← Chapters

အဆင့် ၉ ရွှေအမြုတေ

Vol. 16 Ch. 308

အဆင့် ၉ ရွှေအမြုတေ

Vol. 16 Ch. 308

ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် တစ်ဖန် အံ့အားသင့်သွားရပြန်သည်။ ထိုပုဂ္ဂိုလ်သည် ပြောစရာစကားများကို အခွင့်အရေးရခိုက်တွင် တစ်ဆက်တည်း ပြောကြားလေ့ရှိကြောင်း သတိထားမိသည်။ သူတို့နှစ်ဦးအတွက် တုန်လှုပ်စရာသတင်းအစစ်သည် ယခုပြောပြမည့် အကြောင်းအရာဖြစ်ကြောင်း တွေးမိသည်။ ဟောင်တုန်းပိုင်က အသက်ကိုဝအောင် ရှုလိုက်ပြီးမှ

“ခင်ဗျားတို့လည်း ဝံပုလွေဘုရင်ရဲ့ နောက်ခံကို သိပြီးလောက်ပါပြီ။ သူက ကျင်းနိုင်ငံမှာ အခြေစိုက်တဲ့ နတ်ဆိုးဘုရင်ဆိုတော့ သူ့ကိုကိုင်တွယ်ရမှာ ကျင်းနိုင်ငံပဲဖြစ်တယ်။ ဒါပေမဲ့ ဒီသတ္တဝါက လျန်နိုင်ငံထဲ ကျူးကျော်ပြီး ရှေးဟောင်းမြို့တော်ကို ဖျက်ဆီးနိုင်လုနီးပါး သောင်းကျန်းသွားခဲ့တယ်။ သူ့ရဲ့အကြံက ရှေးဟောင်းမူလမြို့ကိုသိမ်းပြီးရင် မြောက်ဘက်တောအုပ်ကို ဆက်ဝင်ဖို့ပဲ။ ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်လို့ ကျုပ်တို့လည်း အတွင်းကျကျ စုံစမ်းခဲ့တယ်။ အဲဒီအခါမှာ ဝံပုလွေဘုရင် လျန်နိုင်ငံကို ဝင်ခွင့်ရခဲ့တာက ကျင်းနိုင်ငံက မြို့စားကြီးတင်းယွမ်ရဲ့ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်”

“မြို့စားကြီးတင်းယွမ် ဟုတ်လား”

ထိုနာမည်ကိုကြားလျှင် ကျန်းချန်ရွှမ်တို့ မျက်မှောင်ကြုတ်သွားမိသည်။ ထိုသူ၏ သားဖြစ်သူ ရှန်းကွမ်ရှန်သည် နောက်လိုက်နောက်ပါတစ်စုနှင့်အတူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို လုပ်ကြံရန် ကြံစည်ခဲ့ပြီး ထိုဖြစ်စဉ်တွင် ရှန်းကွမ်မိသားစုမှ ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး သေဆုံးခဲ့ရသည်။ ထို့ကြောင်း မြို့စားကြီးတင်းယွမ်က ကျောက်စိမ်းရေဓားစင်မြင့်ကို စာလွှာပို့ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဖမ်းဆီးပြီး သူ့ထံပို့ပေးရန် အကြောင်းကြားခဲ့သည်။ သို့သော် စင်မြင့်က အဆိုပါတောင်းဆိုချက်ကို ပယ်ချခဲ့သည်။ ထိုအခါ တင်းယွမ်သည် ဝံပုလွေဘုရင်ကို လျန်နိုင်ငံအတွင်းလွှတ်ပေးပြီး ကျန်းချန်ရွှမ်တို့ စောင့်ရှောက်နေသည့် ရှေးဟောင်းမူလမြို့ကို တိုက်ခိုက်စေခဲ့ခြင်း ဖြစ်သည်။

အဆိုပါလုပ်ရပ်သည် ကန်းနန်ဒေသရှိ နိုင်ငံငါးနိုင်ငံအကြား သဘောတူညီထားချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။ သည်တစ်ကြိမ်တွင် ကျန်းချန်ရွှမ်၌ ကြယ်သံကြိုးအစီအရင်ပြား ပိုင်ဆိုင်ထား၍သာ ဝံပုလွေဘုရင်၏ လက်ချက်ဖြင့် အသက်မပျောက်ခဲ့ရသလို မြို့တော်ကိုလည်း ကာကွယ်နိုင်ခဲ့သည်။ သို့သော် အဆိုပါအဖြစ်မျိုး နောက်တစ်ကြိမ် ဖြစ်မလာဟု အာမမခံနိုင်ပါ။ အဆင့် ၄ နတ်ဆိုးဘုရင်တစ်ကောင် နောက်တစ်ခါ ကျူးကျော်လာခဲ့ပါက လျန်၊ ယွင်နှင့် ယန်နိုင်ငံများအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် လျန်နိုင်ငံအနေနှင့် ကျင်းနိုင်ငံထံမှ ဖြေရှင်းချက်တောင်းရန် ပြင်ဆင်ထားကြောင်း ဟောင်တုန်းပိုင်က ရှင်းပြပါသည်။

