← Chapters

သင်ခန်းစာ ... ။

Vol. 15 Ch. 179

သင်ခန်းစာ ... ။

Vol. 15 Ch. 179

မာရှန်းဝေသည် စုရီနှင့် နင်စစ်ဟွာကို မသိခဲ့ချေ။ သို့သော် တိမ်လွှာသူရဲကောင်းရှန့်နှင့် သိနေသဖြင့် လက်ပြန်ရုတ်ကာ မြေပြင်ပေါ် ဟွမ်ချမ့်ကျွယ်ကို ချပေးလိုက်သည်။

“ အပြာရောင် သံချပ်ကာ တပ်ရင်းရဲ့ ဒုတပ်မှူးမာရှန်းဝေက ... သူရဲကောင်းရှန့်ကို နှုတ်ဆက်ပါတယ်။ ”

အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြုပြင်လျက် ဦးညွှတ်ကာ နှုတ်ဆက်တော့၏။ သူရဲကောင်းရှန့်ဟူသော အမည်နာမကြောင့် စစ်သည်များအားလုံး ထိတ်လန့်သွားကာ၊

“ သူရဲကောင်းရှန့်ကို နှုတ်ဆက်ပါတယ်။ ”

-ဟု ချက်ချင်း နှုတ်ဆက်ကြလေသည်။

ရှန့်ကျိစုန်က ခေါင်းညိတ်ပြပြီး စကားမဆိုချေ။ ကျန်းရီရန်မှ အလျင်အမြန် ပြေးတက်လာပြီး အပြုံးဖြင့် နှုတ်ဆက်၏။

ထို့နောက် စုရီထံ လှည့်ကြည့်ကာ၊

“ ဆရာစု၊ မင်းလည်း ရောက်လာဖို့ မမျှော်လင့်ထားဘူး။ ”

-ဟု ပြောကြားလိုက်သည်။

စုရီမှ အရာအားလုံးကို လျစ်လျူရှုလျက် ဟွမ်ချမ့်ကျွယ်ထံ ဦးတည်ကာ၊

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

-ဟု မေးမြန်းလိုက်တော့သည်။

“ အစ်ကိုစု၊ ငါ မင်းကို ရှက်ရစေမိပြန်ပြီ ... ။ ”

ဟွမ်ချမ့်ကျွယ်မှ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ သွားတော့သည်။ ဤအခိုက်တွင် နင်စစ်ဟွာနှင့် ရှန့်ကျိစုန်မှ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို နားလည်လိုက်၏။

“ ခွင့်လွှတ်ပါ သူရဲကောင်းရှန့် ... ဒီသခင်လေးက ဘယ်သူလဲလို့ မေးပါရစေ။ ”

မာရှန်းဝေမှ စူးစမ်းလိုက်သည်။ ရှန့်ကျိစုန်အမူအရာ အေးစက်သွားပြီးနောက်၊

“ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ... အခုပြန်ပြောပြတာ ပိုကောင်းမယ်။ ”

-ဟု ငေါက်ငမ်းလိုက်၏။

လေထုသည် ပုံမှန်မဟုတ်မှန်း သိရှိလိုက်သဖြင့် မာရှန်းဝေတစ်ယောက် စုရီထံ ပြန်ငဲ့ကြည့်မိသည်။

“ ဒုတပ်မှူးမာ၊ မင်းအမှန်အတိုင်း ပြောပြတာပိုကောင်းမယ် ... မဟုတ်ရင် ငါတို့ရဲ့ သူရဲကောင်းချန် ပြန်လာရင်တောင် ... မင်းကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ”

ကျန်းရီရန်မှ ဝင်ရောက် သတိပေးသည်။ မာရှန်းဝေတစ်ယောက် မျက်နှာပြောင်းသွား၏။ ဤသည်မှာ ကျောက်စိမ်းရောင် ဝတ်ရုံနှင့် လူငယ်ကြောင့်ဖြစ်မှန်း နားလည်လာသည်။

တစ်ဖက်လူ၏ နောက်ခံသည် ရိုးရှင်းမည်မဟုတ်ချေ။ အသက်ပြင်းပြင်း ရှူရှိုက်လျက်၊

“ ဓီဟွမ်ချမ့်ကျွယ်က ငါ့လက်အောက်ခံ တပ်ခွဲမှူးပါ ... ထူးခြားတဲ့ အရည်အချင်းကြောင့် တပ်ခွဲမှူးရာထူးကို အချိန်တိုအတွင်း ရရှိခဲ့ပါတယ် ...

