သစ္စာဖောက် ... ။
Vol. 15 Ch. 169
အနောက်တောင်ထိပ်တွင် ထင်းရှူးပင်များစွာသည် တိမ်ပင်လယ်အထိ ထိုးဖောက်ဝင်ရောက်နေ၏။
မနက်အစောပိုင်း ဖြစ်သဖြင့် တောင်တန်းကြီးတစ်ခုလုံး မှောင်နေသော်လည်း တောင်ခြေ၌ လူအများဖြင့် စည်ကားနေသည်။
ယနေ့ လက်ဖက်ရည်သောက်ပွဲနှင့် ပတ်သက်သည့် သတင်းများသည် မြို့တော်သို့ ပျံ့နှံ့နေပြီဖြစ်သဖြင့် မည်သူမဆို စိတ်ဝင်တစား စောင့်ကြည့်လို၏။
ဤသည်မှာ ပြည်နယ်သခင် ရာထူးကို အခြေပြုကာ ဒုတိယမင်းသားနှင့် ဆဋ္ဌမမင်းသား တို့ကြား ပြိုင်ဆိုင်မှုပေပင်။
မဟာကျိုး၌ ပြည်နယ်ခြောက်ခုရှိပြီး ပြည်နယ်သခင်တစ်ပါးသည် နိုင်ငံရေးဩဇာ သက်ရောက်မှုပေးနိုင်၏။
တောင်ထိပ်သို့သွားသော တောင်တက်လမ်း အဝင်ဝကို မြို့စောင့်တပ် အနီရောင် သံချပ်ကာ တပ်ရင်းမှ တပ်စွဲကာကွယ်ပေးထားသည်။
ထိုတာဝန်ကို ထမ်းဆောင်နေသူမှာ တပ်မှူးငယ် ယွမ်လောယွီ ဖြစ်ချေ၏။ ထိုစဉ် ရထားလုံးများနှင့် မြင်းတစ်အုပ် ရောက်ရှိလာသည်။
ရထားလုံးပေါ်မှ စုရီနှင့်ချာကျင် ဆင်းလာသည်ကို မြင်ပြီးနောက် ယွမ်လောယွီ တစ်ယောက် ပြုံးရွှင်သွား၏။
“ မင်းအချိန်ရရင် ... တိမ်ပင်လယ် စံအိမ်ကို လာခဲ့ ငါတို့အတူ သောက်ရအောင်။ ”
“ ဟုတ်ကဲ့ အစ်ကိုစု။ ”
စုရီက ယွမ်လောယွီကို မြင်ပြီး နှုတ်ဆက်လိုက်လေသည်။ ဤမြင်ကွင်းသည် သူ့ပတ်ဝန်းကျင်ရှိ စစ်သားငယ်များကို စိတ်ဝင်စားလာစေ၏။
ယွမ်လောယွီသည် တာဝန်ချိန် ဖြစ်နေသောကြောင့် ပြုံးလျက် ထိုမျှနှင့် နှုတ်ဆက်ပွဲ ပြီးဆုံးသွားသည်။
“ သူက ဘယ်သူလဲ ... ။ ”
လူအုပ်ကြီးက စုရီနှင့် ချာကျင်ကို စိတ်ဝင်စားသွား၏။ ၎င်းတို့ အနက်မှ အချို့သည် ဒုတိယတန်းစား အင်အားစုများ ဖြစ်သည်။
သူတို့သည် မုကျန်းတုံ၊ကျန်းတျန်းဟီနှင့် ရွယ်လင်ယွီတို့ကို သိသော်လည်း ဤလူငယ်ကို မသိချေ။
“ သူပဲ ... ။ ”
လူအုပ်အတွင်းရှိ ရွှေကျောက်တုံးခန်းမ တာဝန်ခံအမျိုးသမီးသည်သာလျှင် မျက်ဝန်းများ တောက်ပသွားသည်။ သူမဘေးရှိ အစေခံအဖိုးကြီးက၊
“ မိန်းကလေး ... ဒီကောင်လေးကို သိလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဦးလေးရင် မင်းမှတ်မိဦးမလား ... ၊ တစ်စုံတစ်ယောက်က ... တတိယမင်းသားရဲ့ မဟာသခင်သုံးပါးကို သတ်ပြီး လက်နက်တွေ လာရောင်းခဲ့တာ ... ။ ”
