← Chapters

နေလဓား ... ။

Vol. 15 Ch. 172

နေလဓား ... ။

Vol. 15 Ch. 172

တောင်ထိပ်သည် ပေသုံးရာမြင့်၏။ ထို့ကြောင့် တောင်ခြေရင်းရှိ လူအုပ်ကြီးသည် ပဉ္စမအဆင့်မဟာသခင် ချင်းချန်ရှန့်သည် စုရီနှင့် တိုက်တော့မည်ကို မည်သူမဆို ကြားနိုင်သည်။

သို့သော် ထိုမြင်ကွင်းကို မမြင်နိုင်သဖြင့် နှမျောလာ၏။ တစ်ယောက်သည် မဟာသခင် စာရင်းတွင် အဆင့် (၂၇)ရှိ မျိုးဆက်ဟောင်း ဖြစ်ပြီး ကျန်တစ်ယောက်သည် ဒုတိယအဆင့် မဟာသခင်များကို သတ်နိုင်သော မျိုးဆက်သစ်လူငယ်ဖြစ်သည်။

ရလဒ်သည် မည်သို့ပင် ရှိစေကာမူ မဟာကျိုး၏သမိုင်းတွင် မှတ်တမ်းတင်ရန် လုံလောက်ပေ၏။

“ ကလန် ... ။ ”

ချင်း​ချန်ရှန်က အနက်ရောင် ရှေးဟောင်းဓားရှည်တစ်လက်ကို ဆွဲထုတ် လိုက်ကာ၊

“ ဒီဓားကို ခမ်းနားသောတောင်တန်းလို့ ခေါ်တယ် ... မြေကြီးအဆင့် အင်မော်တယ်ရဲ့ လက်ဆောင်ပဲ ... အလေးချိန် (၃၁၇)ပေါင် ရှိတယ် ...

... စတုတ္ထအဆင့် ဝိညာဉ်ပစ္စည်းပေါင်း (၃၃)မျိုးနဲ့ သွန်းလုပ်ပြီး ငါနဲ့အတူရန်သူပေါင်း တစ်ထောင်ကျော်ကို ခေါင်းဖြတ်ဖူးတယ်။ ”

အနက်ရောင် ရှေးဟောင်းဓားကြီးကို ချစ်ခင်စွာဖြင့် ပွတ်သပ်လျက် ချင်းချန်ရှန်က မိတ်ဆက်ပေးလာ၏။

ဓားရည်ရွယ်ချက်က သွေးဆာနေသော ဆန္ဒအဖြစ် ပြောင်းလဲသွားကာ ထူးထူးခြားခြား ဖြစ်စဉ်များ ပြသလာသည်။ သူသတ်ခဲ့သော ပြိုင်ဘက်များ သေဆုံးကုန်ကြသည့် မြင်ကွင်းများပေပင်။

ကြောက်မက်ဖွယ် ကောင်း၏။ ထို့နောက်ဓားရောင်ဝါက လှိုင်းအလားပျံ့ကားပြီး အနားရှိ လူအုပ်ကို တွန်းထုတ်ပစ်သည်။

“ ဒါ ... ပဉ္စမအဆင့် မဟာသခင် တစ်ပါးရဲ့ခွန်အားပဲ သူ့ဓားက ကောင်းကင်ဘုံကို ဖျက်ဆီးနိုင်တယ်ဆိုတဲ့ ကောလဟာလတွေ ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ ”

ခုံရှန့်ကျင်းနှင့် ချန်ကွာခယ်ကဲ့သို့သော မဟာသခင်များသည်ပင် ဆုတ်ခွာလိုက်ရ၏။ သွေးဆာနေသော ဓားရည်ရွယ်ချက်သည် သူတို့အားလုံးကို စိတ်ဓာတ်ကျစေသည်။

“ ငါ့ရန်သူတွေကို သတ်တဲ့အခါ ဓားသုံးချက်ပဲသုံးတယ် ... ။ ”

“ ကောင်းပြီ၊ မင်းက ကိုယ့်ကိုကိုယ် ဓားသမားလို့ ခေါ်နေတာဆိုတော့ ... ငါစုရီက ဓားသမားဆိုတာ ဘာလဲ မြင်ခွင့်ပေးမယ်။ ”

“ ချွင် ... ။ ”

စုရီက ကောင်းကင်လမ်းညွှန်ဓားကို ဆွဲထုတ်လိုက်၏။ အပြာရောင် ဓားကိုယ်ထည်၌ ထင်ယောင်ထင်မှား ဖြစ်စေသော တောက်ပမှု လှိုင်းများ ထွက်ပေါ်လာသည်။

