← Chapters

ရိုးရိုးသားသား ပြောရရင် မစုပ်ယူပါနဲ့

Vol. 14 Ch. 205

ရိုးရိုးသားသား ပြောရရင် မစုပ်ယူပါနဲ့

Vol. 14 Ch. 205

ချန်ရှီသည် ကျူးကဲကျန့် ထွက်သွားပြီးတဲ့ အချိန်အကြာကြီး အထိ မလှုပ်ရှားဘဲ စောင့်ကြည့်နေခဲ့သည်။

နန်းနန်းသည် ချုံပုတ်များကြားတွင် ပုရစ်တွေဖမ်းရန် ဟေးကော်ကို ခေါ်သွားသည်။ ပုရစ်တစ်ကောင်ကို ဖမ်းမိခြင်း ရှိမရှိ မသိရသေးသော်လည်း ကလေးမလေးသည် သူမလက်ထက် ပိုထူသော အဆိပ်ပြင်း မြွေတစ်ကောင်ကိုတော့ ဖမ်းမိခဲ့သည်။ သူမသည် မြွေကို ခါးကကိုင်ကာ ကြောက်ရွံ့ထိတ်လန့်နေသော ဟေးကော်ကို တခစ်ခစ်ရယ်ရင်း အနောက်ကနေ ပြေးလိုက်လာခဲ့သည်။

"သူမက တော်တော်သန်မာတာပဲ"

ချန်ရှီ အဝေးကနေ လှမ်းကြည့်နေသည်။

အဆိပ်ပြင်းသော မြွေသည် စိန်ပုံစံ အစင်းကြောင်းများ ရှိပြီး အလေးချိန် သုံးပေါင် သို့မဟုတ် လေးပေါင်ရှိသည်။ သို့သော် အခု သူမရဲ့ ညှစ်အားကြောင့် သေဆုံးလုနီးပါး ဖြစ်နေပြီ။

"ဟုန်ညောင်အဖွဲ့၊ လူပန်ဂိုဏ်း၊ မင်ဖုန်းအဆောက်အအုံ၊ ချွိုက်ဟော်သစ်တော၊ ဖူကျန့်အဆောက်အအုံ၊ ခုန်းခုန်းဂိတ်တံခါး... ပန်းရှန်းဂိုဏ်း... ပြီးတော့ ပိုင်လျန့်ခန်းမလည်း ရှိသေးတယ် သူတို့အားလုံးက သခင်လေးရဲ့ ပိုင်ဆိုင်မှုတွေချည်းပဲ..."

ချန်ရှီ တွေးလိုက်မိသည်။ ပြည့်တန်ဆာ အမေကြီးက ပိုင်လျန့်ခန်းမ အကြောင်း ပြောခဲ့သေးသည်။ သူနဲ့ ဆက်ဆံဖို့အတွက် သခင်ငယ်လေးက ပိုင်လျန့်ခန်းမရဲ့ သခင်ကို ငွေထိုးအပ်မှာ အဆောင်စာလုံးတွေ ရေးထွင်းပေးဖို့ တောင်းဆိုခဲ့ရာ ပိုင်လျန့်ခန်းမသည် သခင်လေးရဲ့ ပိုင်ဆိုင်မှုလည်း ဖြစ်သည်။ အနှီခန်းမက ယွိတူးမှာ ရှိမရှိတော့ သူမသိပါ။

"သခင်လေးက နန်းနန်းက သာမန်မိန်းကလေးတွေနဲ့ မတူတာကို သတိပြုမိလောက်လား"

မယ်မယ်ရှစ်ကျီရဲ့ အသံက ချန်ရှီ စိတ်ထဲသို့ ရောက်လာသည်။

ချန်ရှီ သူမကို သတိပေးပြီးကတည်းက မယ်မယ်ရှစ်ကျီသည် ချန်ရှီခန္ဓာကိုယ်ကို အပိုင်သိမ်းရန် အစပြုခြင်း မပြုတော့ဘဲ ရံဖန်ရံခါ ချန်ရှီ ခေါင်းထဲသို့ တိုးဝင်ကာ အသံဖြင့် ပြောတတ်သည်။

ချန်ရှီ၏ မျက်လုံးများက နန်းနန်းကို စိုက်ကြည့်လိုက်သည်။ ကလေးမလေးက မီးပုံဘေးမှာ ငုတ်တုတ်ထိုင်နေ၏။ မီးပုံကိုတော့ ဟေးကော်က ထင်းခုတ်ထစ်ပြီး စုဆောင်းတည်ဆောက်ထားပေမည်။ ယခု အဆိပ်ပြင်းတဲ့ မြွေကြီးကို နန်းနန်းက တုတ်နဲ့ ထိုးသတ်လိုက်ပါ​ပြီ။ ကလေးမလေးက တုတ်ကိုင်ပြီး မြွေကို မီးပုံပေါ်တင်ကာ ဆီသုတ်လျက် ကင်ထားသည်။

အသားနံ့က လေထဲမှာ ပျံ့နေ၏။

"သာမန်ကလေးတွေက ဒီလိုပဲ မဟုတ်ဘူးလား"

ချန်ရှီ အံ့သြသွားသည်။ သူ အရင်ကလည်း ဒီလိုပဲ လုပ်ခဲ့ဖူးပြီး ဒီထက်မကတောင် လုပ်ခဲ့ဖူးသည်။ မယ်မယ်ရှစ်ကျီလည်း နှုတ်ဆိတ်နေပြီး သံတမန်မှာလည်း အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ခံစားရရင် အံ့သြနေခဲ့သည်။

"အရှင်သံတမန်... ဒီမိန်းကလေးက ယွိတူးက နတ်ဆိုးလို့ သံသယဝင်လို့ပါ... သူမက ယင်နဲ့ယန်ကြားက ခြားနားချက်ကို သူ့မျက်လုံးနဲ့ မြင်နိုင်ပြီး သရဲနဲ့ နတ်တွေကို မြင်နိုင်တယ်။ ဒါ့အပြင် သူက ဒီခွေးနဲ့ ကောင်းကောင်း လိုက်ဖက်ပြီး ခွေးကလည်း သူ့ကို ကောင်းကောင်း ဂရုစိုက်တယ်... ဒီခွေးကလည်း ပုံမှန်တော့ မဟုတ်ဘူး..."

