← Chapters

တပ်ခွဲမှူး ဟွမ်ချမ့်ကျွယ်။

Vol. 15 Ch. 178

တပ်ခွဲမှူး ဟွမ်ချမ့်ကျွယ်။

Vol. 15 Ch. 178

နေဝင်ချိန်ကောင်းကင်ယံသည် သွေးရောင်ကဲ့သို့ နီရဲနေပြီး လေထုအတွင်း ထူးခြားသော ရနံ့များ ရရှိနေ၏။

သွေးနတ်ဆိုးတောင်တန်းသည် ကြီးမားကျယ်ပြန့်သော တောင်တန်းကြီးဖြစ်ကာ ဧရာမ မြွေကြီးကဲ့သို့ ကောက်ကွေး တွန့်လိမ်နေသည်။

တောင်တန်းဗဟိုနှင့် မနီးမဝေး အနောက်တောင်ကုန်း တစ်နေရာ၌ သံချပ်ကာ တပ်ရင်းတစ်ခု တည်ရှိ၏။

အဆောက်အဦးများသည် တောအုပ်ကြီးအတွင်း ထူထပ်ပြည့်ကျပ်နေပြီး အလံများ တလူလူ လွင့်ပျံနေသည်။

အပြာရောင် သံချပ်ကာတပ်ရင်း၏ စစ်သူကြီးဖြစ်သူ ဝိညာဉ်သိုင်းသမားသူရဲကောင်း ချန်ကျန့်သည် ဤနေရာကို စောင့်ကြပ်ရ၏။

၎င်းတပ်သည် ထိုနှစ်များအတွင်း မရေမတွက်နိုင်သော နတ်ဆိုများကိုသတ်ပြီး ကြီးမားသော အကျိုးဆောင် ရမှတ်များ ရရှိထားသည်။

“ သူရဲကောင်း ... ပြန်မလာသေးဘူးလား။ ”

ကျောက်ကြမ်းဖြင့် ထုဆစ်ထားသည့် မျှော်စင်တစ်ခုပေါ်၌ ကျန်းရီရန်မှ လက်နှစ်ဖက် နောက်ပို့လျက် အဝေးကိုငေးကာ မေး၏။

လွန်ခဲ့သောငါးရက်က သွေးယိုခေါ် သွေးနတ်ဆိုးတောင်တန်းအတွင်း ထူးခြားသော လှုပ်ရှားမှုများ ဖြစ်ပွားခဲ့သည်။

မိုးကြိုးများ တစ်နာရီကြာအောင် ပစ်ခတ်နေခဲ့ပြီး သားရဲများ၏ ချောက်ချားစွာ ဟိန်းဟောက်သံများဖြစ်၏။

“ ဟုတ်ကဲ့ ... ။ ”

“ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ”

ထို့ကြောင့် ဝိညာဉ်သိုင်းသမားချန်ကျန့်မှ စုံစမ်းရန် တစ်ဦးတည်း ဝင်ရောက်သွားခဲ့သည်။ ကျန်းရီရန်မှ သက်ပြင်းချ၏။

ဆယ်နှစ်တစ်ကြိမ် ကျရောက်မည့် သားရဲဒီရေသည် လေးရက်အတွင်း စတင်လာ တော့မည် ဖြစ်သည်။ ထိုအချိန်တွင် အပြာရောင် တပ်ရင်းတစ်ခုလုံးကို စုစည်းထားရန် လို၏။

ခံတပ်ကို ထိန်းထားရန် ချန်ကျန့်သာ မရှိသော် တပ်သားများအတွက် စိတ်ဓာတ်ကို မလွဲမသွေ ထိခိုက်စေမည်ဖြစ်သည်။

ထိုစဉ် အဝေးမှ ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များကို မြင်လိုက်ရ၏။ မျက်မှောင် ကြုတ်လျက်၊

“ လေ့ကျင့်ရေးကွင်းမှာ ဘာဖြစ်နေတာလဲ။ ”

-ဟု ‌‌စူးစမ်းလိုက်သည်။

“ ဟွမ်ချမ့်ကျွယ်နဲ့ ဒုတပ်မှူး မာကျန်းဝေတို့ ရန်ဖြစ်နေတာပါ။ ”

“ ဒုတပ်မှူးက ... တပ်ခွဲမှူးလေး တစ်ယောက်ကို ဒီလိုမျိုး အနိုင်ကျင့်နေတာလား အရှက်မဲ့လိုက်တာ ... ။ ”

ကျန်းရီရန်စကားကြောင့် သူ့ဘေးရှိ တပ်သားက၊

“ ဒုတပ်မှူးမာရဲ့ အပြောအရ ... တပ်ခွဲမှူးဟွမ်ချမ့်ကျွယ်က တပ်ရင်းကို ဝင်တာ တစ်လတောင် မပြည့်သေးပေမယ့် ...

