ကျန်းအန်းရန် (၂)
Vol. 16 Ch. 313
နာရီအနည်းငယ်အကြာတွင် မိန်းကလေးငယ်နောက်ကို ထက်ကြပ်မကွာ ခြေရာခံလိုက်လာသည့် ရှန်းကွမ်မိသားစုမှ ကျင့်ကြံသူတစ်သိုက်သည် အဆင့် ၂ ကျားရဲနတ်ဆိုးတစ်ကောင်နှင့် ပက်ပင်း တိုးမိကြသည်။ ထိုသားရဲသည် သူတို့လူစုကို မြင်သည့်အခါတွင် ကြောက်ရွံ့တုန်လှုပ်လျက်ရှိပြီး သူတို့ရှာဖွေနေသည့် မိန်းကလေးနှင့်တူသည့် တစ်စုံတစ်ရာကိုမှ မတွေ့ရပါ။ ထိုအခါ ရှန်းကွမ်မိ သားစုဝင်များလည်း မည်သို့မည်ပုံ ဆက်လက်လုပ်ကိုင်ရမည် မသိဖြစ်ကာ နားဝေတိမ်တောင်ဖြစ် နေတော့သည်။ ကလေးငယ်၏ ကိုယ်တွင်း မြှုပ်နှံထားသည့် အဆောင်ပစ္စည်းနောက်ကို အမှားအ ယွင်းမရှိ ခြေရာခံလိုက်လာသည်မှာ သေချာနေပါလျက် ကလေးငယ်အစား အဆင့်နိမ့်သားရဲတစ် ကောင်နှင့် လာတိုးနေသည်လေ။
“သေစမ်း”
ဦးဆောင်လာသူ ရွှေအမြုတေအဆင့် ကျင့်ကြံသူက သူအရူးလုပ်ခံရမှန်း ရိပ်မိလိုက်ပြီး ဒေါပွပွနှင့် ကျိန်ဆဲလိုက်မိသည်။ သူ့လို ဝါရင့်ရွှေအမြုတေအဆင့် ကျင့်ကြံသူရင့်မာကြီးတစ်ဦးကို တစ်ပတ် ရိုက်သွားသည့် ရန်သူကို စိတ်တိုသွားမိသည့်အတွက် သူတို့ကိုငေးမောကြည့်နေသည့် သားရဲသတ္တ ဝါကို စိတ်ဆိုးမာန်ဆိုးနှင့် အားကုန်ရိုက်ချလိုက်ရာ နေရာတွင်ပင် သွေးမြူအဖြစ်ပြောင်းကာ ဘဝ ပြောင်းသွားတော့သည်။ ထိုအခါကျမှ ကျားရဲနတ်ဆိုး၏ ဝမ်းဗိုက်အတွင်း မြှုပ်နှံထားသည့် ရုပ် သွင်အတုကို သူတို့အားလုံး မြင်တွေ့လိုက်ရပြီး နားလည်သဘောပေါက်သွားသည်။ ခြေရာခံသည့် အဆောင်ပစ္စည်း၏ အမှားအယွင်းကြောင့် မဟုတ်ဘဲ ကလေးငယ်ကို ခေါ်ဆောင်သွားသည့် ရန် သူက မလိမ့်တပတ်ဖြင့် အဆောင်ကို ကျားရဲ၏ ဝမ်းဗိုက်အတွင်း သွတ်သွင်းကာ လှည့်စားသွား ခြင်းသာဖြစ်သည်။
အုန်း..
