← Chapters

အထွတ်အထိပ်အဆင့် ရွှေအမြုတေနှင့် နတ်ဘုရား ရွှေအမြုတေ

Vol. 16 Ch. 316

အထွတ်အထိပ်အဆင့် ရွှေအမြုတေနှင့် နတ်ဘုရား ရွှေအမြုတေ

Vol. 16 Ch. 316

ကျန်းချန်ရွှမ်၏ လှိုဏ်ဂူအတွင်း၌ဖြစ်သည်။ နှစ်နှစ်ကြာ အားထုတ်ခဲ့ပြီးနောက် ကျန်းချန်ရွှမ်သည် ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်များကို အပြည့်အဝသိပ်သည်းနိုင်ခဲ့ပြီး ရွှေအမြုတေတစ်ခုကို ဒန့်တျန်ထဲ တွင် ဖွဲ့စည်းနိုင်ခဲ့သေးသည်။ ရွှေအမြုတေ၏ မျက်နှာပြင်တွင် ပြတ်သားကြည်လင်သည့် တာအို သင်္ကေတကိုးခုအထိ ပါရှိနေသည့်အတွက် အဆင့် ၉ ရွှေအမြုတေဖြစ်ကြောင်း ထင်ရှားနေသည်။ သို့သော် ကျန်းချန်ရွှမ်သည် ဤမျှနှင့် ကျေနပ်အားရဟန်မတူပါ။ လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့ မှောက်တွင်ရှိသည့် ကောင်းကင်ထူးကဲရေစင်ပုလင်းကို အဖုံးဖွင့်လိုက်သည်။ ထို့နောက် ပါးစပ်ကို ဟလိုက်ရာ ပုလင်းထဲမှ ကျောက်စိမ်းရောင်ရှိပြီး အလင်းများပြိုးပြက်နေသည့် အရည်များသည် အလိုအလျောက် စီးထွက်လာပြီး ကျန်းချန်ရွှမ်၏ လည်ချောင်းမှတဆင့် ကိုယ်တွင်းသို့ ဝင်ရောက် သွားတော့သည်။

တစ်ခဏချင်းတွင် အဆိုပါအရည်များသည် ကျန်းချန်ရွှမ်၏ ရွှေအမြုတေနှင့် ပေါင်းစပ်ပြီး ကျယ် ပြောသိမ်မွေ့သည့် စွမ်းအားတစ်ရပ်သည် အမြုတေအတွင်း ကိန်းအောင်းသွားသည်။ ထိုခဏတွင် ရွှေအမြုတေသည် အလင်းမှုန်များဖြင့် တောက်ပလာပြီး ကျန်းချန်ရွှမ်၏ စိတ်ထဲတွင် အတားအ ဆီးတစ်ခု ကျိုးပျက်သွားသည့်အသံတစ်ခု ကြားလိုက်ရသည်။ မကြာမီအတွင်း၌ ကျန်းချန်ရွှမ်၏ အသွင်ပြောင်းပြီးကာစ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် နောက်တစ်ဆင့်သို့ မြှင့်တင်လိုက်သည့်ပ မာ ပိုမိုသန်စွမ်းလာတော့သည်။ ရွှေအမြုတေ၏ မျက်နှာပြင်တွင် နောက်ထပ် တာအိုသင်္ကေတ တစ်ခုသည် ဆယ်ခုမြောက်အဖြစ် ထပ်မံဖြစ်ပေါ်လာသည်။ ထိုသင်္ကေတ ပေါ်ထွန်းလာသည့် အ ခိုက်တွင် ကျန်းချန်ရွှမ်၏ နားထဲတွင် နတ်ဘုရားတို့၏ တေးဂီတသံစဉ်များ ပြိုင်တူတီးခတ်လိုက် သလို ခံစားလိုက်ရသည်။

ထိုခဏတွင် ကျန်းချန်ရွှမ်သည် ဉာဏ်အလင်းပွင့်ခြင်း အဆင့်သို့ ကူးပြောင်းရောက်ရှိသွားသည့် အလားပင်ဖြစ်သည်။ အနီ၊ အပြာ၊ ရွှေ၊ အစိမ်း၊ အဝါအစရှိသည့် ရောင်စုံအလင်းတန်းများသည် ကျန်းချန်ရွှမ်၏ မျက်ဝန်းနှစ်စုံတွင် တဖျတ်ဖျတ် လင်းလက်နေတော့သည်။ ကျန်းချန်ရွှမ်သည် တစ်စုံတစ်ခုကို ထိုးထွင်းသိမြင်သွားသလို ခံစားနေရပြီး တစ်ချိန်တည်းတွင် ထိုအရာကို တိတိပပ သိရှိနားလည်ခြင်း မရှိသလိုလည်း ခံစားနေရပြန်သည်။ အဆိုပါခံစားချက်သည် ကျန်းချန်ရွှမ်အဖို့ အလွန်ပင်ထူးဆန်းနေမိသည်။ သို့သော် သူ့စိတ်အတွင်း အလိုလိုခံစားသိမြင်နေသည်က လက်ရှိ စိတ်ဝိညာဉ်အနေအထားသည် ကောင်းကင်ဖီဆန်ခြင်းကဲ့သို့ သဘောတရားများကို သိမြင်နိုင်ရန် မလုံလောက်သေးကြောင်းဖြစ်သည်။

