← Chapters

မြည်း

Vol. 14 Ch. 208

မြည်း

Vol. 14 Ch. 208

"ဒါက ဘယ်လိုမျိုး မကောင်းတဲ့ စွမ်းအင်လဲ... မင်း ငါ့စွမ်းအင်ဗဟိုချက်ကို ဘာလုပ်ခဲ့တာလဲ"

စီးထူဝမ်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ သူသည် ချန်ရှီကို အသေသတ်ဖို့ ကြိုးစားရန် စွမ်းအင်ဗဟိုချက်ကို တိုက်တွန်းခဲ့သည်။ မမျှော်လင့်ဘဲ ၎င်းက လှုပ်ယမ်းကာ ကောက်ကွေးကာဖြင့် ဟန်ချက်မထိန်းနိုင်ဘဲ တစ်ဖက်သို့ လဲကျသွားခဲ့သည်။

စွမ်းအင်ဗဟိုချက်ထဲမှာ ထုလုပ်ထားသော အိမ်များသည် မြို့တွင်းရှိ အိမ်များကဲ့သို့ များပြားသည်။ ယခုအခါ ကျယ်လောင်သော အသံနှင့်အတူ အဆောက်အအုံကြီး ပြိုကျသွားသည်။ စွမ်းအင်ဗဟိုချက်က အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသော်လည်း အိမ်များမှာ မပျက်မစီး ရှိနေဆဲ။

အိမ်တွေက မြေပြင်ပေါ်မှာ လူးလိမ့်သွားသည်။ ရုတ်တရက် ခြေထောက်တွေ ထွက်လာကာ မတ်တပ်ရပ်ပြီး ပြေးတော့သည်။

"ငါတို့ လွတ်ပြီဟေ့!"

အိမ်တစ်အိမ်သည် ၎င်းရဲ့ သွေးထွက်သံယို ပါးစပ်​ကြီးကိုဖွင့်ကာ လျှာရှည်ဖြင့် အော်ဟစ်နေ၏။

စီးထူဝမ်း ရပ်နေခဲ့သည့် နေရာတွင် ချန်ရှီမှ ရိုက်နှိပ်ထားသော ဖန်တီးရတနာ အဆောင်စာလုံး မပါဝင်သောကြောင့် အမြင့်ကနေ ပြုတ်ကျပြီးနောက် ဒဏ်ရာ ပြင်းထန်စွာ ရသွားခဲ့သည်။

စီးထူဝမ်း နိုးလာတဲ့အခါ အိမ်တွေက ပြိုကျပြီး နေရာအနှံ့ ပြန့်ကျဲနေတာ တွေ့လိုက်ရသည်။ လူပန်ဂိုဏ်းရဲ့ ရတနာက ဘယ်ရောက်သွားတာလဲ။ ဒါက နတ်ဆိုးတွေ သိမ်းပိုက်ထားတဲ့ သရဲခြောက်တဲ့ အိမ်ဆိုတာ ရှင်းနေပြီ။

"ငါ့ဂိုဏ်းရတနာကို ပြန်ပေး!"

စီးထူဝမ်း ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် ကျယ်လောင်စွာအော်ပြီး ရုပ်သေများကို စည်းရုံးသည်။ လှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ရန်ရုပ်သေး အမျိုးသမီး ခုနစ်ယောက်သည် အိမ်တံခါးများနှင့် ပြတင်းပေါက်များမှ ပြေးထွက်လာပြီး ချန်ရှီကို ခုန်ချလိုက်ပေ၏။

သူသည် အကောင်သုံးရာကျော်ကို ထိန်းချုပ်နိုင်သည်ဟု တစ်ချိန်က ပြောခဲ့ဖူးသော်လည်း တိုက်ခိုက်ရန် ထိန်းချုပ်လိုက်သောအခါ အများဆုံး ခုနစ်ယောက်သာ ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် အိမ်ထဲမှ ရုပ်သေးအလှလေး ခုနစ်ယောက် ပြေးထွက်လာသည့် အချိန်တွင် အိမ်များသည် ရုတ်တရတ် ပါးစပ်များကိုဟကာ ၎င်းတို့၏ လျှာရှည်ကြီးများကို ဆန့်ထုတ်လိုက်လေ၏။ အလှလေးများကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ကာ အိမ်ထဲသို့ ပြန်ဆွဲသွင်းလိုက်ကြသည်။

စီးထူဝမ်း အလွန်ဒေါသထွက်ခဲ့ပြီး တခြားအိမ်များထဲက သစ်သား ရုပ်သေးများကို ထိန်းချုပ်ခဲ့သည်။ ရုပ်သေးတွေရဲ့ ကံကြမ္မာက အခုနတုန်းက အလှလေးတွေအတိုင်းပင်။ သူတို့ လွတ်မြောက်ပြီးတာနဲ့ အိမ်က ပြန်ဖမ်းထားလိုက်သည်။

ချန်ရှီက ပြုံးပြီး :"အခု ကျွန်​တော့်ဂိုဏ်းရဲ့ ရတနာပဲ!"

လက်ဟန်အမူအရာ လုပ်လိုက်တာနဲ့ အိမ်များက သူ့ဆီသို့ ပျံတက်လာပြီး မကြာမီ အမြင့် ဆယ်ပေခန့်ရှိ စွမ်းအင်ဗဟိုချက်ရုပ်တုကို ထုလုပ်လိုက်​ပေသည်။

"ချန်မျိုးရိုး.... မင်းငါ့ကို ကြံစည်နေတာလား"

စီးထူဝမ်း ဒေါသထွက်လွန်းလို့ ရင်ဘတ်က ပေါက်ကွဲလုမတတ် ဖြစ်လာသည်။ သူက ဟောက်သံနဲ့အတူ ချန်ရှီဆီကို ပြေးသွား၏။

"ရုပ်တု မပါလည်း မင်းကို ငါသတ်နိုင်တယ်!"

