နတ်ဘုရားအဆင့် ရွှေအမြုတေ (၄)
Vol. 16 Ch. 319
သို့သော် ကာယကံရှင်ဖြစ်သည့် ရှန်းရူယန်ကမူ တစ်စုံတစ်ရာ တုန်လှုပ်ခြင်းမရှိဘဲ ကောင်းကင်ကို မျက်နှာမူလျက် သူမထံသို့ ဦးတည်ကျဆင်းလာသည့် လျှပ်စီးလုံးကြီးကို မမှိတ်မသုန် စိုက်ကြည့် နေသည်။ တစ်ချိန်တည်းတွင် မျက်မှောင်ကြုတ်လျက် အတွေးပေါင်းစုံကို တသီတသန်း တွေးနေ မိသည်။ အထွတ်အထိပ်အဆင့်နှင့်အထက် ရွှေအမြုတေကို ပိုင်ဆိုင်ခွင့်ရရေးသည် သူမထင်ထား သည်ထက်ပင် ပိုမိုခက်ခဲကြောင်း မှတ်ချက်ချမိသည်။ ထို့နောက် သူမ၏ နဖူးအလယ် တည့်တည့် တွင် ရောင်စဉ်ငါးသွယ် လျှပ်စီးသင်္ကေတတစ်ခု ပေါ်လာပြီး ခန္ဓာကိုယ်သည် လျှပ်စီးကြောင်းအ ဖြစ် ရုတ်ချည်းအသွင်ပြောင်းသွားတော့သည်။ ရွှေရောင်လျှပ်စီးလုံးကို မျက်နှာမူနေရင်း လက်ကို မြှောက်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း…
ရောင်စဉ်ငါးသွယ် လျှပ်စီးကြောင်းများနှင့် ရွှေရောင်လျှပ်စီးလုံးတို့ လေထုထဲတွင် ထိပ်တိုက်တွေ့ ကြပြီး အဏုမြူဗုံးတစ်လုံး၏ ပေါက်ကွဲအားနှင့် ညီမျှသည့် ပေါက်ကွဲမှုများ စဉ်ဆက်မပြတ် ဖြစ် ပေါ်ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ကျန်းရန်ယီတို့မှာ ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း တုန်လှုပ်စွာ စိုက်ကြည့်နေမိကြ၏။ နောက်ဆုံးတွင် ရောင်စဉ်ငါးသွယ် လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်ပြီး ရွှေရောင်လျှပ်စီးလုံးသည်လည်း မူလ ကထက် စွမ်းအင်ထက်ဝက် လျော့ကျသွားကာ ရှန်းရူယန်ထံ ဆက်လက်ပျံသန်းလာသည်။ ထိုအ ခါတွင် ရှန်းရူယန်၏ နဖူးတည့်တည့်ရှိ လျှပ်စီးသင်္ကေတသည် ရှေးကထက် ပိုမိုတောက်ပလာပြီး အော်ရာလှိုင်းများလည်း ပြင်းသထက် ပြင်းထန်လာသည်။
သူမထံ ဦးတည်ပြေးဝင်လာသည့် လျှပ်စီးလုံးကို မမှိတ်မသုန် စိုက်ကြည့်ရင်း မျက်ဝန်းနှစ်ခု၌ အ လင်းများ မှိန်ချည်လင်းချည် ဖြစ်လာသည်။ နောက်ဆုံးတွင် သူမ၏နဖူးရှိ လျှပ်စီးသင်္ကေတမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသလို သူမ၏ ခန္ဓာကိုယ်သည်လည်း မိုးကြိုးဝိညာဉ်ကိုယ်ထည် အခြေအနေမှ မူလအတိုင်း ပြန်လည်ပြောင်းလဲသွားသည်။ ထိုစဉ် ရှန်းရူယန်၏ လက်ထဲတွင် ပု တီးစေ့တစ်လုံး ရောက်ရှိလာသည်ကို မြင်ရသည်။ တစ်ချိန်တည်းတွင် ရွှေရောင်လျှပ်စီးလုံးသည် ရှန်းရူယန်၏ တစ်ကိုယ်လုံးကို ဝါးမျိုးဖုံးအုပ်သွားသည့်အတွက် ကျန်းရန်ယီတို့လည်း အသက်ပင် မရှုဝံ့ဘဲ စောင့်ကြည့်နေမိသည်။ ထိုစဉ်မှာပင် ရှန်းရူယန်ရှိနေသော နေရာကို ဗဟိုပြုပြီး ရောင်စဉ် ငါးသွယ် လျှပ်စီးလှိုင်းများ ဖြာထွက်လာပြီး အရပ်ရှစ်မျက်နှာမှ ဝိညာဉ်ချီများလည်း ထိုနေရာသို့ ဦးတည်ပြီး စီးဝင်လာကြသည်။
အဆိုပါ ဝိညာဉ်ချီများသည် အတိဒုက္ခစစ်ဆေးခြင်းကို အောင်မြင်သူများအား ကောင်းကင်မှ ချီး မြှင့်သည့် ဆုလာဘ်ပင်ဖြစ်သည်။ ထိုချီများသည် ကျင့်ကြံသူတစ်ဦး ရရှိထားသည့် ဒဏ်ရာများကို ကုစားပေးနိုင်ရုံမက ကျင့်ကြံမှုအုတ်မြစ်ကို ခိုင်မာစေပြီး အလားအလာကိုလည်း မြှင့်တင်ပေးနိုင် ပါသည်။ ကျင့်ကြံခြင်းလောကတွင် တွေ့ရခဲသည့် ရှားပါးရတနာတစ်မျိုး ဟုသတ်မှတ်နိုင်ပါလိမ့် မည်။ ထိုမြင်ကွင်းကြောင့် ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် ကျန်လူအားလုံးမှာ ကြက်သေသေ ငိုင်သွားကြသည်။ အစောပိုင်းကပင် ရှန်းရူယန်တစ်ယောက် အလွန်အန္တရာယ်များသည့် အခြေအ နေတစ်ရပ်တွင် ရုန်းကန်နေခဲ့ရသော်လည်း ယခုအခါ အတိဒုက္ခစစ်ဆေးခြင်းကို အောင်မြင်စွာ အပြီးသတ်၍ ဆုလာဘ်ကိုပါ ရရှိနိုင်လိုက်သည်ကို သူတို့အားလုံး နားမလည်နိုင်ဖြစ်နေကြသည်။
သို့သော် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ ဘိုးဘေးဖြစ်သူအတွက် အောင်ပွဲခံရန်သာ ဆုံး ဖြတ်လိုက်ကြပြီး ပျော်ရွှင်စွာ သံပြိုင်ဟစ်ကြွေးလိုက်ကြတော့သည်။ ခေတ္တအကြာတွင် ကောင်း ကင်ထက်ရှိ တိမ်မည်းကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ရှန်းရူယန်၏ ပုံရိပ်သည်လည်း ထင်ရှားစွာ ပြန်ပေါ်လာသာည်။ အစောပိုင်းက ရရှိထားသော ဒဏ်ရာများအားလုံး ပျောက်ကင်း သွားသည်ကို တွေ့ရသည်။ ထို့ပြင် ရှန်းရူယန်သည် သူမ၏ အော်ရာလှိုင်းများကို ထိန်းချုပ်ထား သည့်တိုင် ကျန်းရန်ယီတို့အပေါ်တွင် ပြင်းထန်သည့် ဖိအားတစ်ရပ် သက်ရောက်နေသည်ကို အံ့ အားသင့်ဖွယ် တွေ့မြင်ရသည်။
