← Chapters

နတ်ဘုရားအဆင့် ရွှေအမြု‌တေ (၅)

Vol. 16 Ch. 320

နတ်ဘုရားအဆင့် ရွှေအမြု‌တေ (၅)

Vol. 16 Ch. 320

ဤသို့နှင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားရာ ၁၅ ရက်မြောက်နေ့ ရွှမ်းမင်တောင်ထွတ် တစ် နေရာတွင်ဖြစ်သည်။ မှော်တိုင်တောင်၏ အထက်ဝန်းကျင် ကောင်းကင်တစ်ခွင်သည် မည်းမှောင် လိုက်၊ ပြန်လင်းလာလိုက် ဖြစ်နေသည်မှာ လဝက်နီးပါး ရှိလာခဲ့ပြီဖြစ်သည်။ အစပထမတွင် ကျန်း မိသားစုဝင်များသည် အဆိုပါ ဖြစ်စဉ်ကို မင်သက်တုန်လှုပ်ကြသေးသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ကျင့်သားရသွားကြပြီး ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပမာ ရှုမြင်နေကြတော့သည်။ သို့ နှင့် နောက်တစ်ပတ်တာ ကုန်လွန်ပြီးနောက်တွင် ဆန်းကြယ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာ တော့သည်။ ရှန်းရူယန်သည် ကျန်းချန်ရွှမ် ကျင့်ကြံနေသည့် လှိုဏ်ဂူအနီးတွင် စောင့်ဆိုင်းလျက်ရှိ နေရာမှ ရုတ်တရက် ကောင်းကင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ မည်းမှောင်သွားသည့် ကောင်းကင်ပြင်သည် ပြန်လင်းလာခြင်းမရှိဘဲ ဆက်လက် မှောင်မိုက်နေသည်။

ထို့နောက် ကျန်းချန်ရွှမ်၏ လှိုဏ်ဂူတံခါးကို စိုးရိမ်သောက ပြည့်နေသည့် မျက်ဝန်းများနှင့် စိုက် ကြည့်နေမိတော့သည်။ နောက်ဆုံးတွင် ကျန်းချန်ရွှမ်တစ်ယောက် ကောင်းကင်အတိဒုက္ခစစ်ဆေး ခြင်းကို ခံယူတော့မည်ဖြစ်သည်။ ထိုအချိန်တွင် လှိုဏ်ဂူအတွင်းရှိနေသော ကျန်းချန်ရွှမ်သည် သူ နှင့် ရင်းနှီးကျွမ်းဝင်ပြီး အသံတစ်ခုကို ကြားလိုက်ရသည်။

ဒင်…..

[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ သင်၏ အော်ရာကို အကြိမ်တစ်ရာ ဖုံးကွယ်ပြီးပါပြီ။ ဆုလာဘ်အဖြစ် နတ်ဘုရားစွမ်းအား “အသွင်မဲ့” ကို ရရှိပါမည်]

[နတ်ဘုရားစွမ်းအား အသွင်မဲ့ ။ ။ စွမ်းအားကို အသုံးပြုလိုက်လျှင် အသုံးပြုသူ၏ ခန္ဓာကိုယ်နှင့် ဖြစ်တည်မှုအလုံးစုံကို ဤလောကမှ ဖုံးကွယ်ထားနိုင်ပါမည်။]

သတိပြုရန် ၁ ။ ။ ဤနတ်ဘုရားစွမ်းအားကို အသုံးပြုသူနှင့် အဆင့်တူနယ်ပယ်နှင့် အောက်နယ် ပယ်မှ ကျင့်ကြံသူများ အပေါ်တွင်သာ အသုံးပြုနိုင်မည်

သတိပြုရန် ၂ ။ ။ အသုံးပြုနေစဉ်တွင် ရန်သူကို တိုက်ခိုက်ခြင်းမပြုနိုင်ပါ၊ တိုက်ခိုက်လိုက်သည် နှင့် နတ်ဘုရားစွမ်းအား၏ အာနိသင် ချက်ချင်း ပျောက်ကွယ်သွားမည်