ချန်ရှီ သူမကို ဝင်နှောင့်ယှက်ခဲ့သည်။

"ဟေးကော်က ပုံမှန်ပဲ!"

မယ်မယ်ရှစ်ကျီ အံ့ဩသွားသည်။ နန်းနန်းက ပုံမှန်၊ ဟေးကော်က ပုံမှန်ဖြစ်ပြီး အရှင်သံတမန်ကလည်း ပုံမှန်ပါပဲ။ ဒါဆို သူမကသာ ပုံမှန်မဟုတ်သူဖြစ်မလား။

သို့သော် သူမကလည်း ပုံမှန်မဟုတ်ပေ။

"သူမက နတ်ဆိုးလို့ပဲ ထင်တယ်"

မယ်မယ်ရှစ်ကျီကတော့ ဘုံကျောင်းငယ်လေးထဲကနေ နန်းနန်းကို စိုက်ကြည့်ရင်း ရေရွတ်နေသည်။

"သူမရဲ့ နတ်ဆိုးပုံစံကို ထုတ်ဖော်လာလို့ကတော့ ကျွန်မရဲ့ ကျင့်ကြံမှု ပြန်ကောင်းလာဖို့ သူ့ကို ကိုက်စားပစ်မယ်"

ချန်ရှီသည် နန်နန်အပေါ် သံသယမ၀င်ခဲ့ပါ။ ဟေးကော်မှာ ချန်ရှီကို လွှမ်းမိုးရန် သတ္တိမရှိသော်လည်း နန်းနန်းကိုလည်း အမှန်တကယ် ကြောက်နေခဲ့သည်။ သူကြောက်ရုံတင်မကဘူဲ ဆော့ကစားဖို့ ခေါ်သွား၊ သူ့အတွက် မီး​မွှေးပေးပြီး အသားကင်လုပ်ပေးဖို့တောင် ကြိုးစားနေ၏။

ဟေးကော် သူမထံမှ သကြားလုံး တစ်ချောင်းကို လုယူမိတာက သူမအား စိတ်ကျေနပ်စေရန် ပြန်ကြိုးစားနေရသည်။

သို့သော် နန်းနန်းသည် ချန်ရှီနှင့် အလွန်ဆင်တူသည်။ သူမတွင် ယင်းယန် မျက်လုံးများရှိပြီး သရဲနှင့် နတ်များကို မြင်နိုင်သည်။ သူမသည် မိုက်မဲပြီး ယင်သဘောလည်း ဆောင်နေသောကြောင့် သူမနှင့် အလိုလို ရင်းနှီးလာသလို ခံစားလာရစေသည်။

ထို့ကြောင့် ချန်ရှီကလည်း သူမဟာ နတ်ဆိုးတစ်ကောင် ဖြစ်ကြောင်း မယုံချင်ပါ။ နန်းနန်းကို နတ်ဆိုးကလေး ဖြစ်တယ်လို့ ယုံကြည်လိုက်တာက သူကိုယ်တိုင်ကလည်း နတ်ဆိုးကလေးဖြစ်တယ်လို့ ယုံကြည်လိုက်သလိုပင်။

နန်းနန်းက မြွေသားကင်စားနေပြီး တစ်ဝက်ကို ဆုတ်ကာ ဟေးကော်အား ပေးလိုက်သည်။ ချန်ရှီသည် ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ကြည့်ပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့၏။

"မယ်မယ်... နန်းနန်းသာ နတ်ဆိုးဖြစ်လာရင် ဘာဖြစ်သွားမှာလဲ"

သူသည် နတ်ဆိုးအသွင်ပြောင်းခြင်း နှစ်ခုကို တွေ့ကြုံခဲ့ရသော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ရင့်ကျက်သော နတ်ဆိုးမျိုးစေ့များ၏ တိုက်ရိုက် အသွင်ပြောင်းခြင်းပင် ဖြစ်သည်။ အရွယ်မရောက်သေးသော နတ်ဆိုးမျိုးစေ့တွေ ဘယ်လို အသွင်ပြောင်းလဲသွားသလဲ သူ မသိသေးချေ။

မယ်မယ်ရှစ်ကျီက စိတ်အားထက်သန်နေပြီး။

"သူမက နတ်ဆိုးတွေ အများကြီးကို သူ့အနီးအနား ရောက်လာအောင် ဆွဲဆောင်လိမ့်မယ်...အဲဒီနတ်ဆိုးတွေက သူ့ကို အခွန်ပေးဆောင်ရတဲ့ သူတွေလိုပဲ သူတို့ရဲ့ မှော်စွမ်းအင်တွေနဲ့ သူမဆီကို အာဟာရဖြည့်ပေးမှာ... လူတွေက နတ်ဆိုးမျိုး​စေ့ရဲ့ စွမ်းအားကို သိမ်းပိုက်ဖို့ အခွင့်အရေးကို စောင့်နေကြတာလည်း ရှိကောင်းရှိနိုင်တယ်... နတ်ဆိုးမျိုးစိတ်တွေရဲ့ စွမ်းအားကို သိမ်းပိုက်ဖို့ စောင့်ဆိုင်းနေတဲ့ တခြား နတ်ဆိုးတွေလည်း အများကြီးရှိတယ်... သူတို့ယွိတူးမြို့က အခု အဲ့လို ဆွဲဆောင်နေတာ... ဝိညာဥ်တစ်သောင်းအလံက မြို့အပြင်ဘက်ကို ပိတ်ဆို့ထားတာမလို့ မြို့အပြင်မှာ ဒုက္ခတွေ ဖြစ်လာနိုင်တယ်"

သူမ စိတ်လှုပ်ရှားသွားပြီး "သူမက နတ်ဆိုး ဟုတ်လား မဟုတ်ဘူး ဒီညတော့ တွေ့ကြရမှာပါ... နတ်ဆိုးတွေ အများကြီး ရောက်လာလိမ့်မယ် သေချာပေါက် စည်ကားနေမှာပဲ!"

