← Chapters

လမင်းကြည့်ဂိုဏ်း၏ အပြောင်းအလဲများ

Vol. 17 Ch. 324

လမင်းကြည့်ဂိုဏ်း၏ အပြောင်းအလဲများ

Vol. 17 Ch. 324

အမှန်တွင်လည်း ဟောင်တုန်းပိုင်ပေးသည့် သတင်းအရ ကျန်းချန်ရွှမ်တို့ ဝံပုလွေဘုရင်ကို သတ် ဖြတ်လိုက်သည့်အတွက် အဆင့် ၅ နတ်ဆိုးဧကရာဇ်သည် သူတို့လူစုအား ဒေါသအမျက်ထွက်ပြီး လက်စားချေရန် အလို့ငှာ လူသားနှင့် နတ်ဆိုးသားရဲဒေသ အကြား ပိုင်းခြားထားသည့် စည်းမျဉ်း ကိုပင် ကျော်ဖြတ်ရန် ကြိုးစားခဲ့သည် မဟုတ်ပါလား။ စံသခင်ကြီးရွှမ်းယန်ဆိုသူ၏ တားဆီးမှု ကြောင့်သာ နတ်ဆိုးဧကရာဇ် လက်လျှော့သွားရခြင်းဖြစ်သည်။ သို့သော် နတ်ဆိုးဧကရာဇ်အနေ နှင့် လူသားတို့၏ ပိုင်နက်အတွင်းသို့ ကိုယ်တိုင်ဝင်ရောက်နိုင်ခြင် မရှိသော်လည်း သူ၏ နောက် လိုက်နောက်ပါး နတ်ဆိုးသားရဲများသည် ကျန်းချန်ရွှမ်တို့၏ လှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်း နေပြီး အခွင့်သာသည်နှင့် လုပ်ကြံသတ်ဖြတ်ရန် ချောင်းမြောင်းနေမည်မှာ သေချာပါသည်။

အထူးသဖြင့် ရှန်းမိသားစုထံသို့ အပြန်လမ်းတွင် နတ်ဆိုးသားရဲများ ကြီးစိုးသည့်နေရာ အချို့ကို ဖြတ်သန်းရဦးမည်ဖြစ်ရာ ထိုဒေသများတွင် မင်းမူနေသော အဆင့် ၄ နတ်ဆိုးဘုရင်များသာ သူတို့ နှစ်ဦးကို အနံ့ခံမိသွားပါက မည်သို့မည်ပုံ ဆက်လက်ဖြစ်ပျက်ကြမည်ကို မှန်းဆရခက်ပါသည်။ ထို့ပြင် ကျင်းနိုင်ငံမှ ရှန်းကွမ်မိသားစုနှင့် မိစ္ဆာကျင့်ကြံသူအချို့ကလည်း သူတို့နှစ်ဦးကို ရန်ငြိုး ထားလျက် ရှိနေသေးသည်။ ထို့ကြောင့် ယွီဟွာတောင်ကို ပြန်မည့်ခရီးစဉ်တစ်လျှောက်တွင် ကျန်း ချန်ရွှမ်တို့နှစ်ဦးအနေနှင့် တတ်နိုင်သမျှ ခြေရာဖျောက်လျက် ဖုံးဖုံးဖိဖိ သွားကြဖို့လိုပါလိမ့်မည်။ ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လူသုံးဦးကိုသာ ယွင်နိုင်ငံကို ခေတ္တပြန်မည်ဖြစ်ကြောင်း အသိပေးပြီး မှော်တိုင်တောင်မှ ထွက်ခွာလာခဲ့ကြသည်။

ထိုသုံးဦးမှာ ကျန်းမိသားစု၏ ကျီဖုအဆင့် ကျင့်ကြံသူသုံးဦးဖြစ်သည့် ကျန်းရန်တောက်၊ လျုလင်း လုံနှင့် ကျန်းရန်ယီတို့ဖြစ်သည်။ ထိုသုံးဦးမှအပ ကျန်းချန်ရွှမ်တို့ ခရီးထွက်သွားသည့် အကြောင်း ကို လျန်တစ်နိုင်ငံလုံး မသိလိုက်ကြပါ။ လမ်းတွင် ကျန်းချန်ရွှမ်သည် နတ်ဘုရားစွမ်းအားအသစ် ဖြစ်သည့် အသွင်မဲ့ကို အသုံးပြုလျက် ခရီးနှင်လိုက်သည်။ ကျန်းချန်ရွှမ်၏ ပုံရိပ်သည် တစ်စတစ်စ မှေးမှိန်သွားပြီး နောက်ဆုံးတွင် အစအနမကျန် ပျောက်ဆုံးသွားသည်။ ရှန်းရူယန်တစ်ယောက် ထို မြင်ကွင်းကြောင့် အံ့အားသင့်တုန်လှုပ်မိသွားသည်။ ထိုစွမ်းအားအကြောင်းကို ကျန်းချန်ရွှမ်က သူ မအား ပြောပြခဲ့ဖူးသော်လည်း ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရချိန်တွင် အံ့အားမသင့်ဘဲ မနေနိုင် တော့ပါ၊ ကျန်းချန်ရွှမ်တွင် သူမ၏ ရှေ့တွင် ရှိနေကြောင်း သိသော်လည်း သူ၏ ဖြစ်တည်မှုတစွန်း တစကိုမျှ ခြေရာခံနိုင်ခြင်းမရှိပါ။ ခေတ္တကြာလျှင် ရှန်းရူယန်လည်း ကိုယ်ပိုင်လျှို့ဝှက်နည်းစနစ် တစ်ခုသုံးပြီး ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်တော့သည်။ ၁၅ ရက်ကျော် ကြာပြီးနောက်တွင် နှစ်ဦး သား ပင်းချွမ်စီရင်စုကို ရောက်ရှိလာကြသည်။ ထို့နောက်တွင် ရှန်းတောက်မင်ကို အဝေးအသံပို့စ နစ်ဖြင့် သူတို့ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းပို့လိုက်ရာ ရှန်းတောက်မင်လည်း သူတို့နှစ်ဦးကို ချက်ချင်းလာရောက်ကြိုဆိုကာ ရှန်းယွမ်လုံရှိသည့် ဟွားဝူတောင်ထွတ်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသည်။