သတိပြုရန် ၃ ။ ။ ဤနတ်ဘုရားစွမ်းအားကို ထိုးထွင်းသိမြင်မှုဖြင့်သာ အဆင့်မြှင့်တင်နိုင်ပြီး ပုံ မှန်ကျင့်ကြံခြင်းမျိုးဖြင့် တိုးတက်အောင် ဆောင်ရွက်၍ မရပါ

ကျန်းချန်ရွှမ်အနေနှင့် အဆိုပါ နတ်ဘုရားစွမ်းအားမျိုးကို ပိုင်ဆိုင်ခွင့်ရမည်ဟု မမျှော်လင့်ခဲ့သလို ကြားပင်မကြားဖူးပါ။ အသုံးပြုရာတွင် အတားအဆီးအချို့ ရှိနေသော်လည်း ဤနတ်ဘုရားစွမ်း အားသည် ကောင်းကင်နှင့် အရှိတရားကိုပင် ဖီဆန်နိုင်သည့် တုန်လှုပ်ဖွယ် စွမ်းအားမျိုးဖြစ်သည် ကို သူကောင်းစွာ နားလည်ပြီးဖြစ်သည်။ သူ၏ ဖြစ်တည်မှုနှင့် ခန္ဓာကိုယ်ကို နယ်ပယ်တူ ကျင့်ကြံ ခြင်းပုဂ္ဂိုလ်များထံမှ အလုံးစုံ ဖုံးကွယ်နိုင်ပြီး သူ့ဘက်က စတင်တိုက်ခိုက်မှု မပြုမချင်း ထိုအာနိ သင်မှာ ဆက်လက်တည်မြဲနေမည်ဖြစ်သည်။ ရန်သူ၏ နတ်ဘုရားအာရုံ မည်မျှ အစွမ်းထက်သည် ဖြစ်စေ၊ ဤစွမ်းအားနှင့် ရင်ဆိုင်ရပါက လုံးဝအသုံးဝင်မည်မဟုတ်။ မရှိသည့်အရာကို မည်သည့် နည်းနှင့် အာရုံခံထောက်လှမ်းမည်နည်း။

ကျန်းချန်ရွှမ်သည် အဆိုပါ စွမ်းအားကို ပိုင်ဆိုင်ခွင့်ရ၍ ထူးထူးခြားခြားပင် စိတ်လှုပ်ရှားမိသည်။ သို့သော် လတ်တလောတွင် ထိုအကြောင်းကို မတွေးလိုသေး၊ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင် ရမည့်အရေးက လက်ရှိတွင် ပိုအရေးပါနေသည်လေ။ ကျန်းချန်ရွှမ်၏ အကြည့်က လှိုဏ်ဂူနံရံကို ကျော်လွန်ပြီး အထက်ကောင်းကင်ပြင်ကို ရောက်ရှိသွားသည်။ အလွန်ကြီးမားသော တိမ်တိုက်မဲ ကြီးများ စုဝေးစပြုနေပြီး မြေပြင်အပေါ်သို့ လေးပင်သည့် ဖိအားတစ်ရပ်ဖြင့် အဆက်မပြတ် ဖိနှိပ် လျက်ရှိသည်။ တစ်ချိန်တည်းတွင် ထိုတိမ်တိုက်ကြီးမှ ထွက်ပေါ်လာသည့် အော်ရာကြောင့် မြေ ပြင်ရှိ ကျန်းမိသားစုဝင်အားလုံးလည်း တုန်လှုပ်ချောက်ခြားနေမိကြသည်။

“ငါရင်ဆိုင်ဖို့ အချိန်ကျပြီပဲ”

ကျန်းချန်ရွှမ်တစ်ယောက် လှိုဏ်ဂူအပြင်သို့ တစ်လှမ်းချင်း ထွက်လာသည်။ လှိုဏ်ဂူအပြင်တွင် ရှန်းရူယန်ကို တွေ့ရပြီး အဝေးတစ်နေရာတွင် ကျန်းရန်ယီ၊ ကျန်းရန်တောက်၊ လျူလင်းလုံနှင့် ကျန်မိသားစုဝင်များကိ တစ်စုတစ်စည်းတည်း တွေ့လိုက်ရသည်။ သူတို့အားလုံး တိမ်တိုက်မည်း ကြီးကို အသက်ပင်မရှုအားဘဲ တမေ့တမော မော့ကြည့်နေကြသည်။