ကျန်းရန်ယီတို့လည်း ရှန်းရူယန်ကို မြင်သောအခါ အသိဝင်လာပြီး ဝမ်းသာအားရ အပြေးအလွှား ရောက်ရှိလာကာ ဦးညွတ်လျက် ကိုယ်စီ ဂုဏ်ပြုစကားဆိုလိုက်ကြသည်။
“ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းနိုင်လို့ ဂုဏ်ပြုပါတယ် စီနီယာအဒေါ်”
“ဂုဏ်ပြုပါတယ်”
ဝမ်းသာအားရ ရေရွတ်သံများက ဝန်းကျင်တခွင် ပဲ့တင်ထပ်နေတော့သည်။ ရှန်းရူယန်က ကျေနပ် နှစ်သိမ့်ဟန့်နှင့် ခေါင်းညိတ်လိုက်ပြီး လက်ကိုမြှောက်လိုက်သည်။
“အားလုံး ခေါင်းမော့ကြပါ။ ဒီနေ့က တို့အားလုံးအတွက် ဝမ်းသာစရာ နေ့ထူးနေ့မြတ်ဆိုတော့ မင်းတို့အားလုံးကို လက်ဆောင်ချီးမြှင့်ဖို့ စဉ်းစားထားတယ်”
ထို့နောက် လက်ကို အသာအယာ တောက်လိုက်ရာ ဝိညာဉ်အလင်းများ ရစ်ပတ်ထားသည့် ဆေး ပြားများ၊ ဓမ္မရတနာများ၊ ဝိညာဉ်ပစ္စည်းများသည် ကျန်းမိသားစုဝင်အားလုံး၏ လက်ထဲသို့ တစ်ခု စီ ရောက်ရှိသွားသည်။ ကျန်းရန်ယီတို့လူစုလည်း ထခုန်မိမတတ် ဝမ်းမြောက်ကုန်ကြသည်။ အ ထူးသဖြင့် ကျီဖုနယ်ပယ်ကို ရောက်ရှိကာစ ကျန်းရန်ယီသည် သူအရေးတကြီး လိုအပ်နေသည့် ဓမ္မရတနာတစ်ပါးကို အရန်သင့် ရလိုက်၍ ပျော်မဆုံးဖြစ်နေတော့သည်။ ထို့နောက် များမကြာမီ တွင် မှော်တိုင်တောင် တည်ရှိနေသည့် အရပ်မျက်နှာမှ အော်ရာလှိုင်း အတက်အကျများ မြန်ဆန် လာသည်ကို အားလုံး ခံစားမိလိုက်ကြပြီး ကျန်းမိသားစုဝင် ဂိုဏ်းတပည့်များမှာ စိတ်လှုပ်ရှားလာ ကြပြန်သည်။ ရှန်းရူယန်ကမူ တည်ငြိမ်စွာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
မှော်တိုင်တောင်အထက် ကောင်းကင်ပြင်တွင် မည်းနက်နေသည့် တိမ်တိုက်များသည် အလွန်မြန် ဆန်စွာ စုဝေးနေသည်ကို တွေ့ရသည်။ ထိုအခါ ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ ၏ တည်ငြိမ်စပြုနေသည့် စိတ်နှလုံးများမှာ ပြန်လည်လှုပ်ရှားစပြုလာသည်။ ကျန်းချန်ရွှမ်သည် လည်း ဇနီးဖြစ်သူ အတိဒုက္ခစစ်ဆေးခြင်းကို ရင်ဆိုင်ပြီး မကြာခင်မှာပင် ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ဦးမည်လား။ ထိုအဖြစ်မျိုးကို သူတို့အားလုံး တစ်ခါမှ မကြားဖူးပါ။ သို့သော် မည်းမှောင်စ ပြုနေသည့် ကောင်းကင်ပြင်သည် ရုတ်ချည်း နဂိုမူလအတိုင်း ပြန်လည်ကြည်လင်သွားသည်။ ထို မြင်ကွင်းကြောင့် ရှန်းရူယန်ကိုယ်တိုင်ပင် တုန်လှုပ်သွားမိသည်။ ကျန်းမိသားစုဝင်များသည်လည်း နားမလည်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ဖြင့် လှုပ်လှုပ်ရွရွဖြစ်လာကြသည်။