သူသည် ကြီးမားသော စွမ်းအားဖြင့် ရောက်လာသည်။ နတ်ကွန်း ထွက်လာသည်၊ နတ်သန္ဓေသား ပေါ်လာသည်၊ အခြေတည် ဝိညာဉ်ကလည်း ပျံတက်လာသည်။ သူသည် လက်စည်းတံဆိပ် တစ်ခု ဖန်တီးကာ စွမ်းရည်ကို မြှင့်တင်လိုက်သည်။

ထိုအခိုက် မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သော အညစ်အကြေးများနှင့် ကျောက်တုံးများ လှည့်ပတ်သွားကာ ဆယ်ပေကျော်ရှည်သော အညစ်အကြေးများနှင့် ကျောက်တုံးများ ဖြစ်ပေါ်လာသည်။

နဂါးဦးခေါင်းကြီး ဖြစ်လာကာ ၎င်း၏ခန္ဓာကိုယ်သည် သွက်လက်လေသည်။ ခြေသည်းများက ချွန်ထက်လေးလံကာ ၎င်း၏ ဦးချိုများသည်လည်း တွန့်လိမ်လျက် ချွန်ထက်သည်။ ဤနဂါးရှည်သည် အံ့သြစရာကောင်းလောက်အောင် အစစ်နဲ့ တူပေ၏။

ချန်ရှီ စင်မြင့်ပေါ်မှာ ရပ်နေရာမှ ရွတ်လိုက်သည်။

"နဂါးခြေ​ထောက်ကျင့်စဥ်လား?"

စီးထူဝမ်း ပြေးလာပြီး။

"လူပန်ဂိုဏ်းရဲ့ နဂါးခြေ​ထောက်ကျင့်စဥ်ကို မင်းသိတယ်လား? ဒီနေ့ မင်းကို နဂါးခြေ​ထောက်ကျင့်စဥ် အောက်မှာ သေစေရမယ်!"

အဝေးကနေ လက်သီးတစ်ချက်နဲ့ ထိုးချလိုက်တာက နဂါးတစ်ကောင်က ရိုက်လိုက်သလိုပင်။ ချက်ချင်းပင် သူသည် ချန်ရှီရှေ့တွင် ရှိနေပြီဖြစ်ကာ သူ၏ အလွန်လေးလံသော အင်အားဖြင့် ချန်ရှီအား တိုက်ခိုက်လိုက်သည်။

ဒီတိုက်ခိုက်မှုရဲ့ အင်အားက အလွန်ပြင်းထန်ကြောင်း ချန်ရှီလည်း မြင်ပါသည်။ အတင်းအကြပ် ခုခံပစ်လို့ မရချေ။ ရွှေအမြုတေ အဆင့်၉ ရဲ့ စွမ်းအားနယ်မြေကိုတောင် ထိုးဖောက်ဝင်ရောက်သွားလိမ့်မည်။ သူသည် နဂါးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် စွမ်းအင်ဗဟိုချက်အား ချက်ချင်း တိုက်တွန်းခဲ့သည်။

စွမ်းအင်ဗဟိုချက်ကို အသုံးပြုဖို့ဆို အဂ္ဂိရတ်မီးဖိုသည် ဆက်လက် လောင်ကျွမ်းရန် လိုအပ်ပြီး တစ်ချိန်တည်းတွင် ရွှေအမြုတေအတု ၃၆ခုက အလှည့်ကျ ရွေ့လျားနေရန် လိုအပ်သည်။ စီးထူဝမ်းဟာ ၎င်းကို ထိန်းချုပ်ရန် ရန်ရှစ်ပညာကို အားကိုးထားခဲ့ပြီး ဤအရာအားလုံးကို ပြီးမြောက်အောင်မြင်စေခဲ့သည်။

သို့သော် စွမ်းအင်ဗဟိုချက် ချန်ရှီလက်ထဲသို့ ကျသောအခါ အိမ်များသည် ကျောက်မီးသွေးကိုလှိမ့်ရန် သူတို့လျှာများကို သုံးနေကြကာ ရွှေအမြုတေ အတုများကိုလည်း အဂ္ဂိရတ်မီးဖိုထဲသို့ တွန်းပို့လိုက်သောကြောင့် သူ အမိန့်ပေးရင်း စိတ်ရှုပ်နေစရာတောင် မလိုတော့ပေ။

စီးထူဝမ်းရဲ့ နဂါးခြေ​ထောက်ကျင့်စဥ် တိုက်ခိုက်မှုသည် အလွန်အစွမ်းထက်သော်လည်း စွမ်းအင်ဗဟိုချက်လိုမျိုး မှော်လက်နက်နှင့် ရင်ဆိုင်ရသောအခါတွင် လုံးဝ အားနည်းချက် ရှိ​လေသည်။ နှစ်ယောက်သား တိုက်မိသည်နှင့် တပြိုင်နက် စွမ်းအင်ဗဟိုချက်ရဲ့ လက်သီးချက်ကြောင့် ကျောက်နဂါးကြီး အပိုင်းပိုင်း ကွဲသွားသည်။

စီးထူဝမ်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်များကို သူ့ခါးမှ ရှေ့သို့ တွန်းထုတ်လိုက်သည်။ ဆယ်ပေကျော်အကွာရှိ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားကာ ကျောက်တုံးကြီး နှစ်ကောင်သည်လည်း လှိမ့်ကာ ပျံတက်သွားကြသည်။

ချန်ရှီကလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နဂါးခြေသည်းကျင့်စဥ် အတိုင်း လုပ်ဆောင်ရင်း သူ့လက်များကို ခါးမှ တွန်းထုတ်လိုက်သည်။ စွမ်းအင်ဗဟိုချက်၏ လက်များသည် အိမ်များထဲမှ ရှည်လျားသော နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲကာ စီးထူဝမ်းရဲ့ နဂါးနှစ်ကောင်ကို ရင်ဆိုင်လိုက်သည်။

"အစ်ကိုစီးထူ.... ခင်ဗျားရဲ့ နဂါးခြေ​ထောက်ကျင့်စဥ်က ဂိုဏ်း​ကျင့်စဥ် အစစ် မဟုတ်ဘူး!"