သို့ရာတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကမူ ထိုဆုံးဖြတ်ချက်သည် အလုပ်ဖြစ်မည်ဟု မထင်ပါ။ ရှန်းကွမ်မိသားစုနှင့်တကွ ရှုနှင့် ကျင်းနှစ်နိုင်ငံ၏ စိတ်နေသဘောထားများကို သူတို့နှစ်ဦးလုံး ကောင်းစွာနားလည်ထားပြီးဖြစ်သည်။ ထိုနှစ်နိုင်ငံကို အုပ်ချုပ်နေသူများသည် သူတို့၏ လုပ်ရပ်အတွက် တောင်းပန်ဖို့ဝေးစွ၊ ရှင်းပြချက်ပင် ပေးကြမည့်သူများ မဟုတ်သည်မှာ ထင်ရှားနေသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က သူတို့၏ အမြင်ကို ပွင့်လင်းစွာ ချပြလိုက်မိသည်။ ထိုအခါတွင် ဟောင်တုန်းပိုင်၏ မျက်နှာမှာအနည်းငယ် တင်းမာသွားပြီး

“ဒါဆိုရင်တော့ ကျုပ်တို့နဲ့ ကျင်းနိုင်ငံ ထိပ်တိုက်တွေ့ရလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကို တစ်ခါခွင့်ပြုလိုက်ရင် အနာဂတ်မှာ နောက်ထပ် ဒီလိုအဖြစ်အပျက်တွေ ထပ်ပြီးရင်ဆိုင်ရဦးမှာ သေချာတယ်”

ဟောင်တုန်းပိုင်၏ စကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦး တုန်လှုပ်သွားကြသည်။ သူ့စကားအရ လျန်နိုင်ငံနှင့် ကျင်းနိုင်ငံတို့အကြား စစ်ပွဲဖြစ်ပွားတော့မည့် အခြေအနေမျိုး ဖြစ်သွားနိုင်ချေ အလွန်မြင့်နေသည်။ လျန်နှင့်ကျင်းတို့ စစ်မက်ဖြစ်ပွားလျှင် ကန်းနန်ဒေသရှိ ကျန်သုံးနိုင်ငံလည်း ပါဝင်ရတော့မည်ဖြစ်၍ ဤအရေးသည် မိသားစု၊ ဂိုဏ်းအချင်းချင်း ဖြစ်ပွားသည့် အရေးအခင်းမျိုး မဟုတ်တော့ဘဲ နိုင်ငံလုံးဆိုင်ရာ စစ်ပွဲကြီးအဖြစ် အရှိန်မြင့်သွားပါလိမ့်မည်။ အဆိုပါစစ်ပွဲ ကြီးမျိုးကို ရပ်ဆိုင်းရန်မှာ တစ်ဖက်က လက်နက်ချလိုက်ခြင်း၊ သို့မဟုတ် အခြေတည်ဝိညာဉ်အဆင့်နှင့် အထက် အင်အားစုတစ်ခုက ဝင်ရောက်စွက်ဖက်မှသာ ဖြစ်နိုင်ပါလိမ့်မည်။

ဤအရေးကိုတွေးရင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စိတ်နှလုံးများ အထူးလေးလံသွားမိကြသည်။ လူသားမျိုးနွယ်အဖို့ ကြောက်မက်ဖွယ် သားရဲကပ်ဘေးကြီးကို ဖြတ်ကျော်ပြီး မကြာသေးခင်မှာပင် နောက်ထပ်စစ်ပွဲကြီးတစ်ခုက စောင့်ကြိုနေပြန်သည်။ ဟောင်တုန်းပိုင်က ကျန်းချန်ရွှမ်တို့၏ စိုးရိမ်မှုကို ရိပ်စားမိဟန်နှင့် မျက်နှာကိုပြင်လိုက်ပြီး ရှင်းပြသည်။

“အမှန်အတိုင်းပြောရင် ကျုပ်တို့လည်း ဒီလိုမဖြစ်ချင်ပါဘူး။ တင်းယွမ်မြို့စားသာ အလျှော့ပေးပြီး ကျုပ်တို့ကို ရှင်းပြချက်ပေးရင် ညှိနှိုင်းလို့ရပါသေးတယ်”

သို့သော် ကျန်းချန်ရွှမ်အနေနှင့် အဆိုပါဖြစ်နိုင်ချေသည် အလွန်နည်းကြောင်း သိရှိပြီးဖြစ်သည်။ ဟောင်တုန်းပိုင်က ဆက်လက်ရှင်းပြပြန်သည်။

“ဒါပေမဲ့ ခင်ဗျားတို့ လတ်တလော စိုးရိမ်စရာမလိုပါဘူး။ အခြေတည်ဝိညာဉ်အဆင့် အင်အားစုတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုရှိတယ်။ နတ်ဆိုးသားရဲကပ်ဘေးအပြီး ဆယ်နှစ်အတွင်းမှာ စစ်ပွဲဖြစ်ပွားခွင့်မရှိဘူး ဆိုတဲ့စည်းကမ်းပဲ။ ဒီစည်းမျဉ်းကို ရွှေအမြုတေအဆင့်နဲ့ အောက်က ကျင့်ကြံသူတိုင်း မဖြစ်မနေလိုက်နာရတယ်။ ဒီတော့ နောက်ဆယ်နှစ်အတွင်းမှာ စစ်ပွဲဖြစ်ဦးမှာ မဟုတ်ပါဘူး”

ထိုစကားကြားမှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း စိတ်သက်သာရသွားပြီး သက်ပြင်းချနိုင်သည်။ လာမည့်ဆယ်နှစ်အတွင်း သူတို့နှစ်ဦးစလုံး ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်မည်ဟု ယုံကြည်ထားသည့်အတွက် ဆယ်နှစ်အပြီး စစ်ပွဲကြီးဖြစ်ပွားခဲ့လျှင်တောင် ထိုအချိန်တွင် မိမိကိုယ်ကို စောင့်ရှောက်နိုင်နေလိမ့်မည် ဟုယုံကြည်မိသည်။

***

All Chapters