← Chapters

အမည်ဝှက်- ဘုရင်အစစ်

Vol. 14 Ch. 209

အမည်ဝှက်- ဘုရင်အစစ်

Vol. 14 Ch. 209

"ကောင်းကင်နန်းတော်?"

စီးထူဝမ်း အနည်းငယ် စိတ်ရှုပ်သွားသည်။

"ကောင်းကင်နန်းတော်က စန့်ရန်တွေနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတစ်ခု​လေ... သင်္ကေတတစ်ခုပဲ ဆိုပါတော့..."

ချန်ရှီက စန့်ရန် အဖွဲ့အစည်းရဲ့ မူလဇစ်မြစ်ကို ရှင်းပြနေသည်။

"ကျနော့်အဖိုးနဲ့ အဘွားရှား၊ ဦးလေးချင်းယန်နဲ့ တခြား စန့်ရန်တွေက အထူးဝါသနာတွေ ရှိတယ်လေ.. နေရာအမျိုးမျိုးမှာ အလောင်းရှာဖွေရတာ၊ ရှေးခေတ်က ပျောက်ကွယ်သွားခဲ့တဲ့ လျှို့ဝှက်ချက်​တွေကို စူးစမ်းလေ့လာပြီး ဟွာရှရှန်ကျိုးက နတ်ဘုရား​တွေကို ကာကွယ်စောင့်ရှောက်ပေးတာ​တွေ အတွက် ကောင်းကင်နန်းတော်ကို တည်ထောင်ခဲ့တာ... ကောင်းကင်စံအိမ် လို့လည်း ဟုတ်တယ်... အခုကျနော့်အဘိုးက ကွယ်လွန်သွားပြီ... အဘွားရှားက ပြောတယ် အခုကျွန်တော်က ကောင်းကင်နန်းတော်ရဲ့ ဦးခေါင်းတဲ့... ကျွန်တော်ကတော့ အဖွဲ့ကို လူနည်းနည်းလေး မဖြစ်စေချင်ဘူး... အဲဒါကြောင့် ကောင်းကင်နန်းတော် ပိုအားကောင်းအောင် လူတစ်စုကို စုချင်တာ..."

စီးထူဝမ်း အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။ ကောင်းကင်နန်းတော် အဖွဲ့အစည်းသည် စန့်ရန် အမည်အောက်တွင် ရှိသော်လည်း နာမည်အတိုင်း ၎င်းသည် လေးနက်သော အဖွဲ့အစည်း ဖြစ်ပုံမပေါ်ချေ။

ဘယ်လိုပဲ နားထောင်နေပါစေ ပုန်ကန်တဲ့ အရိပ်အမြွက်မျိုး ရှိနေ၏။

"ဒါပေမဲ့ ပုန်ကန်မှုကလည်း ကောင်းပါတယ်"

တစ်မျိုး ထပ်တွေးမိသည်။

“ဒါက အင်ပါယာ တရားရုံးကို ပုန်ကန်တာလား ဒါမှမဟုတ် နတ်ဘုရားကို ပုန်ကန်တာလားတောင် မသိတော့ဘူး”

ထိုစဥ် ချန်ရှီက ရှင်းပြလာသည်။

"ကျွန်တော်တို့က အကျိုးစီးပွားကြောင့် အတူတူ စုရုံးခဲ့ကြတာ..."

စီးထူဝမ်း: "ငါ့ရဲ့ ဝါသနာက ဒီကမ္ဘာကြီးကို ဖြုတ်ချဖို့ပဲ... ကောင်းကင်နန်း​တော် ဆိုတဲ့ နာမည်ကို နား​ထောင်ကြည့်ရတာ တော်ရုံတန်ရုံနဲ့ မဟုတ်ဘူး... ကောင်းကင်အပြင်က နတ်ဘုရားကို ပုန်ကန်ဖို့ ဖွဲ့စည်းထားတာ ဖြစ်နိုင်တယ်"

ချန်ရှီ: "အခု ခင်ဗျား ကောင်းကင်နန်းတော်ထဲကို ဝင်လိုက်တာနဲ့ ကျွန်တော်တို့ ကောင်းကင်နန်းတော်ရဲ့ လက်မှုပညာရှင် ဖြစ်သွားပြီ... ဆောက်လုပ်ရေးပိုင်းကို တာဝန်ယူရလိမ့်မယ်... အနာဂတ်မှာ ခင်ဗျားက အပျက်အစီးတွေကို စူးစမ်းပြီး ဟွာရှနတ်ဘုရားတွေအတွက် ဘုံကျောင်း ဆောက်ရမယ်... ငြင်းလို့မရဘူး"

စီးထူဝမ်း : "ဒီကိစ္စက ငါတို့ လူပန်ဂိုဏ်း အတွက်က လွယ်ပါတယ် ငါတို့ဂိုဏ်းက ဆောက်လုပ်ရေး၊ အုတ်ဂူတွေ၊ လက်သမား၊ လုပ်တာ၊ ရေကန်တူးတာ၊ ကျောက်တူးတာ၊ ကျောက်ဖြတ်တာ၊ လမ်းဖောက်တာ၊ တံတားဆောက်တာ၊ စာသင်ကျောင်းတွေ ဆောက်လုပ်တာ နှစ်ငါးဆယ်ကျော်ရှိပြီ... ဘုံကျောင်းဆောက်တာလောက်ကတော့ အသေးအမွှားကိစ္စပဲ"

ချန်ရှီနှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။

"ပြည်နယ်ငါးဆယ်လုံးမှာ လူပန်ဂိုဏ်းတွေ ရှိတယ်ပေါ့"