စီးထူဝမ်းရဲ့ နဂါးနှစ်ကောင် ကွဲသွားပြီးနောက် နောက်ပြန် ခြေလှမ်းများဖြင့် ချက်ချင်း လှည့်ထွက်ကာ ခွေရှင်းခြေနင်းများကို အသုံးပြုကာ ရှေ့မှ ထိုးသတ်ဖို့ အမှန်တကယ် လုပ်ဆောင်​နေခဲ့သည်။

ဒါပေမယ့် တုန်လှုပ်​နေတဲ့ အသံတွေနဲ့ သူ့ပတ်ဝန်းကျင်မှာ ကျောက်တုံးတွေ ပျံနေတာကို သူတွေ့လိုက်ရသည်။ ကျောက်တုံးများသည် မြေကြီးထဲမှ တစ်ခဏချင်း တက်လာပြီး ရှည်လျားသော နဂါးများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ပတ်လည်တွင် ပျံဝဲကာ ပေဒါဇင်များစွာ အကွာကို ဝန်းရံလိုက်သည်။

ချန်ရှီကလည်း နဂါးခြေ​ထောက်ကျင့်စဥ်ဖြင့် အစွမ်းကုန် တိုက်ခိုက်​နေခဲ့သည်။

သူတို့နှစ်ဦးသည် ပေပေါင်းများစွာ အကွာအဝေးတွင် ရှိပြီး သုံးနေသော သိုင်းစွမ်းရည်များက အတူတူပင်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အံ့အားသင့်ဖွယ် စွမ်းအားဖြင့် တိုက်မိသွားကြသည်။

စီးထူဝမ်းဟာ လူပန်ဂိုဏ်းရဲ့ ကျင့်စဥ် ဖြစ်သော နဂါးခြေထောက်ကျင့်စဥ်ကို ဖျော်ဖြေခဲ့သည်။ ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း ၎င်းက ထိပ်တန်း သိုင်းကျင့်စဥ် တစ်ခုအဖြစ် ရှိနေဆဲ။ နဂါးရဲ့ သွေးကြောအတိုင်း အသက်သွင်းနိုင်သည်။ မဟာယာနနယ်ပယ်အထိ ကျင့်ကြံပြီးပါက တောင်များကို နဂါးများအဖြစ် ပြောင်းလဲပြီး ရန်သူကို တိုက်ခိုက်နိုင်သည်။

ကျင့်စဥ်ရဲ့ စွမ်းအားက မယုံနိုင်လောက်အောင်ပါပဲ။

ချန်ရှီကလည်း နဂါးခြေ​ထောက်ကျင့်စဥ်ကို ပြခဲ့သည်။ သို့သော် ၎င်းသည် ဘုရင်ကျန်း၏ အုတ်ဂူအပြင်ဘက်ရှိ ကျောက်ပြားပေါ်တွင် မှတ်တမ်းတင်ထားသော နဂါးခြေ​ထောက်ကျင့်စဥ် ဖြစ်သည်။

သူသည် ဘုရင်ကျန်း ဂူသင်္ချိုင်းရဲ့ သစ်တောထဲသို့ အကြိမ်များစွာ ဝင်ရောက်ခဲ့ပြီး ကျင့်စဥ် ဆိုင်ရာ နည်းစနစ်များကို စစ်ဆေးခဲ့သည်။ နဂါးခြေထောက်ကျင့်စဥ်သည် အလင်းသုံးပါးကျင့်စဥ် ဘေးတွင် ရှိနေခဲ့သဖြင့် ၎င်းကို လုံးဝ အလွတ်ကျက်ထားခဲ့သည်။

သို့သော် သူ့အတွက် ဘာမှ သာလွန်ကောင်းမွန်တာ မရှိသလို သူ့အလေ့အကျင့်အတွက် မသင့်လျော်သောကြောင့် ၎င်းကို အလွတ်ကျက်ထားသော်လည်း ဘယ်သောအခါမှ မလေ့ကျင့်ခဲ့ချေ။

အကယ်၍ စီးထူဝမ်းသာ သူ့ရှေ့တွင် နဂါးခြေထောက်ကျင့်စဥ်ကို မသုံးမိပါက ချန်ရှီလည်း အတူ လိုက်လေ့ကျင့်မိမည် မဟုတ်ပေ။ ဒါပေမဲ့ စီးထူဝမ်း နဂါးခြေထောက်ကျင့်စဥ်ကို ဖျော်ဖြေတဲ့အခါ တစ်ချိန်တည်းမှာပဲ သူလည်း လေ့ကျင့်လိုက်သည်။ မမျှော်လင့်ဘဲ စွမ်းအင်ဗဟိုချက်နဲ့ ပူးပေါင်းလိုက်သောအခါ စွမ်းအားက သိသိသာသာ တိုးလာခဲ့သည်။