... လူတစ်ထောင်ကို ဦးဆောင်နေရပြီ ... တပ်ရင်းတစ်ခုလုံးမှာ အသက်အငယ်ဆုံး အရာရှိ ဖြစ်နေတာက ... အထက်လူကြီးတွေကို မလေးစားဖူးလို့ ပြောပါတယ်။ ”

-ဟု ပြန်ပြောင်း ပြောပြလာ၏။ ကျန်းရီရန်မှ ခေါင်းယမ်းသည်။

“ ဟွမ်ချမ့်ကျွယ်က သူ့ကိုယ်ပိုင် အရည်အချင်းကို အားကိုးပြီး ... ဒီရာထူးကိုရယူ ထားတာပါ ... ထိုက်တန်ပါတယ် မာရှန်းဝေက ဒီလိုလူငယ်မျိုးကို ဘာလို့ ဖိနှိမ်နေရတာလဲ။ ”

ဘေးမှတပ်သားက တိတ်ဆိတ်သွား လေသည်။ ယင်းသည် ဒု-တပ်မှူး ဖြစ်နေသဖြင့် သူ့၌ ဝေဖန်နိုင်သော အရည်အချင်း မရှိချေ။

ဟွမ်ချမ့်ကျွယ်သည် ရောက်သည်မှာ မကြာသေးသော်လည်း သားရဲ သုံးရာနီးပါးကို သတ်ပစ်ခဲ့သည်။ အပြာရောင် တပ်ရင်းတွင် အရည်အသွေးဖြင့် ရာထူးသတ်မှတ်ခြင်း ဖြစ်၏။ ထို့ကြောင့် အမှန်ပင် ထိုက်တန်သည်။

“ သွားကြည့်ရအောင်။ ”

နေရောင်သည် သွေးကဲ့သို့ နီနေသည်။ လေသည် သဲမှုန်များသယ်ဆောင်လျက် မှုန်မှိုင်း နေခဲ့၏။ လေ့ကျင့်ရေးကွင်းအတွင်း တပ်သား အများအပြားဖြင့် ပြည့်ကျပ်နေသည်။

ဟွမ်ချမ့်ကျွယ်၏ ညာလက်ကို နောက်ပြန်လိမ်လျက် ကျောပြင်အပေါ် ခြေဖဝါး တစ်ဖက်မှ နင်းထား၏။ မျက်နှာပြင်သည် မြေပြင်၌ ဖိကပ်ခံထားရသည်။

ခြေဖဝါးပိုင်ရှင်သည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးဖြစ်ပြီး ကြေးနီသွေးရောင် အသားအရည်နှင့် ဦးခေါင်းပြောင်ဖြစ်၏။

“ မင်း ဝန်ခံပါ ... ။ ”

ဟွမ်ချမ့်ကျွယ်ခမျာ ပါးရိုးများ ကျိုးလျက် မျက်နှာပုံပျက်နေသည်။ တပ်သားငယ်များက ဟွမ်ချမ့်ကျွယ်အတွက် သနားနေမိ၏။

“ ဟွမ်ချမ့်ကျွယ် ... မြန်မြန် ဝန်ခံပါ၊ ဒုတပ်မှူးမာကိုရှုံးရတာ ရှက်စရာမဟုတ်ဘူး။ ”

“ ဟမ့် ... ။ ”

ဟွမ်ချမ့်ကျွယ်မှ ပြန်မဖြေချေ။ မာရှန်းဝေက မျက်လုံးများမှေးစင်းလျက် ခြေဖဝါးကို အားစိုက် ဖိနင်းလိုက်တော့၏။

ထိုအချိန်တွင် လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက် လှမ်းထွက်လာပြီး၊

“ ဒုတပ်မှူးမာ ဒါလေ့ကျင့်နေတာပဲ ... ဒေါသမထွက်ပါနဲ့ ... အစ်ကိုဟွမ် ငါ့စကားကို နားထောင်ပေးပါ ...