စီးထူဝမ်း ခေါင်းညိတ်​ပြလိုက်သဖြင့် ချန်ရှီ အံ့သြသွားသည်။ အစကတော့ လူပန်ဂိုဏ်းဟာ ယွိတူးမှာ အမြစ်တွယ်နေသော သေးငယ်သည့် ဂိုဏ်းတစ်ခုမျှသာဟု မူလက ထင်ခဲ့သော်လည်း လူပန်ဂိုဏ်းသည် အနောက်နွားရှင်းကျိုး ပြည်နယ် ငါးဆယ်တွင် အမှန်တကယ် ဖြန့်ကျက်ထားမယ်လို့ မမျှော်လင့်ခဲ့ပေ။

ဒါက သေးငယ်တဲ့ ဂိုဏ်းမဟုတ်တာ သေချာသည်။

ချန်ရှီ ငြိမ်သက်သွားပြီး မေးခွန်း ထုတ်လိုက်သည်။

"လူပန်ဂိုဏ်းမှာ လူဘယ်နှစ်ယောက်ရှိလဲ?"

"မှတ်တမ်းမှာ လက်သမားဆရာပေါင်း တစ်သောင်းခွဲ ကျော်ရှိတယ်... အဲဒီထဲက ကျင့်ကြံသူက တစ်သောင်းလောက် ရှိတယ်။ ဒါပေမဲ့ အများစုကတော့ နတ်သန္ဓေသား နယ်ပယ်ထဲမှာဘဲ ရွှေအမြုတေကို သန့်စင်နိုင်ရင် ပြည်နယ် အသီးသီးမှာ နံ့သာသခင်တွေ ဖြစ်နေပြီ"

ချန်ရှီ အံ့သြသွားရပြန်သည်။

လူတစ်ရာ သို့မဟုတ် ဒီလောက်သာရှိသော လူပန်ဂိုဏ်းရဲ့ အတိုင်းအတာသည် ထိုက်ဖျင်ဂိုဏ်းလောက်ပဲလို့ မူလက သူထင်ခဲ့သည်။ ဒီလောက် ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လူပန်ဂိုဏ်းသည် အလွန်ကြီးမားသော်လည်း ဂိုဏ်းခေါင်းဆောင်အဖြစ် စီးထူဝမ်းဟာ အခြေတည်ဝိညာဉ် အဆင့်တွင်သာ ရှိသည်။ အ​ခြေတည်ဝိညာဥ် နယ်ပယ်က ဒီလိုကြီးမားတဲ့ စွမ်းအားကို ထိန်းချုပ်နိုင်ပါ့မလား။

သူက သူ့သံသယတွေကို ထုတ်ဖော်လိုက်တော့ စီးထူဝမ်းက ရှင်းပြသည်။

"လူဘန်ဂိုဏ်းမှာ ငါတို့အားလုံး အလုပ်ကြမ်းလုပ်ကြရတယ်... လူတော်တော်များများက မရှင်သန်နိုင်ပေမယ့် ခွန်အားရှိတဲ့ လူတွေကတော့ ဂိုဏ်းထဲဝင်ကြတယ်... ငါတို့ရဲ့ စည်းမျဉ်းက ဆရာက တပည့်ကို ဆွဲခေါ်ရတာ... ဆရာတစ်ယောက်က အလုပ်သင် လေးငါးယောက် တာဝန်ယူတယ် ဉာဏ်ကောင်းတဲ့သူတွေကတော့ ဆင်းရဲဒုက္ခကို မခံနိုင်တော့ ထွက်သွားကြတာ..."

"လူပန်ဂိုဏ်းရဲ့ အလုပ်သင်တွေက မှော်ပညာကို လေ့ကျင့်ရင်း အတတ်ပညာတွေကိုလည်း သင်ယူကြတယ်... အများစုက ကျောင်းသွားပြီး တစ်ခါမှ စာမဖတ်ဖူးဘူး... ကံ​ကောင်းတဲ့ သူတွေက နတ်ဘုရား ယဇ်ပူဇော်ပွဲရောက်ရင် နတ်ဘုရားဆီက ဆုလာဘ်ရပြီး နတ်သန္ဓေသားတွေ ရကြတယ်... ဒါပေမဲ့ လေးလေးနက်နက် မကျင့်ကြံကြဘူး...အဲ့လိုလူတွေက လူပန်ဂိုဏ်းရဲ့ လူအများစုပဲ..."

ချန်ရှီ ဒီအကြောင်းကို တွေးမိတော့မှ ပြည်နယ်ဘက်က ကလေးတွေကလည်း ကျောင်းကို ဘယ်တော့မှ မသွားတတ်ဘူးဆိုတာ သိလိုက်ရသည်။ ဥပမာအားဖြင့် ဟွမ်ဖောရွာက ယွိကျူဟာ ကျောင်းမတက်ချေ။

ရွာမှာ ကျောင်းတက်နိုင်တဲ့ သူတွေ အားလုံးမှာ ငွေကြေး အရင်းအနှီး ရှိကြသူတွေပင်။ ဤကလေးများ ကြီးပြင်းလာသောအခါ မြေကြီးထဲတွင် အစာရှာရန် သို့မဟုတ် အလုပ်ထွက်လုပ်ရန်၊ အိမ်ထဲတွင် နေကြရန်သာ ရွေးချယ်စရာ ရှိသည်။

ဒါပေမဲ့ မြို့ရဲ့ အန္တရာယ်အဆင့်က ကျေးလက်မှာထက် မနည်းပါ။ သတိမထားမိပါက လယ်တောဘက်သို့ ရောင်းစားခံရမည် သို့မဟုတ် ဝိညာဥ်တစ်သောင်းအလံထဲတွင် ဂုဏ်ပြုသည့်ဧည့်သည် ဖြစ်လာမည် ဖြစ်သည်။

အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ဖို့ ခက်ခဲသည်။ မြို့ထဲသို့ ဝင်ပြီးနောက် လူပန်ဂိုဏ်းကဲ့သို့ ဂိုဏ်းဝင်ခြင်းက အသက်မွေးဝမ်းကြောင်း ပြုရန် နည်းလမ်းတစ်ခု ဖြစ်သည်။

စီးထူဝမ်း : "ငယ်ငယ်က ပညာရှင်ဖြစ်လာတဲ့ နှစ်အနည်းငယ်လောက် ပညာသင်ကြားခဲ့တဲ့ လူအနည်းစုလည်း ရှိတယ်... နယ်ချဲ့စာမေးပွဲ မအောင်မြင်ရင် လက်သမားဖြစ်လာမယ်.. လက်မှုပညာကို သင်ယူကြလိမ့်မယ် နှစ်နည်းနည်းကြာအောင် စောင့်ပြီး စာမေးပွဲ အောင်သွားတဲ့ နယ်ချဲ့ပညာရှင်တချို့လည်း ရှိတယ် ဒါပေမဲ့ တရားရုံးက သူတို့ကို တရားဝင်ရာထူး ဒါမှမဟုတ် လစာမပေးဘူး အဲဒါကြောင့် နယ်ချဲ့လက်မှုပညာကို တတ်မြောက်ရမယ်.... ငါတို့ရဲ့ လူပန်ဂိုဏ်းမှာ မြင့်မားတဲ့ အောင်မြင်မှုတွေ မရှိသေးပေမယ့် လုပ်ငန်းခွင်မှာတော့ အသုံးဝင်ကြသေးတယ်..."

သူပြောမထားတာ တစ်ခုရှိသေးသည်။ အဲဒါကတော့ အဆင့်မြင့် ကျွမ်းကျင်မှုတွေကို မိသားစုကြီးတွေက ထိန်းချုပ်ထားပြီး သူတို့သင်ယူနိုင်တာက အဆင့်နိမ့်တဲ့ စွမ်းရည်တွေနဲ့ အဆောင် စာလုံးပေါင်းတွေ ဆိုတာပါပဲ။

အရည်အချင်းရှိပြီး နားလည်မှုရှိရင်တောင် သင်ယူစရာ နေရာမရှိပါ။

ချန်ရှီ ပြုံးလိုက်သည်။

"ခင်ဗျား လာမယ်ဆိုတာ သိတယ် အဲဒါကြောင့် ကျွန်တော် ပြန်လာပြီးတော့ နဂါးခြေထောက်ကျင့်စဥ်ကို ချက်ချင်း အလွတ်ကျက်ခဲ့တာ... ဒါပေမဲ့ ဒီလောက်မြန်မြန်ကြီး ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး... ကျွန်တော် ရေးလို့ မပြီးသေးဘူး... ရွာမှာ ခဏစောင့်ပါဦး"

"ဟုတ်ကဲ့!"

စီးထူဝမ်းမှာ သူ့ရဲ့ စိတ်လှုပ်ရှားမှု​တွေကို ဖုံးကွယ်ထားလို့ မရတော့ချေ။

ချန်ရှီ အိမ်သို့ပြန်သွားပြီး "နဂါးခြေထောက်ကျင့်စဥ်" ကို ဆက်လက် ရေးသား​နေခဲ့သည်။ စီးထူဝမ်းသည် မြေခွေးရွာကို လှည့်ပတ်ကြည့်ရာ ရွာသည် စည်းစနစ်တကျ ဖွဲ့စည်းထားတာ တွေ့လိုက်ရသည်။ မြေခွေးမျိုးနွယ်က အမှန်တကယ် စာရေးတတ်ဖတ်တတ်၏။ ပုဂ္ဂလိကကျောင်းတွင် ဆရာကြီး၏ အသိပညာနှင့် တာအိုဘာသာကို လေ့လာနေကြသည်။

"တိရစ္ဆာန်တွေတောင် သင်ယူတာရဲ့ အရေးကြီးပုံကို သိကြတယ်...ငါတို့ လူသားတွေကတော့ ငါတို့ရဲ့ အရည်အချင်း​တွေကို အပြည့်အဝ အသုံးချပြီး သင်ယူနိုင်တာမျိုး မရှိတာကတော့ ဝမ်းနည်းစရာပဲ..."

စီးထူဝမ်း တခဏမျှ လှည့်ပတ်ကြည့်ပြီးနောက် ချန်ရှီရဲ့ သစ်သားလှည်းဆီသို့ ရောက်လာခဲ့သည်။

သူက လက်သမားပင်။ ဒါကြောင့် သစ်သားလှည်းကို မြင်သောအခါ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ လေ့လာဖို့ တက်သွားလိုက်တဲ့အခါ ရုတ်တရက် သစ်သားလှည်းက လက်နှစ်ဖက်ကို ထုတ်ပြီး သွေးထွက်နေသော ပါးစပ်ကို ဖွင့်ဟကာ အနားမကပ်လာရန် ခြိမ်းခြောက်လိုက်သည်။

စီးထူဝမ်းရဲ့ မျက်လုံးများ ပြူးကျယ်လာပြီး နှလုံးခုန်သံများ ဝုန်းဒိုင်းကျဲကုန်သည်။

"ဒါပေါ့... ငါ ဒါကို သင်ချင်တယ် ဒါကို သင်ရမယ်!"

