← Chapters

နတ်ဘုရားအဆင့် ရွှေအမြုတေ (၆)

Vol. 17 Ch. 321

နတ်ဘုရားအဆင့် ရွှေအမြုတေ (၆)

Vol. 17 Ch. 321

မျက်စိတစ်မှိတ်အတွင်း ကျန်းချန်ရွှမ်သည် မိုင်တစ်ထောင်အကွာကို ရောက်ရှိသွားတော့သည်။ ထို အချိန်တွင် လျှပ်စီးများ ဖြိုးဖြိုးဖျတ်ဖျတ် လက်နေသော တိမ်တိုက်မည်းကြီးသည် ခေတ္တမျှ ငြိမ်သွားပြီးနောက် လျှပ်စီးကြောင်းသုံးခုကို ကျန်းချန်ရွှမ်၏ ဦးခေါင်းထက်သို့ ချိန်ရွယ်ပစ်ခတ်လိုက်သည်။

“ဘာ”

ကျန်းချန်ရွှမ်နောက်ကို မနီးမဝေးမှ လိုက်လာကြသော ရှန်းရူယန်ဦးဆောင်သည့် ကျန်းမိသားစု ဝင်များသည် လျှပ်စီးသုံးခု တစ်ပြိုင်နက်တည်း ပစ်ချလိုက်သည်ကို မြင်လျှင် အကြီးအကျယ် တုန် လှုပ်သွားတော့သည်။ ကောင်းကင်အတိဒုက္ခ ဖြစ်စဉ်သည် ပုံမှန်အားဖြင့် တစ်ကြိမ်လျှင် လျှပ်စီး တစ်ခုသာ ပစ်ချရိုးထုံးစံရှိသည်လေ။ ကျန်းရန်တောက်တို့လည်း နားဝေတိမ်တောင် ဖြစ်သွားပြီး ရှန်းရူယန်အား မေးခွန်းထုတ်သည့် အကြည့်များဖြင့် ပြိုင်တူကြည့်မိကြသည်။ ရှန်းရူယန်က

“ကောင်းကင်အတိဒုက္ခကို အချိန်ဆွဲလိုက်တဲ့အတွက် အခုလိုဖြစ်တာလို့ထင်တယ်။ နောက်ရွှေ့ လိုက်တဲ့ အကြိမ်ရေတိုင်းမှာ ကောင်းကင်အတိဒုက္ခရဲ့ ပြင်းအားက တဖြည်းဖြည်း များများလာပြီး ဒီအနေအထားထိ ရောက်လာတာပဲ၊ ဒီအတိုင်းဆို ကောင်းကင်အတိဒုက္ခကို ဖီဆန်ဖို့ မဖြစ်နိုင်သ လောက်နီးပါးပဲ”

ကျန်းရန်ယီတို့လည်း ရှန်းရူယန်၏ စကားကြောင့် တုန်လှုပ်သွားကြသည်။ ကောင်းကင်အတိဒုက္ခ ကို အချိန်ဆွဲခြင်းသည် ကောင်းကင်ကို အာခံသည့်လုပ်ရပ်ဖြစ်၍ ဆိုးကျိုးတစ်စုံတစ်ရာ ရှိမည်ဟု သူတို့အားလုံး ရိပ်စားမိသော်လည်း ယခုလိုပြင်းထန်မည်ဟု မထင်ထားခဲ့ကြပါ။

“အစ်မရှန်း ဒါဆို အစ်ကိုကျန်းက…..”

လျူလင်းလုံ၏ စိုးရိမ်တကြီးအမေးကို ရှန်းရူယန်က ခေါင်းခါပြလိုက်ပြီး

“စိတ်မပူပါနဲ့၊ သူဒီလိုအချိန်ဆွဲတယ်ဆိုတာ အကြောင်းပြချက်တစ်ခု ရှိမှာ သေချာတယ်။ ပြီးတော့ သူ့မှာ ဒီပြဿနာကို ကိုင်တွယ်နိုင်မဲ့ နည်းလမ်းရှိမယ်လို့ ငါယုံတယ်”

ဘုန်း….

