောက်ခရီးက ဘယ်နေရာလဲ... ငါ့ကို ရှောင်လို့ရမလား နေရာတစ်ခုပြောပြီး မင်းနဲ့ဝေးရာမှာ နေမယ်!"
သူ့မျက်လုံးများက ရိုးသားပြီး တောင်းပန်နေကာ ချန်ရှီနဲ့ ခပ်ဝေးဝေးနေချင်ကြောင်း သိသာလှသည်။ ချန်ရှီ အနည်းငယ်ရှက်သွားပြီး။
"ကျွန်တော် စာမေးပွဲဖြေဖို့ ရှီးကျင်းကို သွားတော့မှာ..."
ကျူးကဲကျန့်က သက်ပြင်းရှည်ချလိုက်ပြီး။
"ကောင်းပြီ ဒါဆို ငါ ရှီးကျင်းကို ရှောင်လိုက်မယ်!"
ချန်ရှီ ချီတုံချတုံနဲ့ :"ခင်ဗျားကျွန်တော့်ကို အထင်ကြီးလွန်းနေပြီဗျ...ရှီးကျင်းက ဘာလဲ တော်ဝင်တရားရုံးလေ... တော်ဝင်နန်းတွင်းမှာ ကျွန်တော် ဘယ်လိုလုပ် သောင်းကျန်းရဲမှာလဲ"
ကျူးကဲကျန့်က ပြုံးပြီးပြောသည်။
"ပြောရခက်တယ်... ဒါပေမယ့် ရှီးကျင်းကိုရောက်တဲ့အခါ မင်းကိုယ်တိုင် သေချာ ကျင့်ကြံနေထိုင်ရမယ်လို့ အကြံပေးချင်ပါတယ်... အခု ငါတို့နေရာတွေက ရှီးကျင်းနဲ့မတူဘူး... ရှီးကျင်းက ဝှက်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်နေတာ... လမ်းဘေး လှည်းသမားတောင်မှ ပဉ္စမအဆင့် အရာရှိဖြစ်နိုင်တယ်!"
သူက နှုတ်ဆက်ပြီး ထွက်သွားတော့မှာ ဖြစ်ပေမယ့် ချန်ရှီက ရုတ်တရက် ထပ်မေးလာသည်။
"အစ်ကိုကျူးကဲ သခင်လေးက ဘယ်သူလဲ"
ကျူးကဲကျန့်လည်း အနည်းငယ် ထိတ်လန့်သွားပြီး အံ့သြမှုတချို့ကို ပြသလာသည်။
"သခင်လေးက အရာရာ ပြီးပြည့်စုံလုနီးပါးပဲ... သူက အသက်မကြီးသေးပါဘူး... မင်းနဲ့ငါကြားမှာဆို သူက သဘာဝအတိုင်း မြင့်မြတ်လှတယ် တင်းကြပ်တဲ့ ကျင့်ဝတ်တွေကို လေ့ကျင့်ထားတယ်လို့ မြင်နိုင်တယ် သူ့အပြောအဆိုနဲ့ အကျင့်က လန်းဆန်းတယ်... သူတောင်းစားဖြစ်ဖြစ် အစေခံကို ဖြစ်ဖြစ် လယ်သမားကို ဆိုရင်တောင် နွေးနွေးထွေးထွေး ဆက်ဆံတတ်တယ်... သူက မင်းရဲ့အမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ပေးပြီး အားပေးမှုတွေနဲ့ ကတိသစ္စာပြုစေတယ်... မင်းကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေမှာ... သူက ကြင်နာတတ်တယ်၊ သဘောထားကြီးတယ်၊ မင်းရဲ့ အားသာချက်တွေကို အမြဲတွေ့နိုင်တယ်၊ မင်းကို အကြံဉာဏ်တွေပေးပြီး လေ့ကျင့်နည်းတွေကို သင်ပေးလိမ့်မယ်.."