နဂါးခြေထောက်ကျင့်စဥ်ကို သင်ယူလိုက်တာက လူပန်ဂိုဏ်းရဲ့ ဘိုးဘေးများအားလုံးကို ကျော်လွန်နိုင်စေရန် မလုံ​လောက်​သေးသော်လည်း သင်ယူပြီး ဒါကိုပါ ပေါင်းထည့်လိုက်ရင် လူပန်ဂိုဏ်းရဲ့ ဘိုးဘေးများ အားလုံးကို ကျော်လွန်နိုင်မည် ဖြစ်သည်။

ချန်ရှီက နဂါးခြေထောက်ကျင့်စဥ်ရဲ့ လျှို့ဝှက်ချက်ကို ရေးပြီး အပြင်ထွက်တဲ့အခါ သူ့ကို ချက်ချင်း ပေးလိုက်သည်။

"လူကြီးမင်း...ကျုပ် ဒါကိုရော သင်လို့ရမလား"

စီးထူဝမ်း သတ္တိကို စုဆောင်းရင်း မေးလိုက်ကာ သူက လက်ကိုမြှောက်ပြီး သစ်သားလှည်းကို ညွှန်ပြလိုက်သည်။

သူသည် ချန်ရှီလက်ထဲ ကျရှုံးခဲ့ရသော ဝေဒနာကို ခံစားခဲ့ရသည်။ လူပန်ဂိုဏ်းရဲ့ အရေးကြီးဆုံး ရတနာဖြစ်သော စွမ်းအင်ဗဟိုချက်သည် ချန်ရှီကို ပုန်ကန်ရန် ထုတ်ယူလာခဲ့ပေမယ့် ချန်ရှီဆီက လွယ်လွယ်ကူကူ ထိန်းချုပ်ခံလိုက်ရသောကြောင့် သူ့ကို အမှန်တကယ် မနာလိုဖြစ်စေခဲ့သည်။

ချန်ရှီ ပြုံးပြီးပြောလိုက်သည်။

"ဒါက ရှားရှားပါးပါး သင်ယူဖို့ မလွယ်တဲ့ တောင်ပိုင်းအဆောင်လက်ဖွဲ့ ပုံစံတွေပဲ... ဒါပေမယ့် ကျ​နော့်အတွက်ကတော့ မြောက်လား တောင် မခွဲခြားဘူး... အကုန်လုံးက အတူတူပဲ ခင်ဗျား သင်ချင်ရင် သင်ပေးပါ့မယ်.."

စီးထူဝမ်း အံ့အားသင့်ပြီး ပျော်ရွှင်နေတာကြောင့် ချန်ရှီလည်း တစ္ဆေအိမ်အောင်ပွဲခံ အဆောင်လက်ဖွဲ့ အစီအရင်ကို ပေးလိုက်သည်။

စီးထူဝမ်းတွင် အဆောင်လက်ဖွဲ့ ရေးဆွဲသားနဲ့ ပတ်သက်ပြီး အခြေခံရှိသော်လည်း တောင်ပိုင်းက အဆောင်ဆွဲ ဆရာများသင်သော စာလုံးများသည် ဆိုးရွားပြီး ထူးဆန်းသောကြောင့် အချိန်တိုအတွင်း ကျွမ်းကျင်ရန် ခက်ခဲစေသည်။

ဆန့်ကျင်ဘက်အနေနှင့် သူသည် အချိန်တို​လေးအတွင်း ပြီးပြည့်စုံသော နဂါးခြေထောက်ကျင့်စဥ်ကို သင်ယူနိုင်ခဲ့ပြီး သူ၏ လေ့ကျင့်မှုသည် စည်းချက်ညီညီဖြင့် တိုးတက်လာခဲ့သည်။ မူလအခြေတည်ဝိညာဉ်သည် အမြင့် တစ်ပေခန့်ရှိပြီး နတ်အသွင်ပြောင်းနယ်ပယ် ရောက်ခါနီးပြီ။ သို့သော် သူ့တွင် နောက်ဆက်တွဲစွမ်းရည် မရှိသောကြောင့် ဖြတ်ကျော်ရန် ခက်ခဲခဲ့သည်။

ယခု သူသည် ပြီးပြည့်စုံသော နဂါးခြေထောက်ကျင့်စဥ်ကို အသက်သွင်းလိုက်ရာ သူ၏ အခြေတည် ဝိညာဉ်သည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး နတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားတော့မည့် အရိပ်အယောင်များ ပြသနေတာကို ခံစားလာရသည်။

အကယ်၍ သူသာ ဒီအရှိန်အတိုင်း ဆက်လက်လေ့ကျင့်နေပါက နတ်အသွင်ပြောင်းနယ်ပယ်ထဲသို့ ဖြတ်ကျော်ဝင်ရောက်ပြီး နတ်ဝိညာဥ်ဘုံနဲ့ အနီးဆုံးတွင် ရှိနေလိမ့်မည်။

ချန်ရှီ: "ခင်ဗျားရဲ့ အခြေခံအုတ်မြစ်ကို စုစည်းပြီး နတ်အသွင်ပြောင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့ အလျင်စလို မလုပ်ပါနဲ့... ခင်ဗျားရဲ့ မူလ နဂါးခြေထောက်ကျင့်စဥ်က လွဲချော်မှုတွေ များလွန်းတယ်....အခြေတည်ဝိညာဥ်၊ ရွှေအမြုတေနဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တော်တော်များများကို မသန့်စင်ထားဘူး။ အခု ခင်ဗျားမှာ ကျင့်စဥ် အပြည့်အစုံရှိနေပြီ ဆိုတော့ အဲဒါကို အခြေတည်ဝိညာဥ် အဆင့်မှာ ခဏလောက် ပွတ်တိုက်သင့်တယ်... ခြွင်းချက်မရှိတော့ရင် ခင်ဗျား ဖြတ်သွားနိုင်ပြီ"

"ဟုတ်ကဲ့!"