ထိုအချိန်တွင် ကျန်ရစ်ခဲ့သော မိန်းကလေးငယ်နှင့် တစ်ထေရာတည်းတူနေသည့် ရုပ်သွင်အတု သည် ရုတ်တရက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့ကို တစ်ပတ်ရိုက်သွားသူသည် ကျားရဲသေဆုံးသည့်အခါ အဆောင်ပစ္စည်းထည့်သွင်းထားသည့် ရုပ် သွင်အတုကိုပါ တစ်လက်စတည်း ခြေရာဖျောက်လိုသည့်အတွက် အလိုအလျောက် ပျက်စီးစေနိုင် သော အစီအရင်ကိုပါ ထည့်သွင်းထားခြင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် မိန်းကလေးငယ်ကို ခြေရာ ခံနိုင်မည့် သက်သေပစ္စည်းတစ်ခုမျှ မကျန်တော့သည့်အတွက် ခြေရာခံရန် အထူးပင် ခဲယဉ်းသွား တော့သည်။
“သတ္တမဦးလေး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ကျီဖုနဝမအဆင့်ရှိ လူငယ်ကျင့်ကြံသူ၏ အမေးကို ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်သည် အထိ တွေဝေစဉ်းစားနေပြီးမှ ခပ်ပြတ်ပြတ် အဖြေပေးလိုက်သည်။
“ဆက်ရှာကြမယ်။ ဌာနချုပ်ကို အကြောင်းကြားပြီး လူအင်အားထပ်ပို့ပေးဖို့ မှာလိုက်၊ ဒီကောင် တွေ ငါတို့လက်လှမ်းမမီတဲ့နေရာကို ရောက်ဦးမှာ မဟုတ်သေးဘူး”
“ဟုတ်ကဲ့”
လူငယ်ကျင့်ကြံသူနှင့် နောက်လိုက်နောက်ပါများက ခေါင်းဆောင်ဖြစ်သူ၏ ညွှန်ကြားချက်ကို ရို သေစွာ နာခံလိုက်ကြသည်။ သို့သော် သူတို့အားလုံး၏ စိတ်ထဲတွင် ကလေးငယ်ကို ရှာတွေ့ရန် မ ဖြစ်နိုင်တော့ကြောင်း နားလည်ထားပြီးဖြစ်သည်။ သူတို့လူစု သည်းကြီးမည်းကြီး ရှာဖွေနေစဉ်၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကလေးငယ်ကို လျန်နိုင်ငံ ကျင်းမိသားစု ဌာနချုပ်သို့ ဘေးမ သီ ရန်မခ ဆောင်ယူလာနိုင်ခဲ့ကြသည်။ ကျန်းရန်ယီ၊ လျူလင်းလုံတို့က ကျန်းချန်ရွှမ်တို့ ပြန်လာ သည်ကို မြင်လျှင် ဝမ်းသာအားရ ဆီးကြိုကြသည်။ မကြာမီ ကျန်းရန်ယီ အမှုးရှိသော ကျန်းမျိုး နွယ်စုဝင် အကြီးအကဲအားလုံး ရွှမ်းမင်တောင်ထွတ်တွင် စုဝေးမိကြသည်။
ရှန်းရူယန်ရင်ခွင်ထဲရှိ ကလေးငယ်ကို မြင်သောအခါ သူတို့အားလုံး အံ့အားသင့်မှင်သက်ကုန်ကြ တော့သည်။ ကျန်းရန်တောက်က မနေနိုင်တော့ဘဲ
“စီနီယာဦးလေး ဒီကလေးက ဦးလေးရဲ့….”