... ဒါပေမယ့် မကြာခင်ကမှ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးမှာ ပြဿနာ ရှိနေတာ သိလိုက်ရလို့ သင်ခန်းစာတစ်ခု သင်ပေးဖို့ ကြိုးစားနေတာပါ။ ”

-ဟု ရှင်းပြလိုက်တော့သည်။

“ ဟမ့် ... ဒုတပ်မှူးတစ်ယောက်အနေနဲ့ မင်းပြောသမျှ စကားတိုင်းက အမှန်ပဲလို့ သတ္တိ ရှိရှိ ကျိန်ဆိုရဲလား။ ”

ဟွမ်ချမ့်ကျွယ်မှ ဒေါသဖြင့် အော်ငေါက်လိုက်သည်။ မာရှန်းဝေခမျာ မျက်နှာ အနည်းငယ် ပြောင်းသွားပြီး၊

“ ငါ့လိုဒုတပ်မှူးက မင်းလိုလူငယ် တစ်ယောက်ကို တမင်တကာ အနိုင်ကျင့်ဖို့ ဘာအကြောင်းရှိလဲ ... ။ ”

-ဟု ပြန်လှန် မေးခွန်းထုတ်လေသည်။

“ မင်းအပေါ် ... တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ဆက်ဆံဖို့ သူရဲကောင်းချန်က ပြောထားပြီးသားပါ ... ဒါဆို ငါလုပ်သမျှက မင်းအတွက်ပဲ အခုတော့ ...

... မင်းက ကျေးဇူးကန်းရုံတင်မကဘူး ငါ့ကိုနန်းယင်နဲ့ စွပ်စွဲပြီးဆဲဆိုနေတာ ဘယ်သူ ဒေါသမထွက်ဘဲ နေမလဲ။ ”

“ နန်းယင် ... ။ ”

စုရီက ထိုနာမည်ကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်မိရာ လူအုပ်အတွင်း ပုန်းအောင်းနေသော အမျိုးသမီး တစ်ဦးကို မြင်လိုက်ရ၏။

ထိုအချိန်တွင် နန်းယင်သည်လည်း ဦးရေပြားများ ထုံကျင်လာပြီး မာရှန်းဝေကို သေသည်အထိ ကျိန်ဆဲလိုက်မိ၏။ ယင်းနောက် အားတင်းပြုံးလျက် လှမ်းထွက်လိုက်ရပြီး၊

“ အစ်ကိုစု၊ မတွေ့တာကြာပြီနော် ... ။ ”

-ဟု နှုတ်ဆက်သည်။

စုရီမှ သူမကို လျစ်လျူရှုလျက်၊

“ သူရဲကောင်းချန် မရှိဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ သူရဲကောင်းချန်က လွန်ခဲ့တဲ့ ငါးရက်လောက်တည်းက သွေးနတ်ဆိုးတောင် အတွင်း ခရီးထွက်သွားပါတယ် အခုထိ ပြန်မလာသေးပါဘူး။ ”

ကျန်းရီရန်မှ တစ်လှမ်း လှမ်းတက်ကာ ပြန်ဖြေပေး၏။ စုရီက ခေါင်းညိတ်ပြီး၊

“ ဒါဆိုရင် ... ဒီကိစ္စကို ငါကိုယ်တိုင် ဖြေရှင်းရတော့မှာပေါ့ ... လာ ... ဒီနေ့ မင်းနဲ့ ကစားပေးမယ်။ ”

