← Chapters

တောက်ပသောလ၊ ရှည်လျားသောတံတား၊ တူးမြောင်း

Vol. 14 Ch. 210

တောက်ပသောလ၊ ရှည်လျားသောတံတား၊ တူးမြောင်း

Vol. 14 Ch. 210

ဟုန်ညောင်အဖွဲ့က အဒေါ်ရွှယ်ဟာ ညုညောသော အမျိုးသမီးဖြစ်သည်။ အဒေါ်ရွှယ်ကို ပထမဆုံး မြင်ဖူးသူတိုင်းက သူမကို ညုတုတုအမျိုးသမီးလို့ ထင်ကြလိမ့်မည်။

သူကိုယ်တိုင်လည်း အပါအဝင်ပေါ့။

သူမရဲ့ စိတ်နေစိတ်ထားက ယန်းကျစ်လမ်းကြား မှာရှိတဲ့ အမျိုးသမီးနဲ့ မတူပါ။ ထိုအမျိုးသမီးသည် ဧည့်သည်များရှေ့တွင် သူမ၏ဣတ္ထိယကျက်သရေကို ထုတ်ဖော် ပြသကြသည်။

အဒေါ်ရွှယ်ကတော့ ကောင်မလေး ဒါမှမဟုတ် ယောက်ျားလေးရဲ့ အိမ်တံခါးပေါက်ထဲကို ရောက်သွားတာနဲ့ လူတစ်ဦးချင်းစီနဲ့ ပိုရင်းနှီးလာဖို့အတွက် သူမရဲ့ ကျွမ်းကျင်မှု အားလုံးကို ပြောဆိုပြီး အမျိုးမျိုးသော ခန္ဓာကိုယ်ဘာသာစကားကို အသုံးပြုကာ အောင်သွယ်အဖြစ် ဆောင်ရွက်ကာ လက်ထပ်ခွင့်တောင်းခဲ့သည်။

အောင်သွယ်လုပ်ခြင်းမှာလည်း အလားတူပင်။

ဒါက အလုပ်တစ်ခုဖြစ်ပြီး ညုတုတုဖြစ်ခြင်းသည် အရိုးရှင်းဆုံးနှင့် အဆင်ပြေဆုံး နည်းလမ်းဖြစ်သည်။

သူမသည် အလွန်ညဥ့်ဆန်ပြီး မိန်းမများက သူမကို မမုန်းသလို ယောက်ျားများက သူမကို အလွန်သဘောကျစေသည်။ အခြေအနေကို အချိန်တိုင်း ထိန်းချုပ်နိုင်ပြီး သူမပြောသမျှကို နားထောင်ကာ သူမ၏ ကိုယ်ဟန်အမူအရာများ၊ ခါးကို လိမ်နေသည့် သို့မဟုတ် ပွင့်နေသော အင်္ကျီစကို လိုက်နာကာ လူတိုင်းက သူမကို အာရုံစိုက်လာစေနိုင်သည်။

သူမဟာ သေးငယ်တဲ့ လုပ်ဆောင်ချက်များစွာကို ပြုလုပ်ခဲ့ပြီး လူတိုင်းက သူမကို လျစ်လျူမရှုဝံ့ချေ။ ဒါက အတွေ့အကြုံကနေ ရရှိလာတဲ့ အရည်အချင်း တစ်ခုပါပဲ။

ချန်ရှီသည် ယန်းကျစ်လမ်းကြား အမှုအား ကျူးလွန်ခဲ့ပြီးနောက် သခင်​လေးသည် ဒေါသအလွန်ထွက်လာကာ အဒေါ်ရွှယ်က ၎င်းတို့ထဲတွင် အလုပ်အများဆုံး ဖြစ်လာသည်။

သူမသည် မတူညီသော တပ်ဖွဲ့များကို ဆက်သွယ်ရာတွင် ကောင်းကောင်း ကျွမ်းကျင်သောကြောင့် ပျော်ရွှင်သစ်တောက အကြီးအကဲ တုရှန်းရှိုကို ဆက်သွယ်ကာ မင်ဖုန်းအဆောက်အအုံက ဆိုင်ရှင်ချိုနဲ့ လူပန်ဂိုဏ်းက စီးထူဝမ်းကို တွေ့ရန်လည်း ရည်ရွယ်ခဲ့သည်။ မမျှော်လင့်ဘဲ စီးထူဝမ်းသည် ချန်ရှီကို လက်စားချေရန် ထွက်သွားခဲ့ပြီး အိမ်တွင် မရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူမသည် မင်းသားကျန်း အိမ်တော်ကို ပြေးရှာသောအခါ စီးထူဝမ်းနှင့် တွေ့ခဲ့သည်။

မင်းသားကျန့်​အိမ်မှ ထွက်လာသောအခါ နောက်ကျနေပြီ ဖြစ်သည်။ သူမ ထမင်းစားချိန် မရသေးမီ ယန်းကျစ်လမ်းကြားကို ချက်ချင်း ပြေးသွားခဲ့သည်။ သူမ ရောက်သွားတဲ့ အချိန်က ယန်းကျစ်လမ်းကြားမှာ နေ့ခင်းဘက် အလုပ်အများဆုံး အချိန်ဖြစ်သည်။

ယန်းကျစ်လမ်းကြားမှာ အမေကြီးနဲ့ အဘွားအို အများအပြား သေဆုံးသွားသော်လည်း အတွင်းစိတ်အားဆေးကို ကျွမ်းကျင်သော ပညာရှင် အနည်းငယ် ရှိသေးသည်။ သူမ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ယန်းကျစ်လမ်းကြားမှာရှိတဲ့ ဒီကျွမ်းကျင်သူတွေကို ဆက်သွယ်ပြီး အမေကြီးအတွက် လက်စားချေဖို့ ရှင်းရှန်ကို အတူတူ သွားရောက်ဖို့ပဲ ဖြစ်သည်။

