← Chapters

ဖခင်နှင့်သား ... ။

Vol. 15 Ch. 176

ဖခင်နှင့်သား ... ။

Vol. 15 Ch. 176

သုံးရက်ကုန်လွန်ပြီးနောက် စုရီက သမ်းဝေလိုက်သည်။ ကုတင်ဘေးရှိ ချာကျင်က ချစ်စရာကောင်းသော အပြုံးဖြင့်၊

“ သခင်လေး ဂျင်ဆင်းစွပ်ပြုတ်ပါ ကျေးဇူးပြုပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေဖို့ များများသောက်ပေးပါ။ ”

စုရီက ခေါင်းညိတ်ကာ အကုန် မော့သောက်လိုက်၏။

“ မနေ့ညက နှစ်မွှာ ကျင့်ကြံခြင်းက ငါ့အချိန်နဲ့ခွန်အားတွေ အများကြီးဖြုန်းတီးပစ် ခဲ့ရတယ် အဆုံးမှာတော့ ... မင်းက အသာစီးရသွားပြီ။”

“ သခင်လေး ... ငါတကယ် တောင်းပန်ပါတယ် ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စတွေက ငါ့ကျင့်ကြံမှုကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ”

ချာကျင်အသံက တိုးညှင်းပြီး တုန်ယင်နေခဲ့၏။ စုရီက ဆက်မပြောတော့ချေ။ နှစ်မွှာကျင့်ကြံရန် သူ့တွင် စိတ်ကူးမရှိတော့ သည်မှာ နှစ်ပေါင်း သောင်းဂဏန်းရှိချေပြီ။

ချာကျင်သည် ပထမဆုံးသော လေ့ကျင့်ဖော်ဖြစ်၏။ ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲနှင့် ဤအကျိုးဆက်ကို သူ မခံနိုင်ချေ။ နုံးချိလွန်းလှသည်။

“ ကျီး ... ။ ”

နှစ်ယောက်သား ကိုယ်လက်သန့်စင်ကာ မနက်စာ စားသောက်ပြီးနောက် လင်းယုန်စိမ်း အော်မြည်သံနှင့်အတူ နင်စစ်ဟွာနှင့်​ တိမ်လွှာသူရဲကောင်း ခုန်ဆင်းလာသည်။

စုရီက နင်စစ်ဟွာကို ကြည့်ကာ အံ့သြသွားသည်။ ​ဤအမျိုးသမီးသည် ငယ်ရွယ် သော်လည်း အလွန်လှပသောကောက်ကြောင်း ရှိနေ၏။

တင်းကြပ်သော ဝတ်စုံအောက်၌ ရင်ဘတ်သည် မို့မောက်နေကာ ဝင့်ကြွားဖွယ် တင်ပါးတစ်စုံ ပိုင်ဆိုင်ထားသည်။

“ မင်းမှာ အထင်ကြီးလောက်စရာ ပစ္စည်မျိုးရှိတယ်။ ”

စုရီမှတ်ချက်ကြောင့် နင်စစ်ဟွာက ပြုံးသည်။ အခြားသော တစ်စုံတစ်ယောက်သာ ဆိုသော် ပါးရိုက်ပြီးဖြစ်ပေမည်။

ရှန့်ကျိစုန်မှ အံ့အားသင့်သွားပြီး ဤလူငယ်သည် အမှန်ပင် လူထူးလူဆန်း တစ်ယောက်ဖြစ်ကြောင်း လက်ခံလိုက်၏။

“ အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုတော့ ငါတို့ထွက်ရအောင် ချင်းအာရဲ့ အရှိန်အရဆိုရင် ဒီညနေမှာ သွေးနတ်ဆိုးတောင်ကို ရောက်နိုင်မှာပါ။ ”

နင်စစ်ဟွာမှ ပြောကြားလိုက်၏။ စုရီနှင့် ရှန်ကျိစုန်က ခေါင်းညိတ်ပြစဉ် နင်စစ်ဟွာက ရုတ်တရက် သတိရသွားပြီး၊

“ မိန်ကလေးချာကျင်၊ အခု အင်ပါယာမြို့တော်က ကမောက်ကမ ဖြစ်နေပြီ၊ ငါတို့ဒီမှာမရှိရင် မင်းအတွက် ငါ့အကယ်ဒမီက အကောင်းဆုံးပါပဲ ... မဟာအကြီးအကဲ ရှန့်ကျန်းကို ငါမှာထားတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ထိုအစီစဉ်ကြောင့် ချာကျင်တစ်ယောက် အံ့သြစွာဖြင့် စုရီထံ ကြည့်လိုက်မိတော့၏။ စုရီမှ ခေါင်းညိတ်ပြသည်။

ယနေ့မြို့တော်ရှိ အင်အားစုများသည် ပြည်နယ်သခင်ပြောင်းလဲချိန်၌ ၎င်းတို့အဆင့်ကို တိုးမြှင့်ရန် ချောင်းမြောင်းနေကြပြီဖြစ်၏။