“ ဟမ့် ... မင်းပြောချင်တာက အခု ဆဋ္ဌမမင်းသားလေးနဲ့အတူ လိုက်ပါလာတဲ့ လူငယ်လေးလား ... ။ ”
“ မှန်တယ် ... သူ့နာမည်က စုရီပဲ၊ ဆဋ္ဌမမင်းသားက သူ့အတွက်နဲ့ ယွီမိသားစုကို ငြင်းပယ်လိုက်တယ် ကြားတယ်။ ”
“ အိုး ... စိတ်ဝင်စားစရာပဲ။ ”
အဖိုးအိုမျက်ဝန်းများ တောက်ပလာ၏။ ရွှေကျောက်တုံးခန်းမ သခင် အမျိုးသမီးမှလည်း ခေါင်းညိတ်လျက်၊
“ ဒီနေ့ ရေနွေးကြမ်းသောက်ပွဲက ... တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းလာပြီ။ ”
-ဟု ထောက်ခံလိုက်တော့၏။
ဒုတိယမင်းသားထံမှ အကူအညီအဖြစ် မဟာသခင်အဆင့် သတ်မှတ်ချက်ထံမှ လူအချို့ ပေးပို့လာသည်ကို သူမ သတင်း ရထားလေသည်။
***
တောင်ထိပ်ပေါ်တွင် စားပွဲတစ်လုံးကို ဗဟိုပြုလျက် အဖွဲ့တစ်ဖွဲ့သည် တစ်ဖက်ခြမ်း၌ နေရာယူထားကြသည်။ ၎င်းတို့ မျက်နှာချင်းဆိုင် ထိုင်ခုံများသည် လပ်နေဆဲဖြစ်၏။
ဤသည်မှာ အင်ပါယာပြည်နယ်၏ အဓိကအင်အားစု ခေါင်းဆောင်များ ဖြစ်သည်။ ထိုင်ခုံဗဟိုတွင် ပြည်နယ်သခင် ရှန့်တျန်းချွယ်၊ ကျောက်ပိုင်၊ ကျန်းလင်ယွီနှင့် ယွီပိုင်တျန်တို့ ထိုင်နေသည်။
သူတို့ဘေးတွင် လေနှင့်မီးပုံစံများ ရေးထိုးထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသော ဆံပင်ဖြူ အဖိုးအိုတစ်ဦးရှိ၏။
ထိုအဘိုးအိုဘေးတွင် ငှက်မွှေးယပ်တောင် ကိုင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးထိုင်သည်။
ဤပုဂ္ဂိုလ်နှစ်ဦးသည် ရှန့်တျန်းချွယ် ဖိတ်ခေါ်ထားသော အကူအညီပေးမည့် သူများ ဖြစ်၏။
“ ဆဋ္ဌမမင်းသား ရောက်ရှိလာပါပြီ။ ”
အစောင့်တပ်သားတစ်ယောက်၏ သတင်းပို့သံသည် တိမ်ပင်လယ်အတွင်း ပဲ့တင် ထပ်လာလေသည်။
များမကြာခင် ခြေသံများ ကြားလာပြီး ကျိုးကျစ်လီ ဦးဆောင်သောအဖွဲ့ တောင်ပေါ် ရောက်ရှိလာ၏။
“ ဆဋ္ဌမင်းသား ကျေးဇူးပြုပြီး ထိုင်ပါ။ ”
ရှန့်တျန်ချွယ်မှ ပြုံးလျက် မတ်တပ်ထရပ်ကာ ဖိတ်ခေါ်လိုက်သည်။
“ မင်းတို့စောင့်နေရတာ ပင်ပန်းသွားပြီ တိမ်လွှာ သူရဲကောင်း ဘယ်မှာလဲ။ ”
