အမှောင်အတွင်းမှ တီးတိုးသံ ... ။
Vol. 15 Ch. 180
“ ဟွမ်ချမ့်ကျွယ်ကို ... အနိုင်ကျင့်ဖို့ မင်းကိုဘယ်သူ သတ္တိပေးခဲ့တာလဲ။ ”
“ အလှကြောင့် ... ငါ မျက်စိကန်း သွားမိတာပါသခင်လေး ... ငါ့အမှားပါ နင်းယင်နဲ့ ဟွမ်ချမ့်ကျွယ်က သဘောထား ကွဲလွဲနေတာကို သိလိုက်ရတော့ ကူညီပေးချင်ခဲ့ရာကနေ စတဲ့ အမှားကြီးတစ်ခုပါ။ ”
စုရီက အလွန်စိတ်ပျက်သွားသည်။ လူတိုင်းမှနန်းယင်းထံ လှည့်ကြည့်ကုန်တော့၏။ ထိုအချိန်တွင် နန်းယင်၏ လှပသော မျက်နှာ၌ သွေးမရှိတော့ချေ။
ဒုတပ်မှူးတစ်ယောက်သည် မဆိုင်းမတွ သူမအပေါ် အပြစ်များချလိမ့်မည်ဟု မထင်မိခဲ့ သည်မှာ သဘာဝပေပင်။
“ အဲ့ဒီလို မဟုတ်ပါဘူး ... ဒုတပ်မှူးတစ်ယောက်ကို ငါ့လိုတပ်သားက ဘယ်လိုလုပ် ခိုင်းဝံ့နိုင်မှာလဲ။ ”
သူမက ချက်ချင်း ရှင်းပြရန်ပြင်သည်။ ထို့နောက် မြေပြင်၌ ဒူးထောက်ချလိုက်ကာ၊
“ အစ်ကိုစု၊ ဒီလိုလုပ်ဖို့ မာရှန်းဝေကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့ပါဘူး တကယ်ပါ ငါကောင်းကင်ကို ကျိန်ဆိုဝံ့ပါတယ်။ ”
“ အလှကြောင့် ... ငါမျက်စိကန်းခဲ့တာ ငါ့အပြစ်ပါ။ ”
မာကျန်းဝေမှလည်း ချက်ချင်း ဝင်ပြောလေသည်။ စုရီက မျက်ခုံးပင့်လျက်၊
“ အရင်က မင်းလိုလူမျိုးတွေကို ငါတွေ့ဖူးတယ် ... မင်းထက် ပိုရက်စက်ပြီး ပို အရှက်မဲ့ကြတယ် ...
... သူတို့ဟာ ဘဝနဲ့ သေခြင်းကို ဖြတ်ကျော်ရှင်သန်နိုင်ဖို့အတွက် ဂုဏ်သိက္ခာ အားလုံး စွန့်လွှတ်ကြတယ် အဆုံးမှာတော့ လက်စားချေဖို့ ပြန်လာကြတယ်။ ”
-ဟု ပြောကြားလိုက်၏။
မာရှန်းဝေခန္ဓာကိုယ်ကြီး ချက်ချင်း တောင့်တင်းသွားသည်။ ဤစကားလုံးများက သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖြတ်ကြည့် သွားသလို ပေပင်။
“ ဒါပေမယ့် သူတို့ ဘာဖြစ်သွားလဲ သိချင်လား။ ”
စုရီမှ အနည်းငယ်ပြုံးပြီး မေးလိုက်၏။ ထိုအပြုံးတွင် နက်ရှိုင်းသော သေခြင်းတရားများ ပါဝင်နေခဲ့သည်။
“ ငါမဝံ့ပါဘူး ... မတွေးဝံ့ပါဘူး၊ ဒီဘဝ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်နေမှာပါ ကလဲ့စားချေဖို့ မတွေးဝံ့ပါဘူး။ ”
“ မဟုတ်ဘူး ... မင်းလက်စားချေလို့ ရပါတယ် ... ငါဒီမှာ ရပ်နေတုန်းပဲ ... ။ ”
