← Chapters

ဉာဏ်အလင်းပွင့်ခြင်း

Vol. 17 Ch. 322

ဉာဏ်အလင်းပွင့်ခြင်း

Vol. 17 Ch. 322

ထိုခဏတွင် ကျန်းရန်ယီနှင့် ကျန်လူအားလုံးတို့မှာ ကျန်းချန်ရွှမ်အတွက် ရင်တမမနှင့် ဆုတောင်း နေမိကြပြီး ရှန်းရူယန်ကိုယ်တိုင်ပင် နေမထိထိုင်မသာဖြစ်လျက် ကျန်းချန်ရွှမ်အတွက် စိုးရိမ်နေမိ တော့သည်။ ကျန်းချန်ရွှမ်တွင် အတိဒုက္ခရှောင်လွှဲခြင်း ပုလဲလုံးရှိသည်မှာ မှန်သော်လည်း အနက် ရောင်လျှပ်စီးလှိုင်းကြီးများ ထုနှင့်ထည်နှင့် ခင်ပွန်းဖြစ်သူကို ဝါးမျိုသွားသည်ကို မြင်လိုက်ရသည့် ခဏတွင် စိုးရိမ်ပူပန်မိသည်မှာ သဘာဝကျပါသည်။ အနက်ရောင်လျှပ်စီးများက ကျန်းချန်ရွှမ်ကို လုံးဝဖုံးအုပ်သွားပြီးနောက် ခေတ္တအကြာတွင် မျက်စိကျိန်းမတတ် စူးရှသည့်အလင်းတန်းတစ်ခု က ထိုအနက်ရောင်လျှပ်စီးအလွှာများကို ထိုးဖောက်ကာ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ပင် နက်မှောင်လျက်ရှိသည့် တိမ်မည်းကြီးသည် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပါတော့ သည်။

တစ်ဆက်တည်းတွင် ကြည်လင်သော ဝိညာဉ်ချီများနှင့်အတူ ရောင်စုံအလင်းတန်းများ အလုံးအ ရင်းဖြင့် ကျန်းချန်ရွှမ်ရှိနေသော နေရာထံသို့ ဦးတည်စီးဝင်လာကြသည်။ ဤဖြစ်စဉ်မှာ ကောင်း ကင်အတိဒုက္ခကို ဖီဆန်နိုင်သူများအား ကောင်းကင်မှ ချီးကျူးဂုဏ်ပြုသည့်သဘောဖြင့် ဆုလာဘ် ချီးမြှင့်လိုက်ခြင်းဖြစ်သည်။ ထိုအခါတွင်မှ ရှန်းရူယန်နှင့်တကွ ကျန်းမိသားစုဝင်များ သက်ပြင်းချ နိုင်တော့သည်။ ထိုအချိန်တွင် လေထဲရပ်လျက်ရှိသော ကျန်းချန်ရွှမ်သည် အတိဒုက္ခရှောင်လွှဲခြင်း ပုလဲလုံးကို အသုံးချပြီးနောက် ကိုယ်တွင်းရှိ ရွှေအမြုတေသည် သူ၏ ခန္ဓာနှင့် ပိုမိုအသားကျလာ ကြောင်း ခံစားမိသည်။ ဓမ္မစွမ်းအင်၊ ရုပ်ခန္ဓာနှင့် ရှေးဦးဝိညာဉ်များလည်း ရှေးကထက် ပိုမို၍ သန် စွမ်းလာကြသည်။

ထိုအခိုက်တွင် ကျန်းချန်ရွှမ်သည် ရရှိပြီး နယ်ပယ်အသစ်ကို အုတ်မြစ်ထူထောင်ပြီးသည့်အပြင် ဉာဏ်အလင်းပွင့်ခြင်း အဆင့်ကိုပါ ရောက်ရှိသွားတော့သည်။ ထိုအခြင်းအရာကို ရှန်းရူယန်မြင် လျှင် ဝမ်းမြောက်သွားပြီး ကျန်းရန်ယီနှင့် ကျန်လူများအား ကျန်းချန်ရွှမ်ကို မနှောက်ယှက်ရန် မှာ ကြားလိုက်သည်။ ထို့နောက် သူမကိုယ်တိုင် ကျန်းချန်ရွှမ်ထံပါးသို့ ချဉ်းကပ်ပြီး အနီးကပ်စောင့် ရှောက်နေတော့သည်။ မကြာမီ ကျန်းချန်ရွှမ်၏ ကိုယ်တွင်းမှ မီးလျှံနှစ်ခု ထိုးထွက်လာသည်။ တစ် ခုမှာ ပေါက်ကွဲလောင်ကျွမ်းသည့် သဘောကိုဆောင်နေပြီး ကျန်တစ်ခုသည် အေးစက်တည်ငြိမ် သော အသွင်ကို ဆောင်လျက်ရှိသည်။ ထိုမီးလျှံနှစ်ခုသည် ယင်နှင့်ယန် မီးလျှံများ ဖြစ်ကြောင်း ရှန်းရူယန်သိရှိလိုက်သည်။ ထို့နောက် မီးလျှံနှစ်ခုသည် ရုတ်တရက် ပေါင်းစပ်သွားပြီး တစ်ခုနှင့် တစ်ခု တွန်းကန်နေကြသည်။