ချန်ရှီအား ထိုသခင်လေးအကြောင်း ပြောသောအခါတွင်ပင် သူက အနည်းငယ် လေးစားနေပုံဖြင့်။
"သခင်လေးနဲ့ အတူရှိတဲ့အခါဆို ဖိအားတွေ မခံစားရဘူး သူက သူငယ်ချင်းလိုပဲ သူများတွေရဲ့ အောင်မြင်မှုတွေအတွက် ပျော်ပေးတယ်၊ သူငယ်ချင်းအစစ်လိုပဲ သူက အမှားတွေကို ပြင်ပေးလိမ့်မယ်... လူတိုင်းက သခင်လေးကို အရမ်း သဘောကျကြတယ်"
ချန်ရှီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် အမှန်တကယ် ပြီးပြည့်စုံသော ပုဂ္ဂိုလ်ပဲ ဖြစ်သည်။ သို့သော် ပြီးပြည့်စုံသော လူတစ်ဦးက ထိုက်ဖျင်ဂိုဏ်းနဲ့ ယန်းကျစ်လမ်းကြားလို ဆိုးယုတ်ညစ်ပတ်တဲ့ နေရာတွေကို တည်ထောင်ထားရတာလဲ။
ကျူးကဲကျန့် ရုတ်တရက် ဆက်ပြောလာသည်။
"သူတော်စင် မဟုတ်ခဲ့ရင် သူက လူဆိုးကြီးပဲ "
ချန်ရှီ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
သခင်လေးရဲ့ အကျင့် သီလကို ယခုလေးတင် ထင်ရှားစွာ ချီးမွမ်းနေသူက သခင်လေးဟာ အလွန်ယုတ်မာသော ပုဂ္ဂိုလ်ဖြစ်နိုင်ကြောင်း ဘာကြောင့်များ ဆိုရတာလဲ။
"ဒါပေမယ့် သူက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူက လူတွေကြိုက်အောင်လုပ်ပြီးရင် မုန်းလို့မရအောင် လုပ်တတ်တယ်"
ချန်ရှီ : "အဲ့သခင်လေးမှာ ထိုက်ဖျင်ဂိုဏ်း ရှိတယ်... ထိုက်ဖျင်ဂိုဏ်းက ကောင်းကင်အဘွားအဖွဲ့အစည်းကနေ ယောက်ျားလေး၊ မိန်းကလေးတွေကို ဝယ်ပြီး ဝိညာဥ်ပြန်ကြာပန်း ခိုးယူဖို့ မြေအောက်ကမ္ဘာကို သွားခိုင်းတယ်... ရလဒ်အနေနဲ့ အသက်အရွယ်အရ ကလေးတွေ အများကြီး သေကုန်တယ်... ပြန်ပေးဆွဲပြီး သတ်ပစ်ခံရတဲ့ မသန်စွမ်းအရုပ် ခန်းမကလည်း သခင်လေးရဲ့ ဥစ္စာပစ္စည်းတွေလို့တောင် သံသယရှိတယ်"
ကျူးကဲကျန့်သည် ယခင်က ကုံကျိုးတွင် အလုပ်လုပ်ခဲ့ဖူးတာကြောင့် ကောင်းကင်အဘွားအဖွဲ့အစည်းရဲ့ နာမည်ဆိုးကို ကြားသိခဲ့ရဖူးသည်။ သူက မျက်မှောင်ကြုတ်ပြီး ဖြေလာသည်။
