← Chapters

အနောက်တောင်ထိပ်မှ လူသတ်ပွဲ။

Vol. 15 Ch. 175

အနောက်တောင်ထိပ်မှ လူသတ်ပွဲ။

Vol. 15 Ch. 175

ထိုနေ့တွင် အနောက်တောင်ထိပ်၌ ရေနွေးကြမ်းသောက်ပွဲအကြောင်း သတင်းသည် မုန်တိုင်းတစ်စင်းလို ချက်ချင်းပျံ့နှံ့သွား၏။

“ ဟား ဟား ဟား ... ။ ”

ဧကရာဇ်နန်းတော်၌ ဧကရာဇ်ကျိုး တစ်ယောက် ကျယ်လောင်စွာ ရယ်မောနေ တော့သည်။ အချိန်အတော် ကျေနပ်အားရ နေပြီးနောက်၊

“ ဟား ဟား ဟား ... ကောင်းတယ် ... ကောင်းတယ် အရမ်းကောင်းတယ် ဒီကလေး ငါငယ်ငယ်တုန်း အတိုင်းပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

သူ့အသံနှင့် သူ့ တည်နေရာသည် ဧကရာဇ်နန်းတော်၏ တားမြစ်ခန်း အတွင်း၌ ဖြစ်သော်လည်း ဤအချင်းအရာသည် အရပ်ရပ်သို့ တမဟုတ်ချင်း ပျံ့နှံ့ကုန်သည်။ နံရံတိုင်းတွင် နားများစွာရှိ၏။

တစ်ချိန်တည်းမှာပင် ခမ်းနားသော နန်းတော်တစ်လုံးအတွင်း ဒုတိယမင်းသားနှင့် တတိယမင်းသားတို့ မျက်နှာ မည်းမှောင်စွာ ထိုင်နေသည်။

“ ဒုတိယအစ်ကို ဖြစ်သွားခဲ့ပြီဆိုတော့ စိတ်ဆိုးနေစရာ မလိုပါဘူး အရေးအကြီးဆုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး ခမည်းတော်ရဲ့ သဘောထားကို နားလည်ဖို့ပါပဲ။ ”

တတိယမင်းသားက ဖျောင်းဖျလိုက်သည်။ သူ့အမြင်အရ ခမည်းတော်သည် ဤလူသတ်ပွဲ အပေါ် ခွင့်ပြုမည်မဟုတ်ဟု ယုံကြည်၏။

“ ဒီတိရစ္ဆာန်တွေ ဆုံးရှုံးခဲ့ရတာကို ... ငါဂရုမစိုက်ပါဘူး ... ဆဋ္ဌမမြောက်ညီတော်လို လူညံ့တစ်ယောက်က အနိုင်ယူသွားတာ ခံရခက်နေတာပဲ။ ”

“ ငါတို့ သူ့ကို ​လျှော့တွက်​မိခဲ့တယ်​။ ”

“ မဟုတ်ဘူး ... ၊ သူ့မှာ အရည်အချင်းမရှိဘူး ... ဒါက စုရီကြောင့်ပဲ။ ”

တတိယမင်းသားက ခေါင်းညိတ်သည်။

“ ဒါတော့မှန်တယ် ... သူက စုမိသားစုရဲ့ သစ္စာဖောက်သား တစ်ယောက်ပဲ စုဟုန်လီက ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ”

“ ဒုတိယမင်းသား မကောင်းတော့ဘူး။ ”

ထိုစဉ် အစေခံအိုကြီးတစ်ယောက် ရုတ်တရက် ပြေးဝင်လာသည်။

“ ပြောပါ ... ။ ”

“ ဧကရာဇ်က တစ်ယောက်တည်း ဝိုင်သောက်ပြီး ရယ်နေပါတယ် နာရီဝက်လုံးလုံး စကားမပြောဘဲ အဆုံးမှာတော့ ဒီကောင်လေး ငါနဲ့တူတယ်လို့ မှတ်ချက်ပေးပါတယ်။ ”

ထိုစကားကြောင့် မင်းသားနှစ်ပါး တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ မျက်နှာအမူအရာ ပြောင်းသွားသည်။

