← Chapters

နတ်ဘုရားအဆင့် ရွှေအမြုတေ (၂)

Vol. 16 Ch. 317

နတ်ဘုရားအဆင့် ရွှေအမြုတေ (၂)

Vol. 16 Ch. 317

ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်း လွှမ်းမိုးသက်ရောက်ထားသည့် နယ်နိမိတ်အတွင်းရှိ ဓမ္မရ တနာများ၊ မန္တန်များ၊ နတ်ဘုရားစွမ်းအားများ အားလုံး၏ အစွမ်းအာနိသင်သည် နဂိုရှိရင်းစွဲထက် ၃၀ ရာခိုင်နှုန်း လျှော့ချခြင်းခံရမည်ဖြစ်သည်။ အဆိုပါ နတ်ဘုရားအလင်းကို ရှောင်တိမ်းခြင်း၊ ခုခံ ခြင်းတို့ မပြုလုပ်နိုင်ပါ။ အခြေခံ ဓာတ်ငါးပါးနှင့် ကင်းလွတ်သည့် ဓမ္မရတနာနှင့် နတ်ဘုရား စွမ်းအားများသာ ရောင်စဉ်ငါးသွယ်အလင်း၏ သက်ရောက်ခြင်းမှ လွတ်ကင်းနိုင်မည်ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းလောကတွင် အသုံးပြုသည့် ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများအ နက် ဓာတ်ငါးပါးကို အခြေမခံသည့်အရာမှာ ရှာမှရှားဟုဆိုရပါလိမ့်မည်။

အထက်တွင်ဖော်ပြပြီးဖြစ်သော နတ်ဘုရားအလင်း၏ စွမ်းအားသည် အခြေခံကနဦးအဆင့်သာ ရှိ သေးပြီး ရောင်စဉ်ငါးသွယ်အလင်း နတ်ဘုရားစွမ်းအားအပေါ် ကျန်းချန်ရွှမ်၏ ထိုးထွင်းသိမြင်မှု နက်ရှိုင်းလာသည်နှင့်အမျှ အစွမ်းအာနိသင်လည်း လိုက်ပါတိုးတက်လာပါလိမ့်မည်။ ထိုအချိန်၌ ရှန်းရူယန်သည်လည်း ကိုယ်ပိုင်နတ်ဘုရားစွမ်းအားဖြစ်သည့် ဓာတ်ငါးပါး နတ်ဘုရားလျှပ်စီးကို ထိုးထွင်းသိမြင်သွားပြန်သည်။ ထိုစွမ်းအားသည် ရွှေအမြုတေကျင့်ကြံသူများ၏ နတ်ဘုရားစွမ်း အားများအနက် အမြင့်ဆုံးအရည်အသွေးရှိနေသည့်အပြင် သူမ၏ လျှပ်စီးနတ်ဘုရား တံဆိပ်နှင့် ပေါင်းစပ်လိုက်သည့်အခါ မူရင်းစွမ်းအားထက် ၃၀ ရာခိုင်နှုန်းအထိ တိုးတက်သွားနိုင်သည်။ သူမ နှင့် ကျန်းချန်ရွှမ်အကြား တစ်ခုတည်းသော ကွာခြားချက်မှာ ရှန်းရူယန်၏ အမြုတေတွင် ၁၁ ခု မြောက် တာအိုသင်္ကေတ မပေါ်သေးခြင်းဖြစ်သည်။