ထို့ကြောင့် ကျန်းချန်ရွှမ်သည် မြူငွေ့များရစ်ဆိုင်းနေသည့် ခရမ်းရောင်ချီ အလုံးတစ်ခုကို ထုတ်ယူ လိုက်သည်။ ထိုအရာသည် စနစ်ထံမှ ရရှိထားသည့် လည်ပတ်ခြင်းကိုးပါး ခရမ်းရောင်ချီ ပင်ဖြစ် သည်။ အဆိုပါချီအလုံးသည် ကျန်းချန်ရွှမ်၏ လက်ဝါးပြင်မှတဆင့် ကိုယ်တွင်းသို့ ဝင်ရောက်သွား ပြီး ဒန့်တျန်တစ်လျှောက် စီးဆင်းလျက် ရွှေအမြုတေကို ဖုံးအုပ်ရစ်ပတ်သွားသည်။ ထိုခဏတွင် ကျန်းချန်ရွှမ်၏ နားထဲတွင် ကြားယောင်နေသည့် နတ်ဘုရားဂီတသံသည် ရှေးကထက် ပိုမိုပီသ ကြည်မြလာပြီး ကျန်းချန်ရွှမ်၏ နဂိုမူလက မှိန်ဖျော့ဝေဝါးနေသည့် ထိုးထွင်းသိမြင်မှုသည်လည်း တစ်စထက်တစ်စ ကြည်လင်ပြတ်သားလာသည်။

ထိုစဉ် အတားအဆီးတစ်ခု ကျိုးပျက်သွားသည့် အသံကို ထပ်မံကြားလိုက်ရပြီး ကိုယ်တွင်းရှိ ရွှေ မြုတေ၏ မျက်နှာပြင်တွင် အက်ကွဲရာများ ပေါ်လာတော့သည်။ ပုံမှန်ကျင့်ကြံသူတစ်ဦးအတွက် အဆိုပါ လက္ခဏာမှာ ရွှေအမြုတေပျက်စီးခြင်းဖြစ်ပြီး အသက်မသေလျှင်တောင် ဒဏ်ရာအကြီး အကျယ် ရရှိသွားမည့်အပြင် လက်ကျန်သက်တမ်းလည်း သိသိသာသာ လျော့ကျသွားမည် ဖြစ်ပါ သည်။ သို့သော် အဆိုပါ ဖြစ်ရိုးဖြစ်စဉ်သည် ကျန်းချန်ရွှမ်အတွက်တော့ မှန်ကန်မှုမရှိပါ။ အမြုတေ မျက်နှာပြင်တွင် အက်ကြောင်းရာများ တစ်ခုပြီးတစ်ခု တိုးလာသော်လည်း ကျန်းချန်ရွှမ်၏ အော် ရာမှာ မတည်ငြိမ်ခြင်း၊ အားနည်းခြင်း စသည့် မကောင်းသည့် လက္ခဏာများ လုံးဝမရှိသည့်အ ပြင် ရှေးကထက်ပင် ဆထက်တိုး အားကောင်းလာသည်ကို တွေ့ရသည်။

သိပ်သည်းသော ခရမ်းရောင်ချီများသည် အဆိုပါ အက်ကြောင်းများမှ တလဟောစီးထွက်လာပြီး ရွှေအမြုတေတစ်ခုလုံးသည် ခရမ်းရောင်အမြုတေအဖြစ် ပြောင်းလဲစပြုလာသည်။

ဂျွတ်…

နောက်ဆုံးအကြိမ် အက်ကွဲသံကြားလိုက်ရပြီးနောက် ရွှေအမြုတေ၏ နဂိုမူလမျက်နှာပြင်သည် တစ်စစီကွဲကြေသွားကာ အတွင်းသား၌ ပဲစေ့တစ်စေ့လောက်သာ အရွယ်ရှိသည့် ခရမ်းရောင်အ မြုတေတစ်ခုအဖြစ် ပေါ်ထွက်လာသည်။ ထိုခဏတွင် အဆိုပါ ပဲစေ့အရွယ် အမြုတေထံမှ အလွန် အားကောင်းပြင်းထန်သည့် အော်ရာလှိုင်းများ လိမ့်ထွက်လာသလို လှိုဏ်ဂူအတွင်း ကျန်းချန်ရွှမ် ကြိုတင်နေရာချထားသည့် ဝိညာဉ်ကျောက်တုံးများသည်လည်း တစ်ချိန်တည်းလိုလို ပေါက်ကွဲ ကုန်ကြသည်။ ထိုချီစွမ်းအင်များသည် အဆင့် ၄ ဝိညာဉ်သွေးကြောမှ လွှင့်ထုတ်လိုက်သည့် ဝိ ညာဉ်ချီများနှင့် ပေါင်းစည်းမိပြီးနောက် ကျန်းချန်ရွှမ်၏ ခရမ်းရောင်အမြုတေထဲသို့ တရစပ်စီးဝင် လာတော့သည်။