“မင်းမှာ သက်သေမရှိဘူး”
ချန်ရှီ: "ကျနော် ကောင်းကင်အဘွား အဖွဲ့အစည်းက နံ့သာသခင်ကို သတ်ပစ်လိုက်တယ်... သူက ဟိုပြည့်တန်ဆာ အမေကြီးရဲ့ ရွှေရောင်ကိုယ်ထည်နဲ့ ဆင်တူတဲ့ ရွှေကိုယ်ထည်ကျင့်စဥ်ကို ကျင့်ထားတယ်... ရွှေရောင်အလင်းမန္တန်ကနေ ထွက်လာတာ ဒါပေမယ့် အဲဒီနံ့သာသခင်က ရွှေရောင်ကိုယ်ထည်ကို လက်ဖဝါးအထိပဲ လေ့ကျင့်ထားရသေးတယ် သူက ကောင်းကင်အဘွားအဖွဲ့အစည်းရဲ့ မသန်စွမ်းအရုပ် ခန်းမကို တာဝန်ယူတယ်.... ခင်ဗျား သွားစစ်ကြည့်လို့ရတယ်"
ကျူးကဲကျန့်ရဲ့ မျက်လုံးထောင့်များ လှုပ်ယမ်းသွားသည်။
ရွှေရောင်အလင်းမန္တန်သည် တပေါက်ကော်ဘုံကျောင်းက မင်ဧကရာဇ်ရွှေကိုယ်ထည် ကျင့်စဥ် ဖြစ်သည်။ စစ်မှန်သော အဆုံးအမ မရှိလျှင် မန္တန်များ ပါ၀င်သောကြောင့် ကျင့်ကြံ၍မရချေ။ မန္တန်သည် မှန်ကန်သော အသံထွက်လိုအပ်ပြီး ဗုဒ္ဓဘာသာ၏ လျှို့ဝှက်စကားလုံး ဖြစ်သည်။ ကိုယ့်ဘာသာကိုယ် ပုံဖော်လို့ မရ။
ရွှေကိုယ်ထည်ကို လက်ထဲ ရောက်လာလို့ ကျင့်ချင်တယ်ဆိုရင်တောင် မှန်ကန်တဲ့ လျှို့ဝှက်စကားလုံးတွေနဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေ လိုအပ်နေပါသေးသည်။
ချန်ရှီ: "သခင်လေးက ပိုက်ဆံလိုလို့လား... သူ့မှာ ပိုက်ဆံအလုံအလောက် ရှိနေပြီ... သူ့တစ်သက်မှာတင်မကဘူး ဆယ်သက်တောင် ဘယ်တော့မှ သုံးမကုန်ဘူး... သူဘာလို့ ဒီထက်ပိုပြီး ဝင်ငွေရှာဖို့ ဒီလောက် စက်ဆုပ်စရာကောင်းတဲ့ အရာတွေကို လုပ်နေရတာလဲ... သူဘာအတွက် ပိုက်ဆံအများကြီး လိုနေသေးတာလဲ"
ကျူးကဲကျန့်လည်း အမှန်ပင် အမြတ်အစွန်း အများဆုံးဖြစ်သော ယွိတူးရှိ သခင်ငယ်၏ လုပ်ငန်းများကို ပြန်စဉ်းစားမိသည်။ သူက အနည်းငယ် စိတ်ရှုပ်စွာဖြင့် ခေါင်းခါလိုက်၏။
"ဒါက ငါ့အသိထက် ကျော်လွန်နေပြီ"
ချန်ရှီ: "သူ့မျိုးရိုးနာမည်နဲ့ နာမည်အရင်းက ဘာလဲ ဘယ်လိုပုံစံလဲ?"
