အသက်နှင့် သေခြင်း။
Vol. 15 Ch. 171
မနက်ခင်း အလင်းရောင်အောက်တွင် တိမ်ပင်လယ်ကြီးတစ်ခုလုံး လူးလွန့်နေခဲ့သည်။ ယွီချောက်ယွမ်၏ စကားများသည် စုရီ၏ အတိတ် ဖြစ်၏။
ကျိုးကျစ်လီ၊ ကျန်းတျန်းဟီနှင့် အခြားသူများက ထိုအကြောင်းအရာ များကို သိချိန်၌ အံ့အားသင့်သွားကြသည်။
ချာကျင်သာလျှင် စိတ်ရှုပ်သွား၏။ စုရီပေးလာသော ကျင့်ကြံမှု နည်းစနစ်အရ သခင်လေးသည် ဤမျှ ရိုးရှင်းနိုင်မည် မဟုတ်ချေ။
စုရီမှ သက်ပြင်းချလိုက်တော့၏။ စုမိသားစုသည် သူနှင့် မသက်ဆိုင်တော့သည်မှာ သေချာသွားချေပြီ။ ရှန့်တျန်းချွယ်မှပြုံးလျက်၊
“ အရှင်မင်းသား ... မုကျန်းတုံကလွဲလို့ မင်းပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတော့ဘူး။ ”
-ဟု သတိပေးလိုက်၏။
ကျိုးကျစ်လီတစ်ယောက် စိတ်ပျက်အားငယ်မှုနှင့် အရှက်တရားများ ဝင်လာတော့သည်။
“ မင်းဘယ်မှာ မှားနေလဲ သိလား။ ”
စုရီက ကျိုးကျစ်လီကို လှမ်းကြည့်ပြီး မေးမြန်းလိုက်သည်။
“ ငါ ... ။ ”
ကျိုးကျစ်လီမှ ပြန်မဖြေနိုင်ချေ။ ဤမြေခွေးအိုကြီးများသည် ကောက်ကျစ်လွန်း ချေပြီ။ စုရီက သူ့အတွေးကို မြင်ပြီး ခေါင်းရမ်းလျက်၊
“ မင်း အရမ်း အားနည်းလွန်းတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။ ထို့နောက် ကြိမ်ကုလားထိုင်ပေါ်မှ ထရပ်လိုက်ကာ၊
“ မင်းသာ သန်မာနေရင် ကြက်တွေ၊ ခွေးတွေနဲ့ ဒီလိုအဓိပ္ပါယ်မရှိတဲ့ ရေနွေးကြမ်း သောက်ပွဲကို ကျင်းပနေဖို့ မလိုဘူး ... တိုက်ရိုက် သတ်ပစ်လိုက်လို့ရတယ်။ ”
-ဟု ပြောကြားလိုက်၏။
စုရီ၏ မောက်မာလွန်းသော ထိုစကားက ရှန့်တျန်းချွယ်နှင့်အဖွဲ့ကို မျက်ခုံးပင့်မိစေသည်။ သူတို့သည် မည်သူနည်း။
သူတို့အတွင်းမှ တစ်စုံတစ်ယောက်သည် ခြေတစ်လှမ်းဖြင့်ပင် အင်ပါယာမြို့တော်ကြီးကို လှုပ်ခါရန် လုံလောက်၏။
“ တတိယသခင်လေး ... မင်းရဲ့ ကျင့်ကြံမှုပြန်ကောင်းလာတဲ့ နောက်မှာ မင်းက မဟာသခင်တွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ငါကြားသိထားပါတယ် ...
... ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင် မင်းကိုပြောခဲ့တာ မှတ်မိသေးလား ... စုမိသားစု နာမည်ကို မင်းခံယူဝံ့ရင် မင်းကို ဘယ်သူမဆို သတ်ပစ်လို့ ရပါတယ်။ ”
ယွီချောက်ယွမ်မှ ဒေါသဖြင့် သတိ ဝင်ပေးလိုက်သည်။ ဆိုလိုသည်မှာ ဤစုရီသည် စုဟုန်လီ သတ်ချင်နေသော စွန့်ပစ်ထားသည့် သားတစ်ယောက်သာ ဖြစ်၏။
“ အစ်ကိုစု ... ။ ”
ထိုအသိသည် ကျိုးကျစ်လီကို ထိတ်လန့် စိုးရိမ်လာစေသည်။ ဤအရေးတွင် စုရီသည်သာ ပါဝင်ခဲ့သော် စုမိသားစုမှ သောချာပေါက် သတ်ပစ်ပေလိမ့်မည်။
“ စုမိသားစုကို ငါကြောက်တယ်လို့ မင်းထင်နေလား ... ။ ”
စုရီက ဂရုမစိုက်သော အသွင်ဖြင့် တုန့်ပြန်မေးခွန်းထုတ်လိုက်၏။ ထို့နောက် ယွီချောက်ယွမ်ထံ လှည့်ကြည့်ကာ၊
“ ဒူးထောက်မလား ... သေမလား ... ။ ”
-ဟု မေးမြန်းတော့သည်။
ထိုစကားက ကျိုးကျစ်လီကို သွေးများ ပွက်ပွက်ဆူလာစေ၏။ မဆင်မခြင် ကြီးစိုးသော စုရီပုံစံသည် သူ့အကြိုက် ဖြစ်လာချေပြီ။
“ ဟမ့် ... ယွီချောင်ယွမ် ငါကျိုးကျစ်လီ ... မင်းနာမည်ကို မှတ်ထားတယ် ... တစ်နေ့ မင်းနဲ့ ပတ်သက်တဲ့ လူတိုင်းကို ငါလွှတ်ပေးမှာ မဟုတ်ဘူး။ ”
ကျိုးကျစ်လီ၏ စကားလုံးတိုင်းသည် ရူးသွပ်ပြီး ပြတ်သား၏။ ဤအသွင်အပြင်သည် ရှန့်တျန်းချွယ်နှင့်အဖွဲ့ကို အမူအရာ အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။
ယွီချောက်ယွမ်သာလျှင် ဂရုမစိုက်ဘဲ၊
“ ဆဋ္ဌမမင်းသား ... မဟာကျိုးမှာ တော်ဝင်သားတော်တွေ အများအပြား ရှိတာ မမေ့ပါနဲ့ ... အများစုက မင်းထက် မနိမ့်ကျတဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်ကြပါတယ်။ ”
-ဟု တုန့်ပြန်ကာ စုရီနှင့် သုံးပေအကွာသို့ လျှောက်လှမ်းသွား၏။
“ တတိယသခင်လေး ... ငါလည်း မင်းကို ရွေးချယ်ခွင့်ပေးမယ် ... မင်း ဒီတောင်ပေါ်ကနေ အခုချက်ချင်း ထွက်သွားမှာလား ဒါမှမဟုတ်... မင်းကို စုမိသားစုဆီ ပြန်ခေါ်သွားရမလား။ ”
“ ချာကျင် ... ငါ့ခုံကို သေချာကြည့်ထား လေနဲ့ ပါမသွားစေနဲ့ ... ။ ”
“ ရွှပ် ... ။ ”
စုရီက ချာကျင်ကို လှည့်ပြောလိုက်၏။ ယွီချောင်ယွမ်တစ်ယောက် ဒေါသထွက်လာပြီး ဓားဆွဲကာ ထိုးသွင်းတော့သည်။
“ မိုးကြိုးဓား ... ။ ”
“ ဂျိန်း ... ။ ”