သူမသည် လူအများနှင့် ဆက်ဆံရာတွင် အလွန်ကောင်းမွန်ပြီး အဖွဲ့အားလုံး၏ အင်အားစုများကို ပေါင်းစည်းခဲ့သည်။ မနက်ဖြန် မြို့အပြင်က ရှန်းရှန်အဆောက်အအုံမှာ တွေ့ဆုံကြပြီး ရှင်းရှန်ခရိုင်က ချန်ယန်တောင်ကို အတူတူသွားကြဖို့ သဘောတူခဲ့ကြသည်။

အဒေါ်ရွှယ်သည် အမျိုးသမီးများအား ယန်းကျစ်လမ်းကြားမှ ဦးဆောင်​ခေါ်လာခဲ့ပြီး ယီရှို့ ဥယျာဉ်ဆီသို့ အမြန်လျှောက်လာခဲ့သည်။ သူမ လမ်းလျှောက်လာရင်း ပြုံးလျက် ပြောလိုက်၏။

"မန့်လင်း... ချူချူ... လိကျန်း... အမေကြီးရဲ့ ကိစ္စအတွက် စိတ်ပူနေစရာ မလိုဘူး အဒေါ်ရောက်လာပြီ... မင်းတို့အတွက် တရားမျှတမှု ပြန်ယူပေးမယ်... ငါတို့အခု ရှင်းရှန်ကို သွားပြီး သူ့ရွာသားတွေရဲ့ အသက်နဲ့ ခြိမ်းခြောက်လိုက်ရင် ချန်ရှီ ပေါ်လာမှာ သေချာတယ်!"

သူမနောက်တွင် ယန်းကျစ်လမ်းကြားမှ အမျိုးသမီး သုံးဦးသည် သပ်ရပ်စွာ ၀တ်ဆင်ထားပြီး အလွန်ချစ်စရာကောင်းသည်။ ခေါင်းဆောင် မန့်လင်းက ခေါင်းညိတ်၏။

"အဒေါ်ပြောသလို လုပ်ပါ့မယ်..."

ယီရှို့ဥယျာဉ်သည် ဟုန်ညောင်အဖွဲ့ရဲ့ အမွှေးတိုင်ပလ္လင်ဖြစ်သည်။ ယန်းကျစ်လမ်းကြားနဲ့ တော်တော်ဝေး၏။ လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများလည်း နည်းပါးလာသည်။

ယန်းကျစ်လမ်းကြားသည် လူအများ တစ်ညလုံး စိတ်လှုပ်ရှားစွာ ငွေကုန်ကြေးကျ များသော တွင်းကြီးဖြစ်ပြီး အခြားနေရာများမှ လူများသည် နောက်တစ်နေ့တွင် အိပ်ရာထ၍ အလုပ်လုပ် ရသောကြောင့် စောစော အိပ်ယာဝင်ကြသည်။

ညကင်းစောင့်၏ အော်ဟစ်သံ ထွက်ပေါ်လာချိန်၌ သန်းခေါင်ကျော်နေပြီ ဖြစ်သည်။

ယွိတူးမြို့ကို ဖြတ်သွားသည့် တူးမြောင်းတစ်ခုရှိပြီး အလယ်တွင် နိုးကြားခြင်္သေ့တံတားဟု အမည်ပေးထားသည့် တံတားတစ်ခုရှိ၏။ တံတားပေါ်တွင် အရွယ်အစား အမျိုးမျိုးရှိသည့် ခြင်္သေ့ကိုးဆယ့်ကိုးကောင် ရှိနေသောကြောင့် ဖြစ်သည်။

တံတားသည် အရှည် မီတာနှစ်ဆယ်နီးပါး ကျယ်ဝန်းပြီး ခုံးငါးခုပါရှိသည်။ လှေကြီးများသည် တံတားတွင်းများကို မကြာခဏဖြတ်သန်းလေ့ရှိပြီး အများအားဖြင့် ဟန်ကုွးတောင်ထိပ်မှ လာသော မိုင်းတွင်းသင်္ဘောများနှင့် ခရီးသည်တင် သင်္ဘောများ ဖြစ်သည်။

သူတို့လေးယောက် နိုးကြားခြင်္သေ့တံတားကို ဖြတ်သွားသောအခါတွင် အဒေါ်ရွှယ်သည် အနည်းငယ် ဆာလောင်လာ၏။ ရုတ်တရက် ခေါက်ဆွဲရနံ့ကို ရှူရှိုက်လိုက်မိသည်။ အနံ့ရပြီးနောက် တံတားဦးခေါင်းရှိ မီးရောင်မှိန်မှိန်အောက်တွင် ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။

ခေါက်ဆွဲဆိုင်ရဲ့ အထက်မှာ ချိတ်ဆွဲထားတဲ့ မီးပုံးတစ်ခု ရှိပေမယ့် ထိန်ထိန်လင်းမနေချေ။

ဆိုင်ပိုင်ရှင်များသည် သက်ကြီး ဇနီးမောင်နှံများ ဖြစ်သည်။ ယောက်ျားက မုန့်ညက်ကို ဆုပ်နယ်ဆွဲရင်း၊ အမျိုးသမီးက ဖြူဖွေးနေတဲ့ အခိုးအငွေ့တွေ ထွက်နေတဲ့ ခေါက်ဆွဲပြုတ်ကို မွှေနေသည်။ တစ်ဖက်မှာတော့ မုန့်စိမ်းကို လှောင်အိမ်အ၀တ်နဲ့ အုပ်ထားသည်။

ဆိုင်မှာ ဖောက်သည် နှစ်ယောက်ရှိနေ၏။ တစ်ယောက်က ခေါက်ဆွဲပူပူကို ခပ်ပြင်းပြင်းလေး စားနေသည်။

တခြားသူတစ်ဦးသည် ဝါးဦးထုပ်ကို ဝတ်ဆင်ကာ ငြီးငွေ့စွာ စောင့်ဆိုင်းနေသည်။ လက်တစ်ဖက်တွင် တူချောင်းတစ်ချောင်းကို ကိုင်ဆောင်ကာ၊ ထိုတူချောင်းနှစ်ချောင်းကို ပွတ်တိုက်နေရာ ကျယ်လောင်တဲ့ အသံတစ်သံပင် အသံထွက်နေ​ပြီ။ စောင့်ရတာ နည်းနည်းတော့ စိတ်မရှည် ဖြစ်နေသလိုပင်။