... မြန်မြန်ဝန်ခံပြီး မင်းရဲ့အမှားအတွက် တောင်းပန်လိုက်ရင် ဒုတပ်မှူးက ခွင့်လွှတ်မှာ သေချာပါတယ်။ ”

-ဟု ဝင်ရောက် ဖြန်ဖျေပေးလေသည်။

ဤသည်မှာ နန်းယင်ဖြစ်သည်။ သံချပ်ကာတပ်ရင်းတွင် အမျိုးသားစစ်သည် (၃၀၀,၀၀၀)ကျော်ရှိကာ အမျိုးသမီးသည် လက်တစ်ဆုပ်စာသာရှိ၏။

နန်းယင်ကို မြင်သောအခါ မာရှန်းဝေ၏ အမူအရာသည် သိသိသာသာ နူးညံ့သွားသည်။

“ ဒါက သူ့အကျိုးအတွက် လုပ်တာပါ သူ့ရဲ့အစွယ်ကိုချိုးပြီး ... မာနကို ဆွဲထုတ်ရမယ် မဟုတ်ရင် စစ်သည်တော်ကောင်း ဖြစ်လာမှာ မဟုတ်ဘူး။ ”

နန်းယင်က ချိုသာစွာ ပြုံးလိုက်ပြီး ဟွမ်ချမ့်ကျွယ်ထံ ငုံ့ကြည့်သည်။

“ ဒုတပ်မှူးမာရဲ့ ကြင်နာမှုတွေကို ... တစ်နေ့ကျရင် အစ်ကိုဟွမ် နားလည်မှာပါ။ ”

“ ခွေးမ ... ယောကျ်ားတွေကြားမှာ သာယာနေတဲ့ တိရိစ္ဆာန်မ ... မင်း မာရှန်းဝေကို လှည့်စားပြီး ငါနဲ့ရန်တိုက်ပေးတာ ငါသိတယ်။ ”

“ နင် ... ။ ”

“ မင်း ... ။ ”

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

နန်းယင်တစ်ယောက် ဟွမ်ချမ့်ကျွယ် စကားများကြောင့် ရှက်ရွံ့သွားသည်။ မာရှန်းဝေ သည်ပင် အမူအရာ မည်းမှောင်သွားပြီး ဒေါသဖြင့် ကန်ချပစ်လိုက်၏။

ဟွမ်ချမ့်ခမျာ လေထဲ လွင့်ပျံလျက် ပေတစ်ရာကျော်အကွာသို့ ပြုတ်ကျသွားသည်။ မတ်တပ်ထရပ်ရန် ကြိုးစားလိုက်စဉ် မာရှန်းဝေ ရောက်ရှိလာကာ လည်ပင်းကို ဆွဲကိုင်ပြီး လေထဲမြှောက်တင်တော့၏။

“ နန်းယင်က ... မင်းရဲ့ကိုယ်စား တောင်းပန်ပေးနေတာ မင်းဘယ်လိုများ ကျိန်ဆဲ ဝံ့သလဲ ... ဟမ့် ။ ”

“ အဟွတ် အဟွတ် ... ။ ”

“ ဒုတပ်မှူးမာ ... မင်းကိုတစ်ခုလောက် မေးခွင့်ပြုပါ မင်းလိုမဟာသခင် တစ်ယောက်က ချီသန့်စင်ခြင်းအဆင့်ရဲ့ တပ်ခွဲမှူးလေးကို နင်ချေနေတာ သင့်တော်ရဲ့လား။ ”

ရုတ်တရက် အေးစက်နေသော အသံရှင်ကြောင့် လူတိုင်း လှည့်ကြည့်လိုက်ရာ ဒုတပ်မှူး ကျန်းရီရန်ကို မြင်လိုက်ရ၏။

မာရှန်းဝေက မျက်မှောင်ကြုတ်လျက်၊

“ ဟမ့် ... ဟွမ်ချမ့်ကျွယ်ရဲ့ ... အကျင့်ဆိုးတွေကို ပြင်ပြုဖို့ ... ငါစေတနာနဲ့ လုပ်နေတာ ... ။ ”

-ဟု တုန့်ပြန်လိုက်လေသည်။

“ ရယ်စရာ ကောင်းလိုက်တာ ... ဒုတပ်မှူးတစ်ယောက်က အားနည်းသူတွေကို အနိုင်ကျင့်ဖို့ ... ဒီလိုဆင်ခြေကို သုံးနေတာ မင်း မရှက်ဘူးလား ... ။ ”

လေ့ကျင့်ရေးကွင်း တစ်ခုလုံး တိတ်ဆိတ်သွား၏။ တစ်စုံတစ်ရာ လွဲမှားနေ သည်ကို မည်သူမဆို ပြောနိုင်သည်။

အပြာရောင် သံချပ်ကာ တပ်ရင်းတွင် ဒုတပ်မှူးငါးယောက်ရှိသည်။ တပ်စုငယ်ပေါင်း (၆၀၀၀)ခန့်ကို အုပ်ချုပ်ရ၏။