စွမ်းအင်ဗဟိုချက်ဟာ နဂါးခြေထောက်ကျင့်စဥ် အရ တည်ဆောက်ထားသော မှော်လက်နက်သာ ဖြစ်နိုင်သည်။ စီးထူဝမ်း ထိတ်လန့်ပြီး ဒေါသလည်း ထွက်သွားသည်။ သူသည် ချန်ရှီကို မရပ်တန့်ဘဲ အရူးအမူး တိုက်ခိုက်ခဲ့သော်လည်း တစ်ဆင့်ပြီးတစ်ဆင့် ရှုံးနိမ့်ခဲ့သည်။

လူပန်ဂိုဏ်း၏ ရတနာသည် ချန်ရှီလက်ထဲတွင် ပို၍ သွက်လက်ပြီး ပြောင်းလဲနိုင်လာကာ ပိုပြီးတောင် ပျော့ပြောင်းသွားသည်။ အိမ်များသည် နဂါးသွေးပြန်ကြောများ ဖြစ်ပေါ်လာပြီး လူစိတ်ဝင်လာသလို ပြောင်းလဲကာ တိုက်ခိုက်ခဲ့ကြသည်။ သူတို့ရဲ့ လှုပ်ရှားမှုများက သူထိန်းချုပ်တုန်းကထက်ပင် ပိုကောင်းနေ၏။

သူ့ရဲ့ နဂါးခြေထောက်ကျင့်စဥ်က ချန်ရှီလောက် မကောင်းတာ မဟုတ်ဘဲ စွမ်းအင်ဗဟိုချက်ကို ထိန်းချုပ်ရာမှာ ချန်ရှီလောက်တောင် မတော်နေခြင်းပင်။

ဤအခိုက်အတန့်တွင် သူသည် လူပန်ဂိုဏ်း၏ ခေါင်းဆောင်ဟုတ်မဟုတ်၊ ချန်ရှီကသာ လူပန်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သင့်သလားဟုပင် သံသယဖြစ်မိသည်။

"ငါက အတုလား?"

သူ့စိတ်ထဲမှာ ရယ်စရာကောင်းတဲ့ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဤအချိန်တွင် သူသည် သူ့လှုပ်ရှားမှုအားလုံးကို အသုံးချပြီး​ပြီ ဖြစ်သော်လည်း ချန်ရှီကတော့ သူ့ကို တိုက်ခိုက်ရန် စွမ်းအင်ဗဟိုချက်ကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ယခု စွမ်းအင်ဗဟိုချက် သုံးနေတဲ့ လှုပ်ရှားမှုတွေဟာ လူပန်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေတောင် မမြင်ဖူးတဲ့ လှုပ်ရှားမှုတွေပင်။ စီးထူဝမ်း နဖူးပေါ်မှ ချွေးအေးများ စီးကျနေပြီး စွမ်းအင်ဗဟိုချက်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားရန် နောက်ပြန် ဆုတ်သွားခဲ့ရသည်။

ချန်ရှီက တိုက်ခိုက်​​နေစဉ်အတွင်း "အနောက်မြောက်ဘက်က ခုန်းတုံ့သွေး​ကြောဟာ မိုင်ပေါင်းသောင်းချီဝေးသည်၊ အရှေ့ဘက်မှာ ဟန်သုံးပါးက အမှောင်ထုနဲ့ ခြားထားသည်၊ တောင်ပိုင်းနဂါးများသာ တရုတ်ပြည်ထဲသို့ ဝင်ရောက်ခဲ့ပြီး မျိုးနွယ်၏ မူလအစမှာ ထူးခြားပေ၏" ဟု ကြွေးကြော်ခဲ့သည်။

စွမ်းအင်ဗဟိုချက်က ရုတ်တရက် ပြိုကွဲသွားပြီး လူသားပုံသဏ္ဌာန် ရုပ်တု မဟုတ်တော့ဘဲ ခုန်းတုံ့ တောင်တန်းနှစ်ခုကဲ့သို့ သူ့ဆီသို့ အပြေးအလွှား ပြေးလာခဲ့သည်။

စီးထူဝမ်းမှာ ထိုတိုက်ခိုက်မှုကို ရှောင်ရှားရန် ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။

ချန်ရှီဟာ စွမ်းအင်ဗဟိုချက်မှ အသွင်ပြောင်းထားသော နဂါး​ကြီး၏ ခေါင်းပေါ်၌ မတ်တတ်ရပ်နေလေသည်။ သူက ဘယ်ခြေနဲ့ ရှေ့ကို တိုးပြီး စီးထူဝမ်းရဲ့ တန်ပြန် တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ နဂါးနှစ်ကောင်ကလည်း ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။

စီးထူဝမ်းရဲ့ မျက်နှာက ဖြူဖျော့လာသည်။ တစ်ဖက်က တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးစားရင်း တချက်တလဲလဲ လှည့်ပတ်သွားသည်။

ချန်ရှီ: "မြစ်ဝါမြစ်ရဲ့ အကွေးကိုးခုဟာ အူမကြီးဖြစ်ပြီး စီချွမ်းမြစ်ရဲ့ အကွေ့အကောက်တွေက ဆီးအိမ်ဖြစ်တယ်... ခြေတွေလက်တွေနဲ့ သွေးပြန်ကြောတွေကို ခွဲပြီး ဒေါင်လိုက်၊ အလျားလိုက် လည်ပတ်နေပြီ... ချီစွမ်းအင်နဲ့ ချီသွေးတွေဟာ ရေနဲ့ ထိတွေ့တဲ့အခါ ရပ်သွားကြလိမ့်မည်"

အကွေ့အကောက်များသော မြစ်ဝါမြစ်နှင့် စီချွမ်မြစ်တို့ကဲ့သို့ ခွဲထွက်နေသော စွမ်းအင်ဗဟိုချက်ရဲ့ သွေးကြောအမှတ်များသည် ဘယ်ညာပြေးကာ စီးထူဝမ်းရဲ့ လည်ပင်းကို ညှစ်​တော့မလိုမျိုး တစ်ဖန် ပြောင်းလဲသွားသည်။