ခေါက်ဆွဲဆိုင်ဘေးမှာ ခွေးတစ်ကောင် လဲနေ၏။ အနက်ရောင်ဖြစ်ပြီး ဆိုင်ပိုင်ရှင်ရဲ့ခွေး ဟုတ်မဟုတ်တော့ မသိပါဘူး။ ဦးခေါင်းကို စက်ဝိုင်းတစ်ဝက် လှည့်ပြီး ပျင်းရိနေဟန်ဖြင့် သူ့လက်နှစ်ဖက်ပေါ် မေးတင်ထားသည်။

ညသန်းခေါင်ယံမှာ တံတားကို ဖြတ်တဲ့သူတွေဟာ မြို့ရဲ့အရှေ့ဘက်ကို အပျော်တမ်းသွားလေ့ရှိသည်။ ညတစ်ဝက်လောက် ကစားပြီးတာနဲ့ သူတို့ ဗိုက်ဆာလို့ အိမ်မပြန်ခင် ဗိုက်ပူအောင် တံတားပေါ်မှာ ခေါက်ဆွဲတစ်ပန်းကန်တော့ စားတတ်ကြသည်။

ယခုအချိန်သည် သန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း ည၏ ဒုတိယပိုင်းသာ ရှိသေးသဖြင့် ခေါက်ဆွဲဆိုင်တွင် လူသိပ်မရှိပေ။

နောက်တစ်နာရီမှာ သေရည် သောက်ပြီး ပြန်လာတဲ့လူတွေက ဒီကို​ရောက်လာပြီတာနဲ့ စီးပွားရေးတွေ တက်လာလိမ့်မည်။ အဒေါ်ရွှယ်ဟာ တစ်နေကုန် အလုပ်များနေခဲ့ရာ ယခုတော့ ဗိုက်ဆာနေသဖြင့် သူမက ပြုံးလျက် ဆိုလိုက်သည်။

"ဗိုက်ဆာနေ​ကြလား... ငါ ဗိုက်ဆာနေပြီ"

မန့်လင်းက ပြုံးပြီး "ကျွန်မလည်း နည်းနည်း ဗိုက်ဆာတယ်"

အဒေါ်ရွှယ်က တစ်နေရာမှာ ဝင်ထိုင်လိုက်ပြီး။

"ဆိုင်ရှင်.. ခေါက်ဆွဲလေး ပန်းကန် မြန်မြန်လေး!"

"ကောင်းပြီ! မင်းတို့ရှေ့မှာ တစ်ပွဲ ရှိသေးတယ်.... ခဏနေဆို ရပါပြီ!"

အဒေါ်ရွှယ်က သိပ်ပြီး မစဉ်းစားလိုက်ချေ။ ဝါးဦးထုပ်ထဲက ဧည့်သည်ကို ကြည့်လိုက်တော့ ဧည့်သည်က လက်ထဲမှာ တူနှစ်စုံ ကိုင်ထားတာ တွေ့လိုက်ရသည်။ သူသည် တူလေးချောင်းကို ကိုင်ကာ အပြန်ပြန်အလှန်လှန် ပွတ်တိုက်နေသည်။

အဒေါ်ရွှယ်လည်း အနည်းငယ် ထိတ်လန့်သွားပြီး မျက်လုံးမှိတ် ခေါင်းငုံ့ကာ ခေါက်ဆွဲစားနေသော အခြားဧည့်သည်ကို ကြည့်လိုက်သည်။ ဧည့်သည်က ခေါင်းငုံ့ပြီး ခေါက်ဆွဲစားနေပေမယ့် ခြေဖဝါးအောက်ကနေသာ ခေါက်ဆွဲသံတွေ ထွက်လာသည်။

သူမ ကြည့်လိုက်တော့ ဧည့်သည်စားနေတဲ့ ခေါက်ဆွဲက သူ့ဗိုက်ထဲက ပြန်ပေါက်ထွက်လာတာကို တွေ့လိုက်ရသည်။ ဒီမြင်ကွင်းက အအေးဓာတ်များကို သူမရဲ့အမြီးရိုးထဲအထိ စိမ့်တက်လာပြီး ဆံပင်တွေကိုပါ ထောင်တက်သွားစေ၏။

"သရဲခြောက်နေတာလား?"

အဒေါ်ရွှယ် ထိတ်လန့်တုန်လှုပ်သွားပြီး မုန့်ဖုတ်နေသော ဆိုင်ပိုင်ရှင်အား တင်းတင်းကျပ်ကျပ် အသွင်အပြင်နှင့် ပုံပျက်ပန်းပျက် ပြုံးနေသည်ကို တွေ့မှသာ အမျိုးသားဘက်ကို ကမန်းကတန်း ကြည့်လိုက်သည်။ ၎င်းက လူသား အသွင်အပြင်နှင့် သရုပ်ဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာသည်။

သူသည် ရုပ်သေးတစ်ရုပ်လည်း ဖြစ်သည့် တစ်ဖက်က ဆိုင်ပိုင်ရှင် အမျိုးသမီးကို အမြန်ကြည့်လိုက်သည်။

"လူပန်ဂိုဏ်းရဲ့ ရန်ရုပ်သေးပညာ... စီးထူဝမ်းရဲ့ ရုပ်သေးတွေက ဘယ်လိုလုပ် ပေါ်လာတာလဲ"

တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိချင်း လှုပ်ရှားမလို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ရုတ်တရက် တခြားစားပွဲက ဧည့်သည်က ထိုင်ခုံပေါ်မှာ ထိုင်နေပုံပေါ်ပေမယ့် ခြေထောက်ကို လှုပ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် လျင်မြန်စွာ ရွေ့လျားသွားပြီး တစ္ဆေတစ်ကောင်လို ခေါက်ဆွဲဆိုင်ရဲ့ စားပွဲကို လှည့်ပတ်သွားခဲ့သည်။