-ဟု မာရှန်းဝေထံ လှမ်းပြောလိုက်သည်။

“ ဆရာစု ... ငါတို့သူရဲကောင်းချန် ပြန်ရောက်လာတဲ့အခါ ... ဒီနေ့ဖြစ်ပျက်သမျှ ကျေနပ်အောင် ရှင်းပြချက်ပေးလိမ့်မယ်လို့ ငါယုံကြည်ပါတယ် ... ။ ”

ကျန်းရီရန်မှ ထိတ်လန့်သွားပြီး တောင်းပန်လေသည်။ စုရီက သူ့ထံ ပြန်လှည့် ကြည့်လိုက်ကာ၊

“ သူ့အပေါ် ကြင်နာစွာ လမ်းညွှန်ပေးဖို့ ကြိုးစားနေတာကို မင်းတားချင်တာလား ... ဒါ သူ့အတွက် အကျိုးရှိမှာကို မယုံဘူးလား။ ”

-ဟု မေးခွန်းထုတ်တော့၏။

ကျန်းရီရန်တစ်ယောက် ကူကယ်ရာမဲ့စွာပြုံးလျက် သက်ပြင်းချကာ ခေါင်းရမ်းလိုက်မိသည်။

“ သခင်လေး ... မင်းဘယ်သူလဲ ငါမသိပေမယ့် ဟွမ်ချမ့်ကျွယ်ကိစ္စဆိုတာ ငါတို့ စစ်သည်တော်တွေအရေးပဲ မင်းစွက်ဖက်ဖို့ မသင့်တော်ပါဘူး။ ”

မာရှန်းဝေက စုရီအပြုအမူကြောင့် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် သတိပေး ပြောကြားလိုက်၏။

ဤလူငယ် စကားအသုံးအနှုန်းနှင့် အမူအရာများသည် သူ့ကို မပျော်စေချေ။ ၎င်း၏ နောက်ခံသည် ထူးခြားနိုင်သော်လည်း ကျင့်ကြံမှုအရ ချီစုစည်းခြင်း အဆင့်၌သာ ရှိသည်။

“ ဒါဟာ ကစားပွဲတစ်ခုပဲ ... အပြာရောင်သံချပ်ကာ တပ်ရင်းရဲ့ အရေးလို့ ဘယ်သူပြောလဲ ... မာရှန်းဝေ စကားကို သတိထားပြောပါ။ ”

ရှန့်ကျိစုန်မှ စကားအမှားမခံချေ။ မာရှန်းဝေကြောင့် တပ်ရင်းတစ်ခုလုံး စုရီရန်သူ ဖြစ်သွားမည်ကို စိုးရိမ်သည်။

“ ကောင်းပြီ ... သခင်လေး မင်းက ရန်ဖြစ်ချင်နေရင်လာပါ ... ဒါပေမယ့် ဓားတွေက မျက်စိမရှိဘူး ထိခိုက်မိရင် ခွင့်လွှတ်ပါ။ ”

အဆုံးတွင် မာရှန်းဝေမှ အေးစက်သော အသွင်ဖြင့် ပြောကြားလိုက်တော့၏။ သို့သော် သူ့စကားကြားသောအခါ တိမ်လွှာသူရဲကောင်း ရှန့်ကျိစုန်မှ ခေါင်းယမ်းလိုက်သည်ကို မြင်လိုက်ရချေပြီ။

တစ်ဖက်တွင်မူ အပြာရောင်ချပ်ဝတ် တပ်သားများသည် ပွဲကောင်း ကြည့်ရ‌တော့ မည်ဖြစ်ရာ စိတ်လှုပ်ရှားလာကြ၏။

“ သခင်လေး ... ကျေးဇူးပြု၍ ။ ”