စီးထူဝမ်း စိတ်ပျက်လက်ပျက်ဖြင့် ရှောင်တိမ်းခဲ့သော်လည်း စွမ်းအင်ဗဟိုချက်က အသွင်ပြောင်းထားသော နဂါးရှည်ကိုသာ ထိမှန်သွားခဲ့သည်။ သူ၏ အခြေတည် ဝိညာဉ်ရဲ့ စွမ်းအားနယ်မြေထဲ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ပေရာနှင့်ချီအကွာအထိ ပျံဝဲကာ လှိမ့်ဆင်းသွားခဲ့သည်။

"ယေဘူယျအားဖြင့် ပြောရလျှင် နဂါးရဲ့ ရွေ့လျားမှုဟာ သူ့ရဲ့ကိုယ်ပိုင်အမှန်တရား ရှိပေသည်... ကြယ်ပုံသဏ္ဌာန် တောင်ထိပ်များဟာ နဂါးရဲ့ကိုယ်ခန္ဓာ ဖြစ်ပေသည်... တောင်များပေါ်ရှိ ကြယ်ပုံသဏ္ဌာန်ရှိ တောင်ထိပ်များကို သင်မှတ်မိရမည်၊ လွင်ပြင်ပေါ်ရှိ နဂါးများရဲ့ လှုပ်ရှားမှုက တခြားအမည်တစ်ခု ရှိပေ၏"

ချန်ရှီ ရွတ်ဆိုနေတာ မပြီးမီတွင် စွမ်းအင်ဗဟိုချက်က ရောက်ရှိလာခဲ့ပြီး အမှန်တကယ် ပြိုကွဲကာ လေထဲတွင် ပြန်လည် ဖွဲ့စည်းလာသည်။ ၎င်းက ကြယ်ပွင့်များ တက်လာခြင်း၊ ကျဆင်းခြင်းနှင့် နဂါးတို့ရဲ့ လှုပ်ရှားမှုများ စသဖြင့် ပုံစံအမျိုးမျိုး ပြောင်းလဲ​ပြသွားသည်။ ပြောင်းလဲမှုများစွာအား စီးထူဝမ်းတစ်ယောက် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ စိုက်ကြည့်​နေခဲ့သည်။

"ငါက ဂိုဏ်းခေါင်းဆောင်အတုပဲ.. သူကမှ တကယ့် ဂိုဏ်းချုပ်...."

သူလုံးဝ စိတ်အားထက်သန်နေပြီး ရိုးရိုးရှင်းရှင်း ခုခံမှု​တွေလည်း ရပ်တန့်သွားသည်။ သူ့ရဲ့ အခြေတည်ဝိညာဥ် စွမ်းအားနယ်မြေကို ဖြန့်ခွဲကာ မျက်လုံးမှိတ်ရင်း သေမယ့်အချိန်ကို စောင့်ဆိုင်းနေသလို ထိုနေရာတွင် ရပ်နေခဲ့သည်။

"ငါက အတုအယောင် ဖြစ်ရမယ်... ငါက ဂိုဏ်းချုပ်အတုလုပ်ခဲ့တာ နှစ်တွေကြာခဲ့ပြီ... နဂါးခြေထောက်ကျင့်စဥ်ကို နှစ်တွေ အကြာကြီး လေ့ကျင့်ခဲ့ပေမယ့် ဆယ့်နှစ်နှစ်သားလောက်ကို မတော်သေးဘူး... ငါ့ဘိုးဘေးတွေကို ဘယ်လိုရင်ဆိုင်ရမလဲ"

ရုတ်တရက် စွမ်းအင်ဗဟိုချက်မှ အသွင်ပြောင်းသော ဧရာမနဂါးကြီးက စီးထူဝမ်း ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ စီးထူဝမ်း မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ချန်ရှီသည် စွမ်းအင်ဗဟိုချက် အိမ်၏ထိပ်တွင် ရပ်လျက် အပြုံးဖြင့်ငုံ့ကြည့်နေတာ တွေ့လိုက်ရသည်။ စီးထူဝမ်း အလွန်ဝမ်းနည်းသွား၏။

"ငါရှုံးသွားပြီ... မင်း ငါ့ရဲ့ မှော်လက်နက်ကို ယူသွားပြီ... ငါ့ရဲ့ မှော်ပညာက မင်းလောက် မကောင်းဘူး မင်းငါ့ကို အနိုင်ယူဖို့ လူပန်ဂိုဏ်းရဲ့ ကျင့်စဥ်ကို သုံးသွားခဲ့တယ်... ငါ ယုံသွားပြီ ငါ့ကို သတ်လိုက်ရုံနဲ့ မင်း လူပန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာနိုင်တယ်"

ချန်ရှီက ရယ်မောပြီး :"ကျွန်တော်က ဘာလို့ လူပန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လုပ်ရမှာလဲ... နဂါးခြေထောက်ကျင့်စဥ်ကို ကျွန်တော် ဘယ်လိုလုပ် သိနေတာလဲလို့ မသိချင်ဘူးလား"

စီးထူဝမ်းလည်း ဤစကားကို ကြားသောအခါ စပ်စုမနေဘဲ မနေနိုင်တော့ပေ။

"နဂါးခြေထောက်ကျင့်စဥ်ကို မင်း ဘာလို့သိ​နေတာလဲ... ခဏနေဦး... ငါသိပြီ... မင်းက ငါတို့လူပန်ဂိုဏ်းကို တည်ထောင်သူလား လူပြန်ဖြစ်လာတာလား... မင်း ချန်ရှီရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီမလို့ နဂါးခြေထောက်ကျင့်စဥ်ကို သိနေတာပဲ ဖြစ်မယ်!"