သို့သော် ရှန်းရူယန်၏ ရွှေအမြုတေသည် လက်ရှိတွင် အထွတ်အထိပ်အဆင့်ရှိနေပြီး နတ်ဘုရား အဆင့်ကို ရောက်ရှိရန် လက်တစ်ကမ်းအလိုတွင် ရှိနေခြင်းဖြစ်သည်။ ထို့နောက် ရှန်းရူယန်သည် ထိုင်ရာမှထကာ လှိုဏ်ဂူအပြင်သို့ ထွက်လာပြီး ကောင်းကင်အထက် တစ်နေရာကို မော့ကြည့်မိ လိုက်သည်။ နဂိုမူလက ကြည်ပြာလျက်ရှိသည့် ကောင်းကင်ပြင်တွင် ဧရာမတိမ်မည်းကြီးတစ်ခု ရုတ်တရက် ဖုံးလွှမ်းသွားပြီး ထူးဆန်းလေးပင်သည့် ဖိအားတစ်ရပ်ဖြင့် မြေပြင်တစ်ခုလုံးကို ဖိနှိပ် လျက်ရှိသည်။ အဆိုပါတိမ်မည်းကြီးထဲတွင် လျှပ်စီးများ တဖျတ်ဖျတ် လင်းလက်နေသည်ကို အ တိုင်းသားတွေ့မြင်နိုင်သည်။ ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ ဦးဆောင်သည့် ကျန်းမိသားစုဝင်များသည် ကောင်းကင်ကို မော့ကြည့်လျက် တုန်လှုပ်အံ့အားသင့်နေမိကြသည်။

သူတို့အားလုံး၏ စိတ်အစဉ်တွင် တိုင်ပင်ထားခြင်းမရှိဘဲ ပြိုင်တူဖြစ်ပေါ်လာသည့် အတွေးမှာ ဤ အရာသည် ကောင်းကင်ဘုံအတိဒုက္ခ စစ်ဆေးသည့် တိမ်တိုက်ကြီး ဖြစ်နိုင်သည် ဟူသောအတွေး ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် ရွှေအမြုတေနယ်ပယ်ကို အောင်မြင်စွာ အခြေချနိုင်ပါက ကျီဖု အဆင့်နှင့် အောက်အဆင့်များကဲ့သို့ ရရှိပြီးနယ်ပယ်ကို အချိန်တစ်ခုပေးကာ အခြေတည်စုစည်း ရန် မလိုဘဲ နောက်ဆုံးအဆင့် စမ်းသပ်ခြင်းဖြစ်သည့် ကောင်းကင်ဘုံ အတိဒုက္ခကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုအဆင့်ကို ကျော်လွန်မှသာ အခက်အခဲအားလုံးကို ကျော်ဖြတ်ကာ ရွှေအမြုတေအ ဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီဟု တရားဝင်သတ်မှတ်နိုင်မည်ဖြစ်သည်။ ထိုအဆင့်တွင် ကျရှုံး ခဲ့ပါက စိုက်ထုတ်ရင်းနှီးခဲ့ရသမျှ အရာအားလုံးသည် သဲထဲရေသွန်ဖြစ်သွားပြီး ကျင့်ကြံသူ၏ ခန္ဓာ ကိုယ်သည် ပြာမှုန်အဖြစ်သို့ ရွေ့လျောပြောင်းလဲကာ အပြီးတိုင်သေဆုံးသွားပါလိမ့်မည်။

ကောင်းကင်ဘုံအတိဒုက္ခစစ်ဆေးခြင်းသည် အညှာအတာကင်းမဲ့ပြီး ဒုတိယအကြိမ် အခွင့်အရေး မပေးဟု ကျော်ကြားပါသည်။ ထိုအချိန်တွင် ကောင်းကင်မှ ကျယ်လောင်သည့် မိုးကြိုးသံတစ်ခု ကို ကြားလိုက်ရသည်။ ရှန်းရူယန်သည် မဆိုင်းမတွဘဲ မှော်တိုင်တောင်မှ ဝေးရာအရပ်သို့ ဦးတည် ပျံသန်းသွားသည်။ အကြောင်းမှာ ရှန်းရူယန်သည် ကောင်းကင်အတိဒုက္ခစစ်ဆေးခြင်းကို မှော် တိုင်တောင်တွင် မဖြစ်ပွားစေလို၍ဖြစ်သည်။ တစ်စုံတစ်ခုလွဲချော်သွားပါက ရွှမ်းမင်တောင်ထွတ် နှင့်တကွ မှော်တိုင်တစ်တောင်လုံး တစစီကြေမွပျက်စီးသွားနိုင်သည်လေ။ ရှန်းရူယန်အဝေးသို့ ပျံ သန်းသွားသည်ကို ကျန်းရန်ယီတို့လူစုမြင်လျှင် သူတို့အားလုံး တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက် ကြသည်။ ထို့နောက်တွင် တိုင်ပင်ထားသည့်အလား ရှန်းရူယန်ပျံသန်းရာနောက်ကို ထက်ကြပ်မ ကွာ လိုက်ပါတော့သည်။