လမ်းလျှောက်သွားပုံက အလွန်ထူးခြားသည်။ ခြေထောက်တစ်ဖက်ကို ငုတ်တုတ်ထိုင်ချလိုက်ပြီး ကျန်ခြေထောက် တစ်ဖက်ကိုတော့ ဒူးထောက်ကာ မြေပြင်ပေါ်တွင် လျှောက်သွားခဲ့သည်။ လမ်းလျှောက်နေတဲ့ ဘဲတစ်ကောင်လို ထင်ရပေမယ့် လှုပ်ရှားမှုတွေက အလွန်မြန်ပြီး သွက်လက်လွန်း၏။ သူမရဲ့စူးရှတဲ့ မျက်လုံးတွေက တစ်ချက် ကြည့်လိုက်ရာ အဲဒီလူက သူတို့ရှိရာ စားပွဲဝိုင်းကို လျှောက်လာနေတာ တွေ့လိုက်ရသည်။

အဒေါ်ရွှယ်ဟာ အန္တရာယ်ကို မြင်လာတာကြောင့် ငြိမ်သက်မနေတော့ချေ။ သူမသည် လူသတ်ချင်လာတဲ့ ရည်ရွယ်ချက်ကို သတိပြုမိသောအခါ ချက်ချင်းပင် သူမရှေ့ကို ပိတ်ဆို့ရန် လက်ကိုလှည့်ကာ ကျင့်ကြံမှုကို ချက်ချင်း အသက်သွင်းခဲ့သည်။

သူမ လက်ဖဝါးက နာကျင်သွားသည်။ ကြည့်လိုက်သော် လက်ဖဝါးကို ဖောက်ပြီး နဖူးထဲသို့ ပေါက်ဝင်လုမတတ် စိုက်ဝင်နေသော သစ်သားတူတစ်ချောင်းကို တွေ့လိုက်ရသည်။

ကြီးမားသော စွမ်းအားက သူမ ခန္ဓာကိုယ်ကို နောက်သို့ ဖိချလိုက်သည်။ အဒေါ်ရွှယ်ဟာ ခွေးခြေပေါ်တွင် ထိုင်နေဆဲ ဖြစ်သော်လည်း သူမခန္ဓာကိုယ်သည် နိုးကြားခြင်္သေ့ တံတားလက်ရန်းများကို ကျိုးသွားကာ ရေထဲသို့ စောင်းကျသွားခဲ့သည်။

တံတားပေါ်က ဆင်းပြီးချိန်မှာတော့ ခြေထောက်တွေကို အပြည့်အဝ ဆန့်လိုက်ပေမယ့် ရေပေါ်မှာ ဆင်းသက်နေပြီ ဖြစ်ပါတယ်။

တူချောင်းများမှ ယူဆောင်လာသော အင်အားသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိကာ တူးမြောင်း၏ မျက်နှာပြင်တစ်လျှောက် နောက်သို့ လျှောကျသွားသည်။ ရေမျက်နှာပြင်က အက်ကွဲသွားပြီး နှင်းဖြူ လှိုင်းလုံးကြီး နှစ်ခု သူမဘက်ခြမ်းသို့ ရိုက်ခတ်လာသည်။

သူမရဲ့ မျက်နှာသည် အနည်းငယ် မှိန်ဖျော့နေ၏။ တူချောင်းမှ ပို့လွှတ်သော စွမ်းအားကြောင့် မန်လင်း၊ ချူချူတို့သုံးဦးကို သေဆုံးသွား​စေကြောင်း သူမ သိလိုက်သည်။

ဤလူသုံးယောက်ရဲ့ ကျင့်ကြံမှု အခြေခံသည် ရွှေအမြုတေ အဆင့်တွင်သာ ရှိကြသည်။ အခြေတည်ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိသွားသည့်တိုင် သူမသည် တူချောင်းများကို မခုခံနိုင်ဘဲ သူမလက်ဖဝါးနှင့် ခေါင်းတစ်လျှောက်လုံးနီးပါး ထိုးဖောက်ခံခဲ့ရသည်။ မန့်လင်းနဲ့ တခြားနှစ်ယောက်က ဒါကို ပိုလို့တောင် သည်းမခံနိုင်ခဲ့။

သူမ နောက်သို့ လျှောကျလာစဉ် ကောင်းကင်အကခုနှစ်ကြိမ်ပြောင်း ကျင့်စဥ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ နတ်ကွန်းတစ်ခုနှင့် နတ်သန္ဓေသားလေး တစ်ကောင်သည် သူမဦးခေါင်းနောက်တွင် ပေါ်လာပြီး အခြေတည်ဝိညာဉ်က နတ်သန္ဓေသား၏ လက်ဖဝါးပေါ်တွင် ကခုန်နေသည်။

တစ်ချိန်တည်းမှာပင် နတ်တန်ခိုးသည် သူမကို ဝန်းရံလာပြီး ကောင်းကင်ဘုံမှ အပျိုစင်ခုနစ်ယောက် ပေါ်ထွက်လာသည်။ သူတို့သည် ကိုးရောင်​ခြယ်အ၀တ်အစားများ ဝတ်ဆင်ထားကြပြီး ကျောပေါ်တွင် တောင်ပံများ၊ အင်္ကျီ လက်ရှည်များနှင့် ဖဲကြိုးများပါရှိသည်။ သူတို့တွေ ကခုန်နေတာက လူသားတွေလို မဟုတ်ဘဲ ကောင်းကင်မှ နတ်ဘုရားမများ ဆင်းလာသကဲ့သို့ပင်။

ဒါပေမဲ့ ပျံသန်းနေတဲ့ ဖဲကြိုးတွေမှာတော့ ကြီးမားတဲ့ စွမ်းအားတွေ ပါလာ၏။

ဖဲကြိုးများ ပျံသန်းလာသောအခါတွင် ကြီးမားသော လှိုင်းလုံးကြီးများက ရေမျက်နှာပြင် တစ်လျှောက် သိသိသာသာ ထိုးတက်လာပြီး မြစ်ကြမ်းပြင်ကိုတောင် တစ်ခါတစ်ရံ မြင်လာရသည်။