“ ဧကရာဇ်ဥသျှောင် ဟုန်ရှန်းရှန့်က စုရီရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ ... အကြံပြုခဲ့ပေမယ့် ဒါက စုမိသားစုအရေးမို့ ... သူတို့ကိုယ်တိုင် ဖြေရှင်းလိမ့်မယ်လို့ ဧကရာဇ်က မိန့်ကြားထားပါတယ်။ ”

ဒုတိယမင်းသားက အံကြိတ်လိုက်သည်။ စုရီသည် အမှန်ပင် သေသင့်ချေ၏။ ၎င်းကြောင့် ဆဋ္ဌမမင်းသားကဲ့သို့ လူမိုက်သည် ခမည်းတော် အာရုံထဲ ရောက်ရှိသွားချေပြီ။

***

စုမိသားစုစံအိမ် ဥယျာဉ်တစ်နေရာတွင် အကိုင်းအခက်အရွက်များနှင့် စိမ်းလန်းနေသော သက်တမ်းရာဂဏန်းရှိ ညောင်ပင်ကြီး တစ်ပင် ရှိသည်။ ထိုသစ်မြစ်ပေါ်တွင် စုဟုန်လီ တစ်ယောက် ထိုင်နေ၏။

လက်ထဲတွင် ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ် ကိုင်ထားပြီး ဆံပင်ရှည်များကို သစ်သားဆံညှပ်ဖြင့် သပ်ရပ်စွာ ချည်နှောင် ထားသည်။

အသွင်အပြင်အရ နူးညံ့သိမ်မွေ့ပြီး အေးချမ်းသော လေထုကို ဖြန့်ကျက်ထား၏။ သူ့ ဘေးတွင် တာအိုဝတ်လုံဖြင့် အဖိုးအိုတစ်ဦး ထိုင်နေသည်။

အဖိုးအိုက ကုချင်းတစ်ခုကို ညင်သာစွာ တီးခတ်နေခြင်းဖြစ်၏။ တေးသွားသည် သဘာဝ အသံများကဲ့သို့ ကျက်သရေ ရှိလှသည်။

“ တာအိုအစ်ကို တစ်စုံတစ်ယောက်က မင်းကိုစိတ်အနှောင့်အယှက် ဖြစ်စေဖို့လာနေပြီ။ ”

စုဟုန်လီမှ ခေါင်းမော့ကာ အဖိုးအိုကို လှမ်းပြောလိုက်သည်။ အဘိုးအိုမှ ကုချင်းကို ရပ်လိုက်ပြီး အနည်းငယ်ပြုံး၏။

ဤအခိုက်တွင် အလျင်လိုသော ခြေသံတစ်စုံထွက်ပေါ်လာပြီး အနက်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာသည်။

“ မိသားစု ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။ ”

အနက်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ဦးညွှတ် နှုတ်ဆက်လေသည်။ စုဟုန်လီမှ ခေါင်းညိတ်၏။

“ မိသားစုခေါင်းဆောင် ဘဏ္ဍာစိုး သေပြီ။ ”

အနက်ဝတ်အမျိုးသားက ရေနွေးကြမ်းသောက်ပွဲအကြောင်း အပေါ်ယံသာ ပြန်လည်ပြောပြနိုင်၏။

ထိုကာလအတွင်း စုဟုန်လီသည် တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးဖြင့် နားထောင် နေခဲ့သည်။ အပြောင်းအလဲ မရှိချေ။

ဘေးနားရှိ တာအိုဝတ်ရုံဖြင့် အဘိုးကြီးက ‘စုရီ’ဟူသော အမည်ကြောင့် အနည်းငယ်မျှပင် မျက်ခုံးပင့်လိုက်သည်။

ကြည်လင်သော သူ့မျက်ဝန်းများ၌ မှိုင်းညို့သွား၏။ အနက်ဝတ် အမျိုးသား စကား ပြီးဆုံးသောအခါ စုဟုန်လီက ခေါင်းညိတ်ပြီး၊

“ ဧကရာဇ် ဘာပြောလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါက စုမိသားစုအရေးမို့ ... စုမိသားစုအချင်းချင်း ဖြေရှင်းသင့်တယ်လို့ မိန့်ထားပါတယ်။ ”