“ ဒေါက် ... ဒေါက် ... ဒေါက် ... ။ ”

ထိုစဉ် ခြံတံခါးခေါက်သံနှင့်အတူ ကျန်းတျန်းဟီက ဧည့်သည်တစ်ယောက်ကို ခေါင်းဆောင် ရောက်ရှိလာသည်။

“ သခင်လေးစုရီ ... သူရဲကောင်းပေ့က တွေ့ဖို့လာပါတယ်။ ”

စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ဘေးရှိ တိမ်လွှာသူရဲကောင်းက၊

“ ဒီလူရဲ့ နာမည်က ပေ့ဝမ်ရှန်ပါ ... စတုတ္ထအဆင့် မဟာသခင်တစ်ပါးပဲ ... လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ကျောက်စိမ်းတောင် သူရဲကောင်းဘွဲ့ကို ရရှိခဲ့တယ်၊ ...

... လင်ကျိုးနယ်မြေကို စောင့်ရှောက်ရတဲ့ စုမိသားစုရဲ့ ပြင်ပမျိုးရိုးဆက်ခံသူ ပဉ္စမမြောက် သူရဲကောင်းပဲ။ ”

“ ချာကျင် တံခါးဖွင့်ပေးလိုက်။ ”

စုရီက ခေါင်းညိတ်ကာ အမိန့်ပေး လိုက်တော့သည်။ များမကြာခင် ကျန်းတျန်းဟီ နှင့်အတူ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် ဝင်လာသည်။

အသက်အရွယ်အရ အသက် သုံးဆယ်ခန့်ရှိကာ ကျောက်စိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထား၏။

ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးထားကာ ဖြူစင်သော အသားအရေသည် နူးညံ့သိမ်မွေ့ သန့်စင်နေသည်။

“ အစ်ကိုရှန့် ... မင်းဘာလို့ ဒီကိုရောက်နေတာလဲ။ ”

၎င်းက ရှန့်ကျိစုန်ကို မြင်ချိန်၌ အံ့ဩသွားတော့၏။

“ မင်း ... လင်ကျိုးကို စောင့်ကြပ်နေတာ မဟုတ်လား မင်းဘာလို့ ဒီကိုရောက်နေတာလဲ ဆိုတာ ငါပြန်မေးရမှာ။ ”

“ ငါဒီကို အမိန့်နဲ့လာတာပါ။ ”

ထို့နောက် စုရီထံ တစ်ချက်ကြည့်လိုက်ပြီး၊

“ တတိယ သခင်လေး စုမျိုးနွယ်စုခေါင်းဆောင်က မင်းကို စကားအချို့ ပါးခိုင်းလိုက်ပါတယ်။ ”

“ ပြောပါ ... ။”

စုရီက မတုန်မလှုပ် ခေါင်းဆတ်ပြသဖြင့် ပေ့ဝမ်ရှန်တစ်ယောက် အလိုမကျ ဖြစ်သွားခဲ့ လေသည်။

“ တတိယသခင်လေးက ... မင်းသာခေါင်းငုံ့ပြီး အမှားကို ဝန်ခံသရွေ့ မိသားစုခေါင်းဆောင်က အခွင့်အရေး ပေးနိုင်ပါတယ် မဟုတ်ရင် ... ။ ”

“ စုဟုန်လီက တကယ်ပြောဝံ့လား။ ”

“ တတိယသခင်လေး၊ သားတစ်ယောက်အနေနဲ့ မင်းအဖေကို နာမည် တိုက်ရိုက်ခေါ်တာ ... သိပ်ကို အရိုအသေ မဲ့လွန်းပါတယ်။ ”

ပေ့ဝမ်ရှန်လေသံတွင် အေးစက်သော ခြိမ်း‌ခြောက်မှု အငွေ့အသက်များ ပါရှိနေသည်။ စုရီမှ ဂရုမစိုက်ချေ။

“ ဆက်ပြောပါ ... ။ ”

“ တတိယ သခင်လေးက ... အနောက်တောင် ရေနွေးကြမ်းသောက်ပွဲမှာ လူတော်တော်များများ သတ်ခဲ့တယ်လို့ ငါ ကြားမိပါတယ် ... ဒါက ငါ့အတွက် မယုံနိုင်စရာပါပဲ။ ”

အဆုံးတွင် သူ့အသံ၌ အနည်းငယ် သတိပေးရိပ်များ ပါဝင်လာသည်။ သူဟူသည် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ကျန်းတျန်းဟီ ကဲ့သို့သော မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ပင်လျှင် ယဉ်ကျေးစွာ ဆက်ဆံရပေမည်။

သို့သော် ဤစုရီသည် ချီသန့်စင်ခြင်း အဆင့်ဖြင့် စကားပြောရန်ပင် ပျင်းရိပြနေ၏။ တစ်ဖက်လူသည် ငယ်ရွယ်စဉ် မိသားစုအတွင်း၌ မည်မျှ နိမ့်ကျခဲ့သည်ကို သူ အသိဆုံးပေပင်။