လူပန်ဂိုဏ်းက သူမကို ဒီနေရာမှာ ဘာ့ကြောင့် ကြံစည်ချင်နေမှန်း မသိပေမယ့် သူတို့ စပြီးကတည်းက အကြောင်းနဲ့ အကျိုးကို မမေး​နေ​တော့ဘဲ နှလုံးသား တစ်ခုလုံးနဲ့ တိုက်ခိုက်သွားမယ်လို့ ဆုံးဖြတ်ထားလိုက်သည်။

သူမ ကောင်းကင်အကခုနှစ်ကြိမ်ပြောင်း ကျင့်စဥ်ကို အသက်သွင်းနေချိန်တွင် ဝါးဦးထုပ်ပါသော ဧည့်သည်သည်လည်း တံတားပေါ်မှ ခုန်ဆင်းကာ အလွန်လျင်မြန်သော အရှိန်ဖြင့် မြစ်ထဲသို့ ပြေးလာခဲ့သည်။

ဝါးဦးထုပ်ဧည့်သည်ကလည်း သူ၏ ကျင့်စဥ်ကို မြှင့်တင်လိုက်ရာ မြစ်ရေသည် မျက်နှာပြင်မှ ဖြည်းညှင်းစွာ တက်လာကာ တူးမြောင်း၏ တစ်ဖက်တစ်ချက်စီတွင် တောက်ပနေသော လတစ်စင်းလို ရွှေရောင်စက်ဝန်းတစ်ခုကို မြင်လိုက်ရသည်။

အဒေါ်ရွှယ်ရဲ့ နှလုံးခုန်သံများ တဒုန်းဒုန်း ခုန်သွားပြီး သူမ ရင်းနှီးသော ခံစားချက်တစ်ခု ဝင်လာခဲ့သည်။ တံတားပေါ်တွင် တောက်ပနေသော ရွှေရောင်လရောင်ရှိသည်။

ကောင်းကင်ဘုံမှ အပျိုစင် ခုနစ်ယောက်သည် တောက်ပသော လထဲမှ ပျံသန်းထွက်လာပြီး ၎င်းတို့၏ လက်ရှည်များကို လေထဲတွင် တဖျပ်ဖျပ်ခတ်လျက် ဝေ့ယမ်းနေကြသည်။ အားလုံးက ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးများနှယ်။ သူတို့၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းသည် ကောင်းကင်ဘုံသို့ ပြန်တက်ရန် ရည်ရွယ်ချက်ကို ညွှန်ပြနေပုံရသည်။

ကောင်းကင်အက ခုနစ်ကြိမ်ပြောင်း ကျင့်စဥ်ပင်တည်း။

အဒေါ်ရွှယ် အလွန်တုန်လှုပ်သွားပြီး အနည်းငယ်လည်း စိတ်ရှုပ်သွားသည်။ သူမနှင့် ဆန့်ကျင်ဘက်က ဝါးဦးထုပ် ဧည့်သည်က ကောင်းကင်အကခုနှစ်ကြိမ်ပြောင်း ကျင့်စဥ်ကို တတ်မြောက်နေ၏။ ဒီကျင့်စဥ်ကို သခင်လေးက သူမထံ လက်ဆင့်ကမ်းပေးခဲ့တာ ထင်ရှားသည်။

သူမသည် အောင်သွယ်လုပ်သူအဖြစ် ရှီးကျင်း ရှိ သခင်ငယ်၏ သူငယ်ချင်းကို မြင့်မြတ်သော အမျိုးသမီးနှင့် ပေါင်းသင်းရန် ကူညီပေးခဲ့သည်။ သူတို့နှစ်ယောက် ပေါင်းစည်းပြီးနောက် သခင်လေးကို ကြီးကြီးမားမား ပံ့ပိုးပေးခဲ့ရာ သခင်လေးက သူမအား အလွန်သဘောကျသွားသောကြောင့် ဤကျင့်စဥ်ကို သူမထံ လွှဲပြောင်းပေးခဲ့သည်။

ခုနစ်ကွေ့ နှင့် ကောင်းကင်ဘုံ ကခုန်ခြင်းသဖွယ် ကောင်းကင်အကခုနှစ်ကြိမ်ပြောင်း ကျင့်စဥ်သည် နာမ်ဝိညာဉ် တစ်ခုတည်းကို ခွဲခြားရတဲ့ အကျိုးသက်ရောက်မှု ရှိသည်။ လွန်ကဲစွာ လေ့ကျင့်သောအခါ ချီနှင့် သွေးများသည် ခန္ဓာကိုယ်အပြင်ဘက်ရှိ ကောင်းကင်ဘုံမှ အပျိုခုနစ်ယောက်တို့၏ မြင်ကွင်းကို ဖန်တီးကာ အားနည်းသူများကို အနိုင်ယူ၍ သန်မာသူများကို တိုက်နိုင်သည့် ကောင်းကင်ဖွဲ့စည်းပုံအဖြစ် ဖန်တီးရန် ဝိညာဉ်များနှင့် ပေါင်းစပ်သွားမည်ဖြစ်သည်။

သခင်လေးက ကျင့်စဥ်အား သူမထံ အပ်နှင်းခဲ့စဥ်က ဤကျင့်စဥ်ဟာ မပြည့်စုံ​သေးသော်လည်း ကမ္ဘာပေါ်တွင် ရှားပါးဆန်းကြယ်သော ကျင့်စဥ်တစ်ခု ဖြစ်နေပြီဖြစ်ပြီး မိသားစုဆယ့်သုံးစု၏ ဘိုးဘွားများရဲ့ ကျင့်စဥ်များထက် များစွာ အားမနည်းဘူးဟု ဆိုခဲ့သည်။

ထို့အပြင် သခင်လေးသည် ဤကျင့်စဥ်ကို ပြီးမြောက်အောင် ကြိုးစားခဲ့သည်။ တကယ့် ကောင်းကင်အကလောက် မကောင်းပေမယ့် လောကမှာ မရှိတော့ဘူး။ သူမ ရရှိသောအရာသည် စစ်မှန်သော လျှို့ဝှက်ချက်သာ။