ကျူးကဲကျန့်လည်း တခဏမျှ တုံ့ဆိုင်းသွားသည်။
"သခင်လေးက ငါ့အပေါ် ကျေးဇူးရှိတယ်.. ငါ သူ့ကို သစ္စာမဖောက်နိုင်ဘူး"
ချန်ရှီလည်း သူ့ကို အရှက်ခွဲဖို့ကလွဲပြီး ရွေးချယ်စရာမရှိသလို ဖြစ်လာသည်။
"သခင်လေး ခင်ဗျားကို သင်ပေးတဲ့ လေမိုးကြိုးနတ်စည်းတံဆိပ် ကိုယ်ခံပညာကို ကျိန်စာလို့ခေါ်တယ်... အလောတကြီး ထွက်မသွားနဲ... ကျွန်တော့်ကို ခဏစောင့်ပါ ကျွန်တော့်မှာ တစ်ခုခုရှိတယ်"
ကျူးကဲကျန့် အနည်းငယ် ခေါင်းညိတ်ပြသော်လည်း ရွာထဲသို့ မဝင်ခဲ့။ အဲဒီအစား ရွာအပြင်မှာပဲ စောင့်နေခဲ့သည်။
ဤရွာသည် ကြီးမားသော သင်္ချိုင်းတစ်ခုဖြစ်ပြီး အထဲတွင် နေထိုင်သော “လူများ” ကို သူ့မျက်လုံးများထဲမှ ဖုံးကွယ်ထား၍မရပေ။ ဒီလူတွေဟာ လူသားမဟုတ်သလို သူတို့ကို မချဉ်းကပ်စေချင်ဘူး ဆိုတာကိုလည်း သူမြင်နေရသည်။
"ချန်ရှီက ဒီနတ်ဆိုးတွေကို ပြုစုပျိုးထောင်သူတွေနဲ့ အရမ်းရင်းနှီးတယ်... သူ့လုပ်ရပ်တွေက နည်းနည်းဆိုးတယ်"
ရွာပြင်တွင် ဆိတ်ငြိမ်စွာထိုင်၍ သုံးလုံးပြူး သေနတ်ကို မြေကြီးပေါ် ထောက်လျက် အတွေးထဲ နစ်နေခဲ့သည်။
ရွာအပြင်ဘက်တွင် အနီရောင် အဝတ်အစားဝတ်ထားသည့် ကလေးမသည် ခွေးနက်တစ်ကောင်စီးကာ တောထဲတွင် ရိုင်းစိုင်းစွာ ပြေးလွှားနေသည်။ ကလေးမလေးက တခစ်ခစ်ရယ်ပြီး အရမ်းကို ပျော်နေခဲ့သည်။
"ခြေဖဝါးစုတ်ပြဲမှာကို မကြောက်ဘူးပဲ"
အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီး ခွေးကလေးသည် ကလေးမလေးကို စိတ်ကျေနပ်စေရန် ကြိုးစားရင်း သူမနှင့် ဆော့ကစားနေတာ တွေ့လိုက်ရသည်။
ထိုအချိန်တွင် ချန်ရှီ ရွာမှထွက်လာကာ လက်ရေးလှ စာအုပ်တစ်အုပ်ကို ပေးလာသည်။
"ခင်ဗျားရဲ့လှံကျွမ်းကျင်မှုနဲ့ မီးသေနတ်တွေကို သေချာပေါက် ဖြည့်ဆည်းပေးမယ့် လေမိုးကြိုးနတ်စည်းတံဆိပ်ကိုလည်း တွေ့ဖူးတယ် တစ်ချက်ကြည့်လိုက်...."