စီးထူဝမ်း သဘောတူလိုက်သည်။

ချန်ရှီက သူ့မှာ အဆောင်စာလုံး ပုံဖော်တာနဲ့ ချို့ယွင်းချက်များစွာ ရှိနေတာကို တွေ့တော့ ထပ်ပြောပြန်သည်။

"ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်... ယွိထျန်းချန်တဲ့... တောင်ပိုင်းအဆောင်လက်ဖွဲ့ စာလုံးတွေက အချိန်တိုအတွင်း သင်ယူဖို့က ခက်တယ်... ယွိထျန်းချန်က တောင်နီခန်းမရဲ့ ခန်းမသခင်... ကျနော် ခင်ဗျားအတွက် သူ့ဆီကို စာတစ်စောင် ရေးထားပေးမယ်.... ခင်ဗျား သူ့ကို သွားတွေ့ပြီး ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ချပါ... သင်ယူရတာ ပိုလွယ်သွားလိမ့်မယ်"

"တောင်နီခန်းမက ခန်းမသခင်ယွိလား... ကျုပ် သူ့နာမည်ကြီးကို ကြားဖူးပါတယ် သူက ကုံကျိုးက သူရဲကောင်းပဲ ခန်းမသခင်ယွိက အလယ်တန်း ကိုးတန်းအဆင့် ရှိတယ် သူက ကျုပ်ကို ကဲ့ရဲ့မှာ ကြောက်ရတယ်"

ချန်ရှီ ခေါင်းခါလိုက်သည်။

"ယွိထျန်းချန်က အဲဒီလိုလူမဟုတ်ဘူး"

"လူကြီးမင်း ကျုပ်တို့ရဲ့ လူပန်ဂိုဏ်းက နှစ်စဉ် အမြတ်အစွန်းတွေကို သခင်လေးရဲ့ ဘဏ္ဍာစိုးချုပ်ဆီ လွှဲပေးခဲ့ဖူးတယ်... အခု လူပန်ဂိုဏ်းက သခင်လေးနဲ့ ကွဲကွာသွားပြီဆိုတော့ အကျိုးအမြတ်က ဘယ်သူ့ကို ပေးရမှာလဲ"

ချန်ရှီ၏နှလုံးက အနည်းငယ် တုန်ခါသွားသည်။

"သခင်လေးက ခင်ဗျားတို့ဆီက ပိုက်ဆံယူသွားတာလား?"

စီးထူဝမ်းက ခေါင်းညိတ်ပြသည်။

"သခင်လေးက အများကြီး မယူပါဘူး... လူပန်ဂိုဏ်းက နှစ်စဉ် ပိုလျှံငွေ ၃သောင်း ကျော်ရှိတယ်။ သခင်လေး ၁သောင်း ယူပြီး ကျန်တာကို လူပန်ဂိုဏ်းက စီမံခန့်ခွဲတယ်... ကျုပ်တို့က အတော်လေး ဆင်းရဲတယ် ဒါပေမယ့် ယန်းကျစ်လမ်းကြားမှာတော့ ပိုလျှံနေတာ အများကြီးရှိတယ်... မင်ဖုန်းအဆောက်အအုံ၊ ဟုန်ညောင်အဖွဲ့၊ ချွိုက်ဟော်သစ်တောတွေက နှစ်စဉ်ကြေး ၂သိန်းလောက် ရတယ်..."

ချန်ရှီ တုံ့ဆိုင်းသွားသည်။ ကောင်းကင်နန်းတော်သည် ယာယီအဖွဲ့တစ်ခုမျှသာ ဖြစ်ပြီး ငွေကြေးကို စီမံခန့်ခွဲမည့်သူ မရှိပေ။

သူ့အဘိုး အသက်ရှင်စဉ်အခါက သူသည် အလွန်ဆင်းရဲခဲ့ပြီး ကောင်းကင်နန်းတော် အတွက် အပိုငွေမရှိကြောင်း ပြသခဲ့သည်။

အဖွားရှားက ဗေဒင်ဆရာဖြစ်ရုံမျှသာ အသက်မွေးဝမ်းကျောင်း ပြုနိုင်သည်။ ဟူရှောင်လျောင်က မြေခွေးမျိုးနွယ်စု၏ အကြီးအကဲဖြစ်ပြီး အစာရေစာအတွက် စိတ်မပူရ၊ ချင်းယန်သည် ရှဲ့၊ ဆွေ့အဖြစ် တောင်ပေါ်ရွာသို့ ပြေးသွားကာ အလကားစား၊ အလကား သောက်နိုင်သည်ဟု ဖော်ပြထားသည်။

ကောင်းကင်နန်းတော်တွင် အခြားလူများ ရှိကောင်းရှိနိုင်သော်လည်း ငွေကို အုပ်ထိန်းသူ တစ်ယောက်မျှ မရှိပါ။

"ရှောက်ကျင်က စီးပွားရေး ကောင်းကောင်း လုပ်နိုင်တယ်... သူ့ကို ပိုက်ဆံ စီမံခန့်ခွဲခွင့် ပေးလို့ရတယ်"

ချန်ရှီ တစ်ယောက်တည်း တွေးနေမိသည်။ ဒါပေမဲ့ သူ့မှာက ပိုက်ဆံအများကြီး မရှိတာကြောင့် ပိုက်ဆံရှာဖို့ အလျင်စလို လုပ်စရာမလိုချေ။

"လူပန်ဂိုဏ်းရဲ့ ပိုလျှံတာကို လောလောဆယ် သိမ်းထားသင့်တယ်... ပိုက်ဆံသုံးဖို့ အချိန်မကျသေးဘူး "

ချန်ရှီ ပြန်ပြောလိုက်သည်။ ထို့နောက် စီးထူဝမ်း ခဏတုံ့ဆိုင်းသွားပြီး။

"ကျုပ်ဒီကိုလာတုန်းက ဟုန်ညောင်အဖွဲ့က အဒေါ်ရွှယ်က လူကြီးမင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ နေရာကို သိသွားပြီး ဟွမ်ဖောရွာကို မြေကြီးပေါ်ပစ်ချတော့မယ်လို့ ပြောပါတယ်..."