ထိုအချိန်မှာပင် ကျန်းချန်ရွှမ်သည် ကာကွယ်ရေးဓမ္မရတနာဖြစ်သည့် တစ်သောင်းမှော်ဝင်တံဆိပ် ကို ထုတ်ယူလိုက်ပြီး ပထမလှိုင်းဖြစ်သည့် လျှပ်စီးသုံးခုကို တစ်ဆက်တည်း ကာကွယ်လိုက်သည် ကို မြင်လိုက်ရသည်။ ပထမလှိုင်းကို ကာကွယ်လိုက်နိုင်သော်လည်း ကျန်းချန်ရွှမ်၏ ဓမ္မရတနာမှာ မှေးမှိန်သွားပြီး အချိန်အတန်ကြာသည်အထိ အသုံးပြု၍ ရတော့မည်မဟုတ်ပါ။ ထိုစဉ် ဒုတိယ လှိုင်းဖြစ်သည့် လျှပ်စီးကြောင်းသုံးခု ထပ်မံကျဆင်းလာပြန်သည်။ သည်တစ်ခါတွင် ပထမလှိုင်း ထက် ၃၀ ရာခိုင်နှုန်း ပိုမိုပြင်းထန်နေသည်။ ထိုမြင်ကွင်းကြောင်း ကျန်းရန်ယီတို့လည်း အသံပင် မထွက်နိုင်ဘဲ လည်‌ချောင်းအတွင်း တစ်ဆို့လျက် ရင်တမမဖြစ်နေကြသည်။

ထိုအခိုက်မှာပင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားသွားပြီး ဧကရာဇ်တစ်ပါး ကဲ့သို့ ခမ်းနားတင့်တယ်သည့် အော်ရာလှိုင်းတစ်မျိုးကို ထုတ်လွှတ်လျက် လက်သီးအရိပ်သုံးခုကို ဆက်တိုက်ပစ်လွှတ်လိုက်သည်။ ကျန်းချန်ရွှမ် အသုံးမပြုသည်မှာ ကြာပြီဖြစ်သည့် နတ်ဆိုးနှိမ် လက်သီးပင်ဖြစ်သည်။ ထိုလက်သီးရိပ်သုံးခုမှ ကြောက်မက်ဖွယ် စွမ်းအင်တစ်မျိုး ပြိုဆင်းလာ၍ ကျန်းရန်ယီတို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ လက်သီးရိပ်သုံးခုသည် လျှပ်စီးကြောင်းသုံးခုကို အပြည့်အဝ ချေဖျက်လိုက်သည်ကို မြင်၍ သက်ပြင်းချလိုက်မိကြသည်။ ထို့နောက်တွင် တတိယ၊ စတုတ္ထနှင့် ပဉ္စမလှိုင်းများ ဆက်တိုက်ရောက်ရှိလာပြန်သည်။

အဆိုပါ သုံးလှိုင်းကိုလည်း ကျန်းချန်ရွှမ်၏ နတ်ဆိုးနှိမ်လက်သီးက အောင်မြင်စွာ ချေဖျက်နိုင်ခဲ့ ပြန်သည်။ ထိုအချိန်တွင် ဆဌမလှိုင်း ရောက်ရှိလာတော့သည်။ ကောင်းကင်ထက်တွင် အကြီးစား ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ပြီးနောက် ကျန်းချန်ရွှမ်ထံသို့ လျှပ်စီးခြောက်ခု တစ်ချိန်တည်း ကျ ရောက်လာတော့သည်။

“ဟာ..”