ချန်ရှီရဲ့နှလုံးသားက အနည်းငယ် လှုပ်ရှားသွားပြီး နန်းနန်းကို လှမ်းကြည့်လိုက်သည်။

ကလေးမလေးက မြွေတစ်ဝက်ကို စားပြီးသွားပေမယ့် မပြည့်သေးချေ။ သူမသည် ဟေးကော်ရှေ့တွင် ဒူးထောက်ကာ ခွေးသွားများထဲမှ အသားအချို့ကို ကောက်ယူလိုသကဲ့သို့ ဟေးကော်ရဲ့ သွားဖုံးကို ဖွင့်ရန် လက်များကို ဆန့်ထုတ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူမသည် ခွေးသွားများကြားမှ အသားတစ်ပိုင်းကို ရှာတွေ့သွားခဲ့ပြီး ၎င်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဟေးကော် သူမကို ညှိုးငယ်စွာ ကြည့်ကာ သည်းမခံနိုင်တော့ချေ။

"ယွိတူးမှာ နတ်ဆိုးတွေ အများကြီး စုပုံနေတယ်.. သူမသာ ဒီနတ်ဆိုးဖြစ်ရင် ဒီညက ကြီးကျယ်ခမ်းနားတဲ့ ပွဲဖြစ်လာလိမ့်မယ်.."

မယ်မယ်ရှစ်ကျီက ဆက်ပြောသည်။

"သူမသာ အသက်ရှင်ခဲ့ရင် နတ်ဆိုးမျိုးစေ့ ဖြစ်လာမယ် ပိုးအိမ်လို အနေအထားမျိုးနဲ့ မေ့မြောသွားလိမ့်မယ်... အလယ်ဗဟိုမှာ ထူးဆန်းတဲ့ နေရာတစ်ခုက တဖြည်းဖြည်းနဲ့ အသွင်အပြင် ပုံစံမျိုးတွေ ပေါ်လာလိမ့်မယ်။ နတ်ဆိုးမျိုး​​စေ့​က ရေတွင်းထဲမှာ ဝှက်ထားရင် ရေတွင်းထဲက ချိုမြိန်တဲ့ရေတွေ စီးကျလာပြီး ရွှေကြာပန်းတွေ ပေါက်လာမယ်... လူတွေအတွက် အနံ့အသက်တွေကတော့ မွှေးပျံ့နေမှာပဲ... ကောင်းကင်မှာ ပုန်းနေရင် နှင်းဆီရောင် တိမ်တွေ ထွက်လာမယ်၊ နှင်းဆီရောင် တိမ်တိုက်တွေမှာ စိမ်းလန်းတဲ့ သစ်ပင်တွေနဲ့ အနီရောင် အသီးအနှံတွေ ဒါမှမဟုတ် ဗောဓိစေ့တွေနဲ့ တခြား ထူးဆန်းတဲ့ မြင်ကွင်းတွေ ပေါ်လာလိမ့်မယ်...."

ချန်ရှီ ခဏတုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီညတော့ ကျွန်​တော်တို့သိမှာပါ"

မယ်မယ်ရှစ်ကျီက အရမ်းစိတ်လှုပ်ရှားနေဆဲ။

"သူမက နတ်ဆိုးဆိုတာ အတည်ပြုရင် သူ့ကိုစားမယ်!"

ချန်ရှီ မှတ်ချက်မပေးပေမယ့် မယ်မယ်ရှစ်ကျီကလည်း သူနဲ့ မဆွေးနွေးနေခဲ့ချေ။ အဲဒီအစား ရလဒ်ကိုပဲ ပြောပြနေခဲ့သည်။

ထိုညတွင် မြေခွေးမျိုးနွယ်က သူတို့ကို နွေးထွေးစွာ ဖျော်ဖြေခဲ့သည်။ ညစာကတော့ မှိုစပ်ထားတဲ့ ကြက်သားပြုတ်၊ လယ်သမား ကြက်ကြော်၊ ခံတွင်းတွေ့တဲ့ ကြက်သားဟင်း၊ သူတောင်းစား ကြက်သားကင်၊ ခပ်စပ်စပ် ကြက်သားကြော်၊ ဝက်အူချောင်းနဲ့ မွှေထားတဲ့ ကြက်သားဥကြော်၊ ကြက်သွေးနဲ့ တို့ဟူးပြုတ်တို့ပင်။

မြေခွေးမျိုးနွယ်မှ လူတိုင်းဟာ ကြက်သားကို အတော်လေး နှစ်သက်ကြပြီး ​ကြက်ကိုစားရန် နည်းလမ်းပေါင်းစုံဖြင့် တီထွင်ခဲ့ကြသည်။ သူတို့ကို ကြက်ဟင်းပွဲတစ်ခုလုံးနဲ့ ဧည့်ခံနေတာကြောင့် သူတို့ရဲ့ ရိုးသားမှုကို ပြသနေသလိုပင်။