ဤစုရီသည် မဟာသခင်များကို သတ်ဖြတ်နိုင်သူဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲ စသည်နှင့် ယွီချောင်ယွမ်မှ ခွန်အားအပြည့် အသုံးပြုလိုက်လေသည်။
“ ဟမ့် ... ငါ့ရှေ့မှာ ဓားဆွဲဝံ့သလား။ ”
ထိုမြင်ကွင်းကြောင့် စုရီက ရှေ့သို့ ခြေတစ်လှမ်း လှမ်းတက်ကာ လက်ဓားဖြင့် ပြန်လည် ခုတ်ပိုင်းပစ်သည်။
“ ကလန် ... ။ ”
လက်နှစ်ချောင်းမှ ထွက်လာသော ဓားအလင်းသည် ယွီချောင်ယွမ်ဓားကို ရပ်တန့် သွားစေပြီး နဖူးမှစကာ ခန္ဓာကိုယ်တစ်လျှောက် သွေးနီရောင်မျဉ်းတစ်ကြောင်း ပေါ်လာစေ၏။
“ မင်း ... ။ ”
ဓားမြှောက်လျက် အနေအထားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားကာ သွေးများ ပန်းထွက်လျက် ထက်ခြမ်းကွဲသွားသည်။
ချာကျင်မှ သွေးများ ပန်းထွက်လာသည့် မြင်ကွင်းကြောင့် ကြိမ်ကုလားထိုင်ကို ချက်ချင်း ဆွဲဖယ်လိုက်၏။
တောင်လေနှင့်အတူ သွေးရနံ့များ သင်းပျံ့လာချေပြီ။ ရှန့်တျန်းချွယ်နှင့် အဖွဲ့ခမျာ မှင်တတ်သွားတော့သည်။
ဓားအလင်းတစ်ချက်တည်းဖြင့် ကျောက်စိမ်းဓားသခင်ကို ထက်ခြမ်းခွဲသွားခြင်း မည်ချေ၏။ ယုံနိုင်ဖွယ် မရှိချေ။
“ ဟမ့် ... ဒီအဖြစ်အပျက်ကို စုမိသားစု သိပြီးသွားရင် ဘယ်လို တုန့်ပြန်ကြမလဲဆိုတာ ငါတကယ် သိချင်ပါတယ်။ ”
ယွီပိုင်တျန်က အေးစက်စွာ ပြောကြားလိုက်၏။ စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက်၊
“ စုမိသားစုက ... ဘယ်လို တုန့်ပြန်မလဲ မင်းအလုပ်မဟုတ်ဘူး ... မင်းရဲ့သမီးက ငါ့ဆီမှာ အသက်တစ်ချောင်း အကြွေးတင်နေသေးတာကို ပြန်ဆပ်ဖို့ တွေးထားပါ။ ”
-ဟု ပြန်လည် ပြောကြားလိုက်သည်။
ယွီပိုင်တျန်တစ်ယောက် မျက်နှာ ပျက်ယွင်းသွားတော့၏။ ထိုစဉ် ရွယ်နင်ယွမ်က၊
“ ကောင်လေး ... မင်းဘယ်လောက်ပဲ အစွမ်းထက်ပါစေ စုမိသားစုဝင်တစ်ယောက်ကို သတ်ပြီးတဲ့နောက် မဟာကျိုးမှာ မင်းအတွက် ပြေးစရာမြေ မရှိတော့ပါဘူး။ ”
-ဟု ခြိမ်းခြောက်လိုက်၏။
“ ဒီနေ့ ... မင်းခေါင်းကို ငါဖြတ်မယ်။ ”
စုရီမှ အေးစက်စွာ ပြောလိုက်၏။ သစ္စာဖောက်များ အားလုံး သေသင့်ချေပြီ။ ရွယ်နင်ယွမ်က မျက်နှာပြောင်းသွားပြီး၊
“ ဒါက ရေနွေးကြမ်းသောက်ပွဲပဲ ... မင်းငါတို့ကို သတ်ဖို့ စီစဉ်ဝံ့သလား။ ”
ခုံရှန့်ကျင်းမှလည်း အေးစက်စွာဖြင့်၊