ချန်ရှီ အံ့ဩသွားသည်။ ဒီဂိုဏ်းချုပ် စီးထူဝမ်းမှာ ဒီလို ထူးဆန်းတဲ့ အတွေးတွေ ရှိနေမယ်လို့ မထင်ထားခဲ့။

"ကျွန်တော်က ခင်ဗျားရဲ့ဘိုးဘေး မဟုတ်ဘူး ဒါပေမယ့် နဂါး​ခြေထောက်ကျင့်စဥ် ကျွန်​တော့်မိသားစုက အမွေဆက်ခံတဲ့ ကျင့်စဉ်... ခင်ဗျား ကျွန်တော်တို့ ကျင့်စဥ်ကို ထုတ်သုံးနေတာတော့ မတရားဘူး"

စီးထူဝမ်းလည်း သံသယ ဝင်သွားသည်။

"နဂါးခြေထောက်ကျင့်စဥ်က ငါတို့ လူပန်ဂိုဏ်းရဲ့ ဘိုးဘွားပိုင် ကျင့်စဥ်ပါ... အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေမဲ့ သာလွန်ကောင်းမွန်တဲ့ ကျင့်စဥ်တစ်ခုပဲ... အဆင့်မြင့်လာတဲ့အထိ လေ့ကျင့်လိုက်ရင် တောင်တွေကို နဂါးတွေအဖြစ် ပြောင်းလဲပြီး တိုက်ပွဲဝင်နိုင်တယ်။ အကန့်အသတ်မရှိ စွမ်းအား​တွေ ရှိတယ် ဒီကျင့်စဥ်က မင်းမိသားစုရဲ့ ကျင့်စဥ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ချန်ရှီဟာ သူတို့ဂိုဏ်းက ဘိုးဘေးတစ်ဦး လူပြန်ဝင်စားတယ်လို့သာ သံသယရှိနေဆဲ ဖြစ်သည်။ ချန်ရှီက ခေါင်းညိတ်လိုက်တိုင်း သူက ချက်ချင်းပဲ ကော့တက်သွားပြီး သူ့သခင်အဖြစ် အသိအမှတ် ပြုလိုက်သည်။

"ဘုရင်ကျန်းရဲ့အုတ်ဂူ အပြင်ဘက်မှာ ရေးထားတဲ့ နဂါးခြေထောက်ကျင့်စဥ်ကို လူပန်ဂိုဏ်းက ဘာလို့ အမွေဆက်ခံထားတာလဲ"

ချန်ရှီသည် ဘုရင်ကျန်း၏ သေဆုံးခြင်းအကြောင်းကို မသိစိတ်က တွေးနေခဲ့သည်။

ဘုရင်ကျန်းသည် ရေမီးအဂ္ဂိရတ် သန့်စင်နည်းကို ကျင့်သုံးခဲ့ပြီး အနည်းဆုံးတော့ သူသည် အမတအလောင်းကောင် ဖြစ်လာနိုင်သော်လည်း သူ့ဦးခေါင်းမှာ ခုတ်ထစ်ခံထားရသည်။ ဒါကြောင့် အမတအလောင်းကောင် ဖြစ်လာဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်လို့ ဆိုရမည်။

ဘုရင်ကျန်း၏ သင်္ချိုင်းအပြင်ဘက်တွင် ကိုယ်ခံပညာအမွေများ အများအပြား ရှိသည်။ သူသည် သူ၏နောက်ပိုင်း နှစ်များတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံခဲ့ပုံရလေ၏။ ဂိုဏ်းပေါင်းစုံရဲ့ အမွေဆက်ခံမှုတွေက အနာဂတ်မှာ သိသိသာသာ ကျဆင်းသွားနိုင်တာကို ဘုရင်ကျန်းက သဘောပေါက်ခဲ့နိုင်သည်။

ထို့ကြောင့် သူ မသေဆုံးမီတွင် ဂိုဏ်းအသီးသီးအား ၎င်းတို့၏ ကိုယ်ခံပညာကို တင်ပြရန် တောင်းဆိုခဲ့သည်။

"ဆိုလိုတာက ဘုရင်ကျန်းရဲ့ သင်္ချိုင်းအပြင်ဘက်က တောရိုင်းတောအုပ်က ဘုရင်ကျန်း အနောက်နွားရှင်းကျိုး အတွက် အမွေအနှစ်အဖြစ် ထိန်းသိမ်းထားချင်တဲ့ နေရာပေါ့?" တစ်ယောက်တည်း တွေးမိလာသည်။

ချန်ရှီက ပြုံးပြီးပြောလိုက်သည်။

"နဂါးခြေထောက်ကျင့်စဥ်က ကျွန်တော်တို့ မိသားစုကနေ ဆင်းသက်လာတဲ့ ကျင့်စဥ်တစ်ခုဖြစ်ပေမယ့် တခြားသူတွေကို လက်ဆင့်ကမ်းလို့မရဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး... ခင်ဗျားတို့ဂိုဏ်းက ရထားတဲ့ နဂါးခြေထောက်ကျင့်စဥ်က မပြည့်စုံဘူး အဲဒါကြောင့် အပြည့်အစုံကို ခင်ဗျား လိုချင်ရင် ကျွန်တော် သင်ပေးနိုင်တယ်"

စီးထူဝမ်း အံ့အားသင့်သွားသည်။

"မင်းငါ့ကို ပြီးပြည့်စုံတဲ့ နဂါးခြေထောက်ကျင့်စဥ်ကို သင်ပေးမယ်ပေါ့..."