မာရှန်းဝေက များစွာ တွေးတောခြင်း မပြုတော့ဘဲ မဟာသခင်ရောင်ဝါကို ထုတ်ဖော် လိုက်လေသည်။ ထို့နောက် ရှေ့လှမ်းတက်ပြီး လက်သီးဖြင့် ထိုးချလိုက်၏။

“ ဝှစ် ... ။ ”

သို့သော်စုရီသည် သူ့ရှေ့တွင် ရုတ်ချည်း ပေါ်လာကာ ပါးရိုက်လေသည်။ ထိတ်လန့်စွာနှင့် လက်သီးပြန်ရုတ်လျက် ပိတ်ဆို့ရန် ပြင်လိုက်ရ၏။

“ ဖြောင်း ... ။ ”

အနည်းငယ် နောက်ကျသွားချေပြီ။ အရိုးကျိုးသံနှင့်အတူ ပျော့ခွေသွားမိစဉ် ပခုံးပေါ် လက်တစ်ဖက်ကျရောက်လာပြီး မြေပြင်ပေါ် ဖိချခံလိုက်ရသည်။

ချက်ချင်း ဒူးထောက်ကျသွားကာ ဖုန်မှုန့်များဖြင့် လုံးထွေးသွား၏။ ရုန်းထရန် ကြိုးစားလိုက်သော်လည်း တုပ်တုပ်မျှ မလှုပ်နိုင်ခဲ့ချေ။

“ ဒီလက်ဖဝါးက ဘယ်လိုနေလဲ။ ”

စုရီက မေးသည်။ မာရှန်းဝေခမျာ အနည်းငယ် တိတ်ဆိတ်နေခဲ့ပြီးနောက် အဆုံးတွင် အံကြိတ်ကာ၊

“ ငါအရင်က မျက်စိမှုန်ခဲ့ပါတယ် ... ဒါပေမယ့် ဒီလက်ဖဝါးရိုက်ချက်က ငါ့ကို အမြင်ကျယ်စေပါပြီ။ ”

-ဟု ပြန်လည် ဖြေကြားလိုက်တော့သည်။

“ ဖြန်း ... ။ ”

စုရီက ထပ်ရိုက်သည်။ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများစီးကျလာပြီး မြေပြင်ပေါ် လဲကျသွားတော့၏။

“ ဒီတစ်ချက်ကရော ဘယ်လိုလဲ။ ”

ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ မာရှန်းဝေသည် ပထမအဆင့် မဟာသခင် ဖြစ်၏။ အပြာရောင် တပ်ရင်း၌ ဒုတပ်မှူးပေပင်။

ယခုမူ လူငယ် တစ်ယောက်သည် စစ်သည်တော်များ ရှေ့၌ပင် မေးမေးပြီး ပါးရိုက် အပြစ်ပေးနေခဲ့၏။

မာရှန်းဝေခမျာ မောဟိုက်နေသော်လည်း ကျယ်လောင်သော လေသံဖြင့်၊

“ ဒီလက်ဖဝါးက ငါ့အမှားကို သင်ခန်းစာယူစေပါတယ်။ ”

-ဟု ဖြေကြားလိုက်ရသည်။

ရှန့်ကျိစုန် မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤမာရှန်းဝေသည် ဂုဏ်သိက္ခာကို လုံးဝဂရုမစိုက်သည့် အရူးတစ်ယောက်ပေပင်။

အသက်ရှင်နေသရွေ့ အရာအားလုံးကို စွန့်လွှတ်နိုင်၏။ ယင်းသည် အန္တရာယ်အရှိဆုံး အမျိုးအစားအတွင်း ပါဝင်သည်။

“ ခရစ် ... ။ ”

စုရီက ရှေ့သို့ ဆက်လျှောက်သွားကာ မာရှန်းဝေမျက်နှာကို တက်နင်းလိုက်တော့၏။ ပါးရိုးကျိုးလျက် မြေပြင်ထဲ မျက်နှာတစ်ခြမ်း နစ်ဝင်သွားလေသည်။

***

အ

All Chapters