“ဘာတွေဖြစ်နေတာလဲ”
ကျန်းရန်ယီ၏ စကားမဆုံးခင်မှာပင် ကြည်လင်နေသည့် ကောင်းကင်ပြင်သည် ရုတ်တရက် မည်း မှောင်သွားပြန်သည်။ ကျန်းရန်ယီတို့ခမျာ စကားပင်မပြောနိုင်ဘဲ အကြောင်သား ငေးကြည့်နေမိ ကြပြီးနောက် သူတို့အားလုံး၏ အကြည့်မှာ ရှန်းရူယန်ထံသို့ ကျရောက်သွားသည်။ သို့သော် ရှန်း ရူယန်ကိုယ်တိုင်လည်း တိတိပပ သိရှိခြင်းမရှိပါ။ ထိုအခိုက် မည်းမှောင်နေသည့် ကောင်းကင်ပြင် သည် တစ်ဖန် ပြန်လင်းလာပြန်သည်။ ရှန်းရူယန်လည်း ဤဖြစ်စဉ်အပေါ် တွေးရခက်နေသော် လည်း နောက်ဆုံးတွင် ဖြစ်တန်ချေတစ်ခုကို အတည်အဖြစ် မှတ်ယူလိုက်တော့သည်။
“မင်းတို့ စီနီယာဦးလေးက ကောင်းကင်အတိဒုက္ခ စစ်ဆေးခြင်းကို ခဏနောက်ဆုတ်လိုက်တာပါ၊ မစိုးရိမ်ကြပါနဲ့၊ သူ့အနေနဲ့ လောလောဆယ်မှာ အစစ်ဆေးခံလိုပုံမရဘူး၊ ဒါကြောင့် ကောင်းကင် က ဒီလိုပဲ ဆက်ဖြစ်နေဦးမယ်ထင်တယ်၊ မသိသေးတဲ့ မိသားစုဝင်တွေကိုလည်း သေချာရှင်းပြပြီး စိတ်မပူဖို့ပြောထားလိုက်ကြပါ”
ရှန်းရူယန်၏ ရှင်းပြချက်မှာ အကျိုးအကြောင်းသင့်သော်လည်း ကျန်းရန်ယီတို့လူစုမှာ ပို၍ စိတ် ရှုပ်ထွေးသွားကြသည်။ ကောင်းကင်အတိဒုက္ခစစ်ဆေးခြင်းသည် အချိန်ရွှေ့လို့ရပါသလော၊ ထိုအ ဖြစ်မျိုးကို သူတို့တစ်သက်တွင် တစ်ခါပင်မကြားဖူးပါ။ သို့သော် တွေဝေနေရန် အချိန်မရှိသဖြင့် သူတို့အားလုံး မှော်တိုင်တောင်သို့ ပြန်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိသေးသည့် မိသားစုဝင်များ အား ရှင်းပြလိုက်ကြသည်။ ရှန်းရူယန်က ကျန်းရန်ယီနှင့် ကျန်လူများအား ရွှမ်းမင်တောင်ထွတ် အနီးကို လတ်တလောအတွင်း ခြေချခြင်းမပြုရန် မှာကြားပြီးနောက် တောင်ထွတ်ရှိ ကျန်းချန်ရွှမ် ကျင့်ကြံနေသည့် လှိုဏ်ဂူရှိရာသို့ တစ်ဦးတည်း တက်လာခဲ့သည်။ လှိုဏ်ဂူတံခါးကို ကြည့်နေရင်း ရှန်းရူယန်၏ မျက်နှာတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။