“ တတိယသခင်လေး ... မျိုးနွယ်စုခေါင်းဆောင်က မင်းကို စဉ်းစားဖို့ အချိန်တစ်ခုပေးပါတယ် ... မေလ (၅)ရက်နေ့ နောက်ဆုံးထားပြီး တောင်းပန်ပါ။ ”

“ ကောင်းပြီ ... မေ(၅)ရက်နေ့မှာ ... မေမေအုတ်ဂူကို လာကန်တော့မယ် အဲဒီအချိန် မေမေရဲ့ဝိညာဉ်ကို နှစ်သိမ့်ပေးဖို့ စုမိသားဆီ ငါလာတွေ့မယ်လို့ ပြန်ပြောလိုက်။”

စုရီအဖြေကြောင့် လေထုတစ်ခုလုံး တင်းကြပ်သွားသည်။ ကျန်းတျန်းဟီမှာမူ ခြေဖျားလက်ဖျားများ အေးစက်သွား၏။

သခင်လေးစုရီ၏ စကားတွင် အဆုံးမဲ့ လူသတ်လိုသော ရည်ရွယ်ချက်ကို မည်သူမဆို ခံစားနိုင်သည်။ ဤသည်မှာ မိခင်အတွက် စုမျိုးရိုးကို အသိပေးခြင်းမည်၏။

“ တတိယသခင်လေး သတိထားပြောပါ မျိုးနွယ်စုခေါင်းဆောင်သာ ဒေါသထွက်လာရင် မင်းရဲ့နောက်ကွယ်က ဆဌမမင်းသားကိုလည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူး ... ။ ”

ပေ့ဝမ်ရှန်မှ အေးစက်စွာ သတိပေး လိုက်ပြီးနောက် တိမ်လွှာ သူရဲကောင်းထံသို့ ပြန်လှည့်ကြည့်ကာ၊

“ အစ်ကိုရှန် ... ငါစကားတွေက ခြိမ်းခြောက်မှု မဟုတ်ဘူးဆိုတာ မင်းလည်း သိပါတယ်။ ”

-ဟု သက်သေပြုလိုက်၏။

ရှန့်ကျိစုန်မှ ထူးဆန်းသောအကြည့်ဖြင့် ပေ့ဝမ်ရှန်ထံ စိုက်ကြည့်လျက်၊

“ ဒါတော့ အမှန်ပဲ ... ဒါပေမယ့် ငါ့အမြင်အရတော့ မင်းကသံတမန်မို့ မင်းအလုပ် မင်းလုပ်သင့်ပါတယ် ... မပြောသင့်တဲ့ စကားကို မပြောတာ အကောင်းဆုံးပဲ။ ”

-ဟု တုန့်ပြန် သတိပေးလိုက်သည်။

စိတ်အတွင်းမှလည်း ရယ်ချင်လာ၏။ စုရီသည် ဆဋ္ဌမမင်းသားကို အားကိုးနေသည်ဟု တစ်ဖက်လူမှ ထင်​နေချေပြီ။

ပေ့ဝမ်ရှန်မှ မျက်ခုံးပင့်လျက် ရှန့်ကျိစုန်၏ သဘောထားသည် အနည်းငယ် မှားယွင်းနေမှန်း သတိပြုမိလာ၏။ သို့တိုင် စုရီထံ ပြန်ကြည့်ကာ၊

“ တတိယသခင်လေး ဘယ်လိုထင်လဲ။ ”

-ဟု မေးမြန်းလိုက်သေးသည်။

“ သူရဲကောင်းရှန့် ပြောတာမှန်တယ် ... သံတမန်တစ်ယောက်က ငါနဲ့ဆွေးနွေးဖို့ မင်းမှာ အရည်အချင်း မရှိဘူး ... ငါပြောတဲ့အတိုင်း စုဟုန်လီကို အတိအကျ ပြန်ပြောလိုက်၊ သွား ... ငါမင်းကို မတွေ့ချင်တော့ဘူး။ ”

ထိုသို့ပြောပြီးနောက် စုရီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ခြင်နှင့် ယင်ကောင်များကို မောင်းထုတ်နေသည်နှင့် တူ၏။

ပေ့ဝမ်ရှန်မှ အသက်ပြင်းပြင်းရှူလျက် ဒေါသကို န်းလိုက်ရကာ စကားမပြောတော့ဘဲ ချက်ချင်း လှည့်ထွက်လာခဲ့သည်။

ဤသားဆိုးသည် သူ့ဖခင်နာမည်ကို အကြိမ်ကြိမ် တိုက်ရိုက် ခေါ်ဝံ့ပြီး ရိုင်းစိုင်းလွန်း နေချေပြီ။

ရှန့်ကျိစုန်သည်သာ ယနေ့ အနားတွင်မရှိသော် သင်ခန်းစာ ပေးမိတော့ မည်မှာ သေချာ၏။ သူ့အတွက် မည်သည့်အရာ ကောင်းမှန်း မသိချေ။

***

All Chapters