ညစာစားပြီးနောက် လပြည့်ညသည် တောက်ပသော လရောင်ဖြင့် ကောင်းကင်အထက်တွင် ချိတ်ဆွဲထားသည်။ မြေခွေးဝိညာဉ်များက သီချင်းဆိုကခုန်ကြသည်။ ချန်ရှီနဲ့ ဟူဖေးဖေးတို့သည် မြေခွေးများရဲ့ သီဆိုကခုန်မှုကို ကြည့်ရှုရန် အတူတူ ထိုင်​နေကြသည်။ သူတို့သည် အရည်အချင်းရှိသော ပညာရှင်တစ်ဦးနှင့် လှပသော အမျိုးသမီးတစ်ဦးအကြောင်း ကပြနေသည်။

တော်ဝင်စာမေးပွဲဖြေဆိုရန် ​ရှီး​ကျင်းမြို့သို့ သွားရောက်၍ မြေခွေးများနှင့် ကြုံတွေ့ခဲ့ရသည့် ပညာရှင်တစ်ဦးအကြောင်း တေးဂီတကိုလည်း ဖျော်ဖြေတင်ဆက်​နေခဲ့သည်။

ချန်ရှီ ပြဇာတ်တစ်ခုကို ကြည့်ပြီးနောက် ဒုတိယမြောက်ကို ဖျော်ဖြေလာခဲ့သည်။ ဤပြဇာတ်သည် ဒုက္ခရောက်နေသော မြေခွေးမျိုးနွယ်ခေါင်းဆောင်၏ ဇာတ်လမ်းကို ပြောပြပြီး ထူးဆန်းသောလူ၊ သိုး၊ ကမ္ဗည်းထိုးသမား၊ ပျားထိန်းတစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ယုတ်ညံ့သောဘဝသို့ ရောက်သွားခဲ့ကြောင်း ပြောပြနေ၏။

မြေခွေးများသည် ကျဆုံးသွားသောအကြီးအကဲအပေါ် ဝမ်းနည်းမှု၊ ထူးဆန်းသော လူသား၊ ပျားထိန်း၊ ကမ္ဗည်းထိုးသမားရဲ့ ရက်စက်မှုနှင့် သိုးရဲ့ ကြောက်လန့်စရာ ကောင်းမှုတို့ကို သရုပ်ဖော်ထားသည်။

ချန်ရှီ: "ဒီကျဆုံးသွားတဲ့ မျိုးနွယ်စုခေါင်းဆောင်က ဘာလို့ မုတ်ဆိတ်မွေးထားရတာလဲ.. သူက ဦးလေးဟူနဲ့ တူသလိုပဲနော်? နေပါဦး ဒီသိုးက ဦးလေးချင်းယန်လား? ပြီးတော့ ကမ္ဗည်းထိုးသမားနဲ့ ပျားလုပ်သားက ငါ့အဖိုးရဲ့ တခြား မကောင်းဆိုးဝါး သူငယ်ချင်းနှစ်ယောက် ဖြစ်နိုင်လား...အဲ့တော့ ဒီလူဆိုးက ဘယ်သူလဲ..."

မြေခွေးများသည် ဆက်လက် ဖျော်ဖြေနေကြဆဲ။ ကျဆုံးသွားသော မျိုးနွယ်စုခေါင်းဆောင်သည် သင်္ချိုင်းတွင်းတူးပြီး သင်္ချိုင်းများကို လုယက်ရန် ထူးဆန်းသောသူများနောက်သို့ လိုက်ကာ ချင်းချိုးငယ် အထိ ရောက်လာသည်။ ဤနေရာရှိ သရဲနှင့် ဘီလူးများသည် အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားသဖြင့် အဝေးသို့ ထွက်ခွာခဲ့ရပြီးနောက် မြေခွေးမျိုးနွယ်စု အတွက် နေထိုင်စရာတစ်ခု ရှိလာခဲ့သည်။

ချန်ရှီရဲ့ မျက်နှာလည်း ရှက်ရွံ့ကာ နီရဲလာသည်။

ထိုအချိန်တွင် မယ်မယ်ရှစ်ကျီက သတိပေးလာ၏။

"နတ်ဆိုးရောက်လာပြီ!"

ချန်ရှီ လန့်သွားကာ ခုန်တက်လိုက်ပြီး နန်းနန်း၏လက်ကို ဖမ်းဆုပ်ကာ သူ့နောက်တွင် ဝှက်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

"ပတ်ဝန်းကျင်မှာ နတ်ဆိုးတွေ ရှိနေတယ်!"

အခုလေးတင် ဖျော်ဖြေနေတဲ့ မြေခွေးတွေက တစ်ယောက်ပြီးတစ်ယောက် ဟောက်လိုက်ကြပြီး တောက်ပတဲ့ အလင်းရောင်တွေနဲ့အတူ ခေါင်းနောက်ကနေ နတ်ကွန်းများကို ထုတ်ထား၏။ နတ်သန္ဓေသားများက အတူတူ ခုန်ထွက်လာကြသည်။ ၎င်းတို့ထဲမှ အချို့သည် အစွမ်းထက်သော အခြေတည်ဝိညာဥ် အဆင့် ရှိကာ၊ တချို့က ရွှေအမြုတေကို ထုတ်ကာ ချင်းချိုးငယ်တစ်လျှောက် လှည့်ပတ်ပျံသန်းနေကြသည်။

ဤနေရာတွင် ကျင့်ကြံမှု အမြင်ဆုံး ရှိသူမှာ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသော ချင်းချိုးငယ် မျိုးနွယ်စု၏ အကြီးအကဲဖြစ်သည်။ သူ့အခြေတည်ဝိညာဥ်သည် သုံးလက်မမြင့်သော နတ်သန္ဓေသား၏ လက်ဖဝါးပေါ်တွင် မတ်တပ်ရပ်နေသည့် အဝါရောင် မြေခွေးပင်။