ကျူးကဲကျန့် မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်တော့ မင်က လုံးဝ မခြောက်သေးတာကို တွေ့လိုက်ရသည်။ အခုနကမှ ရေးထားခဲ့တာ သိသာသည်။
စာများများဖတ်လေ အံ့သြရလေလေ ဖြစ်နေသည်။ ချန်ရှီရဲ့ လေမိုးကြိုးနတ်စည်းတံဆိပ်က သခင်လေး သူ့အားသင်ပေးသော စာအုပ်ထဲကထက် များစွာပိုမိုပြည့်စုံသည်။ သခင်လေးက လေမိုးကြိုးနတ်စည်းတံဆိပ်ကို သင်ပေးသောအခါတွင် ဤသိုင်းပညာသည် ဖေ့မိသားစု၏ ဘိုးဘေးတစ်ဦးမှ သင်ကြားခဲ့ပြီး အပိုင်းအစများက မပြည့်စုံကြောင်း ပြောပြခဲ့သည်။
သခင်လေးက ဒီကျင့်စဥ်က မပြည့်စုံကြောင်း ပြတ်ပြတ်သားသား ပြောခဲ့သော်လည်း ကျူးကဲကျန့် အလွန်ကျေးဇူးတင်နေမိသည်။ သူ၏နောက်ခံကြောင့်၊ တစ်စိတ်တစ်ပိုင်း ကျင့်စဥ် တစ်ခုကိုပင် သူ့လက်လှမ်းမမီနိုင်ပါ။
ထို့ကြောင့် သူသည် သခင်လေးကို အလွန်လေးစားပြီး ကြင်နာမှုအတွက်လည်း ကျေးဇူးတင်ရှိခဲ့သည်။ သခင်ငယ်သည် သူ၏ကွပ်ကဲမှုအောက်တွင် ဆိုးသွမ်းသော အင်အားများစွာ ရှိနေတာ သူသိသော်လည်း သူနှင့်အတူ ရုန်းထွက်ရန် ဆန္ဒမရှိပေ။
သို့သော် ချန်ရှီ ပေးခဲ့သော လေမိုးကြိုးနတ်စည်းတံဆိပ် ကျင့်စဥ်ထဲတွင် ခြေလှမ်းအဆင့်ဆင့် ပါ၀င်သည်။ သိုင်းကွက်ကို စတင်သောအခါ သူသည် ကန့်နဲ့ သို့ကိုနင်းပြီး လေနှင့်မိုးကြိုးကို ပစ်နိုင်သည်။ ပြီးပြည့်စုံသော တာအို မှော်မန္တန်၏ ကောင်းချီးများဖြင့် နတ်သန့်စင်ခြင်းနယ်ပယ် အထိ လေ့ကျင့်ရန်နှင့် အနတ္တပြန်ခြင်းဘုံ အထိ သွားနိုင်စေဖို့ သူအတွက် လုံလောက်ပါသည်။
ချန်ရှီ ပေးသော ကိုယ်ခံပညာက လုံးဝ မပြည့်စုံသေးသော်လည်း ဆက်စပ်သော စာလုံးပေါင်းများနှင့် တံဆိပ်များ မပါရှိသေးသော်လည်း ၎င်းသည် ပြီးပြည့်စုံဆဲဖြစ်ပြီး ၎င်းအား ပံ့ပိုးပေးသည့် ပံ့ပိုးမှုမှာ သခင်လေး လာနှိုင်းယှဉ်၍မရနိုင်ပေ။
ချန်ရှီရဲ့ မျက်လုံးများ စိုစွတ်ပြီး မှုန်ဝါးလာသည်။ ဒီလက်ဆောင်က အရမ်းတန်လွန်းနေပြီ။
သခင်ငယ်သည် လူအများ၏ နှလုံးသားကို အနိုင်ယူနိုင်ပြီး သူ့စာအပိုင်းအစလေး တစ်ပိုင်းလေးကတင် သူ့အတွက် အလုပ်ဖြစ်စေနိုင်သည်။
ချန်ရှီရဲ့စာအုပ်က ထိုအပိုင်းအစတွေထက် အများကြီး ပိုပြည့်စုံသည်။ ဘဝဆိုတာ စျေးနှုန်းတစ်ခုသာ ရှိမယ်ဆိုရင် အသက်ဘယ်လောက်တောင် ဝယ်နိုင်လိမ့်မလဲ။
"ခင်ဗျား ခက်ခဲနေတဲ့ အချိန်မျိုးမှာ ကျွန်တော် မကူညီနိုင်ခဲ့ဘူး"
ချန်ရှီ ပြုံးပြလိုက်သည်။
"ဒါပေမယ့် ခင်ဗျားကို ပိုကောင်းအောင် ပေးနိုင်ပါတယ်... ဒါက ဘုရင်ကျန်းရဲ့ အုတ်ဂူထဲက ကျင့်စဥ်ပဲ... ကျွန်တော် ဖတ်ပြီး စာရေးထားတာ... ခင်ဗျား နည်းနည်း တိုးတက်နိုင်ရင် နောက်တစ်ခါ ကျွန်တော် ရာဇ၀တ်မှုတစ်ခု ကျူးလွန်လိုက်မယ်..."
