← Chapters

ဉာဏ်အလင်းပွင့်ခြင်း (၂)

Vol. 17 Ch. 323

ဉာဏ်အလင်းပွင့်ခြင်း (၂)

Vol. 17 Ch. 323

ရှန်းရူယန်ဆိုလိုသည်ကို ကျန်းချန်ရွှမ်က နားလည်ပြီးဖြစ်၍ အမှန်အတိုင်း ဝန်ခံလိုက်သည်။

“ဟုတ်တယ်၊ ယင်နဲ့ယန် နတ်ဘုရားမီးလျှံကို ကိုယ်နားလည်သွားပြီ”

ရှန်းရူယန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ထိုနတ်ဘုရားစွမ်းအားသည် နာမည်နှင့် လိုက်ဖက်လှသည်ဟု သူမထင်မိသည်။ ထို့နောက်တွင် နှစ်ဦးသား ကျန်းရန်ယီတို့လူစုထံ ခပ်သုတ် သုတ် လျှောက်လာကြသည်။ ဘိုးဘေးနှစ်ဦးကိုမြင်လျှင် ကျန်းရန်ယီတို့လည်း ဝမ်းသာအားရ ဆီး ကြိုပြီး ဦးညွတ်ဂုဏ်ပြုလိုက်ကြသည်။

“ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”

ကျန်းမိသားစုဝင်အားလုံး သူ့ထက်ငါ အလုအယယ် ဂုဏ်ပြုနေကြသည်ကို ရှန်းရူယန်က ဘေးမှ ရပ်ကြည့်လျက် ပီတိဖြာလျက်ရှိသည်။ ကျန်းချန်ရွှမ်သည်လည်း ဇနီးဖြစ်သူကဲ့သို့ပင် နှမြောတွန့် တိုခြင်းမရှိပါ။ လက်ကိုမြှောက်ပြီး ဝိညာဉ်အလင်းများ ဆင့်ခေါ်ကာ ကျန်းမိသားစုဝင်အားလုံး၏ လက်ထဲကို ထည့်ပေးလိုက်သည်။ ထိုအလင်းများ၏ အတွင်းသားထဲတွင် မြောက်များစွာသော ဆေးပြားများ၊ ဓမ္မရတနာများ၊ အဆောင်ပစ္စည်းများ စသဖြင့်ပါဝင်သည်။ နောက်ဆုံးတွင် ကျန်း ချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ရွှမ်းမင်တောင်ထွတ်ရှိရာသို့ အောင်မြင်စွာ ပြန်ခဲ့ကြတော့သည်။ လမ်းတွင် နှစ်ဦးသား အတွေ့အကြုံများကို ဖလှယ်ဖြစ်ကြသည့်အတွက် တစ်ဦးအခြေအနေကို တစ်ဦး ရှင်းလင်းစွာ နားလည်သွားကြသည်။

ထိုအခါ ရှန်းရူယန်၏ မျက်နှာတွင် စိုးရိမ်ပူပန်သည့် အရိပ်လက္ခဏာများ ထင်ဟပ်လာပြီး

“ယောက်ျား ဒီတစ်ခါ ကျွန်မတို့နှစ်ယောက် ရင်ဆိုင်ရတဲ့ ကောင်းကင်အတိဒုက္ခက ပုံမှန်မဟုတ် ဘူးနော်”