သူ့ရောင်ဝါသည် ငြိမ်သက်နေပြီး တန်ခိုးရှင်တစ်ပါးကဲ့သို့ မထင်ရစေသော်လည်း ချင်းချန်ရှန်ကို ရင်ဆိုင်ရန် လုံလောက်နေ၏။

“ လှိုင်းတံပိုးတွေက ကမ်းစပ်ကို ရိုက်ခတ်နေတယ်။ ”

ချင်းချန်ရှန့်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ ဓားကို ကောင်းကင်ပေါ် ထိုးချိန် လိုက်လေသည်။

ယန်ဇီမြစ်ကြီးကဲ့သို့ အဆုံးမရှိသော ဓားရည်ရွယ်ချက်များ စုရီထံ ဦးတည်ပြေးဝင် လာတော့၏။

ဤသည်မှာ ချင်းချန်ရှန်၏ အကောင်းဆုံးဓားရေးဖြစ်သည်။ ကောင်းကင်ကို ဖြတ်၍ သက်တံတစ်စင်းလို ကျဆင်းလာ၏။

တောင်အောက်ရှိ လူအုပ်ကြီးအမြင်၌ တိမ်ပင်လယ်ကို ဖြတ်သန်းပြီး နဂါးတစ်ကောင် ဆင်းသက်လာသည်နှင့် တူနေ၏။

ထက်ရှသော ဓားရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် လှိုင်းလုံးများက တဟုန်းဟုန်း တောက်လျက် လှိုင်းပုတ်သံများပင် ဝိုးတဝါး ခံစားလာရသည်။

ထိုဓားအောက်တွင် လူတိုင်းရင်၌ နိမ့်ကျသော ခံစားချက်များ ဝင်လာစေသည်။ စုရီအတွက်မူ ချွက်ချင်းဖြစ်၏။

“ ငါ့မှာ တောင်နဲ့ မြစ်တွေကို ခွဲနိုင်တဲ့ ဓားတစ်လက်ရှိတယ်။ ”

ဤသည်မှာ တောင်မြစ်ဓားပေပင်။ ဆန်းကြယ်သည့် တာအို ကျက်သရေများ ရစ်သိုင်းလာ၏။

ပြိုင်ဘက် ဓားရည်ရွယ်ချက်သည် ယန်ဇီမြစ်ဖြစ်သော် စုရီဓားမှာ လှိုင်းစီးနေသည့် ငှက်တစ်ကောင်ဖြစ်သည်။

၎င်းသည် အမြင်၌ ရိုးရှင်းသည်ဟု ထင်ရသော်လည်း သတ္တိရှိရှိနှင့် မုန်တိုင်းကို တွန်းလှန်နိုင်စွမ်း ရှိနေ၏။

“ ခရစ် ... ။ ”

လေဟာနယ်သည် ကင်းဗတ်စတစ်ခုလို ချက်ချင်းကွဲထွက်သွားသည်။ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်လာသော မြစ်ဓားရည်ရွယ်ချက်ပင် ချွင်းချက်မရှိ အက်ကွဲသွားတော့၏။

“ အရမ်းထက်တယ်။ ”

ရှန့်တျန်းချုံးမှ မျက်ဝန်းများ မှေးစင်းသွားသည်။ ချီစုစည်းခြင်းအဆင့်မှ တစ်စုံတစ်ယောက်သည် ဤမျှ သန်မာသည်လော။

ရေကာတာ ကျိုးပေါက်သွားသည့် မြစ်တစ်စင်းကဲ့သို့သော ဓားရည်ရွယ်ချက်သည် အမှန်တကယ် ပျက်ပြယ်သွားချေပြီ။ မယုံနိုင်စရာ ပေပင်။

“ ဘန်း ... ။ ”

အကျိုးဆက်အနေဖြင့် မြေကြီး ပေါက်ကွဲသံများ ဆူညံသွား၏။ ကျောက်တုံးနှင့် သစ်ပင်များ ကြေမွကုန်သည်။ လေထုအတွင်း ပေါက်ကွဲမှု အသေးစားများ မကုန်နိုင် ဖြစ်လာသည်။

“ အရမ်း ကောင်းတယ် ... ။ ”

ချင်းချန်ရှန့်က အသက်ပြင်းပြင်းရှူလျက် မျက်လုံးများ ပူလောင်လာကာ မုတ်ဆိတ်များ လွင့်ပျံသွားကုန်၏။