“ နားလည်ပါပြီ ... နားလည်ပါပြီ ... ။ ”
မာရှန်းဝေမှ ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။ သို့သော် စုရီက ခေါင်းယမ်းပြီး မာရှန်းဝေ၏မျက်နှာကို အားစိုက်နင်းချကာ၊
“ မင်း ... တကယ် နားမလည်ပါဘူး ဘာပဲဖြစ်ဖြစ် ရွေးချယ်လို့ရပါတယ် ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းက ငါ့ရန်သူဖြစ်ဖို့ အရည်အချင်း မရှိဘူး။ ”
-ဟု ပြောကြားလိုက်တော့၏။
ထို့နောက် ဟွမ်ချမ့်ကျွယ်ထံ လှည့်ကြည့်ကာ၊
“ သူ့ကို မင်းအတွက် ထားလိုက်မယ်၊ ဓားသွေးကျောက်လို သုံးလအတွင်း အနိုင်ယူပါ မင်းလုပ်နိုင်ပါ့မလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ငါလုပ်မယ် အစ်ကိုစု ... ။ ”
“ ငါက ဟွမ်ချမ့်ကျွယ်ရဲ့ ဓားသွေးကျောက်ပါ ကျေးဇူးတင်ပါတယ် သခင်လေးစု ။ ”
ဟွမ်ချမ့်ကျွယ်နှင့် မာကျန်းဝေအသံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။ စုရီက လျစ်လျူရှုလျက်၊
“ ဒုတပ်မှူးကျန်း ... စကားပြောဖို့ သွားရအောင်။ ”
-ဟု လှည့်ပြောလိုက်လေသည်။
ကျန်းရီရန်မှ သက်ပြင်းချလိုက်ပြီး၊
“ ဆရာစု ကျေးဇူးပြုပြီး ဒီလမ်း ... ။ ”
-ဟု ခေါ်ဆောင်တော့သည်။
“ မင်းလည်း လိုက်လာခဲ့ ... ။ ”
စုရီက ဟွမ်ချမ့်ကျွယ်ထံ လှည့်ကြည့်ကာ ပြောကြားလိုက်၏။ ဟွမ်ချမ့်ကျွယ်မှ စကားမဆို တော့ဘဲ လိုက်ပါလာသည်။
“ ဒီကိုလာကြစမ်း ... ဒီတိရစ္ဆာန်မကို တိမ်လွှာသူရဲကောင်း ... ပြန်လာတဲ့ အချိန်ထိ ဖမ်းထားကြစမ်း။ ”
မာကျန်းဝေ၏ အမိန့်သံက နောက်ပါးမှ ဝေ့ဝဲကျန်ရစ်ခဲ့လေသည်။ စစ်သည်တစ်စု၏ ပြေးလွှားသံများကိုပင် ကြားလိုက်ရ၏။
စုရီသည် နန်းယင်အပေါ် လျစ်လျူရှု ထားသော်လည်း သူရဲကောင်းချန်ကျန့် ပြန်လာ ပါက သူမကို ယနေ့အတွက် လွှတ်ထားမည် မဟုတ်ကြောင်း မာကျန်းဝေသိချေပြီ။
နေဝင်ချိန်ရောက်ရှိသောအခါ စားသောက်ဝိုင်းကြီးကို ခမ်းနားစွာ ပြင်ဆင်ပေး ထားသည်။
ပူပူနွေးနွေး ဝိညာဉ်သားရဲများစွာ၏ ဟင်းလျာအိုးများသည် ရနံ့ပြင်းပြင်းဖြင့် တစ်စုံ တစ်ဦး၏ စားချင်စိတ်ကို နိုးဆွနေ၏။
စားပွဲအလယ်တွင် တိမ်လွှာ လောင်မြိုက်ခြင်း ဝိုင်ပုလင်းတစ်လုံး ရှိသည်။ ဝိုင်အရည်သည် တောက်လောင်နေသော တိမ်တိုက်များကဲ့သို့ အနီရောင်ဖြစ်၏။