စုဟုန်လီက စာအုပ်ကို စားပွဲပေါ် ခဏတင်ကာ အနက်ဝတ် အမျိုးသားထံ ပြန်ကြည့်၏။

“ သားဆိုးစုရီက စုမိသားစုနာမည်ကို အသုံးချခဲ့လား။ ”

ထိုမေးခွန်းသည် အနက်ဝတ် အမျိုးသားကို တုန်ယင်စေပြီး ချက်ချင်း ဒူးထောက်ကျသွား စေသည်။

“ မသုံးခဲ့ပါဘူး ... ။ ”

“ ကျောက်စိမ်းမြို့တော်ကို ခြေချခဲ့လား။ ”

“ မလုပ်ပါဘူး ... ။ ”

လီဟုန်လီက အကြည့်များ ပြန်ရုတ်ပြီး စားပွဲပေါ်ရှိ ရှေးဟောင်းစာအုပ်ကို ပြန်ယူကာ လှန်ကြည့်နေလျက်မှ၊

“ ဒုတိယမင်းသားနဲ့ ဆဌမမင်းသား ပြဿနာကြား ယွီ​ချောင်ယွမ်ကို ဘယ်သူက ဝင်စွက်ဖက်ခိုင်းတာလဲ။ ”

-ဟု မေးလိုက်၏။

“ စတုတ္ထသခင်မကြီးပါ။ ”

ဤသည်မှာ စုဟုန်လီ၏ အချစ်ဆုံးဇနီးဖြစ်၏။ စုဟုန်လီမှ အံ့သြခြင်း မရှိဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အဖိုးအိုထံ ပြန်လှည့်ကြည့်ပြီး၊

“ တာအိုအစ်ကို ... ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ။ ”

-ဟု မေးမြန်းတော့၏။

“ ဒါ ... မင်းရဲ့မိသားစုအရေးပဲ၊ ငါဝင်မစွက်နိုင်ဘူး။ ”

“ အင်း ... မင်းမှာ ထူးဆန်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ် ဒီကမ္ဘာကြီးရဲ့ အရှုပ်အထွေးတွေက မဆွဲငင်နိုင်ဘူး။ ”

စုဟုန်လီက ပြုံးလျက် မှတ်ချက်ပေးပြီး အနက်၀တ် အမျိုးသားထံ လှည့်ကြည့်ကာ၊

“ ပေ့ဝမ်ရှန်ကို လွှတ်လိုက်ပါ ... အမှားကိုဝန်ခံရင် အခွင့်အရေးပေးမယ်လို့ ငါပြောတယ်ဆိုတာ သိပါစေ ... ။ ”

-ဟု အမိန့်ပေးလိုက်၏။ ထို့နောက်၊

“ ငြင်းရင်လည်း ကောင်းပါတယ် အဲဒါကို ပြန်စဉ်းစားဖို့ အချိန်တစ်ခုတော့ ပေးလို့ရတယ် မေလ(၅)ရက်နေ့ နောက်ဆုံးထားပြီး တောင်းပန်ပါလို့ ... ။ ”

“ နားလည်ပါပြီ ခေါင်းဆောင်။ ”

အနက်ဝတ်အမျိုးသားက ချက်ချင်း လှည့်ထွက်သွားသည်။ ၎င်းပျောက်ကွယ်သွား သည်နှင့် အဖိုးအိုက သက်ပြင်းချ၏။

“ တာအိုမိတ်တွေ မင်းရဲ့ရောင်ဝါက ပိုမိုအားကောင်းလာပြီး ကောင်းကင်နဲ့ မြေကြီး ကြားမှာ သဟဇာတနေပြီ ...

... ဒီအုတ်မြစ်အရ ... မူလတာအို နယ်ပယ်ထဲကို မင်း ဝင်ရောက်နိုင်သင့်တယ် ဘာကြောင့် ဝန်လေးနေရတာလဲ။ ”

စုဟုန်လီမှ ခဏမျှ စဉ်းစားပြီး၊

“ ငါဆန္ဒရှိရင် လွန်ခဲ့တဲ့ ... ဆယ်နှစ်လောက်တည်းက မူလတာအိုနယ်ပယ် အတွင်း ခြေချနိုင်နေပြီ ... ဒါပေမယ့် ငါလိုချင်တဲ့ အရာက ဒီထက်အများကြီးပိုတယ် ...