ချင်းချိုးငယ်ရဲ့ အပြင်ဘက်တွင်တော့ အေးစက်သောလေပြင်းနှင့် မကောင်းသော အရိပ်အယောင်များ ရှိနေသည်။ ကမ္ဘာမြေကြီးလည်း တဟုန်ထိုး တုန်ခါနေပြီး မြေခွေးကျေးရွာတစ်ဝိုက်တွင် အရိပ်အယောင်များ ပေါ်လာ၏။

မြေခွေးမျိုးနွယ်စုက ကျင့်ကြံသူများဟာ အလွန်အမင်း ကြောက်ရွံ့လာခဲ့ကြပြီး ၎င်းတို့ရဲ့ စွမ်းအင်များကို ထုတ်သုံးဖို့ ပြင်ဆင်လိုက်ကြသည်။

ဤတစ်ကြိမ်တွင် မြေခွေးရွာအပြင်ဘက်၌ နတ်ဆိုးများ ရောက်ရှိလာသည်။ မြေခွေးမျိုးနွယ်၏ အသက်ကြီးသူများပင်လျှင် အနည်းငယ် ထိတ်လန့်သွားကုန်၏။ နတ်ဆိုးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့် မြေခွေးများစွာရဲ့ ရွှေအမြုတေ အရောင်များကို မှိန်ဖျော့သွားစေခဲ့ပြီး ၎င်းတို့ရဲ့ စွမ်းအင်ကလည်း အလွန်ထိရောက်မှု မရှိတော့ပေ။

နတ်ဆိုးများ ဝင်လာပြီးတာနဲ့ လေထုထဲက ညစ်ညမ်းမှုသည် ပို၍ပြင်းထန်လာသည်။ မြေခွေးဝိညာဉ်များကို နတ်ဆိုးဟုလည်း ခေါ်ကြသော်လည်း မြေခွေးရွာရှိ မြေခွေးများသည် လူသားတွေလို ဖြောင့်မတ်သော နည်းလမ်းကို ကျင့်သုံးကြပြီး ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်သော ချီစွမ်းအင်ကို စုပ်ယူကြသည်။ တောခွေးတွေလို လိုက်စားတဲ့ ပျင်းရိ မြေခွေးတွေသာ မကောင်းဆိုးဝါး လမ်းစဥ်တွေကို လိုက်စားပြီး နတ်ဆိုးတွေ ဖြစ်လာလိမ့်မည်။

၎င်းတို့သည်လည်း ရွှေအမြုတေ၊ အ​ခြေတည်ဝိညာဥ်နဲ့ နတ်ဝိညာဥ်များကို မွေးမြူနိုင်သည်။ သို့သော် ချင်းချိုးငယ်သည် ကြီးကျယ်သောနေရာ မဟုတ်သည့်အပြင် နတ်ဝိညာဥ်ကို မွေးမြူထားသည့် မြေခွေးများလည်း မရှိပါ။

ဒီတစ်ခါ ရွာပြင်ကလာတဲ့ နတ်ဆိုးက အလွန်အစွမ်းထက်သည်။ နတ်ဆိုးတစ်ကောင်သည် ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာသော ရှဲ့၊ ဆွေ့အဆင့် နတ်ဆိုးများကို ထိန်းချုပ်နိုင်၏။

အလွန်တောက်ပစွာ လင်းထိန်နေသော မြေခွေးရွာ၏ မြေပြင်တွင် ရုတ်တရက် သွေးစွန်းသော ခြေရာများ ​ပေါ်လာသော်လည်း ပိုင်ရှင်များကိုတော့ မမြင်ရပေ။ အိမ်များသည် မမြင်နိုင်သော ဘီလူးတစ်ကောင်နှင့် ကြုံတွေ့ရသကဲ့သို့ ရုတ်တရက် ပြိုကျသွား​​ကြသည်။

နတ်ဆိုးတစ်ကောင် ရွာထဲဝင်လာပြီ။

ရွှေအမြုတေ အပေါ် သက်ရောက်မှု ပိုမိုပြင်းထန်လာသည်နှင့်အမျှ လူများစွာ၏ ရွှေအမြုတေက မွဲခြောက်ပြီး အသက်မဲ့လာသည်။ ထိုစဥ် လေထုထဲက ညစ်ညမ်းမှုက ပိုလို့တောင် ပြင်းထန်ပေ၏။ ပြင်ဆင်ထားသော အဆောင်လက်ဖွဲ့နဲ့ မှော်စွမ်းအင်များက လုံးဝ ထိရောက်မှုမရှိချေ။

"ရွာပြင်မှာ နတ်ဆိုးဘယ်နှစ်ကောင်တောင် ရောက်လာတာလဲ"

ဟူဖေးဖေး အသံတိုးတိုးဖြင့် ပြောလာသည်။

သူမ ရွာအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ လရောင်အောက်တွင် ရွာအပြင်ဘက်တွင် အရိပ်အယောင်ကြီးများက တောင်ကုန်းလေးများကဲ့သို့ တည်ရှိနေ၏။ ချင်းချိုးငယ် ပတ်လည်တွင် အတွင်းသုံးအလွှာနှင့် အပြင်ဘက်သုံးအလွှာ ဝန်းရံထားသည်။

ရုတ်တရက် မရေမတွက်နိုင်သော အဖြူရောင်ချည်မျှင်များသည် မြေပြင်ထဲမှ ပေါက်ထွက်လာသည်။ ၎င်းတို့က အလွန်ပါးလွှာပြီး လေထဲတွင် ပျံဝဲနေသည်။

ထိုအချိန်တွင် ယွိတူးမြို့ရိုးအောက်၌ သွေးယဇ်ပူဇော်ခံနေသော ယွိတူးမြို့အပြင်ရှိ နတ်ဆိုးတစ်ကောင်ကလည်း ချင်းချိုးငယ်အနား ရောက်လာသည်။ ထိုနတ်ဆိုးက အလွန်အစွမ်းထက်သည်။ အခြေတည်ဝိညာဥ် အဆင့်ကိုအောင်မြင်ခဲ့သော လူပန်ဂိုဏ်းက နံ့သာသခင်ချန်ကိုတောင် ခဏတာအတွင်း အရိုးစု ဖြစ်သွားစေတဲ့အထိ စုပ်ယူပစ်နိုင်သူပင်။