၎င်းကို ဝိညာဉ်သားရဲအကောင်ရေ တစ်ရာ၏သွေးအနှစ်သာရနှင့် ဝိညာဉ်ဆေး များစွာတို့မှ ချက်လုပ်ထားသည်။
ပျင်းပြပြီး လည်ချောင်းတစ်လျှောက် ပူလောင်စေ၏။ စစ်သည်တော်များအတွက် ချီနှင့်သွေးကို လောင်မြိုက်စေသည်။
သို့သော် စစ်သည်တော်အများစုသည် ထိုကဲ့သို့ အရက်ပြင်းပြင်းကို ခံနိုင်ရည် ရှိမည် မဟုတ်ဘဲ ဝိုင်တစ်ခွက်သောက်ပြီးနောက် မူးရစ်လာကြမည် ဖြစ်သည်။
စုရီက တစ်ငုံသောက်လိုက်သည်။ အရသာသည် လည်ချောင်းကို ဓားနှင့်ထိုးနေ သကဲ့သို့ ပြင်းရှသွား၏။ ချော်ရည်ပူများ စီးဆင်းနေသည်နှင့် တူသည်။
သွေးနတ်ဆိုးတောင်တန်း၏ သားရဲဒီရေသည် မဟာကျိုးရှိ ထိပ်တန်းပုဂ္ဂိုလ် များစွာကို ဆွဲဆောင်ထား၏။
မဟာကျိုးအင်ပါယာရှိ အဓိက အကယ်ဒမီဆယ်ခုအနက်မှ အလင်းအကယ်ဒမီ၊ သဘာဝအကယ်ဒမီနှင့် ကြယ်တာရာ အကယ်ဒမီ တို့သည်လည်း ရောက်ရှိနေသည်။
သားရဲဒီရေတက်ချိန်တွင် သွေးနတ်ဆိုး တောင်တန်း၌ အခွင့်အရေးများ ရရှိနိုင်မည်ကို မည်သူမဆို သိရှိထားသည်။
“ ဒါက နည်းနည်းတော့ ဒုက္ခပဲ။ ”
ရှန့်ကျိစုန်မှ မျက်မှောင်ကြုတ် သွား၏။ ဤပြိုင်ဘက်များသည် မဟာကျိုးအင်ပါယာ၌ ပထမတန်း အင်အားစုများဖြစ်သည်။ မလွဲမသေ ပဋိပက္ခများဖြစ်လာနိုင်၏။
“ ငါတို့ခွန်အားနဲ့ ... အန္တရာယ်တွေကို ရင်ဆိုင်နိုင်ပါတယ် စိတ်မပူပါနဲ့ ... ငါပြောတာ ဟုတ်တယ်မလား တာအိုမိတ်ဆွေ။ ”
နင်စစ်ဟွာက စုရီကိုကြည့်ကာ မေးလိုက်သည်။ စုရီမှ ခေါင်းညိတ်ပြလိုက်၏။ စုရွှမ်ကြွယ်ဘဝတွင် လျှို့ဝှက်နယ်မြေစွာကို ဝင်ရောက်ဖူးသည်။ သူ့အတွက် ရှင်သန်ရန် နည်းလမ်း တစ်ထောင်မက ရှိချေ၏။
“ ဒုတပ်မှူးကျန်း တိမ်လွှာသူရဲကောင်း ဘယ်ကိုသွားတာလဲ မင်းသိလား။ ”
“ ဟုတ်ကဲ့ ... ဒါက သူရဲကောင်းချန် ကိုယ်တိုင် အမှတ်အသားပြုထားခဲ့တဲ့ မြေပုံပါ ကျေးဇူးပြုပြီး ကြည့်ပါ။ ”
ကျန်းရီရန်မှ တိရိစ္ဆာန်အရေခွံ မြေပုံ တစ်ချပ်ထုတ်ကာ ကမ်းပေးသည်။ မြေပုံသည် သွေးနတ်ဆိုးတောင်တန်းကို အကြမ်းဖျင်း ဖော်ပြထား၏။
နေရာအတော်များများကို မှင်နီများ၊ စာလုံးများဖြင့် အမှတ်အသား ပြုထားပေးသည်။ အန္တရာယ်၊ အလွန်အန္တရာယ်များ၊ လမ်းလွှဲမှ သွားရန်၊ လမ်းပိတ်၊ စသည်တို့ ဖြစ်သည်။