ကျူးကဲကျန့် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ငါ တတ်နိုင်သလောက် ဝေးဝေးသာ သွားလိုက်ပါ့မယ်!"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။ ရယ်မောရင်း သေဆုံးသွားပြီးနောက် ပြန်ရှင်လာခဲ့သလိုပဲ ကျူးကဲကျန့်က စကားဆက်ပြောလာသည်။
"သခင်လေးရဲ့ စွမ်းအားက ယွိတူးထက် အများကြီးသာလွန်တယ်... ယွိတူးက သခင်လေးရဲ့ အနက်ရှိုင်းဆုံး ထိန်းချုပ်ရာ နေရာတစ်ခုပဲ သူ့မှာ တခြား တပ်ဖွဲ့တွေ ဖြန့်ကျက်ထားတဲ့ နေရာလည်း ရှိတယ်...ချန်ရှီ မင်းသတိထားရမယ်.. ယွိတူးမှာဆို ဟုန်ညောင်အဖွဲ့၊ လူပန်ဂိုဏ်း၊ မင်ဖုန်းအဆောက်အအုံ၊ ချွိုက်ဟော်သစ်တော... ယွိတူးရဲ့ အပြင်ဘက်မှာ ရှိတဲ့ တပ်ဖွဲ့သုံးခုလည်း ရှိတယ်... ဖူကျန့်အဆောက်အအုံ၊ ခုန်းခုန်းဂိတ်ဂိုဏ်းနဲ့ ပန်းရှန်းဂိုဏ်း"
ချန်ရှီ ထိုအမည်များကို တစ်ခုပြီးတစ်ခု ချရေးခဲ့သည်။
"ကျန့်အိမ်တော်မှာ နားမလည်နိုင်အောင် ကျင့်ကြံမှုရှိတဲ့ သခင်ကြီးကျန့် ရှိတယ်... သခင်ကြီးကျန့်က သခင်ငယ်ကို လျစ်လျူရှုပြီး တချို့ အကြောင်းအရာတွေကို မမေးတတ်ပါဘူး... သူ့အပြင် ဘဏ္ဍာစိုးကြီး ကျန့်ကျီက အသန်မာဆုံးဖြစ်ပြီး နားမလည်နိုင်လောက်အောင် သန်မာတယ်... မြို့ထဲကလူတွေကတော့ သခင်ကြီးကျန့်ထက် စွမ်းအားမြင့်တယ်လို့ ပြောကြတာ ကြားဖူးတယ်... တကယ်တော့ ယွိတူးမှာဆို နံပါတ်တစ်သခင်ပဲ"
ချန်ရှီ သူ့ကို ဦးညွှတ်လိုက်သည်။
"ခင်ဗျားရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကျူးကဲကျန့်ကလည်း ပြန်လည် ဦးညွှတ်ပြီး ဆို၏။
"ငါ မထွက်ခွာခင် ကောင်းကင်အဘွားအဖွဲ့အစည်းကို အရင်စုံစမ်းဖို့ ကုံကျိုးကို သွားမယ်... မင်းပြောတဲ့အတိုင်း အဲ့အဖွဲ့အစည်းက သခင်လေးနဲ့ သက်ဆိုင်တယ် ဆိုရင်..."
သူက ခဏလောက် တုံ့ဆိုင်းသွားသည်။
"သခင်လေးကို ဖြုတ်ချဖို့ မင်းကို ငါကူညီမယ်!"