ကျန်းချန်ရွှမ်က ကမန်းကတန်းခေါင်းခါလိုက်ပြီး ဒေါပွပွနှင့်
“မဟုတ်ဘူး၊ ခင်ဗျားတို့ဘာတွေတွေးနေတာလဲ။ ဒီကလေးကို အပြန်လမ်းတစ်နေရာမှာ တွေ့လို့ ကောက်လာခဲ့တာ”
“ကောက်လာခဲ့တာ ဟုတ်လား”
ကျန်းချန်ရွှမ်၏ အဖြေကို ကြားသောအခါ သူတို့အားလုံး တိုး၍ အံ့အားသင့်ကုန်ပြန်သည်။
“ဟုတ်တယ် မယုံရင် အနီးကပ်လာကြည့်ကြ”
ထိုအခါ အကြီးအကဲအားလုံး ဇဝေဇဝါဖြစ်ကုန်ကြပြီး ကလေးငယ်ကို အာရုံစိုက် အကဲခတ်လိုက် ကြသည်။ ကျီဖုအဆင့်များဖြစ်သည့် ကျန်းရန်တောက်နှင့် လျူလင်းလုံတို့သည် လူတစ်ဦး၏ သွင် ပြင်လက္ခဏာကို ကြည့်ရုံဖြင့် ထိုလူ၏ ပါရမီအတိမ်အနက်ကို တီးခေါက်နိုင်သည့် စွမ်းရည်မျိုးပိုင် ဆိုင်ထားပြီးဖြစ်သော်လည်း အစပထမတွင် ကလေးငယ်အပေါ် အာရုံရောက်မနေ၍ သတိမထား မိသော်လည်း ယခုအခါ ထိုကလေးငယ်သည် သာမညောင်ည မဟုတ်မှန်း သတိပြုမိလိုက်ကြ သည်။ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့သည် ကလေးအနီးသို့ တိုးကပ်၍ လက်ဖြင့် ညင်သာ စွာ တို့ထိလိုက်ကြသည်။ ထိုခဏတွင် နှစ်ဦးလုံးမှာ အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ် ကုန်ကြတော့သည်။
“ရန်တောက်၊ လင်းလုံ ဘာဖြစ်လို့လဲ”
ကျန်းရန်ယီက မနေနိုင်တော့ဘဲ မေးမိသည်။ ကျန်းရန်တောက်က အံ့အားသင့်ခြင်း မပြေပျောက် သေးသည့်လက္ခဏာဖြင့်
“အစ်ကို…ကောင်းကင်ဘုံဝိညာဉ်သွေးကြောပဲ။ ဒီကလေးမှာ မြေဓာတ်အခြေခံ ကောင်းကင်သွေး ကြောရှိနေတယ်”
လျူလင်းလုံကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဟုတ်တယ်။ မြေဓာတ်ကောင်းကင်သွေးကြော ဒီကလေးမှာရှိတယ်”
ထိုအခါတွင် ကျန်းရန်ယီတစ်ယောက် ဝမ်းသာလုံးဆို့သွားတော့သည်။ ဤကလေးကိုသာ ဂရုတ စိုက် ပျိုးထောင်နိုင်ခဲ့ပါက ကလေးအရွယ်ရောက်လာလျှင် ရွှေအမြုတေအဆင့်ကို တက်လှမ်းရန် မှာ ခက်ခဲသည့် ကိစ္စမဟုတ်ပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် ထိုကလေးငယ်ကို တကူးတက ခေါ် ဆောင်လာခဲ့ခြင်း ဖြစ်မည်ဟု ကျန်းရန်ယီတွေးမိသည်။ ထိုအချိန်တွင် ကျန်းရန်တောက်က တွေး တွေးဆဆနှင့် မေးခွန်းထုတ်သည်။
“ဒါနဲ့ စီနီယာဦးလေး ဒီကလေးရဲ့ နောက်ခံကဘာလဲ။ သူ့မိသားစုက သေမျိုးမိသားစုတစ်ခုပဲလား၊ ဒါမှမဟုတ် တခြားကျင့်ကြံခြင်းမိသားစုတစ်ခု ကလား”
ထိုအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဖြစ်သမျှ အကြောင်းစုံကို ရှင်းပြလိုက်သည်။ ကျန်း ချန်ရွှမ်က စကားအဆုံးတွင် ထပ်မံဖြည့်စွက်လိုက်သေးသည်။
“ဒီမိန်းကလေး အခြေခံတည်ဆောက်ခြင်း အဆင့် မရောက်ခင်အထိ သူ့မိသားစုအကြောင်းကို အ သိမပေးထားတာက ပိုအဆင်ပြေလိမ့်မယ်”