ချန်ရှီသည် စွမ်းအင်ဗဟိုချက်ပေါ်မှ ခုန်ဆင်းလာခဲ့၏။ အပေါ်က တစ္ဆေအိမ် အဆောင်လက်ဖွဲ့တွေ ပျောက်သွားပြီး အိမ်တွေကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

"စွမ်းအင်ဗဟိုချက်ကိုလည်း မလိုချင်ပါဘူး... ခင်ဗျားကို အခုပြန်ပေးလိုက်မယ် မနက်ဖြန် မြေခွေးကို လာခဲ့... ခင်ဗျားကို နဂါးခြေထောက်ကျင့်စဥ် အပြည့်အစုံ ထားခဲ့မယ်"

စီးထူဝမ်းရဲ့ အမူအရာမှာလည်း ရှုပ်ထွေးသွားပြီး :"သခင်လေးက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်.. ငါသူ့ကို သစ္စာမဖောက်နိုင်ဘူး"

"ခင်ဗျားမှာ အကြောင်းပြချက် ရှိရမယ်"

"ငါ့​ရဲ့ လက်မှုပညာသမားတွေက တည်ဆောက်ထားတဲ့ မြို့ရိုးအပိုင်းတစ်ခုကို ဘီလူးတွေက တိုက်ခိုက်ပြီး ပြိုကျသွားတယ်... အစိုးရက ငါ့ကို အပြစ်ပေးစေချင်နေတာ ငါ့ကို ထောင်ထဲကနေ ကယ်တင်ခဲ့တဲ့ သခင်လေးက ကြင်နာတယ်... ငါတို့ လူပန်ဂိုဏ်းရဲ့ စွမ်းအင်ဗဟိုချက်က ကောင်းကောင်း မလည်ပတ်ဘူးဆိုတာ သိလိုက်တော့ သူက အဆောင်ဆွဲ ဆရာကြီး ဆယ်ယောက်လောက်ကို ပြုပြင်မွမ်းမံဖို့ ဆိုပြီး စေလွှတ်လိုက်တယ်"

ချန်ရှီ: "ဒီလိုကျေးဇူးကို ပြန်ဆပ်ဖို့ ပျက်ကွက်လို့မရဘူး အဲဒါကြောင့် သခင်​လေးနဲ့ ပူးပေါင်းခဲ့တယ်မလား... သခင်လေးက မကောင်းမှုတွေ အများကြီးလုပ်ခဲ့ပေမယ့် ခင်ဗျားက သူ့ကို သစ္စာရှိနေတုန်းပဲ"

စီးထူဝမ်း ခဏတုံ့ဆိုင်းသွားသည်။

"သခင်လေးက ဒီကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တယ်... ချန်ရှီ... သူက ဒီကမ္ဘာကြီးရဲ့ မတရားမှုကို ပြောင်းလဲပေးနိုင်တယ်။ သူ့မှာ ကြီးမားတဲ့ အရည်အချင်းတွေ၊ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေ၊ နည်းလမ်းတွေနဲ့ ချိတ်ဆက်မှုတွေ ရှိတယ်... သူက ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တယ် သူ့မှာ အကျင့်စာရိတ္တ ချို့ယွင်းချက် ရှိနေရင်တောင်မှ ငါ သူ့နောက်ကို လိုက်မှာပဲ!"

သူက စွမ်းအင်ဗဟိုချက်ပေါ် ခုန်တက်လိုက်သည်။

"ငါ့ကို မသတ်ခဲ့တဲ့ မင်းရဲ့ ကြင်နာမှုကို ငါပြန်ဆပ်ဖို့ နည်းလမ်းမရှိဘူး...အဲဒါကြောင့် မင်းနဲ့ သခင်ငယ်ကြားက တိုက်ပွဲမှာ မပါဝင်နိုင်တော့ဘူး... နဂါးခြေထောက်ကျင့်စဥ်ကိုလည်း ငါ လက်မခံ​တော့ပါဘူး!"

သူသည် စွမ်းအင်ဗဟိုချက်ကို ထိန်းချုပ်ပြီး ထွက်ခွာတော့မည့် အချိန်၌ ချန်ရှီ၏ အသံသည် သူ့နောက်မှ ထွက်လာသည်။

"လူကြီးမင်းစီးထူ...ခင်ဗျားက မြည်းပဲ"

စီးထူဝမ်းရဲ့ နဖူးတွင် သွေးပြန်ကြောများက တင်းမာနေ၏။

"မင်း ပြောချင်ရာပြော!"

ချန်ရှီ ပြုံးလိုက်သည်။

"မြည်းတစ်ကောင် ကြိတ်ဆုံကျောက်ကို ဆွဲထုတ်တဲ့အချိန်မှာ အနက်ရောင် အလွှာတစ်ခုက သူ့မျက်နှာကို ဖုံးအုပ်ထားရတယ်...ဘာလို့လဲ သိလား"

စီးထူဝမ်းက အော်ဟစ်ပြီး ရှေ့ကို ဆက်လျှောက်သွားသည်။

"မြည်းက စက်ဝိုင်းထဲ လျှောက်သွားနေတယ် ဆိုပေမယ့် သူ့ကိုယ်သူ အရှေ့ကို သွားနေတယ်လို့ပဲ ထင်အောင်လုပ်ပေးတာ... ဒါကြောင့် မြည်းရဲ့ မျက်လုံးတွေကို ဖုံးထားရမယ်..."