၎င်းသည် ယွိတူးရှိ နတ်ဆိုးများကြားတွင် ထိပ်တန်းအဆင့်ရှိဆုံး ဖြစ်နိုင်လေသည်။ ပိုးချည်မျှင်ဖြူများ မတ်တပ်ထရပ်ကာ တိုးဝှေ့လာတာနဲ့ အခြားနတ်ဆိုးများက ရှောင်သွားကြသည်။ ပိုးဖြူသည် အမြင့်သုံးပေ သို့မဟုတ် လေးပေခန့်အထိ ကခုန်နေကာ အလွန်ထူးဆန်းလှသည်။

မယ်မယ်ရှစ်ကျီ စိတ်လှုပ်ရှားစွာနဲ့: "အရှင်သံတမန်.. ကျွန်မမှန်တယ်မလား နန်းနန်းက နတ်ဆိုးပါဆို သူ့ရနံ့က ယွိတူး တစ်ခုလုံးမှာရှိတဲ့ နတ်ဆိုးတွေကို ဆွဲဆောင်နေတာ... ဒီနတ်ဆိုးတွေက နန်းနန်းကို အစာကျွေးပြီး မြန်မြန်ကြီးပြင်းလာအောင် လုပ်ကြမှာ!"

ချန်ရှီသည် အံ့သြထိတ်လန့်သွားသည်။ သူလည်းပဲ နန်းနန်းခန္ဓာကိုယ်ထဲသို့ စီးဆင်းနေသော မကောင်းဆိုးဝါး စွမ်းအင်များကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် အဖြူရောင် ဦးထုပ်မြင့်မြင့်ဆောင်းထားသော လူတစ်ယောက်သည် ချင်းချိုးငယ်ဆီသို့ လှမ်းလာရင်း ရယ်မောလိုက်သည်။ သူသည် ပိုးချည်ဖြူတောထဲသို့ လျှောက်လာခဲ့စဥ် နတ်ဆိုးများ အားလုံးဟာ စုပ်ယူခံလိုက်ရသကဲ့သို့ လျင်မြန်စွာ ညှိုးနွမ်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ပိုးချည်ဖြူကတော့ သူ့အား လုံးဝအန္တရာယ် မပြုခဲ့။

မယ်မယ်ရှစ်ကျီ :"ဒါက နတ်ဆိုးစွဲနေတဲ့ ကျင့်ကြံသူပဲ... နတ်ဆိုးက ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အချိန်မှာ လူက နတ်ဆိုးစွမ်းအင်တွေ ပိုစုပ်ယူလေ ပိုလေးလာလေ အားကောင်းလေလေပဲ။ ဒီကောင်တွေက နတ်ဆိုးအဖြစ် မပြောင်းလဲနိုင်ပေမယ့် နတ်ဆိုးမျိုးစေ့တွေနဲ့ တွေ့တဲ့အခါ နတ်ဆိုးမျိုးစေ့တွေကို ကိုက်စားပြီးရင် နတ်ဆိုးတွေအဖြစ် ပြောင်းလဲဖို့ ကြိုးစားကြလိမ့်မယ်... ဒီနတ်ဆိုးက နန်းနန်းရဲ့ အနံ့ကို ခြေရာခံလာတာ!"

မြေခွေးကျေးရွာမှ အမျိုးသမီးကြီးတစ်ယောက်သည် အဖြူရောင်ဝတ်စုံဖြင့် လူကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားလေ၏။

"ပြီးပြီ... ပြီးသွားပြီ... မြေခွေးရွာက ဘယ်လိုလုပ် ဒီလိုဒုက္ခမျိုးကို လာကြုံနေရတာလဲ"

သာမာန်နတ်ဆိုးသာ ဖြစ်ခဲ့လျှင် သူမ ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဆဲ ဖြစ်သော်လည်း ဤနေရာသို့ ရောက်လာသော နတ်ဆိုးများက ပြင်းထန်လွန်းသဖြင့် သူမ ၎င်းတို့နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ကျင့်ကြံသူ တစ်ယောက်မှ နတ်ဆိုးတစ်ကောင် ရှိနေရင် ပိုလို့တောင် တန်ခိုးကြီးဦးမည်။ ဤနတ်ဆိုးတပ်ဖွဲ့သည် ချင်းချိုးငယ်ကို ဖျက်ဆီးနိုင်ရုံသာမက မြို့ သို့မဟုတ် ခရိုင်ငယ်ကိုပင် တိုက်ခိုက်နိုင်သည်။ မျိုးနွယ်စု အကြီးအကဲများသည် ဒီလို မြင်ကွင်းမျိုးကို ဒဏ္ဍာရီများတွင်သာ မြင်ဖူးခဲ့သည်။

"ပြေး! ပြေးနိုင်သလောက် ပြေး! အဖွားဖေးကို ကာကွယ်ရင်း ပြေးကြ!"

ဒါကို သူမ တွေးနေချိန်မှာပဲ ချန်ရှီရဲ့ ခေါင်းနောက်မှာ အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မီးခိုးရောင် ဘုံကျောင်းငယ်လေးတစ်ခု ထွက်ပေါ်လာသည်။ ဘုံကျောင်းရဲ့ အလင်းရောင်က မြေခွေးရွာ တစ်ရွာလုံးအပေါ် တောက်ပသွားခဲ့သည်။

မယ်မယ်ရှစ်ကျီသည် သေးငယ်သော ဘုံကျောင်းမှ ပြေးထွက်လာခဲ့သည်။ သူမ၏ ရှည်လျားသော ဆံပင်များ ပျံဝဲနေကာ သူမ၏ ကျောက်တုံးခေါင်းသည် ပိုပိုကြီးလာပြီး ချင်းချိုးငယ်ရဲ့ ကောင်းကင်အထက်တွင် ပေါ်လာသည်။

"ဟီးဟီးဟီးဟီး!"