ယခုတော့ အဒေါ်ရွှယ်သည် ကောင်းကင်အကကို တက်မြောက်နေသည့် တစ်ဖက်လူကို ရုတ်တရက် မြင်လိုက်ရချိန်၌ သူမ စိတ်ထဲတွင် ကမောက်ကမ ဖြစ်သွားခဲ့သည်။ သူမရဲ့စွမ်ရည်က တစ်ဖက်လူထက်တောင် များစွာ ယုတ်ညံ့နေသေးသည်။

သူမရဲ့ ကိုယ်ပိုင်သွေးနှင့် စွမ်းအင်မှ အသွင်ပြောင်းသော ကောင်းကင်အပျိုစင် ခုနစ်ယောက်တို့သည် ယန်းကျစ်လမ်းကြားက ရွေးချယ်ထားသော ပြည့်တန်ဆာများကဲ့သို့ပင်။ တစ်ဖက်လူရဲ့ ကောင်းကင်ဘုံမှ အပျိုစင် ခုနစ်ယောက်တို့သည် တကယ့်ကောင်းကင်မှ သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးများဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လူနှစ်ယောက် ခေါင်းချင်းဆိုင် တိုက်မိသွားကြသည်။

လရောင်အောက်က မြစ်ရေပြင်ပေါ်မှာတော့ နတ်သမီးလေးတွေက လွင့်မျောနေ၏။ ​​နတ်သမီးလေးတွေရဲ့ ဖွဲ့ကျဲကျဲနဲ့ လွင့်နေသော ကိုးရောင်ခြယ် အဝတ်အစားတွေက ပြိုးပြိုးပြက်ပြက် ဖဲကြိုးတွေနဲ့အတူ အသွားအပြန် လွင့်နေ၏။ လူသတ်နေသည့် အသွင်ဆောင်သော်လည်း လှပမှုအပြည့် ရှိသည်။

ကောင်းကင်အကရဲ့ စွမ်းဆောင်မှုကြောင့် တူးမြောင်း၏ ရေမျက်နှာပြင်က တဖြည်းဖြည်းချင်း မြင့်တက်လာသည်။

မြစ်ရေ တက်လာသောအခါ မြစ်ကြမ်းပြင်အထက် ဆယ်ပေကျော်အထိ မြင့်လာသည်။ အနှီရေများသာ တစ်ဖက်ကို ပြိုကျလာခဲ့ရင် မြစ်ကမ်းနားက အိမ်တွေ မြစ်ရေထဲ နစ်မြုပ်သွားမှာ ကြောက်ရပေ၏။ ယခုအခိုက်တွင် ပေပေါင်း ဒါဇင်နဲ့ချီတဲ့ မြစ်ကြမ်းပြင်ကို ဖော်ထုတ်နိုင်ခဲ့ပြီး မြစ်အောက်ခြေမှာ နစ်မြုပ်နေခဲ့တဲ့ သင်္ဘောတွေနဲ့ ကူကယ်ရာမဲ့ ငါးတချို့ မြစ်ကြမ်းပြင်ပေါ် ခုန်တက်နေတာ တွေ့ရ​လေသည်။

ဘယ်လောက်တောင် အစွမ်းထက်သလဲ တွေးကြည့်နိုင်ပါသည်။

ဒါပေမဲ့ ဒီထိပ်တိုက် ထိတွေ့မှုတွေက မြန်မြန်ဆန်ဆန် ပေါ်ထွက်လာခဲ့သည်။

ပြိုင်ဘက်ရဲ့ လေ့ကျင့်မှုဟာ အလွန်ပြင်းထန်ပြီး သူ့ရဲ့ လှုပ်ရှားမှုတွေက သူမထက် အဆပေါင်းများစွာ ပိုဆန်းကြယ်ပေမယ့် မှော်အစွမ်းက သူမထက် အဆပေါင်းများစွာ နိမ့်​နေသေးတာကိုတော့ အဒေါ်ရွှယ်က သဘောပေါက်ပါသည်။ သူမသည် မှော်စွမ်းအား အားသာချက်ကို အားကိုးပြီး ပြိုင်ဘက်ကို သတ်ပစ်ဖို့အတွက် သူမရဲ့ အခြေတည်ဝိညာဉ်ကို စတေးတော့မည် ဖြစ်သော်လည်း တစ်ဖက်ခြမ်းရှိ ကောင်းကင်မိန်းမပျို ခုနစ်ယောက် ပေါင်းစည်းသွားကာ သူမရဲ့ နဖူးဆီကို လက်ညိုးထိုးညွှန်လာသည်။

သူမလည်း ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူမရဲ့ အခြေတည်ဝိညာဥ်ကို တိုက်တွန်းခဲ့သည်။ အခြေတည်ဝိညာဥ်က နတ်ဘုရားမကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ခဲ့သည်။

အဒေါ်ရွှယ် : "မင်းရဲ့ အရည်အချင်းက ငါ့ထက် ပိုပြီး ဆန်းပြားနေရင်တောင် မင်း ငါ့လောက် အဆင့်မမြင့်သေးပါဘူး"

သို့သော် နတ်ဘုရားမ ပျောက်ကွယ်သွားသည့်အခိုက်တွင် ဝါးဦးထုပ် ဧည့်သည်ရဲ့ လက်ဖဝါးက သူမရဲ့ အခြေတည်ဝိညာဉ်ကို နှုတ်ဆက်လိုက်​လေသည်။

ဝါးဦးထုပ် ဧည့်သည်သည် သူ့​လက်မ၏ ပထမအဆစ်ကို လက်ခလယ်နှင့် ညာလက်သူကြွယ်ဖြင့် ညှပ်ကာ လက်ညိုးကို မြှောက်ထားသည်။ ဤကိုယ်ဟန်အနေအထားသည် မြောက်ဧကရာဇ်စည်းတံဆိပ် ဖြစ်ကာ ကမ္ဘာပေါ်ရှိ ယန်မိုးခြိမ်းသံ အားလုံးကို ဆွဲဆောင်နိုင်၏။ မိုးကြိုးတွေကို သူ့​လက်ဖဝါးထဲတွင် ဝှက်ထားကာ နတ်ဘုရား ကမ္ဘာသို့ ကြွလာသလိုပင်။