“သူထွက်မလာသေးဘူးလား”

ရှန်းရူယန် ထိုသို့တွေးမိလိုက်သည့် အချိန်တွင်ပင် သူမရှေ့မှောက်တွင် ကျန်းချန်ရွှမ်ကို တွေ့လိုက် ရတော့သည်။ ခင်ပွန်းဖြစ်သူကို မြင်လိုက်ရ၍ စိတ်လက်ပေါ့ပါးသွားသလို တစ်ချိန်တည်းတွင် စိုး ရိမ်စွာဖြင့် အမောတကော မေးလိုက်သည်။

“ယောက်ျား ဒီတိမ်ကြီးက….”

ရှန်းရူယန်၏ စကားမဆုံးခင်မှာပင် ကျန်းချန်ရွှမ်ကာ လက်ကာပြပြီး ခေါင်းညိတ်လိုက်သည်။

“ကိုယ်သိတယ် မစိုးရိမ်နဲ့”

ဇနီးဖြစ်သူ၏ ပူပန်မှုကို နားလည်ထားပြီးဖြစ်၍ ကျန်းချန်ရွှမ်က သူမစိတ်သက်သာရာရစေရန် အာမခံလိုက်သည်။

“ကိုယ့်မှာ အတိဒုက္ခရှောင်လွှဲခြင်း ပုလဲလုံးရှိတယ်လေ။ တစ်ခုခုမှားယွင်းသွားရင်တောင် ဒီပုလဲကို သုံးပြီး အောင်မြင်နိုင်ပါသေးတယ်။ ဒါနဲ့စကားမစပ်၊ ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့လို့ ဂုဏ်ပြုပါတယ် ရူယန်”

ကျန်းချန်ရွှမ်၏ အာမခံစကားကို ကြားလိုက်ရမှ ရှန်းရူယန်တစ်ယောက် စိတ်သက်သာရာရသွား တော့သည်။ ထိုအချိန်တွင် ကျန်းရန်ယီ ဦးဆောင်သည့် လူစုလည်း သူတို့နှစ်ဦးရှိရာသို့ အပြေးတ ပိုင်း ရောက်လာကြတော့သည်။ ကျန်းချန်ရွှမ် လှိုဏ်ဂူအပြင်မထွက်ခင်သည်အထိ ရွှမ်းမင်တောင် ထွတ်အနီးသို့ မလာရဟု ရှန်းရူယန်ချမှတ်ထားသည့် အမိန့်သည် ယခုအခါ ပျက်ပြယ်သွားပြီဖြစ် သည်။ ကျန်းရန်ယီတို့လည်း ဘိုးဘေးဖြစ်သူအား စိုးရိမ်စွာဖြင့်

“စီနီယာဦးလေး ဒီတစ်ခါ တိမ်ကြီးက ပိုပြီးတော့..”

သူ့စကားမဆုံးခင်မှာပင် တိမ်တိုက်အတွင်းမှ နားကွဲမတတ် မိုးကြိုးပစ်သံကြီးကို ကြားလိုက်ကြရ ပြီး ကျန်းချန်ရွှမ်၏ မျက်နှာမှာ ရုတ်ချည်း တည်သွားတော့သည်။

“ဘာမှမပူနဲ့ ကျုပ်ကိုင်တွယ်နိုင်ပါတယ်။ ခင်ဗျားတို့လည်း အလုပ်မရှိရင် လေ့လာလို့ရတယ်။ ဝေး ဝေးကနေတော့ ကြည့်ကြပေါ့”

ထို့နောက် ကျန်းချန်ရွှမ်လည်း စကားစဖြတ်လိုက်ပြီး မှော်တိုင်တောင်နှင့် ဝေးရာအရပ်သို့ ဦးတည် ပျံသန်းသွားတော့သည်။

***

စာစဉ် ၁၆ ပြီးပါပြီ။

All Chapters