တောင်ခြေရင်း၌ အနီရောင် သံချပ်ကာ တပ်ရင်းကို မြင်ခဲ့သဖြင့် ကျိုးကျစ်လီမှ မေးမြန်း မိခြင်း ဖြစ်၏။ ရှန့်တျန်းချွယ်မှ ပြုံးသည်။
“ တိမ်လွှာသူရဲကောင်းက ... ကောင်းကင် မူလအကယ်ဒမီမှာ သူ့ သူငယ်ချင်းတစ်ယောက် ရှိလို့သွားပါတယ် ... ဒီနေ့ပွဲကို ပါဝင်ဖို့အစီစဉ် မရှိပါဘူး။ ”
ကျိုးကျစ်လီတစ်ယောက် ခေါင်းညိတ်ပြီး ဝင်ထိုင်လိုက်သည်။ ချန်ကွာခယ်က တစ်ဖက်မှ အဖိုးအိုထံ ကြည့်ကာ၊
“ စီနီယာအစ်ကိုခုံ၊ ဒီမှာ ဘာလုပ်နေတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ဆံပင်ဖြူအဘိုးအိုက ပြုံးသည်။
“ ဂျူနီယာ ညီလေးချန် ... ၊ ဂျူနီယာ ညီမလေးချင်ကျင်း ငါအမိန့်အတိုင်း ရောက်လာ တာပါ။ ”
အဖိုးအို၏ အဖြေကြောင့် ချန်ကွာခယ်နှင့် ချင်ကျင်းမှ တစ်ယောက်ကို တစ်ယောက် ပြန်၍ ကြည့်လိုက်မိကြသည်။ သတိပေး ခေါင်းလောင်း သံများ မြည်လာ၏။
ဤအဖိုးအိုကို ခုံရှန်ကျင်းဟုခေါ်ဆိုပြီး လျှို့ဝှက်နဂါးဓားဂိုဏ်းကြီး၏ ပြင်ပအကြီးအကဲ ဖြစ်သည်။
ဒုဂိုဏ်းချုပ်၏ နောက်လိုက်တစ်ဦးဖြစ်၏။ ဒုဂိုဏ်းချုပ်သည် တတိယမင်းသားငယ်၏ ဆရာ ဖြစ်သည်။
“ ကောင်းလိုက်တာ ... ။ ”
“ ဟား ဟား ဟား ... ။ ”
ကျိုးကျစ်လီမှ မျက်ခုံးပင့်ကာ မှတ်ချက်ပေးလိုက်သဖြင့် ရှန့်တျန်းချွယ်က ရယ်၏။
“ ဆဌမမင်းသား ... ဒါကို သေချာပေါက် ငါလုပ်တာ မဟုတ်ပါဘူး ငါ့မှာ ဒီလိုမျိုးသြဇာမျိုး မရှိပါဘူး။ ”
ထို့နောက် လူအုပ်ထံ လှည့်ကြည့်ကာ၊
“ အားလုံးပဲ ... ဒီအကြီးအကဲက လျှို့ဝှက်နဂါးဂိုဏ်းရဲ့ ခုံရှန့်ကျင်းပါ တတိယ အဆင့် မဟာသခင်။ ”
ယွီပိုင်တျန်တစ်ယောက် မျက်ဝန်းများ မှေးစင်းသွားသည်။ ဤအဖိုးအို၏ မူလအပေါ် မသိခဲ့သော်လည်း အဆင့်မြင့်မားနိုင်မည်ကို ခန့်မှန်းထားပြီးဖြစ်၏။
ယနေ့သည် ရေနွေးကြမ်းသောက်ပွဲမျှသာ ဖြစ်သော်လည်း မဟာကျိုး၏ မြင့်မြတ်မြေထံမှ ကျွမ်းကျင်သူများ ပါဝင်လာချေပြီ။
ချင်ကျင်း၊ ချန်ကွာခယ်၊ မုကျန်းတုံနှင့် ကျန်းတျန်ဟီမှ ကျိုးကျစ်လီဘေး၌ ဝင်ထိုင်၏။ စုရီသာလျှင် တောင်ထိပ် ရှုခင်းများထံလှည့်၍ ကြည့်ရှုလိုက်ပြီး တောင်စောင်းတစ်နေရာရှိ ထင်ရှူးပင်အောက်၌ ရပ်လေသည်။
“ အဲဒီမှာ ခုံခင်းလိုက် ... ။ ”