... တာအိုအစ်ကို ... မင်းက မူလတာအိုနယ်ပယ်ကို ရောက်နေတာ ကြာပြီပဲ ငါဆိုလိုတာကို မင်းသိပါတယ်။ ”

စုဟုန်လီစကားကြောင့် အဖိုးအိုက သက်ပြင်းချသည်။

“ မဟာကျိုးမှာ ... ရှန်ရှင်းအဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ရှိတယ် အဲဒီထဲမှာ မင်းနဲ့ ဧကရာဇ်ဥသျှောင် ဟုန်ရှန့်ရှန်က နားမလည်နိုင်ဆုံးပဲ ...

... မင်းအတွက် ဘယ်လိုတာအိုမျိုး လိုက်ရှာနေတာလဲ ဆိုတာ ငါလည်းစောင့်မျှော် နေပါတယ်။ ”

ထို့နောက် စုဟုန်လီသည် စာအုပ် ဆက်ဖတ်ကာ အဖိုးအိုသည် ကုချင်းကို တီးခတ် နေ၏။ ညောင်ရွက်များက တလှုပ်လှုပ်ဖြင့် ဤလူနှစ်ဦးကို အဖော်ပြုပေးနေသည်။

***

စုဟုန်လီ၏ အမိန့်သည် စတုတ္ထသခင်မကြီးထံ တိုက်ရိုက်ရောက်ရှိ၏။ သူမအမည်မှာ ယွီချင်းဇီဖြစ်သည်။

“ ဒီလူယုတ်မာလေးကို ... သူက အခွင့်အရေးပေးဖို့ စီစဉ်နေတာလား ... ပြီးတော့ ကျောက်စိမ်းတောင်သူရဲကောင်း ပေ့ဝမ်ရှန်က လူကိုယ်တိုင်သွားဖို့ လိုလို့လား။ ”

ယွီချင်းဇီက စိတ်မသက်မသာဖြင့် ညည်းတွားလိုက်မိ၏။ ကျောက်စိမ်းတောင် သူရဲကောင်း ပေ့ဝမ်ရှန်သည် သူရဲကောင်း (၁၈) ယောက်အနက် တစ်ယောက်ဖြစ်သည်။

စုမိသားစု အဆင့်အတန်းကို ကိုယ်စားပြု၏။

“ စိတ်မပူပါနဲ့ မေမေ ... ဖေဖေက စုရီကို ပြုပြင်ပြောင်းလဲဖို့ ... အခွင့်အရေးပေးခဲ့ပေမယ့် သူ့ကို နေရာပေးဖို့ မရည်ရွယ်ပါဘူး။ ”

စုပိုနင်က ပြုံးပြီး နှစ်သိမ့်၏။ သူသည် ယခုနှစ်တွင် အသက်ဆယ့်ခြောက်နှစ် ပြည့်မည် ဖြစ်ရာ အလားအလာကောင်း တစ်ခုကို ပိုင်ဆိုင်ထားချေပြီ။

“ မင်းဘာကိုဆိုလိုတာလဲ။ ”

ယွီချင်းဇီက သူ့သားကို ပြန်ကြည့်သည်။

“ မေလ(၅)ရက်နေ့ ဆိုတာ ... အဲဒီစုရီအမေကို ဇနီးမယားအဖြစ်ကနေ ဖျက်သိမ်းခဲ့တဲ့ နေ့ဆိုတာ ... မေမေ မေ့သွားပြီလား။ ”

“ အိုး ... ။ ”

ယွီချင်းဇီတစ်ယောက် အပြုံးများ ပြန်လည် တောက်ပလာခဲ့၏။

“ ငါမှတ်မိတယ် ... အဲဒီတိရစ္ဆာန်မကို စံအိမ်ထဲကနေ အပြီးအပိုင် နှင်ထုတ်ခဲ့တဲ့နေ့ပဲ နောက်ဆုံးတော့ အပြင်းဖျားပြီး သူ့အသက်ပါ စွန့်ခဲ့ရတယ်။ ”