အလယ်တွင် အလွန်အန္တရာယ်များသည့် လျှို့ဝှက်ဆန်းကြယ်သောအရပ်ဟု ဖော်ပြထား ခဲ့၏။
“ မင်းဆရာ ပြန်မလာတာ ငါးရက်ရှိပြီ မဟုတ်လား သူသွားရတဲ့ အကြောင်းအရင်းနဲ့ လမ်းကြောင်းကို အသေးစိတ်ပြောပြပါ။ ”
ကျန်းရီရန်တစ်ယောက် ရွှင်မြူးသွားကာ လက်သီးများ တင်းတင်းဆုပ်လျက်၊
“ ငါ့ဆရာကိုယ်စား ... မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဆရာစု။ ”
-ဟု ဦးညွှတ်လိုက်တော့သည်။
ယခုရက်ပိုင်းအတွင်း ချန်ကျန့်၏ လုံခြုံရေးအတွက် သူ စိတ်ပူနေမိသည်။ စုရီ ကူညီပါက အကောင်းဆုံးပေပင်။
ထို့နောက် လွန်ခဲ့သော ငါးရက်က ချန်ကျန့်ထွက်ခွာသွားသည့် အချိန်၊ နေရာ၊ လမ်းကြောင်းစသည်တို့ကို အသေးစိတ် ပြန်ပြောပြလိုက်၏။
“ တာအိုမိတ်ဆွေ ငါတို့ ဘယ်အချိန် ထွက်ကြမလဲ။ ”
ထိုအချိန်တွင် နင်းစစ်ဟွာက တိရစ္ဆာန်အရေခွံမြေပုံမှ အကြည့်ကို ခွာပြီး မေးလေသည်။
“ မနက်ဖြန်မနက် ... ။ ”
စုရီမှ ဆုံးဖြတ်ချက်ချလိုက်၏။ ရက်စွဲတွက်ချက်မှုအရ သားရဲဒီရေတက်ရန် လေးရက်ကျန်ရှိသေးသည်။
ထိုမတိုင်မီ သွေးနတ်ဆိုးတောင်၏ တားမြစ်နယ်မြေရောက်နိုင်သော် အကောင်းဆုံး ဖြစ်ချေ၏။
နေမင်းအကယ်ဒမီ၊ အလင်းအကယ်ဒမီ၊ ကြယ်တာရာ အကယ်ဒမီနှင့် အခြားထိပ်တန်း တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သိရှိပြီး ဖြစ်ရာ အလျင်လိုနေခဲ့မိသည်။
ထိုညတွင် စုရီအခန်းအတွင်း ဟွမ်ချမ့်ကျွယ်တစ်ယောက် လမ်းညွှန်မှုကို ခံယူနေ၏။
ယနေ့အဖြစ်အပျက်အရ ၎င်းအပေါ် လမ်းညွှန်ရန် မေ့လျော့နေခဲ့သည်ကို ပြန်သတိ ရကာ စုရီတစ်ယောက် အပြစ်ရှိသလို ခံစားလိုက်ရသည်။
မဟုတ်သော် ဟွမ်ချမ့်ကျွယ်ကို ပထမအဆင့်မဟာသခင် တစ်ပါးမှ အနိုင်ကျင့် နိုင်စရာ အကြောင်းမရှိချေ။
တိမ်မြစ်စီရင်စုတွင် သူပေးခဲ့သော စွမ်းအင်သန့်စင်ခြင်း နည်းစနစ်ကြောင့် ၎င်း၏ ခွန်အားမှာ အများကြီး တိုးတက်ခဲ့၏။ သို့သော် အနှစ်သာရကို နားမလည်ချေ။
“ အစ်ကိုစု၊ စွမ်းအင်လမ်းကြောင်းတွေ အားလုံး ဝိညာဉ်ဖြစ်လာတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ”