ချာကျင်မှ သူ ပြောသည့်အတိုင်း စားပွဲခုံငယ်နှင့် ကြိမ်ကုလားထိုင်ကို ခင်းကျင်း ပေးသည်။ တစ်ဆက်တည်းမှာပင် စားစရာ အချို့နှင့် ရေနွေးကြမ်းအိုး ပြင်လိုက်၏။
စုရီက ကြိမ်ကုလားထိုင်ကို ကျောမီချကာ တိမ်ပင်လယ်ကြီးထံ ငေးကြည့်သည်။ အမှန်ပင် မြင်ကွင်းကောင်းပေပင်။
ရေနွေးကြမ်းသောက်ပွဲရှိ လူအုပ်မှ ထူးဆန်းစွာ လှမ်းကြည့်နေကြသော်လည်း စုရီမှ လျစ်လျူရှုထား၏။ ဤသည်မှာ ရန်ပွဲတစ်ပွဲ မျှသာဖြစ်သည်။ တိမ်ပင်လယ်ကဲ့သို့ ကြည်နူးဖွယ် မရှိချေ။
ထိုမြင်ကွင်းက ရှန့်တျန်းချွယ်နှင့် အဖွဲ့သားများကို မျက်မှောင်ကြုတ်စေသည်။ တစ်ဖက်တွင် ကျိုးကျစ်လီအတွက် အနည်းငယ် စိတ်သက်ရာ ရသွား၏။
အစ်ကိုစု၏ မောက်မာလွန်းသော ဤအမူအရာမျိုးသည် တစ်ခါတစ်ရံတွင် သူ့ကို ယုံကြည်မှု ပေးစွမ်းလေသည်။
“ ဆဋ္ဌမမင်းသား ... သူက သခင်လေးစု ဖြစ်နိုင်မလား။ ”
ရှန်တျန်းချွယ်မှ ပြုံးပြီး စူးစမ်းလိုက်သည်။ ကျိုးကျစ်လီက ခေါင်းညိတ်ပြ၏။ ထိုတုန့်ပြန်မှု ရသည်နှင့် ရှန့်တျန်းချွယ်တစ်ယောက် သက်ပြင်းချလိုက်သည်။
“ တစ်ကယ်ကို ပေါ့ပေါ့ပါးပါးရှိတာပဲ ... လူငယ်ဆိုတာဘာလဲ သခင်လေးစုက အသက် အရွယ်နဲ့ တကယ့်ကို ကွာခြားပါပေတယ်။ ”
“ ဒါက မင်းတို့ ကိစ္စမဟုတ်ပါဘူး ငါရောက်ပြီဆိုတော့ စလိုက်ရအောင်။ ”
“ ဟားဟားဟား ... ဆဋ္ဌမမင်းသား ငါလည်း ဒီစကားကို စောင့်နေတာ။ ”
ထို့နောက် ရှန့်တျန်းချွယ်မှ သူ့ဘေးရှိ မျှော်လင့်ခြင်း စီရင်စုသခင် ကျန်းလင်ယွီထံသို့ ညွှန်ပြလိုက်ပြီး၊
“ အရှင်မင်းသား ... သူက ငါတို့ ရွေးချယ်ထားတဲ့ ပြည်နယ်သခင် အသစ်ပါ မင်း သဘောတူနိုင်သရွေ့ ... ဒီနေ့ပွဲဟာ ပျော်ရွှင်ဖွယ် ပြီးဆုံးမှာပါ။ ”
“ ဟမ့် ... ခမည်းတော် ဧကရာဇ်ရဲ့ အမိန့်အတိုင်း ပြည်နယ်သခင်ကို ခန့်အပ်ပေးဖို့ ငါလာခဲ့တာ ... ဒီကိစ္စကို မင်းလိုလူက ဘယ်လိုများ ဆုံးဖြတ်နိုင်မှာလဲ။ ”
“ ဟား ဟား ဟား ... ဒါပေမယ့် ငါ့အသိဥာဏ်အရတော့ ဧကရာဇ်မင်းမြတ်က ဒုတိယမင်းသားကို သင့်တော်တဲ့သူရှိရင် ရာထူးအတွက် ယှဉ်ပြိုင်ဖို့ အကြံပြုနိုင်တယ်လို့ မိန့်ထားပါတယ် ...
... ဒါကြောင့် ကျန်းလင်ယွီဆိုတာ ဒုတိယမင်းသား ရွေးချယ်ထားတဲ့ ပြည်နယ် သခင်တစ်ယောက်ပဲ အတွေ့အကြုံရှိပြီး ...