ထိုမြင်ကွင်းကြောင့် အဝေးမှ ကြည့်ရှုနေကြသည့် ကျန်းရန်ယီတို့အားလုံး မျက်လုံးပြူးသွားကြ သည်။ ဆဌမမြောက်လှိုင်းတွင် အတိဒုက္ခလျှပ်စီးခြောက်ခု အထိ ပါဝင်ပြီး ထိုလျှပ်စီးများ၏ ပြင်း အားသည်လည်း အဦးဆုံး လှိုင်းငါးခုထက် သိသိသာသာပင် ပိုမိုများပြားနေသည်။ ကောင်းကင်အ တိဒုက္ခ တိမ်တိုက်သည် ကျန်းချန်ရွှမ်အပေါ်တွင် အငြိုးကြီးနေသည့်အလား တစ်စစီဖြိုခွဲဆွဲဆုတ် ရန် ကြံရွယ်နေသည်ဟုပင် သူတို့အားလုံး ခံစားမိကြပြီး ကျောရိုးများ စိမ့်သွားသည်အထိ တုန် လှုပ်မိကြသည်။ ရှန်းရူယန်တစ်ဦးတည်းသာ မတုန်မလှုပ်ဖြင့် ကျန်းချန်ရွှမ်ကို စိုက်ကြည့်လျက်ရှိ သည်။ ခင်ပွန်းဖြစ်သူ ကျန်းချန်ရွှမ်၏ စွမ်းအားအဆင့်အတန်းကို သိရှိပြီးဖြစ်၍ ထိုလှိုင်းကို သူ့အ နေနှင့် အလွယ်တကူ ခုခံနိုင်မည်ဟု ယုံကြည်ပြီးဖြစ်သည်။

တကယ့်အန္တရာယ်အစစ်မှာ အဌမနှင့် နဝမလှိုင်းများဖြစ်သည်။ ကျန်းချန်ရွှမ်သည် လက်တစ်ဖက် ကိုမြှောက်ကာ လေထဲမှ တစ်စုံတစ်ရာကို ဆွဲယူဟန်ပြုလိုက်ရာ ဗလာနယ်အတွင်းမှ ဓားရှည်တစ် စင်းထွက်ပေါ်လာပြီး လျှပ်စီးခြောက်ခုကို ပိုင်းခုတ်လိုက်သည်။

ဘုန်း..

ငွေရောင်လျှပ်စီးကြောင်း ခြောက်ခုနှင့် ဓားအလင်းတန်းတို့ ထိပ်တိုက်တွေ့ပြီးနောက် မြေတုန်လု မတတ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး လေထုအတွင်း၌ အော်ရာအတက်အကျများ အလွန်မြန် ဆန်သွားသည်။ ထိုလှိုင်းများကြောင့် ကီလိုမီတာ ရှစ်ရာအကွာရှိ တောင်တစ်လုံးသည် တစ်စစီ ပြို လဲပျက်စီးသွားတော့သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်သည် လက်ထဲရှိ အဇူရာဧကရာဇ် ကောင်းကင်ရန်နှိမ်ဓား မှတဆင့် ကိုယ်တွင်းသို့ ထုံကျင်သော လျှပ်စီးကြောင်းတစ်ခု စီးဝင်လာ သည်ကို ခံစားမိလိုက်သည်။ ထိုခဏတွင် ကျန်းချန်ရွှမ်၏ ကုန်ဆုံးသွားသော ဓမ္မစွမ်းအင်များ ပြန် လည်ပြည့်ဝလာသည်။ သူ၏ နတ်ဘုရားစွမ်းအားဖြစ်သည့် ကောင်းကင်ရန်နှိမ်ဓားသည် အတိဒု က္ခလျှပ်စီးများကို လိုက်ဖက်စွာ ခုခံနိုင်ကြောင်း သတိပြုမိလိုက်သည်။

သတ္တမလှိုင်းကိုလည်း ဤနတ်ဘုရားစွမ်းအားဖြင့်ပင် ဆက်လက်ခုခံလိုက်သည်။ သည်တစ်ကြိမ် တွင် ရန်နှိမ်ဓားသည် လျှပ်စီးအားလုံးကို အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိတော့ဘဲ လျှပ်စီးသုံးခု လွတ်ထွက်လာကာ ကျန်းချန်ရွှမ်ထံ ဦးတည်ကျဆင်းလာသည်။ ကျန်းချန်ရွှမ်လည်း အသက်ကို ပြင်းပြင်းရှိုက်လျက် မြေဓာတ်ပုဆိန်လှံကို ဆင့်ခေါ်လိုက်ရသည်။ တစ်ခဏချင်းတွင် ပုဆိန်လှံ သည် ပေနှစ်ဆယ်ကျော် ရှည်ထွက်လာပြီး လျှပ်စီးကြောင်းသုံးခုကို တစ်ဆက်တည်း ပိုင်းခုတ်ပစ် လိုက်သည်။