ရောင်ဝါ တဖြည်းဖြည်း မြင့်တက်လာပြီး၊

“ မြစ်တစ်ထောင် ကောင်းကင်ဘုံကို ထိုးဖောက်ဝင်ရောက်ခြင်း။ ”

-ဟု အော်ဟစ်လိုက်သည်။

တောင်ထိပ်အနှံ့ ဓားရည်ရွယ်ချက်များ ပြည့်နှက်သွား၏။ ဓားလွှဲလိုက်သော အခါတွင် ဓားရည်ရွယ်ချက်က ရှည်လျားသော မြစ်ပေါင်း တစ်ထောင်အဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်နှင့် မြေကြီးကြား ဖုံးလွှမ်းနေသော မြစ်ပြင်ကြီးအလား ခမ်းနား ကြီးကျယ်သည့် မြင်ကွင်းပေပင်။

တစ်ချိန်က တောင်တစ်လုံးကို ဤဓားချက်ဖြင့် ဖျက်ဆီးကာ မြစ်ဓားသခင် ဘွဲ့ ရရှိခဲ့၏။

“ နောက်ဆုံးတော့ ... နည်းနည်း စိတ်ဝင်စားဖို့ ကောင်းလာပြီ ... ။ ”

စုရီ၏ မျက်ဝန်းများအတွင်းတွင် ကာလကြာရှည် ပျောက်ဆုံးနေသော တိုက်ပွဲ ဆန္ဒများ ပေါက်ပွားလာ၏။

ဤဓားသည် သူ့ကို ခြိမ်းချောက်မှု ပေးစွမ်းနိုင်သည်။ အရေပြားများပင် တဆစ်ဆစ် နာကျင်လာ၏။ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ပဉ္စမ မဟာသခင် ဓားသမားကို ရင်ဆိုင်ရန် ကွာဟချက်များစွာ ရှိနေခဲ့ချေပြီ။

သို့သော် ဓားသမားတစ်ယောက်သည် ဓားရေးတစ်ရပ်ကို လုံလောက်စွာ ကျွမ်းကျင်နေ ပါက ထိုအားနည်းချက်အပေါ် ကာမိ၏။

သူဟူသည် စွမ်းအင်လမ်းကြောင်း (၁၀၈)ခုအထိ ဖွင့်လှစ်ထားနိုင်ပြီး လျှို့ဝှက် သွေးပြန်ကြောပင် ဖွဲ့စည်းထား၏။

ထို့ပြင် ပြိုင်ဘက်ကင်းသော တာအိုကြယ်ချီကိုလည်း သန့်စင်ထားနိုင်သည် ဖြစ်ရာ သူ့အခြေခံအုတ်မြစ်အပေါ် သာမန် စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ချေ။

အစောပိုင်း ချီသန့်စင်ခြင်းအဆင့်ဖြင့် ပဉ္စမအဆင့် မဟာသခင်နှင့် နှိုင်းယှဉ်နိုင်သော အဆင်ကိုး ဝိညာဉ်သားရဲကို အနိုင်ယူခဲ့၏။

စုရီထံမှ ရောင်ဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တိမ်ပင်လယ်ကိုဖြတ်ကာ ကောင်းကင်ထံ ထိုးဖောက်သွားသည်။

ဤသည်မှာ သတ်ဖြတ်လိုသော ရောင်ဝါဖြစ်သည်။ သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် ကူးခတ်နေသော ငါးတစ်အုပ်စုနှင့်တူသည်။

တစ်ဆက်တည်းမှာပင် တောက်ပသော မီးရှူးမီးပန်းများ ပွင့်လာသကဲ့သို့ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပြန့်ကျဲသွား၏။

ကောင်းကင်အောက်ရှိ မည်သူမျှ ဤဆန္ဒထံပါးမှ မလွတ်မြောက်နိုင်တော့ချေ။ စစ်မှန်သော သတ်ဖြတ်ခြင်း မည်၏။

ကောင်းကင်မှ မြေကြီးကြား အရပ်ရပ်သို့ ခရီးနှင်နိုင်သော ဓားတစ်လက်ရှိ၏။ ဤဓားကို ‘အနန္တတန်ခိုးရှင်’ဟူလည်း သတ်မှတ်နိုင်မည်။

“ ဘန်း ... ။ ”

ရုတ်တရက် ရည်ရွယ်ချက်နှစ်ခု တွေ့ဆုံပေါက်ကွဲကာ ဓားမြစ်တစ်စင်းလုံး ဝုန်းဒိုင်းကျဲသွားသည်။