ကျန်းချန်ရွှမ်၏ ကိုယ်တွင်း၌ ဝိညာဉ်ချီများ တစ်စထက်တစ်စ သိပ်သည်းလာသည့်အခါ ခရမ်း ရောင်အမြုတေသည်လည်း လျင်မြန်စွာ လည်ပတ်စာပြုလာသည်။ တစ်ကြိမ်လည်ပတ်အပြီး တွင် အမြုတေ၏ အရွယ်အစားသည် အနည်းငယ်တိုးလာသည်။ နောက်ဆုံးတွင် ကိုးကြိမ်တိတိ လည်ပတ်ပြီးသောအခါ ခရမ်းရောင်အမြုတေ၏ အရွယ်အစားသည် ပုံမှန်ရွှေအမြုတေအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။ ပုံမှန်အမြုတေများနှင့် မတူညီသည့်အချက်က အမြုတေသည် ခရမ်းရောင်အဆင်းရှိပြီး မျက်နှာပြင်တွင် လင်းလက်လျက်ရှိသည့် တာအိုသင်္ကေတများ ပိုင်ဆိုင် ထားခြင်းဖြစ်သည်။ အဆိုပါ အမြုတေသည် အထွတ်အထိပ်အဆင့် ရွှေအမြုတေ၏ အဆင့်အ တန်းကို ကျော်လွန်သွားသည့် ကောင်းကင်ဘုံဘဝဂ် အမြုတေပင်ဖြစ်သည်။

အထွတ်အထိပ်အဆင့် ရွှေအမြုတေသည် ပုံမှန်ကျင့်ကြံသူများ နားလည်နိုင်သည့် နယ်ပယ်ကို ကျော်လွန်ပြီး အင်မော်တယ်တစ်ဦးအဖြစ်သို့ ပို့ဆောင်ပေးနိုင်မည့် အလားအလာများစွာကို ပေး စွမ်းနိုင်သည်ဟု ဆိုပါက ကျန်းချန်ရွှမ်၏ နတ်ဘုရားအဆင့် ရွှေအမြုတေ သို့မဟုတ် ကောင်းကင် ဘုံဘဝဂ် အမြုတေသည် အင်မော်တယ်ထွဋ်ခေါင်တစ်ဦးအဖြစ်သို့ပင် ပို့ဆောင်နိုင်စွမ်းရှိသည်ဟု သတ်မှတ်ရပါလိမ့်မည်။ အဆိုပါ အမြုတေအမျိုးအစားနှစ်ခု အကြားတွင် ကြီးမားသည့် ကွာဟ ချက်တစ်ခုရှိပြီး နှိုင်းယှဉ်၍ပင် မသင့်သည့် အနေအထားမျိုးဖြစ်သည်။

ကျွီ

နတ်ဘုရားအဆင့် အမြုတေ ပီပြင်စွာ ပုံပေါ်လာသည့်အခိုက်တွင် ကျန်းချန်ရွှမ်၏ နဂိုမူလက မပီ ပြင်ဝိုးတဝါးဖြစ်နေသည့် ထိုးထွင်းသိမြင်မှုများသည် ရုတ်တရက် အလင်းပွင့်သလိုဖြစ်ပြီး သဘော တရားများကို ပိုင်နိုင်စွာ ဖမ်းဆုပ်သိရှိလိုက်သည်။ သူ့အနောက်တွင် အစိမ်း၊ အနီ၊ အဖြူ၊ အနက် နှင့် ရွှေဝါရောင်အလင်းငါးခု ရုတ်ခြည်းပေါ်လာပြီးနောက် ထိုအလင်းငါးခုသည် တစ်ခုတည်းအ ဖြစ် ပေါင်းစပ်ကာ ရှေ့တည့်တည့်ရှိ ဗလာနယ်ကို ညင်သာစွာ ဖြတ်သန်းသွားသည်။ ထိုခဏတွင် ရောင်စဉ်ငါးသွယ်အလင်း ဖြတ်သန်းသွားသည့် အနီးပတ်ဝန်းကျင်ရှိ အရာဝတ္ထုအားလုံးသည် အစ အနပင်မကျန်ဘဲ အပြီးတိုင်ပျောက်ကွယ်သွားတော့သည်။ အဆိုပါ ဖြစ်စဉ်သည် နတ်ဘုရားအမြု တေကို ပိုင်ဆိုင်ပြီးနောက်တွင် ကျန်းချန်ရွှမ် ပထမဆုံးထိုးထွင်းသိမြင်လိုက်သည့် နတ်ဘုရားစွမ်း အားအသစ်ဖြစ်ပြီး “ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတော်” ဟုအမည်တွင်သည်။

***

All Chapters