... အုပ်ချုပ်ရေး ဗျူဟာတွေကို ကျွမ်းကျင်တယ်၊ သူထက် ဘယ်သူမှ ဒီရာထူးနဲ့ ပိုသင့်လျော်မှာ မဟုတ်ပါဘူး။ ”
“ ငါ့အမြင်အရတော့ မုကျန်းတုံပဲ ... ။ ”
ကျိုးကျစ်လီမှ အေးစက်စွာ ငြင်းဆန်လိုက်၏။ စုရီက အစာပြေစာများ စားလျက် ရေနွေးကြမ်းကို သောက်ကာ မှိန်းနေခဲ့သည်။ ပျင်းစရာပေပင်။
ရှန့်တျန်းချွယ်တစ်ယောက် မျက်ဝန်းများ မှေးစင်းသွားပြီး၊
“ ကောင်းပြီ ... ဆဋ္ဌမမင်းသား ငါတို့ အားလုံးကို ပွင့်လင်းမြင်သာစွာ ချပြကြရအောင် လက်ရှိအထောက်အပံ့ အခြေအနေအရ မင်းမှာ မုကျန်းတုံကို ပြည်နယ်သခင်ရာထူးကို ရွေးချယ်ဖို့ အခွင့်အရေး မရှိတော့ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
ကျိုးကျစ်လီမှ အေးစက်သွား၏။
“ လုံလောက်ပြီ၊ ဒီလို အဓိပ္ပါယ်မဲ့တဲ့ စကားတွေ ပြောမနေနဲ့ ... မင်းရဲ့ အင်အားကို မြန်မြန်ပြပါ။ ”
“ ဟားဟားဟား ... အရှင်မင်းသားက စိတ်အားထက်သန်နေမှတော့ ငါယဉ်ကျေးမနေ တော့ပါဘူး၊ ရွယ်နင်ယွမ် ... ။ ”
ရုတ်တရက် ရှန့်တျန်းချွယ်က ရွယ်မိသားစုခေါင်းဆောင်ကို နာမည်ခေါ်ခဲ့၏။ ရွယ်နင်ယွမ်မှ သက်ပြင်းချလိုက်ကာ၊
“ ဆဋ္ဌမမင်းသား မင်းကို ငါဆန့်ကျင်တာ မဟုတ်ပါဘူး ဒုတိယမင်းသား ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ကျန်းလင်ယွီက တကယ်သင့်လျော်ပါတယ်။ ”
-ဟု ဝင်ရောက် ဖျောင်းဖျလာချေပြီ။
ရိုးရှင်းလွန်းသော စကားတစ်ခွန်းပင် ဖြစ်သော်ငြားလည်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ကျိုးကျစ်လီမှ လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် ရွယ်လင်ယွီထံ ကြည့်လိုက် တော့၏။ ဤသည်မှာ ကာလကြာမြင့်စွာ ကြံစည်ထားသည့် သစ္စာဖောက်မှုပေပင်။
ယွီပိုင်တျန်မှ ထိုမြင်ကွင်းကြောင့် ရှန့်တျန်းချွယ်ထံ နောက်တစ်ကြိမ် စောင်းကြည့် လိုက်မိ၏။ ဤအဖိုးကြီးသည် အမှန်ပင် ခွေးအိုကြီးတစ်ကောင် ဖြစ်သည်။
“ မိသားစုခေါင်းဆောင် တစ်ယောက်က ဒီလိုအရှက်မဲ့တဲ့ လုပ်ရပ်မျိုးကို ပြုလုပ်သလား ရွယ်နင်ယွမ် ... ဒီအကျိုးဆက်အတွက် မင်းထည့်တွက်ပြီးပြီလား။ ”
ကျိုးကျစ်လီမှ အော်ငေါက်လိုက်၏။ ရွယ်လင်ယွီက ကျိုးကျစ်လီထံ သနားသော အကြည့်ဖြင့် လှမ်းကြည့်ကာ၊
“ ငှက်ကောင်းတစ်ကောင်က သူ့အသိုက်ဆောက်ရမယ့် နေရာကို ဂရုတစိုက် ရွေးချယ်ရတယ် ... အလားတူပဲ ...
... ငါ့ရွယ်မိသားစု ကြီးပြင်းဖို့ အမိုးအကာလိုတယ် ... မင်းက ငယ်သေးတယ် အရှင်မင်းသား ... မင်းငါ့ကို ဒီအတွက် အပြစ်တင်လို့မရပါဘူး။ ”
ကျိုးကျစ်လီမှ ပြန်မဖြေချေ။ ရွယ်နင်ယွမ်မှ မကျေမနပ်ဖြင့် ထင်းရှူးပင်အောက်ရှိ လူငယ်ထံ လှမ်းကြည့်ကာ၊
“ (၁၇)နှစ်အရွယ် ကောင်လေး တစ်ယောက်ထံမှာ မင်းရဲ့ မျှော်လင့်ချက်တွေကို ပုံအပ်လိုက်တာကိုက ... အရှင်မင်းသားရဲ့ အမှားပါပဲ။ ”
-ဟု ပြောကြားလိုက်တော့၏။
လူတိုင်းက သူနှင့်အတူ စုရီထံ လှည့်ကြည့်လိုက်၏။ ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော လူငယ်သည် အမှန်ပင် အိပ်မောကျနေချေပြီ။
တစ်ညလုံး ခရီးကြမ်းနှင်လာခဲ့ရသူ တစ်ယောက်ကဲ့သို့ ပင်ပန်းနေခဲ့၏။ မည်သည့် အရာကိုမျှ စိတ်မဝင်စားနိုင်ချေ။
***