ချန်ရှီက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

"မနက်မှာ အမှန်တရားကို ကြားရင် ညနေကျရင် သေလိမ့်မယ်... အဒေါ်ရွှယ်ရဲ့ နည်းလမ်းက အရမ်းနှေးနေသေးတယ်... လူကြီးမင်းစီးထူ အဒေါ်ရွှယ်ရဲ့ ဟုန်ညောင်အဖွဲ့က ဘာလုပ်တာလဲ"

စီးထူဝမ်း :"ဟုန်ညောင်အဖွဲ့က ယောက်ျားနဲ့ မိန်းမ ပေါင်းဖက်နိုင်အောင် အောင်သွယ်လုပ်ပေးတာပါ... တစ်မျိုးက ဟုန်ညောင်ဆိုတဲ့ အောင်သွယ်နဲ့ နောက်တစ်မျိုးက အောင်သွယ်ဆိုပြီး နှစ်မျိုးရှိတယ်..."

ချန်ရှီ အံ့သြသွားသည်။

"ဟုန်ညောင်နဲ့ အောင်သွယ်က အတူတူပဲ မဟုတ်ဘူးလား?"

စီးထူဝမ်းက ခေါင်းယမ်းလိုက်ပြီး :"မတူပါဘူး... အောင်သွယ်လုပ်သူရဲ့ အဓိက ရည်ရွယ်ချက်က အိမ်ထောင်ပြုဖို့ စီစဉ်ပေးရတာပါ... ဘယ်မိန်းကလေးက အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီလဲ ဆိုတာ သိတာနဲ့ လက်ထပ်ခွင့်တောင်းပြီး ယောက်ျားတစ်ယောက်ကို မိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီမှာ စည်းကမ်းတွေလည်း ရှိတယ်.. မိန်းကလေးမိသားစုက ပိုက်ဆံအများကြီးပေးရင် လေးစားစရာကောင်းတဲ့ မိသားစုနဲ့ လက်ထပ်ရမယ်လို့ ပြောကြလိမ့်မယ်။ ငွေနည်းလွန်းရင် ဒါမှမဟုတ် အောင်သွယ်လုပ်သူက မကျေနပ်ရင် ချမ်းသာတဲ့မိသားစုရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်မယ် ဒါမှမဟုတ် မိန်းကလေးရဲ့ နောက်ကွယ်မှာ မလျောက်ပတ်တော့ဘူး.. ယုတ်မာတယ်လို့ ပြောရလိမ့်မယ်...

ဒါမှမဟုတ် ချမ်းသာပြီး အားကောင်းတဲ့ မိသားစုက မိန်းကလေးကို စိတ်ကူးယဉ်ထားရင် အောင်သွယ်ကို လက်ထပ်ခွင့်တောင်းလို့ရတယ်... မိန်းကလေးက မကျေမနပ် ဖြစ်နေရင်တောင် အောင်သွယ်က သူမ သဘောတူသွားဖို့ နည်းလမ်းရှာတတ်တယ် ဒါကြောင့် အမြတ်အစွန်းရှိတဲ့ လုပ်ငန်းတစ်ခုပါ။"

ချန်ရှီ: "ဟုန်ညောင်ကရော?"

စီးထူဝမ်းက ပြုံးပြီး "သခင်လေး အနောက်ခန်းကို ဖတ်ဖူးလား... အနောက်ခန်းမှာ ဟုန်ညောင်က သခင်မလေး ချွေးယင်းယင်းရဲ့ ကျွန်... သူမက ချွေးယင်းယင်းနဲ့ ကျန်းရှန်းတို့ကို အောင်သွယ်အဖြစ် သရုပ်ဆောင်ရင်း ပေါင်းစည်းနိုင်အောင် ကူညီပေးခဲ့ပါတယ်... ဟုန်ညောင်ရဲ့ အလုပ်က ယောက်ျားနဲ့ မိန်းမကြား အောင်သွယ်လုပ်ပေးဖို့ပါပဲ"

ချန်ရှီ : "ဒါလည်း ကောင်းတာပဲ"

စီးထူဝမ်းက ခေါင်းယမ်းပြီး ပြုံးပြသည်။

"တစ်ခါတလေတော့ ကောင်းပါတယ် ဒါပေမဲ့ တစ်ခါတလေတော့ အဆင်မပြေဘူး... ဥပမာ ကျုပ်က အဒေါ်ရွှယ်ကို သဘောကျတယ် ဒါပေမဲ့ သူမက အိမ်ထောင်ကျပြီးသား... သူမနဲ့ ဘဝတစ်ခု ထူထောင်ပြီး ပျော်ချင်တယ် ဒါဆို အပ်ချည်​ကြိုးကို ကူညီချည်​ပေးဖို့ ဟုန်ညောင်အဖွဲ့ကနေ အောင်သွယ်တစ်ယောက်ကို ရှာရမယ်..."

ချန်ရှီက မျက်ခုံးပင့်လိုက်ကာ :"အပ်ကို ဘယ်လိုချည်လဲ"

စီးထူဝမ်း: "ဟုန်ညောင်က အဒေါ်ရွှယ်နဲ့ ရင်းနှီးလာအောင် လုပ်မယ် သူ့ညီမဖြစ်လာမယ် သူ့ရှေ့မှာ ကျုပ်ကို ချီးကျူးမယ်၊ အဒေါ်ရွှယ်နဲ့ ရင်းနှီးဖို့ အခွင့်အရေးတွေ ဖန်တီးပေးတယ်... ခဏကြာတော့ အိပ်ယာထဲမှာပဲ အဆုံးသတ်သွားတယ်.. ပုံမှန်ဆိုရင် အောင်သွယ်က ပိုက်ဆံ သိပ်မရှာတတ်ပေမယ့် ဒီလိုအလုပ်မျိုးက ပိုက်ဆံအများကြီးရတယ်"

ချန်ရှီရဲ့ မျက်လုံးများ ပြူးကျယ်သွားကာ ပျောက်ဆုံးနေသော အသံဖြင့် ဆိုလာသည်။

"ဒါမျိုးလည်း ဖြစ်နိုင်​သေးတာလား?"