ပထမတစ်ချက်မှာ ရှန်းရူယန်ကို ပြင်ပကျင့်ကြံသူများက အနှောင်အယှက်ပေးမည်ကို ကာကွယ် လို၍ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ကောင်းကင်အတိဒုက္ခစစ်ဆေးခြင်း ဖြစ်စဉ်သည် ကြုံခေါင့်ကြုံခဲ ဖြစ်ရပ်တစ်ခုဖြစ်နေ၍ ကိုယ်တိုင်မြင်တွေ့ခွင့်ကို လက်လွှတ်မခံလို၍ဖြစ်သည်။ ရှန်းရူယန်သည် အကွာအဝေးတစ်ခုအထိ ပျံသန်းလိုက်ပြီးနောက် မှော်တိုင်တောင်နှင့် မိုင်တစ်ထောင် အကွာတွင် ရုတ်တရက် ရပ်လိုက်သည်။ ကျန်းရန်ယီ၊ လျူလင်းလုံ၊ ကျန်းရန်တောက်နှင့် ကျန်မိသားစုဝင်များ ကမူ ရှန်းရူယန်နှင့် မိုင်တစ်ရာနီးပါး အကွာတွင် နေရာယူလျက် အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဂျိန်း

ထိုစဉ် တိမ်တိုက်မှ အရောင်တလက်လက် ထနေသည့် လျှပ်စီးကြောင်းတစ်ခု လျှပ်တပြက် ဆင်း သက်လာသည်။ ကောင်းကင်အတိဒုက္ခ စစ်ဆေးခြင်း၏ ပထမဆုံး လျှပ်စီးကြောင်းဖြစ်သည်။ ထို အချိန်တွင် ကျန်းရန်ယီတို့လူစုသည် လျှပ်စီးကြောင်း ဦးတည်နေသည့်အရပ်နှင့် မိုင်တစ်ရာနီးပါး ကွာဝေးနေသော်လည်း ကြောက်မက်ဖွယ်အော်ရာကို ခံစားမိလိုက်ကြပြီး ကိုယ်စီတုန်လှုပ်ကုန်ကြ သည်။ ရှန်းရူယန်နေရာ၌ သူတို့သာဆိုလျှင် မုချသေဆုံးမည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။ တစ် ချိန်တည်းတွင် သူတို့အားလုံး ရှန်းရူယန်အတွက် စိုးရိမ်ပူပန်စပြုလာသည်။ ကောင်းကင်အတိ ဒုက္ခစစ်ဆေးခြင်း၏ ပထမဆုံးလျှပ်စီးပစ်ချက်သည်ပင် သူတို့မျှော်မှန်းထားသည်ထက် များစွာ ပြင်းထန်နေသည်။ ထိုအချိန်တွင် ရှန်းရူယန်ကမူ တုန်လှုပ်ခြင်းမရှိ ပကတိတည်ငြိမ်လျက်ရှိပြီး မ န္တန်တစ်ခုကို ထုတ်ဖော်လိုက်ရာ ကောင်းကင်ထက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ရှန်းရူယန်ထံ ဦးတည်ပစ်လွှတ်လိုက်သည့် လျှပ်စီးကြောင်းသည် အလွယ်တကူပင် ကျေပျက်သွား တော့သည်။ ထို့နောက်တွင် ဒုတိယနှင့် တတိယလျှပ်စီးများ ဆက်တိုက်ရောက်ရှိလာသော်လည်း ရှန်းရူယန်က အလွယ်ပင် ကာထုတ်လိုက်နိုင်ပြန်သည်။ စတုတ္ထမြောက်လျှပ်စီး ရောက်လာချိန် တွင်တော့ ရှန်းရူယန်၏ မျက်နှာမှာ တင်းမာစပြုလာသည်။ လက်ကိုမြှောက်ပြီး လေထဲမှ တစ်စုံ တစ်ရာကို ဆွဲယူလိုက်ဟန်ပြုလိုက်ရာ ခရမ်းရောင်လျှပ်စီးများ ကွန့်မြူးနေသည့် ဓားရှည်တစ်စင်း သည် ဗလာနယ်အတွင်းမှ ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ ဓား၏အသွား တစ်လျှောက် တွင် အလျှံတရဲရဲ တောက်လောင်နေသည့် မီးလျှံများဖြင့် အနားသတ်ထားသည်။ ဤဓားသည် ရှန်းရူယန်၏ နတ်ဘုရားစွမ်းအားဖြစ်သည့် ခရမ်းရောင်လျှပ်စီးမီးလျှံဓား ဖြစ်သည်။