ကျန်းချန်ရွှမ်လည်း ဇနီးဖြစ်သူ၏ မှတ်ချက်စကားကြောင့် တွေသွားသည်။ သူကိုယ်တိုင်လည်း ထို ကိစ္စနှင့်ပတ်သက်ပြီး သံသယရှိနေသလို ခံစားမိသည်။ အထူးသဖြင့် သူရင်ဆိုင်ခဲ့ရသည့် ကောင်း ကင်အတိဒုက္ခသည် မျှော်မှန်းထားသည်ထက် အဆများစွာ ပြင်းထန်အားကောင်းနေပြီး စမ်းသပ် ခြင်းဟုပင် မခေါ်ထိုက်တော့ဘဲ သူ့ကို အတိအလင်း စစ်ကြေညာတိုက်ခိုက်သည့် အလားပင် ဖြစ် နေသည်။ အတိဒုက္ခရှောင်လွှဲခြင်း ပုလဲလုံးသာ မရှိလျှင် ယခုအချိန်တွင် သူ၏ အသက်နှင့် ခန္ဓာ တွဲလျက်ရှိနေမည် မဟုတ်ပါ။ ရှန်းရူယန်ရင်ဆိုင်ခဲ့ရသည့် အတိဒုက္ခစစ်ဆေးခြင်းသည်လည်း သူ့ လောက် ဆိုးဝါးခြင်းမရှိသော်လည်း ပုံမှန်မဟုတ်သည်ကတော့ သေချာသည်။ အထွတ်အထိပ်အ ဆင့် နှင့် နတ်ဘုရားအဆင့် ရွှေအမြုတေပိုင်ရှင်နှစ်ဦးကို စမ်းသပ်သည့် ကောင်းကင်အတိဒုက္ခ သည် သာမန်ကျင့်ကြံသူများထက် ပိုမိုပြင်းထန်မည်မှာ မှန်သော်လည်း ယခုအတိုင်းအတာအထိ တော့ ပြင်းထန်ခြင်းမရှိသင့်ပါ။

“ရူယန်က တစ်ခုခုတွေးမိတာရှိလို့လား”

ရှန်းရူယန်က ကျန်းချန်ရွှမ်၏ မေးခွန်းကို ခေါင်းခါရင်း

“လောလောဆယ်တော့ ဘာကိုမှ မတွေးတတ်သေးဘူး၊ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ကောင်း ကင်အတိဒုက္ခက ပုံမှန်မဟုတ်တာတော့ သေချာတယ်။ ကျွန်မတို့အတွေးမှန်မမှန် စမ်းသပ်နိုင်မဲ့ နည်းလမ်းတစ်ခုတော့ရှိတယ်”

“ဘာများလဲ”

“အထွတ်အထိပ်ရွှေအမြုတေကို ပိုင်ဆိုင်တဲ့ ကျင့်ကြံသူတွေ ဒီ ကန်းနန်ဒေသတင်မကဘူး၊ အနှစ် သာရကိုးပါး မသေမျိုး ကျင့်ကြံရေးလောက တစ်ခုလုံးမှာရော ပေါ်ခဲ့ဖူးသလား ဆိုတာကို စုံစမ်းဖို့ ပါပဲ”

ရှန်းရူယန်၏ အကြံကို ကျန်းချန်ရွှမ်က ရိပ်မိသွားပြီး

“ရူယန်ဆိုလိုတာက…”

“ကျွန်မတို့စုံစမ်းကြည့်လို့ ဒီကမ္ဘာမှာ အထွတ်အထိပ်အဆင့် ရွှေအမြုတေပိုင်ရှင် တစ်ယောက်မှ မပေါ်ခဲ့ဘူးဆိုရင် သေချာတယ်၊ ကျွန်မတို့နေနေတဲ့ ဒီလောကဟာ အထွတ်အထိပ်အဆင့် ရွှေအ မြုတေ ပေါ်ပေါက်လာခွင့်မရှိဘူးပဲ”

ရှန်းရူယန်၏ နည်းလမ်းမှာ လက်ရှိပြဿနာကို စုံစမ်းရန် အမြန်ဆုံးနှင့် လက်တွေ့အကျဆုံး နည်း လမ်းဟု ဆိုနိုင်မည်ဖြစ်သည်။ လက်ရှိသူတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်အတန်းအရ သူတို့နေထိုင် လျက်ရှိသည့် ကျင့်ကြံရေးလောက၏ ကောင်းကင်အတိဒုက္ခ စစ်ဆေးခြင်းစနစ်တွင် ပြဿနာအ နည်းငယ်ရှိနေသည် ဆိုဦးတော့၊ ထိုပြဿနာကို ဖြေရှင်းရန် သူတို့တွင် အင်အား၊ ရင်းမြင်အလုံအ လောက်မရှိပါ။ သို့သော် အနာဂတ်တွင် သူတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်သည် အတိုင်းအတာတစ် ခုအထိ မြင့်မားလာမည်ဆိုပါက ထိုပြဿနာကို ရင်ဆိုင်ရန် နည်းလမ်းများ တွေ့ရှိလာမှာ သေချာ ပါသည်။ အနည်းဆုံးတော့ ပြဿနာ၏ အကြောင်းခံကို သိရှိလာမည်ဖြစ်၍ ရှန်းရူယန်ပြောသလို စုံစမ်းထားခြင်းက အကျိုးယုတ်မည်မဟုတ်ပါ။