သို့သော် ထိုဓားမြစ်အောက်တွင် စုရီတစ်ယောက် မတုန်မလှုပ် ရပ်နေခဲ့၏။ သူ့ကို သတ်ဖြတ်ခြင်း ဓားရည်ရွယ်ချက်မှ သိုင်းခြုံ ကာကွယ်ပေးထားလေသည်။

ဤနည်းဖြင့် ပိတ်ဆို့နိုင်သည်ကို မြင်လိုက်ရသောအခါ ချင်းချန်ရှန်၏ မျက်နှာ ပြောင်းသွားပြီး လေးနက်လာတော့၏။

ယင်းသည် ချီသန့်စင်ခြင်းအဆင့်မှ တစ်စုံတစ်ဦး ပိုင်ဆိုင်နိုင်သော အောင်မြင်မှုမျိုး မဟုတ်ချေ။

အတွေးတစ်ချက်ဖြင့် တတိယဓားကို ထုတ်လွှတ်ရန် ခွန်အားရှိသမျှ အသုံးပြုလိုက် တော့၏။

“ ဓားတစ်လက်က မြစ်တစ်စင်းလို ကောင်းကင်ဘုံ တံခါးကို ဖျက်ဆီးနိုင်တယ်။ ”

ထက်ရှသော ဓားရည်ရွယ်ချက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ဓားနှင့်အတူ လွင့်ဝဲ လိုက်ပါလာလေသည်။ မြစ်ရေများ လှိုင်းထန်နေ သကဲ့သို့ ကြောက်စရာကောင်းလှ၏။

ဤသည်မှာ မြစ်ဓားပညာရပ်၏ အစွမ်းထက်ဆုံးသော ဓားဖြစ်ပြီး ပြိုင်ဘက်များ ခေါင်းကိုဖြတ်ရန် ရည်ရွယ်သည်။

ထိုဓားထွက်ပေါ်လာသောအခါတွင် တောင်ထိပ်တစ်ခုလုံးသည် သမုဒ္ဒရာအလယ် ရောက်ရှိနေသည့်အလား တုန်ရင်လာ၏။

ချန်ကွာခယ်သည်ပင် ဓားရည်ရွယ်ချက် ထိမှန်ကာ အဝတ်အစားများ ပြတ်ရှကုန်တော့ ချေပြီ။ ထို့ကြောင့် လူတိုင်း ရောင်ဝါထုတ်ကာ ဟန့်တား ချေဖျက်လိုက်ရ၏။

“ ငါ့မှာ နေနဲ့လကို ခူးဆွတ်ဖို့ ဓားတစ်လက်ရှိတယ် ... ။ ”

စုရီက တည်ငြိမ်စွာဖြင့် သူ့ဓားကို လွှဲလိုက်ပြန်သည်။ ဓားပြင်ကျယ်ကြီးအထက်၌ တောက်ပသော လမင်းတစ်စင်းပေါ်လာ၏။

ယင်းမှာ အဆုံးမဟုတ်သေးချေ။ တိမ်ပင်လယ်ကြီးမှာ ချက်ချင်း ဆုတ်ခွာလျက် နေမင်းတစ်စင်း ထွက်ပေါ်လာပြန်၏။

ယင်သည် လဖြစ်ကာ၊ ယန်သည် နေဖြစ်သည်။ ယင်နှင့်ယန် ပေါင်းဆုံပြီးနောက် နေနှင့်လ နှစ်ပါးပြိုင်ထွန်းလင်းပေမည်။

ဤဓားသည် ‌အောင်နိုင်ခြင်းဓားသုတ္တန်မှ ဆင်းသက်လာသော နေနှင့်လ တောက်ပခြင်း ဟုခေါ်သည်။

ချင်းချန်ရှန့် ဓားသည် လှိုင်းထန်နေသော ပင်လယ်ပြင်ဖြစ်ပါက သူ့ဓားသည် နေနှင့်လ ကဲ့သို့ ထာဝရတည်၏။

“ ဝုန်း ... ။ ”

နှစ်ယောက်သား ထိပ်တိုက် တွေ့သောအခါတွင် မြေကြီးကွဲအက်လျက် မြစ်ဓားရည်ရွယ်ချက် ပြိုကျသွားသည်။

“ အဟွတ် ... အဟွတ် ... ။ ”

ချင်းချန်ရှန်သည် သူ့ဘဝတစ်လျှောက် ရန်သူများကို သတ်ရန် ဓားသုံးချက်သာ လိုခဲ့၏။ ယနေ့တွင် ထိုဓားသုံးချက်ဖြင့်ပင် ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီ ဖြစ်သည်။

***

All Chapters