ထိုဓားသည် စတုတ္ထလျှပ်စီးကြောင်းနှင့် တိုးတိုက်မိပြီးနောက် ကောင်းကင်တခွင် သိမ့်သိမ့်တုန် သွားသည်အထိ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တန် ပြန်လှိုင်းသည်ပင် မိုင်နှစ်ဆယ်ပတ်လည် အကွာအထိ ဖြာထွက်သွားသည်ကို ထောက်ပါက ကျီဖု အထွတ်အထိပ်အဆင့် သို့မဟုတ် ရွှေအမြုတေ ပဏာမအဆင့် ကျင့်ကြံသူတစ်ဦးသာ ထိုလျှပ်စီး ကြောင်းကြီးကို ရင်ဆိုင်ရလျှင် နေရာတွင်ပင် အစအနမကျန်အောင် ပျောက်ကွယ်သွားမည်မှာ သေချာလှသည်။ သို့သော် ရှန်းရူယန်က အဆိုပါ လေးခုမြောက် လျှပ်စီးကိုလည်း အလွယ်တကူ ချေဖျက်ပြသွားသည်ကို ကြည့်ရင်း လျူလင်းလုံတို့လူစုမှာ မှင်သက်နေမိကြသည်။ လက်ရှိအနေ အထားအတိုင်း ဆက်သွားနိုင်လျှင် ရှန်းရူယန်တစ်ယောက် အတိဒုက္ခစစ်ဆေးခြင်းကို ကျိန်းသေ ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူတို့အားလုံး မှတ်ယူလိုက်ကြသည်။

အုံး အုံး

မျှော်လင့်ထားသည့်အတိုင်း ငါးခုမြောက်နှင့် ခြောက်ခုမြောက် လျှပ်စီးကြောင်းနှစ်ခု ဆက်တိုက် ဆိုသလို ရောက်ရှိလာပြန်သည်။ ထိုလျှပ်စီးနှစ်ခုသည် ပြီးခဲ့သည့် လျှပ်စီးကြောင်းလေးခုထက် သိ သိသာသာပင် ပိုမိုအားကောင်းနေသည်။ အထူးသဖြင့် ခြောက်ခုမြောက် ဆဌမလျှပ်စီးကြောင်း ဖြစ်သည်။ ရှန်းရူယန်လည်း မတတ်သာတော့ဘဲ အဆင့် ၃ ဓမ္မရတနာတစ်ခုကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ရသည်။ ကျယ်လောင်သော မြည်သံကြီးနှင့်အတူ ရှန်းရူယန်ပစ်လွှတ်လိုက်သည့် ဓ မ္မရတနာသည် ချက်ချင်းပင် အရောင်မှိန်သွားပြီး သူမလက်ထဲသို့ ပျက်စီးလျက်သား ပြန်လည် ရောက်ရှိလာ၏။ သို့သော် ဤဓမ္မရတနာကိုရင်းပြီး ဆဌမမြောက် လျှပ်စီးကြောင်းကို ကာကွယ် နိုင်ခဲ့သည်က အမြတ်ဟုဆိုရမည်။