ဟွမ်ချမ့်ကျွယ်မှ မေးခွန်းများ စတင်လာသည်။ သူသည် မဟာကောင်းကင် ကျင့်ကြံမှုနည်းစနစ်ကို လေ့ကျင့်ပြီးနောက် ဤလျှို့ဝှက်ချက်ကို ပိုသိချင်လာ၏။
အဆုံးတွင် စွမ်းအင်လမ်းကြောင်းများ အားလုံးဖွင့်လှစ်ခြင်း၏ အကျိုးအပြစ်အပေါ် လူတိုင်းသိနိုင်မည် မဟုတ်ချေ။
ချက်ချင်းပင် စုရီက ရှင်းပြလိုက်သည်။ သူ့စကားများသည် ရှင်းလင်းကာ နားလည်ရ လွယ်ချေ၏။
ဤနည်းဖြင့် ဆရာနှင့် တပည့်ကြား သံသယများကို ဖြေရှင်းနေကဲ့သို့ အပြန်အလှန် မေးဖြေနေကြသည်။ တစ်နာရီကြာပြီးနောက်၊
“ ဒါက ချီစုစည်းခြင်းအဆင့်ရဲ့ ... လျှို့ဝှက်ချက်တွေပဲ သုံးလအတွင်း မာရှန်းဝေကို မင်း ... အနိုင် မယူနိုင်ရင် မင်းငါ့ကိုသိတယ်လို့ မပြောနဲ့တော့။ ”
“ အစ်ကိုစု၊ စိတ်မပူပါနဲ့ ... ။ ”
ထိုအချိန်တွင် အမှောင်ထုအတွင်း ထူးထူးခြားခြား ညည်းတွားသံများ တိုးညှင်းစွာ ထွက်ပေါ်လာသည်။
စုရီက မျက်ခုံးပင့်လျက် ပြတင်းပေါက်ထံ လျှောက်လှမ်းသွားပြီး လှမ်းကြည့်လိုက်သည်။ အဝေးတစ်နေရာ၌ လူများတန်းစီနေ၏။
“ ဒါ ဘာသံလဲ ... ။ ”
“ အဟဲ ... အစ်ကိုစု၊ မင်းမရဏတံခါး ဂိုဏ်းက အလောင်းမိန်းကလေးကို မှတ်မိလား။ ”
ဟွမ်ချမ့်ကျွယ်မှ ပြုံးစိစိဖြင့်မေး၏။
“ ဒါဆို ... ။ ”
စုရီတစ်ယောက် တစ်စုံတစ်ခုကို ယောင်ဝါးဝါး မှန်းဆ နိုင်လိုက်လေသည်။
“ မှန်တယ် ... အဲ့ဒါသူမပဲ၊ ဒီအရပ်မှာ အမျိုးသမီးတွေ အရမ်းရှားတယ် ... ဒါကြောင့် စစ်သည်တော်တွေက ညဘက်ပိုလျှံနေတဲ့ စွမ်းအင်တွေကို ထုတ်ဖို့လိုတယ်။ ”
စုရီတစ်ယောက် မောဟိုက်သွား၏။ ဤသည်မှာ မည်မျှ ရက်စက်သော မြင်ကွင်းမျိုး ဖြစ်သနည်း။
အပြာရောင် သံချပ်ကာ တပ်ရင်း၌ ထောင်သောင်းချီသော စစ်သည်တော်များရှိ သည်ဖြစ်ရာ တွေးဝံစရာ မရှိချေ။ အကြည့်များ ပြန်ရုတ်လျက် ပြတင်းပေါက် ပိတ်လိုက်ပြီး၊
“ မင်း ... မသွားဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟမ့် ... အစ်ကိုစု၊ ငါက ဗိုက်ဆာတဲ့အခါ ဘာမဆိုစားတဲ့ လူတစ်ယောက် ... မဟုတ်ပါဘူး ငါဘယ်လောက် အကောင်းကြိုက်လဲ မင်းသိပါတယ်။ ”
“ ဟမ့် ... ။ ”
စုရီက ထပ်မပြောတော့ဘဲ ကုတင်ပေါ် တက်ထိုင်ကာ ကျင့်ကြံရန်ပြင်၏။ ယင်းကြောင့် ဟွမ်ချမ့်ကျွယ်မှ အလိုက်တသိဖြင့် ထွက်ခွာ သွားတော့သည်။
***
Book - 15