အဒေါ်ရွှယ်ရဲ့ အခြေတည်ဝိညာဥ်ဟာ တစ်ပေခန့်မြင့်ပြီး ပြိုင်ဘက်၏ မိုးကြိုးငါးလုံး စွမ်းအင်တွေထဲ ပြုတ်ကျသွားသည်။ ဤစည်းတံဆိပ်ကြောင့် ကောင်းကင်၊ မြေကြီး၊ ရေ၊ နဂါးနှင့် မိုးခြိမ်းသံ ငါးခုတို့ ပေါက်ကွဲသွားသည်။ ယန်မိုးခြိမ်းသံငါးမျိုး၏ မိုးခြိမ်းသံများသည် ကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ကာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အဒေါ်ရွှယ်ရဲ့ အခြေတည်ဝိညာဥ်ရဲ့ အဝတ်အစားတွေ အားလုံး စုတ်ပြဲနေပြီး သူမရဲ့ ခန္ဓာကိုယ် တစ်ဝက်လောက် ကျိုးသွား၏။ မထိန်းနိုင်ဘဲ ပါးစပ်မှ သွေးများ ထွက်လာပြီး အသက်ရှုအားလည်း အားနည်းလာသည်။

ဝါးဦးထုပ်ဧည့်သည်သည် သူ့လက်ညှိုးကို ရှေ့သို့ ဆက်ထိုးလိုက်ရာ ရေဓားတစ်စင်းသည် အဒေါ်ရွှယ်နဖူးကို ဖောက်ထွက်ကာ မြစ်ရေပြင်အား စူးစူးဝါးဝါး ထိုးဖောက်သွားသည်။ ရေဓားဟာ ပေတစ်ရာကျော် အထိ ပျံသွားပြီးမှ ပျောက်သွားသည်။

ဆယ်ပေကျော် တက်လာတဲ့ ရေတွေက ထိန်းမနိုင်သိမ်းမရဖြစ်ပြီး နှစ်ဖက်စလုံးက အိမ်တွေ နစ်မြုပ်တော့မည်။ ဝါးဦးထုပ် ဧည့်သည်သည် ဓားနှင့်တူသော လက်ချောင်းများကို လေထဲ၌ ထပ်ခါထပ်ခါ ထိုးညွှန်ပြ​နေသည်။ အဆောင်စာလုံးများက ရေပြင်မှာ ရွှေရောင် အလင်းတန်းတွေဖြင့် တောက်လောင်လာပြီး မြစ်ရေပြင်ကို တားဆီးထားလိုက်ရာ ချက်ချင်းပင် မြစ်ရေကျသွားပြီး မြစ်မျက်နှာပြင်သည် မှန်မျက်နှာပြင်ကဲ့သို့ ချောမွေ့လာသည်။

တူးမြောင်း၏ အထက်ပိုင်းနှင့် အောက်ရေမျက်နှာပြင်သည် လှိုင်းလုံးများမရှိဘဲ အလွန်ငြိမ်သက်နေပါပြီ။ ရေထဲမှာ ငါးတွေ တလိမ့်လိမ့်ကျလာသည်။ ယခုအချိန်တွင် ရေသည် ရုတ်တရက် အလွန်ငြိမ်သက်သွားပြန်ရာ ၎င်းတို့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေပြီး စိတ်ရှုပ်ထွေးသွားစေသည်။

ရေပေါ်၌ တစ်ခုတည်းသော လှုပ်ရှားမှုမှာ ပြုတ်ကျနေသော အဒေါ်ရွှယ်ရဲ့ ခန္ဓာကိုယ်ပဲဖြစ်သည်။ ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ဟာ မြစ်ထဲကို ပြုတ်ကျသွားပြီးတာနဲ့ အဆောင်လက်ဖွဲ့ တစ်ခုရဲ့ သက်ရောက်မှုအောက်မှာ မြစ်ထဲကို ဖြည်းညှင်းစွာ နစ်မြုပ်သွားပြီး နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားခဲ့ပါ၏။

ထိုအချိန်တွင် ဝါးဦးထုပ် ဧည့်သည်သည် ခြင်္သေ့အကတံတားပေါ်သို့ တက်လှမ်းနေပြီ ဖြစ်သည်။ ခေါက်ဆွဲဆိုင်ပိုင်ရှင်က ခေါက်ဆွဲကို အိုးထဲက ဆယ်ထည့်ပေးပြီးပြီ။ အိမ်ရှင်မက စားပွဲပေါ်ကို ယူလာပေးလေသည်။

ဧည့်သည်က ထိုင်ချလိုက်ပြီး တူအိုးထဲက တူချောင်းတစ်ချောင်းကို ထုတ်ယူပြီး ခေါက်ဆွဲ ပူနေတဲ့အချိန်မှာပဲ စားလိုက်တော့သည်။ အရသာက အရမ်းချိုပေ၏။

ရုပ်သေး ဧည့်သည်တစ်ဦးသည် မန့်လင်းတို့ အမျိုးသမီး သုံးဦး၏ အလောင်းများကို ဆွဲယူကာ တံတားအောက်တွင် ပစ်ချခဲ့လိုက်သည်။ ထို့နောက် တံတားမျက်နှာပြင်ပေါ်ရှိ သွေးစွန်းများကို ဆေးကြောသန့်စင်ရန် ရေပုံးတစ်ပုံးကို သယ်သွားခဲ့သည်။

ခေါက်ဆွဲတစ်ပန်းကန် အဆင်သင့်ဖြစ်ပါပြီ။ ရုပ်သေး ဆိုင်ပိုင်ရှင်က ပန်းကန်ကို ကောက်ယူပြီး အရိပ်ထဲမှ ခွေးရှေ့မှာ ထားလိုက်ပါသည်။

"အဲ့နားမှာ မထားခဲ့နဲ့... မြေကြီးပေါ် ချလိုက်ရင် ဟေးကော်က မစားဘူး..."