သူမသည် ထိုနတ်ဆိုးများထက် အဆတစ်ထောင်၊ အဆတစ်သောင်း ပိုဆိုးသည့် ထူးဆန်းသော ရယ်မောသံကြီးကို ထုတ်လွှတ်လိုက်သည်။

သူမရဲ့ အသွင်သဏ္ဌာန်က ကျောက်တုံးဝိညာဉ်ဖြစ်သည်။ သူမသည် မှော်ပညာကို လေ့ကျင့်ပြီး နတ်ဆိုးနတ်သမီး ဖြစ်လာသူပင်။ သူမ သေဆုံးပြီးနောက် နတ်လမ်းစဥ်ထဲသို့ ဝင်ကာ အမွှေးတိုင်များဆီက စွမ်းအင်ကိုစုပ်ယူကာ သူမရဲ့ နတ်ဆိုးခန္ဓာကိုယ်ကို ပုံသွင်းရန် ထူးခြားသောစွမ်းအားကို အသုံးပြုခဲ့သည်။

ဤအခိုက်အတန့်တွင် သူမသည် ချင်းချိုးငယ်သို့ ရောက်ရှိလာပြီး သူရဲ့ပုံစံအမှန်ကို ထုတ်ဖော်​ပြသခဲ့သည်။ ဦးခေါင်းက ချင်းချိုးငယ်ရဲ့ တောင်အတုထက်တောင် ပိုကြီးလေ၏။ အောက်ကို ငုံ့ကြည့်လိုက်စဥ် ကြောက်စရာကောင်းတဲ့ နတ်ဆိုးစွမ်းအင်တွေက တောင်ရွာကို လွှမ်းခြုံပစ်လိုက်သည်။

မြေခွေးရွာက မြေခွေးကျင့်​ကြံသူများ၏ ရွှေအမြုတေ၊ နတ်ကွန်းများနှင့် နတ်သန္ဓေသားများသည် မယ်မယ်ရှစ်ကျီရဲ့ ကြီးမားသောမျက်နှာကို လင်းထိန်နိုင်စေမည့် အလင်းရောင် အနည်းငယ်ကိုသာ ထုတ်လွှတ်နိုင်ကြသည်။

သူမ၏ ဖိနှိပ်မှုအောက်တွင် လူတိုင်းက အရေးမပါသလို ခံစားလာရသည်။

မယုံနိုင်လောက်အောင် သေးငယ်​ပေ၏။

နတ်ဆိုးတွေတောင် ဒီလို ခံစားချက်တွေ ခံစားလာရသည်။

သူမ သိသိသာသာ စိတ်လှုပ်ရှားသွားပြီး ရုတ်တရက် အသက်ရှုကြပ်သွားသည်။ ချင်းချိုးငယ်ရဲ့ အတွင်းနှင့် အပြင်ဘက်တွင် ဝန်းရံထားသော နတ်ဆိုး သတ္တဝါကြီးသည် ၎င်း၏ ခန္ဓာကိုယ်ကို လိမ်ကောက်ခံလိုက်ရကာ ညစ်ညမ်းသော ဘောလုံးကဲ့သို့ လျင်မြန်စွာ ကျုံ့သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မကောင်းဆိုးဝါးနှင့် နတ်ဆိုးစွမ်းအင် အားလုံးကို သူမက တစ်ချက်တည်း ရှူပစ်လိုက်သည်။

တန်ခိုးကြီးသော နတ်ဆိုးများပင် ထိတ်လန့်ကာ အပြင်သို့ လျင်မြန်စွာ ပြေးသွားကြရာ သွေးစွန်းနေသော ခြေရာများ ပတ်ပြေးနေတာ တွေ့လိုက်ရသည်။ သို့သော် သွေးစွန်းခြေရာများသည် ပေါ့ပါးလာပြီးရင်း ပေါ့ပါးလာပြီး နောက်ဆုံးတော့ မယ်မယ်ရှစ်ကျီမှ လုံးဝ စုပ်ယူပစ်လိုက်တဲ့အခါ ခြေရာများပင် သွေးတစ်စက်မျှ မကျန်တော့ပေ။

အခြေတည်ဝိညာဥ် နယ်ပယ်ကို အသာလေး စားပစ်နိုင်သော မြေအောက်က နတ်ဆိုးတွေတောင် ထွက်ပြေးရန် ခက်ခက်ခဲခဲ ကြိုးစားလာရသည်။ ရုတ်တရက် ၎င်း၏ကြီးမားသော အူတိုင်သည် မြေပြင်မှ ပေါက်ထွက်သွားပြီး မယ်မယ်ရှစ်ကျီက အပြောင် စုပ်ထုတ်ပစ်သည်။

အလယ်မှာ နှလုံးက တဖျပ်ဖျပ် ပေါ်လာ၏။ ၎င်းက အဖြူရောင် ဖြစ်ကာ ဖောက်ထွင်းမြင်ရတဲ့ ချည်မျှင်နဲ့ ရောထွေးနေတဲ့ ဘောလုံးလိုပင်။ ၎င်းက ကျင့်ကြံသူတွေရဲ့ အသွေးအသားကို စုပ်ယူသော နတ်ဆိုးသာ။

သို့သော် ယခုအချိန်တွင်တော့ ၎င်းသည် မယ်မယ်ရှစ်ကျီ အတွက် အာဟာရများ ဖြစ်လာပြီး ချက်ချင်းပင် ဝဋ်လည်သွားသည်။ အဖြူရောင်ချည်ဘောလုံးနှင့် နှလုံးအူတိုင်ကို မယ်မယ်ရှစ်ကျီက တစ်ချက်တည်း စုပ်ယူပစ်လိုက်သည်။