ထို့ကြောင့် ကျန်းချန်ရွှမ်လည်း စုံစမ်းရေးကိစ္စကို ကျန်းရန်ယီတို့အား အဝေးအသံပို့စနစ်ဖြင့် ညွန် ကြားတာဝန်ပေးလိုက်သည်။ ထို့နောက်တွင်တော့ နှစ်ဦးသား လမ်းခွဲပြီး မိမိတို့ကိုယ်ပိုင် လှိုဏ်ဂူ များအတွင်း၌ ကျင့်ကြံမှုကို စတင်လိုက်ကြပြန်သည်။ ရွှေအမြုတေအဆင့်ကို တက်လှမ်းပြီးကာစ ဖြစ်၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့တွင် ဆောင်ရွက်ရမည့် ဝတ္တရားများ မနည်းလှပါ။ ပထမဆုံး ရရှိပြီး ကျင့်ကြံမှုနယ်ပယ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန်နှင့် အုတ်မြစ်ခိုင်မာရန် အချိန်အနည်းငယ် ပေးရပါမည်။ ဒုတိယတာဝန်မှာ မိမိတို့ ပိုင်ဆိုင်သော ဓမ္မရတနာများကို မွမ်းမံအဆင့်မြှင့်ရန် လို အပ်ပါမည်။ ဤသို့ဖြင့် ခြောက်လကုန်လွန်သွားခဲ့သည်။

ကျန်းချန်ရွှမ်သည် ဓာတ်ငါးပါး စစ်မှန်မှုနည်းစနစ်၏ နောက်ဆက်တွဲ အကြောင်းအရာများ အား လုံးကို လေ့လာပြီးဖြစ်သလို ကောင်းကင်အတိဒုက္ခ စစ်ဆေးခြင်းကို ကျော်လွန်နိုင်သည့်အတွက် ကောင်းကင်ဘုံနှင့်မြေလောကမှ ချီးမြှင့်သည့် ဝိညာဉ်ချီများ၏ အစွမ်းအာနိသင်ကို အသုံးချကာ ရွှေအမြုတေ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းတွင် စနစ်မှ ချီးမြှင့် ထားသည့် ဓမ္မရတနာ အဆင့်မြှင့်တင်ခြင်း အဆောင်ပစ္စည်းကို အသုံးပြုပြီး သူ၏ မူလဓမ္မရတနာ ဖြစ်သည့် ရွှေဗလာနယ်ဓားအား အဆင့် ၄ အနိမ့်စားအဆင့်သို့ မြှင့်တင်ခဲ့ပါသေးသည်။ ထိုမျှမက သေး၊ ကောင်းကင်မီးလျှံ အဆင့်မြှင့်တင်ခြင်းကျောက်တုံးကို အသုံးပြုပြီး ပတ္တမြားမီးလျှံအား အဆင့် ၄ အထိ မြှင့်တင်နိုင်ခဲ့ပြန်သည်။

ထို့နောက်တွင် ကျန်းချန်ရွှမ် ကြံစည်ထားသည်က ကျောက်စိမ်းရေဓားစင်မြင့်မှ ရရှိထားသည့် ယင်ယန်နတ်ဘုရားကျောက်စိမ်းကို အသုံးချပြီး ဓမ္မရတနာလောင်း အဆင့်သာ ရှိသေးသည့် ဒွိအ စွန်းနတ်ဘုရားတောင်ကို အဆင့် ၄ ဓမ္မရတနာစစ်စစ်အဖြစ်သို့ မြှင့်တင်ရန်ဖြစ်သည်။ သို့သော် သူ့ အကြံကို အစမပျိုးရသေးခင်မှာပင် လှိုဏ်ဂူအတွင်းသို့ ရှန်းရူယန် ခပ်သုတ်သုတ် ဝင်လာသည်ကို မြင်လိုက်ရသည်။ ပုံမှန်အားဖြင့် ရှန်းရူယန်သည် သူကျင့်ကြံနေသည့် အချိန်အခါမျိုးတွင် ယခုလို မပြောမဆိုဝင်လာခြင်းမျိုး တစ်ခါမျှမရှိဖူးသည့်အတွက် ကျန်းချန်ရွှမ်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားမိသည်။ ရှန်းရူယန်၏ မျက်နှာမှာ စိုးရိမ်ကြောင့်ကြနေဟန် အတိုင်းသားပေါ်နေ သည်ကို တွေ့ရသည်။