“ မှန်တယ်၊ ဖေဖေက အမှန်တော့ စုရီကို အဲဒီနေ့မတိုင်ခင် ဝန်ခံခိုင်းတာက ရာဇသံပေးနေ ခဲ့တာပါ ... မလိုက်နာရင် သူလည်း သူ့အမေနဲ့ လိုက်သွားရလိမ့်မယ်။ ”

***

စုရီက ကျိုးကျစ်လီ စေလွှတ်လိုက်သော အစေခံထံမှ ရတနာသေတ္တာကို လက်ခံယူကာ အခန်းထဲ လှမ်းဝင်လာခဲ့သည်။

သေတ္တာကို ဖွင့်လိုက်သောအခါတွင် အနက်ရောင် ဓားတစ်လက်ကို ဦစွာမြင်လိုက် ရသည်။

ဤသည်မှာ ချင်းချန်ရှန်၏ ဓားဖြစ်၏။ စတုတ္ထအဆင့် ပါဝင်ပစ္စည်များ သုံးထားသော် ငြားလည်း လက်ရာကြမ်းသည်။

ထို့ကြောင့် အစွမ်းကို အပြည့်အဝ အသုံးမချနိုင်ချေ။ တစ်ဖက်တွင် ကောင်းကင် လမ်းညွှန်ဓားသည် စွမ်းအားများ ကုန်ဆုံးလာပြီ ဖြစ်သဖြင့် ထင်ရှားသော အက်ကြောင်းများ ပေါ်လာနေပြီဖြစ်သည်။

၎င်းသည် ဒုတိယအဆင့် ဝိညာဉ်ရေးပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဓားတစ်လက်မျှသာ ဖြစ်သည်။

မိုးကြိုး စုစည်းခြင်း တားမြစ်အမိန့်သာ မရှိသော် ဤခမ်းနားသောတောင်တန်းဓား​ကို မမီချေ။ အချိန်ရပါက ဓားတစ်လက် သွန်းလုပ်ရပေဦးမည်။

ထို့နောက် သူ အသုံးပြုနိုင်သော ဝိညာဉ် ပစ္စည်းများနှင့် ဆေးဝါးများကို ထုတ်ယူလိုက်ပြီး ကျန်ပစ္စည်းများကို ပြန်လည် ရောင်းချရန် ချာကျင်ထံ အပ်နှံလိုက်သည်။

ချာကျင်က ချီနီနှင့် ကစားနေရာမှ သေတ္တာကိုလက်ခံယူပြီး ရွှေကျောက်တုံးခန်းမ ထံသို့ ချက်ချင်း ထွက်ခွာသွားတော့သည်။

ချီနီကို ဝမ်လင်ရွယ်ထံ ပေးအပ်ရန် ရည်ရွယ်ထားသော်လည်း ပျင်းရိနေမိသဖြင့် သူ့အနားတွင် ရှိနေသေးခြင်းဖြစ်၏။

အချိန်အတော်ကြာပြီးနောက် ပြတင်းပေါက်မှတဆင့် ရှုခင်းများထံကြည့်ကာ စာရွက်ဖြူနှင့် မှင်တံကို ကောက်ယူကာ စတင်ရေးသားလိုက်သည်။

“ ကောင်းကင်ကို ဆန့်ကျင်ပြီး ... စစ်သည်တော်တစ်ယောက် ရပ်နေတယ်၊ ဘယ်သူက သူ့ကို စမ်းသပ်ဝံ့မလဲ ...

... ဒါက အပြာရောင် အမိုးခုံးကြီးထဲမှာ ... ပိတ်မိနေတဲ့ ငန်းတစ်ကောင်လို အထီးကျန် လှပါတယ်။ ”

စကားလုံးတိုင်း ရိုးရှင်းပြီး အေးချမ်းကာ အထီးကျန်နေ၏။ ယနေ့သည် ကျိုးပြက္ခဒိန်အရ လသက္ကရာဇ် (၃၉၉)ခုနှစ် မတ်လ (၁၅)ရက်နေ့ ဖြစ်သည်။ ထို့နောက်တွင် ဤနေ့ကို မဟာကျိုး သမိုင်း၌ အနောက်တောင်ထိပ်မှ လူသတ်ပွဲ-ဟု မှတ်တမ်းတင်ခဲ့ချေပြီ။

***

All Chapters