ဧည့်သည်က သူ့ရဲ့ ဝါးဦးထုပ်ကို ချွတ်ပြီး သူ့ရဲ့ ရိုးသားတဲ့ မျက်နှာကို ထုတ်ဖော်ပြလိုက်သည်။

"လူကြီးမင်းစီးထူ... ကျေးဇူးပြုပြီး ပန်းကန်ကို စားပွဲပေါ် တင်ပေးပါ နောက်ပြီး အသားပိုထည့်ပေးဦး ဟေးကော်က အသားစားရတာ ကြိုက်ပေမယ့် ခေါက်ဆွဲ သိပ်မစားဘူး"

ရန်ရုပ်သေး ဆိုင်ပိုင်ရှင်က အံ့အားသင့်သွားပြီး "ဒီခွေးက တော်တော်ဒုက္ခပေးတာပဲ" လို့ ဆိုလိုက်သည်။

အရိပ်ထဲက ခွေးက သူ့ကို လှမ်းကြည့်ပေမယ့် ရန်ရုပ်သေးကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ နောက်ဆုံးတွင်တော့ သူ၏ ခန္ဓာကိုယ်အစစ်အမှန်သည် ဤနေရာတွင် မရှိခဲ့တာကြောင့် ခန္ဓာအစစ်အမှန်၏ တွေးခေါ်မှုကို လွှမ်းမိုးရန် ခက်ခဲလေသည်။

သို့သော် လူကြီးမင်းရုပ်သေးသည် ဖောက်သည်၏ ညွှန်ကြားချက်ကို လိုက်နာဆဲဖြစ်ပြီး ပန်းကန်လုံးကို ကောက်ယူကာ စားပွဲပေါ်တင်ပေးလိုက်သည်။ နောက်ထပ် အမဲသားကိုလည်း ထပ်ထည့်ကာ ပွစိပွစိ ပြောလိုက်သည်။

"ဒီအမဲသား ကျင်နည်းနည်းနဲ့ဆို ဒီဆိုင်က ခေါက်ဆွဲ ပန်းကန်တစ်ရာလောက် ရောင်းနိုင်နေပြီ!"

"ကောင်းပြီ... ကျွန်တော်ကပဲ ပိုက်ဆံပေးပါ့မယ်...မြန်မြန်စားပါ ဗိုက်ပြည့်ပြီးရင် ပျော်ရွှင်သစ်တောကို သွားလို့ရပြီ!"

မြန်မြန်စားပြီးနောက် တံတားပေါ်က ဆင်းပြီး ခရီးဆက်လိုက်ကြသည်။ ဘာသဲလွန်စမှ မကျန်တော့ဘဲ တံတားမျက်နှာပြင်ကို သန့်စင်သွားခဲ့သည်။

ချန်ရှီမှာ ဗိုက်ပြည့်နေပြီး သူ့တစ်ကိုယ်လုံး ပူထူလာသည်။ သူသည် ရန်ရုပ်သေးနောက်ကနေ မြောက်ဘက်ရှိ ပျော်ရွှင်သစ်တောသို့ လိုက်ပါသွားခဲ့သည်။ ပျော်ရွှင်သစ်တောက တောက်ပြောင်ပြီး စည်ကားနေ၏။ စာပေ ပညာရှင် အများအပြားသည် သစ်တောထဲတွင် ခြေလှမ်းသုံးလှမ်း သို့မဟုတ် ငါးလှမ်းတိုင်းတွင်ပင် ရပ်နေကြသည်။ ဦးခေါင်းနောက်ဘက်တွင် နတ်ကွန်းများကို ထုတ်ထားကြကာ နေ့ဘက်ထဲ ရောက်နေသလိုမျိုး တောက်ပစေသည်။

တင့်တင့်တယ်တယ် ၀တ်စားထားသော ဤပညာရှင်တို့သည် ပျော်ရွှင်သစ်တောက ငှားရမ်းထားသော မြို့ကစာသင်သားနှင့် လူရမ်းကားများသာ ဖြစ်သည်။

ဖိုင်ကျို၊ ​​အန်စာတုံး၊ မာကျောက်နဲ့ အရွက်ကတ်များသည် လူကြိုက်အများဆုံး လောင်းကစားများဖြစ်သည်။

လောင်းကစား စားပွဲတစ်ခုစီတွင် လက်ခြောက်ချောင်းပါသော ရင်ဘတ်ဗလာနှင့် ဒိုင်တစ်ဦးသည် တွန့်လိမ်နေသော အန်စာတုံးခွက်များကို ကိုင်ဆောင်ထား​ကြသည်။ ပတ်ဝန်းကျင်တွင်လည်း လောင်းကစားသမားများက ကျယ်လောင်စွာ အော်ငေါက်နေကြပြီး လေထုသည် အလွန်မိုက်မဲနေသည်။

ချန်ရှီ သေသေချာချာ ကြည့်လိုက်ရာ လောင်းကစားဒိုင်သည် လူပုံစံရှိသော်လည်း သူ့ဝိညာဉ်သည် ခေါင်းပေါ်တွင် အစိမ်းရောင် နှံကောင်ခေါင်း ဖြစ်နေတာ တွေ့လိုက်ရသည်။ သူသည် သာမာန်လူထက် ဦးခေါင်းနှစ်လုံး သုံးလုံးလောက် ပိုမြင့်ပြီး မျက်လုံးများက နှံကောင်မျက်လုံးများ ဖြစ်သည်။ သူသည် ရောင်စုံလူသားအဝတ်အစားများကို ၀တ်ဆင်ထား၏။ လက်ခြောက်ချောင်းက နှံကောင်လက်များဖြစ်ပြီး အလွန်ကျွမ်းကျင်စွာ တဝဲလည်လည် ဖြစ်နေသည်။

သူ့စိတ်တွေ ရုတ်တရက် တက်ကြွလာသည်။

"တုရှန်းရှိုက လူသားဖြစ်ရမယ်လို့ ဘယ်သူပြောတာလဲ....သူက လူသားမဟုတ်ဘူး... သူ့ရဲ့ အသံတိတ်နတ်ပြောင်းကျင့်စဥ် ဘယ်လိုပုံစံ​ဖြစ်မလဲ"

All Chapters