ထို့နောက်တွင် သတ္တမမြောက် လျှပ်စီးကြောင်းရောက်ရှိလာတော့သည်။ သည်တစ်ကြိမ်တွင်မူ လျှပ်စီးကြောင်းသည် တိုက်ရိုက်ကျဆင်းခြင်းမရှိဘဲ ကောင်းကင်ထက်တွင် အနည်းငယ်ဝေ့ဝဲနေ ပြီးမှ ရှန်းရူယန်ထံသို့ လျှပ်တပြက်ရောက်ရှိလာသည်။ ထိုမြင်ကွင်းကြောင့် ကျန်းရန်ယီတို့လူစု လည်း ကြက်သီးမွေးညင်းများ ထသည်အထိ ခြောက်ချားသွားတော့သည်။ ထိုလျှပ်စီးကြောင်း၏ ပြင်းအားသည် စစ်မှန်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် တန်းတူညီ မျှနေသည်။

ဘုန်း

ရှန်းရူယန်၏ ဦးခေါင်းထက်တွင် လျှပ်စီးစက်ကွင်းများ ဝန်းရံထားသည့် ရွှေရောင်ဒိုင်းတစ်ခု ပေါ် လာသည်။ အတိဒုက္ခလျှပ်စီးသည် ဒိုင်းကိုထိမှန်သောအခါ ဒိုင်းပတ်လည်ရှိ လျှပ်စစ်စက်ကွင်းများ ၏ ဖိနှိပ်မှုကြောင့် သိသိသာသာပင် အားပျော့သွားသည်။ ဒိုင်း၏ နောက်ဆုံးလျှပ်စစ်စက်ကွင်း အ ရောင်မှိန်သွားသည့်အခါတွင် မူလပြင်းအားထက် ငါးဆယ်ရာခိုင်နှုန်းသာ ကျန်ပါတော့သည်။ ထို အခိုက်တွင် ဒိုင်း၏ ဒုတိယအဆင့် ကာကွယ်မှု စတင်အသက်ဝင်လာပြီး ရှန်းရူယန်ကို ဗဟိုပြုပြီး မီတာတစ်ရာကျော် အချင်းဝက်ရှိသည့် ဧရိယာတစ်ခုလုံးကို ရွှေရောင်စက်ကွင်းပုံ လျှပ်စီးများ ဖုံး အုပ်သွားသည်။ ရှစ်ခုမြောက် လျှပ်စီးကြောင်း ကျရောက်လာချိန်တွင် လျှပ်စီးကြောင်း၏ ပြင်း အားသည် သုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

သို့သော် လျှပ်စီးကြောင်း၏ ပြင်းအား ၇၀ ရာခိုင်နှုန်းဖြင့် ရွှေရောင်ဒိုင်းကို ထိမှန်သောအခါ ဓမ္မရ တနာမှာ ချက်ချင်းပင် အရောင်မှိန်သွားပြီး အဝေးသို့လွင်စင်သွားတော့သည်။ ဒိုင်းသည် လျှပ်စီး ကြောင်းကို အပြည့်အဝ မကာကွယ်နိုင်ခဲ့သည့်အတွက် လျှပ်စီးကြောင်းသည် ရှန်းရူယန်ထံသို့ ဆက်လက်တိုးဝင်လာတော့သည်။

ချွင်….

ထိုအချိန်တွင် ကောင်းကင်ထက်တွင် ဓားအလင်းတစ်ခု ပေါ်လာပြီး လျှပ်စီးကြောင်း၏ လက်ကျန် စွမ်းအင်အလုံးစုံကို ချေဖျက်ပစ်လိုက်တော့သည်။

***

All Chapters