“ရူယန် ဘာဖြစ်လို့လဲ”

“ကျွန်မအစ်ကိုက သတင်းလှမ်းပို့တယ်။ ဘိုးဘိုးယွမ်လုံမှာ နေရမဲ့အချိန် သိပ်မကျန်တော့ဘူးတဲ့၊ ကျွန်မတို့နှစ်ယောက်ကို လာခဲ့ဖို့ပြောနေတယ်”

ရှန်းရူယန်၏ စကားကြားရမှာ ကျန်းချန်ရွှမ်လည်း ရှန်းယွမ်လုံ၏ သက်တမ်းသည် လာမည့်တစ် နှစ်၊ နှစ်နှစ်အတွင်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သတိရမိသည်။ ထို့ကြောင့် သူ့ကိုယ်သူ စိတ်မ လုံသလို ခံစားမိသည်။ အမှန်တွင် သူတို့နှစ်ဦး ရွှေအမြုတေအဆင့်ကို တက်လှမ်းပြီးနောက် ချက် ချင်းပြန်သွားခဲ့သင့်သည်။ သူ့ထံတွင် စနစ်မှ ပေးအပ်ထားသည့် အသက်ရှည်ဆေးပြားတစ်ခုရှိနေ သည့်အတွက် ထိုဆေးပြားကို ရှန်းယွမ်လုံ သောက်သုံးလိုက်လျှင် နောက်ထပ် အသက်ရှည်ဆေး၊ ဝိညာဉ်ရတနာတစ်ခုကို မှီဝဲခွင့်ရဦးမည်ဖြစ်သည်။ သူတို့နှစ်ဦးလုံးကို ငယ်ရွယ်စဉ်က စောင့်ရှောက် ပေးခဲ့သည့် ကျေးဇူးကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနေနှင့် ရှန်းယွမ်လုံကို နှလုံးသားထဲ တွင် အလေးတမြတ်ထားမိကြသည်။

“ဒါဆို မြန်မြန်ပြင်ဆင်ပြီး ယွီဟွာတောင်ကို လိုက်သွားကြရအောင်”

ထို့ပြင် ကျန်းချန်ရွှမ်သည် သူ့တွင် ဘိုးဘေးယွမ်လုံ၏ သက်တမ်းကို ဆွဲဆန့်နိုင်မည့် အသက်ရှည် ဆေးပြားတစ်ခု ရှိသေးကြောင်း ဖြည့်စွက်ပြောလိုက်သေးသည်။ ရှန်းရူယန်လည်း ဝမ်းသာအားရ ဖြင့် ခေါင်းညိတ်လိုက်ပြီး

“ကောင်းပြီလေ၊ ကျွန်မတို့ အမြန်ဆုံးသွားကြရအောင်”

ထိုစဉ် ရှန်းရူယန်သည် တစ်စုံတစ်ခုကို တွေးမိဟန်နှင့် မျက်နှာပြန်တည်သွားသည်။

“ဒါနဲ့ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေအရ ကျွန်မတို့နှစ်ယောက် ယွင်နိုင်ငံကို ပြန်မဲ့အကြောင်းကို တခြားလူတွေမသိအောင် ဖုံးဖိဖို့လိုမယ်။ အထူးသဖြင့် နတ်ဆိုးသားရဲတွေပေါတဲ့ ဒေသကို ဖြတ် သွားတဲ့အခါမျိုးမှာပေါ့၊ ကျွန်မတို့ပေါ့ဆလိုက်ရင် အဆင့် ၅ နတ်ဆိုးဧကရာဇ်က ကျွန်မတို့ကို အနံ့ ရသွားနိုင်တယ်”

***

All Chapters