နတ်ဆိုးများစွာလည်း ထိတ်လန့်ကုန်​ကာ အပြင်သို့ ထွက်ပြေးရန် အတတ်နိုင်ဆုံး အလုအယက် ပြေးသွားကြသည်။ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးကလည်း နားမလည်နိုင်လောက်အောင် ကြောက်လန့်တကြားနဲ့ အပြင်ကို ထွက်ပြေးသွား၏။

သို့သော် မယ်မယ်ရှစ်ကျီ လက်ထဲကနေ လွတ်မြောက်ဖို့ နည်းလမ်းမရှိပေ။

သူတို့သည် လေထုထဲတွင် လျင်မြန်စွာ လှုပ်ယမ်းကာ ကျုံ့သွားကြသည်။ ထို့နောက် အရေပြား အပိုင်းအစများအဖြစ်သို့ ပြောင်းလဲကာ ပေါ့ပါးစွာ ကျဆင်းသွားခဲ့သည်။

မယ်မယ်ရှစ်ကျီသည် ထောင်ပေါင်းများစွာသော ဝိညာဉ်ဆိုးများကို စုပ်ယူခဲ့ပြီး မရှင်းပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။ သူမ၏ ကြီးမားသော မျက်လုံးများသည် လှည့်ပတ်သွားပြီး ချန်ရှီ နောက်ကွယ်မှ ကောင်မလေးအပေါ် ကျရောက်လာ၏။

"သံတမန်...ဖယ်ပေး!"

ချန်ရှီက မယ်မယ်ရှစ်ကျီရှေ့မှာ ပိတ်ရပ်ထားသည်။

"ရှစ်ကျီ! ခင်ဗျား ကျွန်တော့်ရှေ့မှာ ဘယ်လောက်တောင် ဂုဏ်ယူဝံ့ကြွားနေတာလဲ"

မယ်မယ်ရှစ်ကျီက ဒေါသတကြီးနဲ့ ကဲ့ရဲ့လေသည်။

"ငါက မယ်မယ်ကြီးကို လေးစားတာ မင်းမဟုတ်ဘူး... မယ်မယ်က မနိုးလာ​သေးဘူးလေ..အဲဒါကြောင့် သူ ငါ့ကို မထိန်းနိုင်တော့ဘူး... ငါ့လမ်းမှာ ရပ်နေရင် ငါမင်းကိုပါ သတ်ပစ်မယ်"

တကယ်တော့ သူမဟာ ဟွာရှရှန်ကျိုးမှာ ကျော်ကြားတဲ့ နတ်ဆိုးတစ်ယောက်ပင်။ သူမ အသက်ပြင်းပြင်းရှူရင်း ချန်ရှီနဲ့ နန်းနန်းဆီ အလိုအလျောက် ပျံတက်သွားပြီး ပါးစပ်ဟလိုက်သည်။

ထိုအချိန်တွင် မြေခွေးရွာက မီးရောင်များ ရုတ်တရက် အုံ့မှိုင်းလာ၏။ မီးစိမ်းတစ်ခုက မီးလျှာများ ကောင်းကင်အထက်သို့ လွင့်ပျံလာစေသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်၊ မြေကြီးနှင့် တောင်တန်းများမှာလည်း အုံ့မှိုင်းမှိုင်း ဖြစ်လာစေသည်။

ချင်းချိုးငယ်ရဲ့ နှစ်ဘက်စလုံးက လေထုများ အက်ကွဲသွားပြီး မရဏကမ္ဘာ၏ အထီးကျန်ဆန်သော မြင်ကွင်းကို ထုတ်ဖော် ပြသလိုက်သည်။

သို့သော် အနက်ရောင်ဖြင့် ဖုံးအုပ်ထားသော နတ်ဆိုးနတ်ဘုရားတစ်ပါးသည် အနက်ရောင် အသက်ခွဲတုတ်ကို ကိုင်လျက် မယ်မယ်ရှစ်ကျီ၏ ဘယ်ဘက်ခြမ်းတွင် ပေါ်လာသည်။ တစ်ဖန် အဖြူရောင် အသက်ခွဲတုတ်ကို ကိုင်ဆောင်ထားသည့် အဖြူရောင် နတ်ဆိုးနတ်ဘုရားသည်လည်း ညာဘက်ခြမ်းတွင် ပေါ်လာသည်။

နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် ဘယ်ဘက်နှင့် ညာဘက်တွင် ပေါ်လာကြကာ ၎င်းတို့၏ အသက်ခွဲတုတ်များကို လှုပ်ယမ်းလိုက်ရာ မယ်မယ်ရှစ်ကျီရဲ့ နဖူးကို ထိသွားခဲ့သည်။ ထိုအခါ နတ်ဆိုးရဲ့ ဦးခေါင်းကလည်း သေးငယ်သွားခဲ့သည်။

"ဟေးပိုင်ဝူချန် (အဖြူအမည်း မမြဲခြင်း)!"

မယ်မယ်ရှစ်ကျီလည်း အလွန်ထိတ်လန့်သွားပြီး ချန်ရှီရဲ့ ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။ ချန်ရှီလည်း ဖိအားများ ရုတ်တရက် ပျောက်သွားတာကြောင့် နန်းနန်း လက်ကို ဆုပ်ကိုင်ထားလျက်မှ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ လှဲချလိုက်သည်။

အဖြူအမည်း ဟေးပိုင် ဝူချန်တို့ တစ်​ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားပြီးနောက် ခမ်းနားထည်ဝါသော မရဏကမ္ဘာ၏ မှောင်မိုက်သော မြင်ကွင်းသည်လည်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့၏။

All Chapters