ဘုန်း ဘုန်း ဘုန်း…

လေထုအတွင်း ကျယ်လောင်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး ကျန်းချန်ရွှမ်လည်း အနောက် သို့ ခြေလှမ်းဆယ်လှမ်း ဆုတ်ပေးလိုက်ရသည်။

ကျွီ..

ထိုအခိုက် အရေအတွက်များပြားလွန်းသည့် ငွေရောင်လျှပ်စီးလှိုင်းများသည် သူ့ကိုယ်ပေါ်ကို ခုန် တက်လာတော့သည်။

“အချိန်ကိုက်ပဲ”

ကျန်းချန်ရွှမ်လည်း အကန့်အသတ်မဲ့ဘီးကို ချိန်သားကိုက် ထုတ်ဖော်လိုက်သည်။ အတိဒုက္ခလျှပ် စီးကြောင်းများ၏ လက်ကျန်စွမ်းအင်ကို ပြန်ပြောင်းအသုံးချ၍ သူ့ခန္ဓာကိုယ်ကို မွမ်းမံပြုပြင်လိုက် ခြင်းပင်ဖြစ်သည်။

ဂျိန်း…

ကျန်းချန်ရွှမ်၏ လူပါးဝမှုကို ဒေါသထွက်သွားသည့်အလား ကောင်းကင်ထက်မှ လျှပ်စီးလှိုင်းတစ် ခု ပစ်ချလိုက်ပြန်သည်။ သည်တစ်ကြိမ်တွင်လည်း ရှေးအကြိမ်များအတိုင်း လျှပ်စီးခြောက်ခုအထိ ပါဝင်သော်လည်း ပြင်းအားနှင့် ဖိအားမှာ သိသိသာသာပင် ပိုမိုလျက်ရှိသည်။ ထိုအခါတွင် ကျန်း ချန်ရွှမ်လည်း နဂါးဆင်ပုံရိပ်ကို ဆင့်ခေါ်လိုက်ရသည်။ ခန္ဓာကိုယ်မှာ မီတာနှစ်ဆယ်ကျော်အထိ ကြီးထွားလာသလို လက်ထဲရှိ မြေဓာတ်ပုဆိန်လှံသည်လည်း ဆယ်မီတာကျော်အထိ ရှည်ထွက် သွားပြီး တောင်တစ်လုံးကို တစ်ချက်တည်း ပိုင်းဖြတ်နိုင်သည့် အင်အားမျိုးဖြင့် လျှပ်စီးကြောင်း များကို ခုတ်ချပစ်လိုက်သည်။ မိုင်တစ်ရာအဝန်းရှိသည့် ကောင်းကင်ပြင်အတွင်း မှိုပွင့်ပုံ အလင်း လုံးကြီးတစ်ခု ဖြစ်တည်လာတော့သည်။