"ဟုန်ညောင်အဖွဲ့က သခင်လေးကို တစ်နှစ်ကို ၁သိန်းအထိ ပေးနိုင်တယ်... ဟုန်ညောင်အဖွဲ့ရဲ့ လုပ်ငန်းက ယွိတူးမှာ အကောင်းဆုံးဖြစ်ပေမယ့် ရှီးကျင်းမှာလည်း ရှိတယ်။ အဒေါ်ရွှယ်က ယွိတူး ဟုန်ညောင်အဖွဲ့ရဲ့ နံ့သာသခင်ပေါ့... အကြီးအကဲက ရှီးကျင်းမှာ... သခင်လေးနဲ့လည်း အရမ်းရင်းနှီးတယ်လို့ ကြားဖူးတယ် ကျုပ်တို့က ကြားဖူးရုံလောက်ပဲ..."

"တချို့ လက်ကိုင်တုတ်တွေက ဟုန်ညောင်အဖွဲ့ရဲ့ လက်ထဲကို မကြာခဏ ကျရောက်တတ်ပါတယ်... ဟုန်ညောင်အဖွဲ့က သခင်လေးကို အဆက်အသွယ်တွေ အများကြီး စုဆောင်းပေးနိုင်တယ်... အဒေါ်ရွှယ်က နံ့သာသခင် ဖြစ်ပေမဲ့ သခင်လေးသင်ပေးတဲ့ ကောင်းကင်အကခုနှစ်ကြိမ်ပြောင်း ကျင့်စဥ်ကို လေ့ကျင့်ခဲ့ပြီးသား သူမက အရမ်းအစွမ်းထက်တယ်"

ချန်ရှီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ စီးထူဝမ်းကတင် အလွန်အစွမ်းထက်ပါ၏။ အကယ်၍ ခေါင်းချင်းဆိုင် တိုက်မိပါက သူသည် စီးထူဝမ်းရဲ့ ပြိုင်ဘက် မဟုတ်တော့ပေ။

သို့သော် ဘုရင်ကျန်း၏ ဂူသင်္ချိုင်းသစ်တောထဲတွင် ကောင်းကင်အကခုနှစ်ကြိမ်ပြောင်း ကျင့်စဥ်ကို သူမြင်ခဲ့ဖူးသည်။ ၎င်းကို ရှန်ကျိုး ကောင်းကင်အကခုနှစ်ကြိမ်ပြောင်း ဟုခေါ်သည်။ အတူတူလားတော့ မသိ။

ချန်ရှီ ဤသိုင်းပညာကို အထူးတလည် မကျက်လာခဲ့ပါ။ အတိုချုံး ပြန်စဥ်းစားတဲ့အခါ ၇၀% ကနေ ၈၀% လောက်ပဲ မှတ်မိသည်။

စီးထူဝမ်း: "ကျုပ်ကို ဆက်သွယ်တာအပြင် အဒေါ်ရွှယ် ပျော်ရွှင်သစ်တော (ချွိုက်ဟော်သစ်တော) ကိုလည်း ဆက်သွယ်ခဲ့တယ်...ပျော်ရွှင်သစ်တောက လောင်းကစားရုံတစ်ခုဖြစ်သလို သခင်လေးရဲ့ ပိုင်ဆိုင်မှုလည်း ဟုတ်တယ်... ပျော်ရွှင်သစ်တောရဲ့ ဦးခေါင်းကို တုရှန်းရှိုလို့ ခေါ်တယ်... သူက သခင်လေး သင်ပေးထားတဲ့ အသံတိတ်နတ်ပြောင်းကျင့်စဥ်ကို လေ့ကျင့်ပါတယ် သူကလည်း အရမ်း အစွမ်းထက်ပါတယ်"

"အသံတိတ်နတ်ပြောင်းကျင့်စဥ်လား?"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ သူသည် ဂူသင်္ချိုင်း သစ်တောထဲ​တွင် "အသံတိတ်နတ်ပြောင်းကျင့်စဥ် နတ်ဆိုးသုံးပါး" ဟုခေါ်သော ကိုယ်ခံပညာကို မြင်ဖူးခဲ့သည်။ သခင်လေးရဲ့ ကျင့်စဥ်နဲ့ ယှဉ်လျှင် ဘယ်ဟာက တန်ခိုးကြီးသလဲဟု တွေးရင်း အံ့ဩမိ၏။

စီးထူဝမ်း: "ဒေါ်လေးရွှယ်က မင်ဖုန်းအဆောက်အအုံက ဆိုင်ရှင်ချိုကိုလည်း ဖိတ်ခေါ်ထား​သေးတယ်... ဆိုင်ရှင်ချို ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်ထားနိုင်တဲ့ မိုးကြိုးပစ်ခန္ဓာကျင့်စဥ်ကို ကျင့်ထားတယ်...ကျုပ်ရဲ့ မှော်ပညာထက်တောင် ပိုအစွမ်းထက်တယ်!"