ကျန်းချန်ရွှမ်အနေနှင့် ကောင်းကင်အတိဒုက္ခ စစ်ဆေးခြင်းအား မည်သည့်နည်းလမ်းကို အသုံးပြု ပြီး နောက်ဆုတ်လိုက်သနည်း ဟူသောမေးခွန်း၏ အဖြေကို ယခုမှ ရှန်းရူယန် စဉ်းစားမိသည်။ ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို အသုံးပြုပြီး သူ့ထံမှ ထွက်ပေါ်လာသည့် အော်ရာကို ပိတ်ဆို့ကာ ကောင်းကင်မှ သူ့အား သတိထားမိခြင်းမရှိရန် လှည့်စားလိုက်ခြင်းဖြစ်သည်။ သို့ရာ တွင် ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် အချိန်အနည်းငယ် နောက်ဆုတ်နိုင်သော်လည်း တစ်ဖန် ပြန်လည်ဖြစ်တည်လာမည့် အတိဒုက္ခတိမ်တိုက်ကြီးသည် ရှေးကထက် တစ်ဆင့်ပြီးတစ်ဆင့် ပိုမို အားကောင်းပြင်းထန်လာပါလိမ့်မည်။ ကျန်းချန်ရွှမ် အချိန်ဆွဲနေသည့် ကာလကြာရှည်လာသည့် နှင့်အမျှ အတိဒုက္ခတိမ်တိုက်၏ ပြင်းအားမှာ စိတ်ပင်မကူးဝံ့လောက်သည့်အထိ ကြီးမားလာပါ လိမ့်မည်။
“ယောကျ်ား ရှင်ဘာတွေလုပ်နေတာလဲ”
ရှန်းရူယန်က သက်ပြင်းချ၍ တစ်ကိုယ်တည်း ရေရွတ်မိသည်။ ထိုအချိန်တွင် လှိုဏ်ဂူအတွင်း၌ ရှိ နေသည့် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် အော်ရာလှိုင်းများသည် ပုံမှန်မဟုတ်ဘဲ မပီပြင် ဝိုးတဝါးဖြစ်လျက်ရှိပြီး အာရုံခံခြင်း၊ ထောက်လှမ်းခြင်း မပြုနိုင်သည့် အခြေအနေတစ်ရပ်တွင် ရှိ နေသည်။ ရှန်းရူယန်ထင်သည့်အတိုင်းပင် ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံတွက်ချက်ခြင်း နည်း စနစ်ကို အသုံးပြုကာ အတိဒုက္ခစစ်ဆေးခြင်းကို ခေတ္တရှောင်လွှဲလိုက်ခြင်းဖြစ်သည်။ အကြောင်း ရင်းမှာ ထုံးစံအတိုင်း စနစ်က ပေးအပ်လိုက်သည့် မစ်ရှင်အသစ်ကြောင့်ဖြစ်သည်။
[စနစ်ပိုင်ရှင် သင်၏ အော်ရာကို အကြိမ်တစ်ရာအထိ ဖုံးကွယ်ပါ]
ယခုလို အရေးကြီးသည့် အချိန်မျိုးတွင် စနစ်က ပေးအပ်လိုက်သည့် မစ်ရှင်သည် ကိုယ့်သေတွင်း ကိုယ်တူးခိုင်းသည့် တာဝန်မျိုးဟု ထင်ဖွယ်ရှိသော်လည်း ကျန်းချန်ရွှမ်ကမူ ထိုမစ်ရှင်ကို ဆောင် ရွက်ရန်သာ ဆုံးဖြတ်လိုက်သည်။ စနစ်မှ ချီးမြှင့်လိုက်သော ဆုလာဘ်များသည် ကျန်းချန်ရွှမ်အ တွက် ဘယ်သောအခါမှ စိတ်ပျက်ဖွယ် မဖြစ်ခဲ့၍ သည်တစ်ခါ ဆုလာဘ်သည်လည်း အကျိုးကျေး ဇူးများလိမ့်မည်ဟု သူမျှော်လင့်ထားသည်။
***