ချန်ရှီရဲ့ လှောင်ပြောင်သော အသံထွက်လာသည်။

"သခင်​လေး​ကလည်း ကျေးဇူးတရားနဲ့ စံနမူနာဆိုတဲ့ အနက်ရောင်အလွှာနဲ့ ခင်ဗျား မျက်နှာကို ဖုံးအုပ်ထားတာ... အဲဒီအနက်ရောင်အလွှာက အမှားအယွင်းတွေကို မမြင်နိုင်အောင် လုပ်ထားတယ် အမှားအမှန်ကို မမြင်နိုင်ဘူး သူ့နောက်ကို လိုက်နေသရွေ့ လှည့်ပတ်နေလိမ့်မယ်!"

"ငါ့စိတ်ကို နစ်မွန်းအောင်လုပ်ဖို့ မစဉ်းစားနဲ့!"

စီးထူဝမ်းက ရှေ့သို့ ဆက်လှမ်းရင်း လှမ်းအော်ပြောလိုက်သည်။

ချန်ရှီ ရယ်ရင်း။

"သူ မအောင်မြင်ခင် ဒုစရိုက်မှုတွေ အများကြီး လုပ်ခဲ့တယ်... သူအောင်မြင်ခဲ့ရင် ဒီနေ့ ကမ္ဘာကြီးနဲ့ ဘယ်လို ကွာခြားသွားမယ်ထင်လဲ"

စီးထူဝမ်းက ခေါင်းတောင်မလှည့်ဘဲ "ငါမင်းစကားကို နားမထောင်ဘူး!"

ချန်ရှီ: "သူအောင်မြင်ခဲ့ရင်တောင် ကမ္ဘာကြီးက လုံးဝပြောင်းလဲမှာ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ သူက ကမ္ဘာကြီးပဲ သူက ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ"

စီးထူဝမ်းရဲ့ မျက်နှာက ဖြူဖျော့သွားကာ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူသည် ယွိတူးမြို့အပြင်ဘက်သို့ ရောက်ရှိလာပြီး ရုတ်တရက် တစ်စုံတစ်ယောက်မှ သူ့ကို လှမ်းခေါ်လာသည်။

"ဂိုဏ်းချုပ်စီးထူ.. ချန်ရှီကို ရှာတွေ့ပြီလား"

ဧည့်သည်မှာ ဟုန်ညောင်အဖွဲ့မှ အဒေါ်ရွှယ် ဖြစ်သည်။ ဟုန်ညောင်အဖွဲ့က အဖွဲ့ဝင်အများစုမှာ အောင်သွယ်အလုပ် လုပ်သူများအဖြစ် လုပ်ကိုင်ကြပြီး စီးထူဝမ်းနဲ့ ရင်းနှီးသော အမျိုးသမီးများ ဖြစ်သည်။

အဒေါ်ရွှယ်: "ချန်ရှီက ဟွမ်ဖောရွာ၊ ချင်းယန်တောင်မှာ နေတယ်ဆိုတာ ကျွန်မ သိတယ်... ကျွန်မတို့ သူ့ကို ရှာမတွေ့ရင် ကျွန်မတို့ရဲ့ အမုန်းတရားတွေကို ဖြေဖျောက်ဖို့ သူ့ရွာကလူတိုင်းကို သတ်ပစ်လိုက်ကြရင်ရော?"

စီးထူဝမ်းသည် အတွင်းနှင့် အပြင်ပိုင်း ရုန်းကန်မှုများကြားတွင် ရုန်းကန်ခဲ့ရပြီး ၎င်းကို ကြားလိုက်ရသောအခါ အလွန်တုန်လှုပ်သွားခဲ့သည်။

"သခင်လေးက တကယ်ပဲ ဒီကမ္ဘာကြီးရဲ့ အစိတ်အပိုင်း တစ်ခုပဲကိုး..."

ချန်ရှီ မြေခွေးရွာကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ မြေခွေးလေးတစ်ကောင် ရောက်လာသည်။

"အဘိုးချန် ခင်ဗျားကိုတွေ့ချင်တယ်လို့ ပြောပြီး အပြင်မှာ လူတစ်ယောက် စောင့်နေတယ်"

ချန်ရှီ ဟူဖေးဖေးကို ပြုံးပြလိုက်သည်။

"ငါမင်းကိုပြောသားပဲ.. ငါတိုက်ခိုက်မှာ မဟုတ်ပါဘူးဆို"

ဟူဖေးဖေးက စူးစမ်းချင်စိတ် ပြင်းပြနေသည်။

"နင် သွားတိုက်တာ မဟုတ်ဘူး အဲဒါကြောင့် သခင်ငယ်ကို သစ္စာဖောက်ဖို့ စီးထူဝမ်းကို ဘယ်လို ဆွဲဆောင်နိုင်ခဲ့လဲ"

"ငါသူ့ကို မြည်းတစ်ကောင်လို့ ပြောခဲ့တာ... သူ အဲဒါကို တွေးနေလောက်တယ်... တကယ်လည်း မြည်းတစ်ကောင်ပဲကို..."

ရွာအပြင်သို့ ရောက်သောအခါ စီးထူဝမ်းက ရွာပြင်တွင် စောင့်နေပြီဖြစ်သည်။ သူ့ကိုမြင်တော့ ဦးညွှတ်ပြီး ပြောလာ၏။

"လူပန်ဂိုဏ်းက စီးထူဝမ်း... သခင်လေးချန်ကို နှုတ်ခွန်းဆက်ပါတယ် သခင်လေး... ကျွန်တော် စက်ဝိုင်းပတ်လည်နေတဲ့ မြည်းတစ်ကောင် မဖြစ်ချင်တော့ပါဘူး"

ချန်ရှီရဲ့ မျက်နှာလည်း ကြည်ကြည်လင်လင် ဖြစ်လာသည်။

"ဂိုဏ်းချုပ်စီးထူ...ခင်ဗျား ကောင်းကင်နန်းတော်ထဲ ဝင်ချင်လား?"

All Chapters