ချန်ရှီ ၎င်းကို တွေးတောကြည့်ရပြန်သည်။ သစ်တောထဲတွင် မိုးကြိုးကိုယ်ထည်ကို အသုံးပြုခြင်း၏ လျှို့ဝှက်ချက်ကို သူတွေ့ခဲ့သေး၏။ ဆိုင်ရှင်ချိုရဲ့ မိုးကြိုးပစ်ခန္ဓာကျင့်စဥ်ဟာ သူ့ရဲ့ မိုးကြိုးခန္ဓာကို ယှဥ်နိုင်မလားတော့ မသိပါ။

ချန်ရှီ ရယ်လိုက်သည်။

"သူတို့က ကျွန်​တော်ကိုသတ်ဖို့ ဟွမ်ဖောရွာကို သွားနေပြီလား?"

"သူတို့ကို စောင့်ကြည့်ဖို့ ရုပ်သေးတွေ လွှတ်ထားပါတယ် သူတို့ သက်ဆိုင်ရာ ဌာနချုပ်မှာ ရှိနေတုန်းပဲ... မထွက်​ကြသေးဘူး"

"ဟုန်ညောင်အဖွဲ့ရဲ့ အမွှေးတိုင် ယဇ်ပလ္လင်က ဘယ်မှာလဲ... ပျော်ရွှင်သစ်တောနဲ့ မင်ဖုန်းအဆောက်အအုံကိုရော ဘယ်လိုသွားရမလဲ လူကြီးမင်းစီးထူ ကျေးဇူးပြုပြီး လမ်းကို ပြောပြပါဦး"

စီးထူဝမ်းက မတ်တပ်ရပ်လိုက်သည်။

"ကျုပ် လိုက်ပို့ပေးမယ်"

ချန်ရှီက ခေါင်းခါရင်း :"ခင်ဗျားက အလင်းရောင်ကို ရှောင်ဖို့ ကုံကျိုးက တောင်နီခန်းမကို သွားသင့်တယ်... ယွိတူးမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မှာ.."

သူက မတ်တပ်ထရပ်ပြီး ကြွက်သားတွေကို ဆန့်လိုက်သည်။

"ဟွမ်ဖောရွာကို လိုက်ချင်နေကြတာလား... လူကြီးလူကောင်းက စကားပြောတာ နှေးနေရင်တောင် မြန်မြန်ဆန်ဆန် လုပ်သင့်တယ်လို့ ဆရာကြီးက မှာထားတယ်... ဆရာ့အပေါ် သူတို့ရဲ့ နားလည်မှုက ဝေးလွန်းနေသေးတာပဲ..."

ဤစကားကို ကြားသောအခါ စီးထူဝမ်းက အံ့အားသင့်သွားသည်။

"မျှော်လင့်ထားသလိုပဲကိုး...လူကြီးမင်းကတော့ လိုက်လျောညီထွေ ဖြစ်အောင် ပြောတတ်တာပဲ!"

သူက မြန်မြန်ပြောသည်။

"ရန်ရှစ်ကို လမ်းပြခိုင်းလိုက်ပါ့မယ်!"

စီးထူဝမ်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသောအခါ ထွက်သွားခါနီးတွင် ပြန်လှည့်ပြောလာ၏။

"လူကြီးမင်း... ဒါက ကောင်းကင်နန်းတော် အဖွဲ့အစည်းတစ်ခုမို့ လူကြီးမင်းလို့ချည်း ခေါ်လို့မရဘူး... မင်းမှာ ကြီးကျယ်တဲ့ နာမည်ရှိရမယ်... မဟုတ်ရင် အဓိပ္ပာယ်မရှိတော့ဘူး"

ချန်ရှီ ခဏလောက် စဉ်းစားပြီး ပြန်ပြောလိုက်သည်။

"သခင်လေး ဘွဲ့ကို တခြားတစ်ယောက်ယောက်က သုံးသွားပြီ... ဒီခေါင်းစဉ်ကို ထပ်သုံးလိုက်ရင် ရှက်စရာကြီး ဖြစ်သွားလိမ့်မယ်..."

စီးထူဝမ်း : "ဘုရင်အစစ်ကို မင်းရဲ့နာမည်ဝှက်အဖြစ် သုံးလိုက်ရင်ရော ဘယ်လိုလဲ?"

"နာမည်ဝှက်-ဘုရင်အစစ်လား?!... ဒီနာမည်က အရမ်းကြီးကျယ်တယ်...ဟုတ်ပြီ ဘုရင်အစစ်ကိုပဲ သုံးကြည့်ရအောင်!"

စီးထူဝမ်းလည်း အလွန်စိတ်လှုပ်ရှားနေပြီး ပိုမိုစိတ်အားထက်သန်လာသည်။

"ဘုရင်အစစ် ဆိုကတည်းက ပုန်ကန်ဖို့ ရည်မှန်းချက်တွေ ပါဝင်နေပြီးသား... ငါလူမှားနောက်ကို မလိုက်ခဲ့ဘူးပဲ...သူက သခင်လေးနဲ့ မတူဘူး... သခင်လေးက မိန်းမပျ်ိုလေးလိုပဲ ပုန်ကန်တဲ့အချိန်ဆို အရမ်း ရှက်တတ်တယ်"

ချန်ရှီ စိတ်လှုပ်ရှားသွားသည်။

မိုင်တစ်ထောင်ခရီးဟာ ခြေတစ်လှမ်းမှစတင်ရသည်။

"ကိုယ့်ထက်အသက်ကြီးတဲ့ ရန်သူက မိုင်ထောင်ချီဝေးတာကို ငါတို့သိတယ် ဆိုရင်တောင် ငါတို့က သူ့ကိုချက်ချင်း သတ်ပစ်သင့်တယ်လို့ ဆရာကြီးက ပြောခဲ့တယ်... အဒေါ်ရွှယ်နဲ့ တခြားလူတွေက မြို့ထဲမှာရှိနေကြတယ်!"

All Chapters