ကျန်းချန်ရွှမ်သည် ထိုအလင်းလုံး၏ ဗဟိုတည့်တည့်တွင် ရောက်ရှိသွားပြီး လျှပ်စီးလှိုင်းများ၏ အ ဆက်မပြတ် တိုက်စားခြင်းကို ခံလိုက်ရသည်။ သို့သော် အကန့်အသတ်မဲ့ဘီး၏ အစွမ်းကြောင့် ခ န္ဓာကိုယ်သည် အလိုအလျောက် ပြန်လည်ကုစားသွားသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်၏ ခန္ဓာ ကိုယ်သည် လျှပ်စီးချက်များကြောင့် မည်းနက်သွားလိုက်၊ အကန့်အသတ်မဲ့ဘီး၏ ကုစားမှုဖြင့် ပုံ မှန်အတိုင်း ပြန်ဖြစ်သွားလိုက် ဖြစ်နေတော့သည်။ ထိုဖြစ်စဉ်မျိုး ဒါဇင်နှင့်ချီ ဖြစ်ပျက်ပြီးနောက် ဧ ရာမလျှပ်စီးလုံးကြီးသည် ရုတ်ချည်း ပျောက်ကွယ်သွားပြီး ကျန်းချန်ရွှမ်တစ်ဦးတည်းသာ အူလှိုက် သည်းလှိုက် ရယ်မောရင်း ကျန်ရစ်ခဲ့သည်။ ကျန်းချန်ရွှမ်၏ ရုပ်ပိုင်းဆိုင်ရာ နတ်ဘုရားစွမ်းအား သည်လည်း ကျင့်ကြံမှုအဆင့်အတိုင်း ရွှေအမြုတေအဆင့်ကို ရောက်ရှိသွားခဲ့သလို ဓမ္မစွမ်းအင်၊ ရုပ်ခန္ဓာနှင့် ရှေးဦးစိတ်ဝိညာဉ်တို့သည်လည်း ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ် သည်။

ဂျိန်း

ထိုအချိန်တွင် ကောင်းကင်အတိဒုက္ခ တိမ်တိုက်ကြီးထံမှ ကျယ်လောင်သည့် မိုးခြိမ်းသံတစ်ခု ကြားလိုက်ရပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် မွန်းကျပ်စေလောက်သည့် အော်ရာ တစ်ခု လွှင့်ထုတ်လိုက်သည်။ ထိုအခိုက်တွင် ရှန်းရူယန်သည် တစ်စုံတစ်ခု မှားယွင်းနေမှန်း သတိ ပြုမိလိုက်သည်။ ကျန်းချန်ရွှမ် ရင်ဆိုင်ရတော့မည့် အတိဒုက္ခလျှပ်စီးများသည် ကျင့်ကြံသူများကို စစ်ဆေးရန် ပစ်လွှတ်လိုက်ခြင်းမဟုတ်ဘဲ ကျန်းချန်ရွှမ်ကို ဖျက်ဆီးလိုသည့် ရည်ရွယ်ရင်းဖြင့် ပစ် ချလိုက်သည့် လျှပ်စီးများဖြစ်နေသည်။ ထိုလျှပ်စီးလှိုင်းမျိုးကို သုတ်သင်ခြင်း အတိဒုက္ခလျှပ်စီးဟု ခေါ်ကြသည်။

“ဘာတွေဖြစ်ကုန်တာလဲ။ သူဘာလုပ်လိုက်လို့ သုတ်သင်ခြင်း လျှပ်စီးတွေ ရောက်လာတာလဲ”

ရှန်းရူယန်၏ အတွေးမဆုံးခင်မှာပင် တိမ်တိုက်အတွင်း၌ အနက်ရောင်လျှပ်စီးများ ပြိုးပြက်လာ ပြီး ကျန်းချန်ရွှမ်၏ ဦးခေါင်းကို ချိန်ရွယ်လျက် ပစ်ချလိုက်တော့သည်။ စုစုပေါင်း လျှပ်စီးကိုးခုရှိ ပြီး တစ်ခုချင်းစီသည် အသံလုံးဝမထွက်သလို အော်ရာလည်း မပါဝင်ပါ။ ကျန်းချန်ရွှမ်၏ ဆံပင်အ ပါအဝင် ရှိသမျှ ခန္ဓာကိုယ်အမွေးများအားလုံး ထောင်လာတော့သည်။ သည်လျှပ်စီးလှိုင်းကို သူ့အ နေနှင့် ဘယ်နည်းနှင့်မှ ခုခံနိုင်မည်မဟုတ်မှန်း သိလိုက်သည့်အတွက် အတိဒုက္ခရှောင်လွှဲခြင်းပုလဲ ကို ထုတ်ယူလိုက်ရတော့သည်။ တစ်ချိန်တည်းတွင် အနက်ရောင်လျှပ်စီးကြောင်းများက ကျန်း ချန်ရွှမ်၏ တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်။

***

All Chapters