“ ဟမ့် ... လက်ဖက်ရည်သောက်ပွဲရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ဝံ့ရင် ... မင်းကို ငါရပ်ကြည့်နေမှာ မဟုတ်ဘူး။ ”
-ဟု ဝင်ရောက် ခြိမ်းခြောက်လာ၏။
“ အစ်ကိုခုံ၊ ဒီရေနွေးကြမ်းသောက်ပွဲက မင်းနဲ့ ဘာဆိုင်လို့လဲ။ ”
ဘေးမှ ရပ်ကြည့်နေသော ချန်ကွာခယ်တစ်ယောက် သည်းမခံနိုင်တော့ဘဲ ပြန်လှန် မေးခွန်းထုတ်လိုက်လေသည်။
“ မင်းပါးစပ်ပိတ်ထား ... ဂိုဏ်းချုပ်ရဲ့ အမိန့်က မင်းနဲ့ချင်ကျင်းအတွက်ပဲ ... ငါ့အတွက် မပါဘူး။ ”
စုရီမှ ချန်ကွာခယ်ထံ ပြန်လှည့်ကြည့်ပြီး၊
“ သေချင်နေတဲ့ လူတစ်ယောက်ကို မင်းဘာလို့ တားနေရတာလဲ။ ”
-ဟု ပြောကြားလိုက်၏။
ရှန့်တျန်းချွယ်မှ သက်ပြင်းချလျက်၊
“ အရှင်မင်းသား ... မင်းက ဒီနေ့ ရေနွေးကြမ်းသောက်ပွဲကို ခွန်အားနဲ့ ဖြေရှင်းမှာ သေချာလား။ ”
“ မှန်တယ် ... ။ ”
“ ကောင်းပြီ ... ဒါဆို အစ်ကိုချင်း ... မင်းဘယ်အချိန်ထိ စောင့်ကြည့်နေဦးမှာလဲ ... ။ ”
“ ဟိတ် ... ။ ”
သူ့စကားဆုံးသည်နှင့် တောင်ခြေရှိ လူအုပ်ကြီးအတွင်းမှ ဓားကိုင်အမျိုးသားတစ်ဦး ခုန်တက်လာလေသည်။
“ ဝှစ် ... ။ ”
ဆယ်ပေအမြင့်ရောက်သောအခါ တောင်နံရံကိုအားပြုလျက် ထပ်မံခုန်တက်ခဲ့၏။ ဤနည်းဖြင့် ရေနွေးကြမ်းသောက်ပွဲ ကျင်းပရာ ရင်ပြင်သို့ အသက်တရှိုက်စာအတွင်း ရောက်ရှိလာတော့သည်။
၎င်းသည် မဟာသခင်အဆင့် သတ်မှတ်ချက်(၂၇)တွင်ရှိသော မြစ်ဓားသခင် ဖြစ်၏။
ပဉ္စမအဆင့် မဟာသခင်ဖြစ်ပြီး ကိုယ်ပိုင်ဓားရေးတစ်ရပ်ဖြစ်သော မြစ်ဓား နည်းစနစ်ကို ဖန်တီးကာ မဟာကျိုး၌ နေရာတစ်ခု ရယူထားနိုင်ခဲ့သည်။
မဟာကျိုးအင်ပါယာတွင် မဟာသခင် ပထမအဆင့်နှင့် မဟာသခင်ဒုတိယအဆင့်သည် ပထမတန်းကျွမ်းကျင်သူများ ဖြစ်သည်။
မဟာသခင် တတိယအဆင့်သည် ပြည်နယ်သခင်များသည်ပင် လေးစားရသော အထွတ်အထိပ် ကျွမ်းကျင်သူများ ဖြစ်၏။ ထို့ကြောင့် ပဉ္စမအဆင့် မဟာသခင်သည် ဆိုဖွယ်မရှိချေ။
“ အစ်ကိုချင်း ... အခြေအနေက အရေးတကြီးဖြစ်ပြီး မင်းကို နှောင့်ယှက်မိတဲ့ အတွက် ခွင့်လွှတ်ပါ။ ”
ရှန့်တျန်းချွယ်မှ မတ်တပ်ထရပ်ကာ နှုတ်ဆက်လေသည်။ ကျန်သူများသည်လည်း လိုက်ပါ နှုတ်ဆက်ကြ၏။
သူတို့အားလုံးသည် အင်ပါယာ ပြည်နယ်ရှိ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ပဉ္စမအဆင့် မဟာသခင်နှင့် ရင်ဆိုင်ရသည့် အခါတွင် များစွာရိုကျိုးရချေပြီ။