မီးလျှံနှစ်ခု ဆုံမှတ် ဗဟိုတည့်တည့်မှ ကြောက်မက်ဖွယ် ပြင်းထန်သည့်‌ အော်ရာလှိုင်းများ လွှင့် ထုတ်လာသည်။ ထိုအခါ ရှန်းရူယန်လည်း တစ်စုံတစ်ရာကို နားလည်သွားဟန်နှင့် မျက်လုံးပြူး သွားတော့သည်။ ယင်နှင့်ယန် မီးလျှံနှစ်ခုသည် ကော်နှင့်ဆွဲကပ်လိုက်သည့်ပမာ ပေါင်းစည်းရန် အတင်းအဓမ္မကြိုးစားလျက်ရှိပြီး နောက်ဆုံးတွင် မမြင်နိုင်သော ဖိအားတစ်ရပ်က မီးလျှံနှစ်ခုကို တရစပ်ဖိသိပ်လိုက်သည်။ ထိုအခါ မီးလျှံနှစ်ခုသည် တစ်ခုက အဖြူ၊ တစ်ခုက အစိမ်းရောင်အဖြစ် ပြောင်းလဲသွားပြီး ပုံစံတစ်မျိုးဖြင့် စနစ်တကျ လည်ပတ်နေတော့သည်။ ထိုအချိန်တွင် ကျန်းချန် ရွှမ်၏ ပတ်လည်ရှိ ရေများသည် ရုတ်တရက် အငွေ့ပျံသွားသည်။ မနီးမဝေးတွင် ရှိနေသည့် ရှန်း ရူယန်သည်ပင် မီးခိုးတူးနံ့ကို ခံစားမိလိုက်သည်။

လေထဲတွင် တင်ပျဉ်ခွေထိုင်လျက်ရှိသည့် ကျန်းချန်ရွှမ်သည် လက်ကိုမြှောက်ကာ လွှဲယမ်းလိုက် သည်။ မျက်စိတစ်မှိတ်အတွင်း၌ အတူတကွ ပေါင်းစပ်ပြီးဖြစ်သည့် အဖြူနှင့်အစိမ်း မီးလျှံနှစ်ခု သည် လေထုထဲတွင် မီးကျွမ်းရာ စွတ်ကြောင်းကြီးတစ်ခု ဖြစ်သည်အထိ ရွှေ့လျားသွားပြီး အဝေး ရှိ မီတာတစ်ထောင်ကျော် မြင့်မားသည့် တောင်တစ်လုံးနှင့် တိုးတိုက်မိသည်။ တောင်သည် ရုတ် တရက် မီးလောင်ကျွမ်းသွားပြီး မကြာမီ ပြာမှုန်အဖြစ်သို့ ရွေ့လျောပျောက်ကွယ်သွားတော့သည်။ ထိုမီးလျှံနှစ်ခု၏ စွမ်းအားအရ မိုင်တစ်ထောင်အဝန်းရှိသည့် နယ်မြေတစ်ခုလုံးကို လောင်ကျွမ်းပြာ ချနိုင်ကြောင်း ထင်ရှားနေသည်။ ကျန်းချန်ရွှမ်က လက်ကိုမြှောက်ပြီး လက်သီးကို တင်းတင်းဆုပ် လိုက်သည့်အခါတွင်မှ အစိမ်းနှင့်အဖြူ မီးလျှံသည် ရေဖြင့်ငြိမ်းသတ်လိုက်သည့်အလား ရုတ်တ ရက် ပျောက်ကွယ်သွားတော့သည်။

ထိုအခါတွင်မှ ကျန်းချန်ရွှမ်လည်း မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဉာဏ်အလင်းပွင့်ခြင်း အဆင့်ကို အပြီးသတ်လိုက်တော့သည်။ ထိုအချိန်တွင် စနစ်မှ အချက်ပေးသံ ဝင်လာသည်။

ဒင်!

[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်အဖြစ် ပါ ရမီရမှတ်တစ်မှတ်နှင့် ကောင်းကင်ဘုံမီးလျှံ အဆင့်မြှင့် ကျောက်တုံးတစ်တုံးကို ရရှိပါမည်]

ကျန်းချန်ရွှမ်တစ်ယောက် ထခုန်မိမတတ် ဝမ်းမြောက်သွားသည်။ ပါရမီရမှတ် +၁ သည် တန်ဖိုး အကြီးဆုံးဆုဖြစ်ပြီး ဒုတိယဆုဖြစ်သည့် ကောင်းကင်ဘုံမီးလျှံ အဆင့်မြှင့် မီးလျှံသည် နာမည်အ တိုင်းပင် ကောင်းကင်ဘုံ မီးလျှံအမျိုးအစားများကို အဆင့်မြှင့်တင်ပေးနိုင်သည့် ရတနာတစ်ပါးပင် ဖြစ်သည်။ ထိုကျောက်တုံးကိုအသုံးပြုပြီး ကျန်းချန်ရွှမ်၏ ပတ္တမြားမီးလျှံအား ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အဆင့်သို့ မြှင့်တင်နိုင်ပါလိမ့်မည်။ ကျန်းချန် ရွှမ်သည် ရှန်းရူယန်ကိုမြင်သောအခါ ပြုံးလျက် ခေါင်းညိတ်ပြသည်။

“ကိုယ့်ကို စောင့်ရှောက်ပေးလို့ ကျေးဇူးပါ”

ရှန်းရူယန်က ခေါင်းခါပြလိုက်ပြီး

“လုပ်သင့်တဲ့အရာကို လုပ်လိုက်ရုံပါပဲ၊ အရေးမကြီးပါဘူး ဒါနဲ့မေးရဦးမယ်”

ရှန်းရူယန်က သူမသိချင်နေသည့် အဖြေကို မမျိုသိပ်နိုင်တော့ဘဲ ထုတ်ဖော်မေးမြန်းလိုက်သည်။

“အခုဖြစ်သွားတာတွေကို ရှင်းပြပေးပါလား”

***

All Chapters