ကျန်းချန်ရွှမ်၏ စကားကို အကြီးအကဲအားလုံး သဘောတူလိုက်ကြသည်။ ကလေးငယ်၏ ကြေ ကွဲဖွယ်အတိတ်ကို ငယ်ရွယ်စဉ်ကာလအတွင်း လုံးဝအသိမပေးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။
“ဒါနဲ့ အစ်ကိုကျန်း ကလေးကို နာမည်ပေးပြီးပြီလား”
လျူလင်းလုံက မေးသည်။ ရှန်းရူယန်က ကြားဖြတ်၍
“မပေးရသေးဘူး လင်းလုံ၊ မင်းစဉ်းစားထားတာရှိလား”
လျူလင်းလုံက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အကြံရဟန်နှင့်
“ကလေးက ကျန်းမိသားစုဝင်အဖြစ် ကြီးပြင်းလာမှာဆိုတော့ မျိုးရိုးနာမည်က ကျန်းပဲဖြစ်မယ်၊ မိန်းကလေးဆိုတော့ ကျန်းအန်းရန်လို့ပေးလိုက်ရင်ရော”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ အနည်းငယ်တွေဝေသွားပြီးနောက် ရှန်းရူယန်က သဘောကျ ဟန်နှင့် ပြုံးလိုက်ပြီး
“ကောင်းသားပဲ၊ ယောက်ျား ဒီကလေးကို ကျန်းအန်းရန်လို့ပဲ မှည့်လိုက်ကြရအောင်”
“ကောင်းပါတယ်”
ကျန်းချန်ရွှမ်က ဇနီးဖြစ်သူ အလိုကျအတိုင်း လိုက်နာရန် ဆုံးဖြတ်လိုက်သည်။ သူ့အတွက်တော့ အမည်နာမတစ်ခုသည် အရေးမကြီးလှပေ။ ထိုကလေးငယ်ကို ကောင်းမွန်စွာ သွန်သင်လမ်းပြနိုင် ဖို့သာ အဓိကဟု မှတ်ယူထားသည့်အတွက်ဖြစ်သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် အကြီးအကဲ အားလုံးကို ဝေ့ကြည့်လိုက်ပြီး
“မကြာခင်မှာ ကျုပ်နဲ့ ရူယန်တို့ သီးခြားဂူပိတ်ပြီး ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းဖို့ ကျင့်ကြံ ကြမယ်။ ဒီအတောအတွင်းမှာ လင်းလုံ၊ ရန်တောက်နဲ့ ရန်ယီတို့က ဒီကလေးကို စောင့်ရှောက် ပေးထားကြပါ။ ကျုပ်တို့ ဂူထဲကပြန်ထွက်လာရင် ကျုပ်တို့နှစ်ယောက်ကိုယ်တိုင် ဒီကလေးကို သင်ကြားပေးမယ်”
“စီနီယာဦးလေးနဲ့အဒေါ် မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ကလေးကို ကောင်းကောင်းဂရုစိုက်ထား လိုက်ပါ့မယ်”
“ကောင်းတယ်”
ကျန်းချန်ရွှမ်တို့လည်း စကားစဖြတ်မည်အပြုတွင် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အတွက် ဇနီးမောင်နှံနှစ်ဦး၏ မျက်နှာများ ကိုယ်စီရွှင်ပျကုန်ကြသည်။ ထို့နောက် ချက်ချင်း မတ်တတ်ထ ရပ်လိုက်ပြီး ကျန်းမိသားစုဝင်အားလုံးကို သူတို့နောက်လိုက်ခဲ့ရန်ပြောသည်။ ကျန်းရန်ယီနှင့် အ ကြီးအကဲများလည်း နားဝေတိမ်တောင်ဖြစ်ကာ ကျန်းချန်ရွှမ်ခေါ်ဆောင်ရာနောက်ကို ဘုမသိဘမ သိ လိုက်လာကြသည်။ ကျန်းချန်ရွှမ်သည် သူတို့အားလုံးကို မှော်တိုင်တောင်၏ အနောက်ဘက် တောင်ကြောရှိရာသို့ ဦးဆောင်ခေါ်သွားသည်။ ထိုနေရာကိုရောက်လျှင် သူတို့အားလုံး ပါးစပ်အ ဟောင်းသားဖြစ်သွားကြတော့သည်။
***