“ ဒုတိယမင်းသားရဲ့ တောင်းဆိုမှုကြောင့် ငါဒီကိုလာခဲ့တာ ... မင်းတို့ ငါ့ကို ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”
ချင်းချန်ရှန်က လက်ပြပြီး တုန်ပြ၏။ ထို့နောက် တည်ငြိမ်သော အသွင်အပြင်ဖြင့် ထက်ခြမ်းကွဲနေသော ယွီချောင်ယွမ်ထံ ငုံ့ကြည့်လေသည်။
“ စုမိသားစုရဲ့ ဘဏ္ဍာစိုးက ဒီလိုပဲ သေဆုံးသွားရတာလား ... မင်း ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်နဲ့ ဒုတိယမဟာသခင်ကို သတ်နိုင်ခဲ့တာ တကယ့်ကို အံ့သြစရာ ကောင်းပါတယ်။ ”
“ ကျွန်တစ်ယောက်ကို ... သတ်လိုက်တာ ဘာများ ချီးကျူးထိုက်လို့လဲ။ ”
စုရီက ပေါ့ပေါ့ပါးပါး တုန့်ပြန်လိုက်သည်။ ချင်းချန်ရှန်မှ ဓားရောင်ဝါများ ထုတ်လွှတ်လျက် တိမ်တိုက်များကို ဖြိုခွဲပစ်လိုက်၏။ ပြီးနောက်၊
“ ကောင်လေး ... မင်းရဲ့မာနကို ငါလေးစားမိပါတယ် ... ဒီနေ့ အငြင်းပွားမှုတွေ ပြီးရင် ... မင်းကို ငါတစ်ခွက်တိုက်မယ်။ ”
ထိုစကားကြောင့် ရှန့်တျန်းချွယ်နှင့် အဖွဲ့သည် အလိုမကျ ဖြစ်သွားခဲ့သော်လည်း နှောက်ယှက်ဝံ့ခြင်း မရှိချေ။
“ ဟမ့် ... သေမျိုးနယ်ပယ်ကိုတောင် မကျော်လွှားနိုင်သေးတဲ့ မဟာသခင်တစ်ပါးက ငါ့ရှေ့မှာ ကြီးမြတ်ချင်နေတာလား။ ”
“ ဟား ဟား ဟား ... မင်းက တကယ့်ကို မာနကြီးတဲ့ကောင်ပဲ ... ပဉ္စမအဆင့် မဟာသခင် ကိုတောင် အလေးအနက်မထားဘူး ဘယ်လိုများ သတ္တိရှိလဲ။ ”
ဤတစ်ကြိမ်၌ ချင်းချန်ရှန်၏ အပြုံးများ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သတ်ဖြတ်ခြင်း ရောင်ဝါများ ထွက်ပေါ်လာ၏။
“ ဒါပေမယ့် ... အရည်အချင်းရှိတဲ့ လူငယ်တွေကို ... ငါအမြဲတန်ဖိုးထားပါတယ် ကောင်းပြီ ငါတို့အနိုင်-အရှုံး ဆုံးဖြတ်မလား၊ အသက်နဲ့ သေခြင်းလား။ ”
“ ဘာလို့ အနိုင်-အရှုံး ဆုံးဖြတ်ရမှာလဲ ... အသက်နဲ့ သေခြင်းပဲ။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ရွေးချယ်လိုက်၏။ ထိုရွေးချယ်မှုကြောင့် ချင်းချန်ရှန့်တစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။
ဤလူငယ်၏ မာနသည် သောင်းကျန်းလွန်းချေပြီ။ သေခြင်းတရားကို စာလုံးပေါင်းတတ်ပုံ မရချေ။
***