၎င်းတို့အောက်တွင် တပ်ရင်း၊ တပ်စု၊ တပ်ခွဲမှူးများ ထားရှိ၏။ ရာထူးအရ ကျန်းရီရန် သည်လည်း မာရှန်းဝေနှင့် တူညီသည်။

“ ဒုတပ်မှုူးကျန်း၊ ဒီလိုလူတွေနဲ့ ... စကားဖြုန်းတီးနေစရာ မလိုပါဘူး နောက်မှာ ငါသူ့ဆီက တန်ဖိုးတစ်ခု ပြန်ယူမယ်။ ”

ဟွမ်ချမ့်ကျွယ်မှ ဒေါသတကြီး ပြန်လည်အော်ဟစ်လိုက်သည်။ မာရှန်းဝေက မျက်ခုံးပင့်ကာ၊

“ တွေ့လား ... တပ်ခွဲမှူးတစ်ယောက် ဒုတပ်မှူးကို ဘယ်လိုပုံစံမျိုးနဲ့ စကားပြောနေလဲ မင်းမြင်ပြီ မဟုတ်လား ... သူက အထက် လူကြီးတွေကို လေးစားမှုမရှိဘူး။ ”

-ဟု သက်သေပြုလိုက်သည်။

“ သူရဲကောင်းချန်က ... သူ့ကို စစ်သည်ကောင်း တစ်ယောက် ဖြစ်လာအောင် တင်းတင်းကြပ်ကြပ် လေ့ကျင့်ပေးဖို့ ... ငါ့ကို မှာကြားထားတယ် ... ဒီနေ့ သူရဲကောင်းချန် ရှိရင်တောင် ငါ့ကိုအပြစ်တင်မှာမဟုတ်ဘူး။ ”

စကားဆုံးသည်နှင့် လှောင်ပြုံးဖြင့် ဟွမ်ချမ့်ကျွယ်ကို ပါးရိုက်ရန် ပြင်လိုက်တော့၏။

“ ကျီး ... ။ ”

သို့သော် ထိုအချိန်တွင် လင်းယုန်ငှက် တစ်ကောင်၏ စူးစူးဝါးဝါး အော်မြည်လိုက်သော အသံက လေ့ကျင့်ရေးကွင်းအတွင်း ပဲ့တင် ထပ်လာခဲ့သည်။

“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”

လူအုပ်ကြီးမှ မော့ကြည့်မိစဉ် လင်းယုန်စိမ်းတစ်ကောင်သည် လျှပ်စီးကဲ့သို့ လေ့ကျင့်ရေးကွင်းအလယ်ထံ ပျံသန်းလာပြီး လူရိပ်များ ခုန်ဆင်းလာ၏။

“ သခင်လေးစု ... ။ ”

ကျန်းရီရန်ခမျာ အံ့အားသင့်သွားသည်။ နန်းယင်သည်လည်း မျက်လုံးပြူးလျက် လူအုပ် အတွင်း ပြန်လည်ဆုတ်ခွာလိုက်မိ၏။

နင်စစ်ဟွာနှင့် ရှန့်ကျိစုန်မှ မြေပြင်ပေါ် ခြေကျသည်နှင့် လေ့ကျင့်ရေးကွင်းကို ဝေ့ကြည့် လိုက်လေသည်။

စုရီသည် သာလျှင် လေထဲ ယက်ကန်ယက်ကန်ဖြစ်နေသော ဟွမ်ချမ့်ကျွယ် ထံသို့ တိုက်ရိုက်ကြည့်နေ၏။

“ မကောင်းတော့ဘူး ... ။ ”

ကျန်းရီရန်တစ်ယောက် တုန်လှုပ် သွားလေသည်။ ဤမြင်ကွင်းသည် ဆိုးရွားလွန်း လှချေပြီ။

အပြာရောင် သံချပ်ကာ တပ်ရင်းမှ ဒုတပ်မှူးတစ်ဦးသည် တပ်ခွဲမှူးတစ်ယောက်ကို အနိုင်ကျင့်နေကြောင်း မြင်သာနေ၏။

အဆိုးဆုံးမှာ အနိုင်ကျင့်ခံရသော ထိုတပ်ခွဲမှူးသည် ဟွမ်ချမ့်ကျွယ် ဖြစ်နေချေပြီ။ စုရီအတွက် ခွင့်လွှတ်နိုင်စရာ နည်းလမ်းရှိမည် မဟုတ်ချေ။

***

All Chapters