နှစ်ကာလများစွာ ဝေးကွာနေသည့် ဘိုးဘေးဖြစ်သူကို တွေ့လျှင် အားရဝမ်းသာ နှုတ်ဆက်လိုက် မည်ဟု ကြံစည်ထားသော်လည်း ရှန်းယွမ်လုံကို မြင်လိုက်ရသည့်အခါတွင် ကျန်းချန်ရွှမ်နှင့် ရှန်း ရူယန်တို့၏ စိတ်နှလုံးများ ရုတ်တရက် လေးလံသွားသည်။ ရှန်းယွမ်လုံ၏ အော်ရာမှာ ဆိုးဆိုးဝါး ဝါးပင် အားနည်းဖျော့တော့နေသလို မျက်နှာတွင်လည်း အသက်ကြီးရင့်နေသည့် လက္ခဏာဖြစ် သော အရေးအကြောင်းများ တွန့်ကာ မကြာခဏ မောပန်းနေသည်ကို သတိထားမိလိုက်ကြ သည်။ ရှန်းယွမ်လုံ၏ ခန္ဓာကိုယ်တွင် ဇီဝဓာတ်သည် မကျန်တော့သလောက် နီးနီးဖြစ်နေသည်ကို ကျန်းချန်ရွှမ် သတိပြုမိသောအခါ အချိန်မဆွဲတော့ဘဲ အသက်ရှည်ဆေးပြားကို ရှန်းယွမ်လုံလက် ထဲ ထည့်ပေးလိုက်သည်။

“ဘိုးဘိုး၊ ကျွန်တော် ဒီအသက်ရှည်ဆေးပြားကို အကြောင်းတိုက်ဆိုင်ပြီး ရခဲ့တာပါ။ ဒီဆေးပြား က ဘိုးဘိုးရဲ့အသက်ကို နှစ်အကြာကြီး ဆွဲဆန့်နိုင်ပါလိမ့်မယ်။ နောက်ပြီး ဒီဆေးပြားကို သောက် လိုက်လို့ ဘိုးဘိုးရဲ့တစ်သက်မှာ သုံးကြိမ်ပဲ မှီဝဲခွင့်ရတဲ့ အခွင့်အရေးကိုလည်း မထိခိုက်နိုင်ပါဘူး၊ ဒီဆေးပြားကို သောက်သုံးပြီးရင် ဘိုးဘိုးအနေနဲ့ နောက်ထပ် အသက်ရှည်ဆေးတစ်ပါးကို ထပ်ပြီး သုံးစွဲနိုင်ပါဦးမယ်”

ကျန်းချန်ရွှမ်၏ စကားကြောင့် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ အံ့အားသင့်မှင်သက်ကုန်ကြ သည်။ အထူးသဖြင့် ရှန်းယွမ်လုံသည် အသက်ရှည်သော ဆေးဝါးများကို နှစ်ကြိမ်တိတိ သုံးစွဲပြီး ဖြစ်၍ ကျန်းချန်ရွှမ် ပေးသည့် ဆေးပြားသည် တန်ဖိုးအလွန်ကြီးကြောင်း ရိပ်စားမိသည်။ ကျန်း ချန်ရွှမ်၏ အပြုအမူကြောင့် ရှန်းယွမ်လုံ၏ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားမိလိုက်သည်။ ထို့ ကြောင့် စကားအပိုမပြောတော့ဘဲ ကျန်းချန်ရွှမ်ကို ငေးကြည့်ပြီး

“ချန်ရွှမ် ကျေးဇူးတင်ပါတယ်၊ နောက်ဆုံးတစ်ခေါက်က လမင်းကြည့်သစ်သီးအပါအဝင် မင်းငါ့ရဲ့ အသက်ကို ဆွဲဆန့်ပေးတာ နှစ်ကြိမ်ရှိပြီနော်”

“ကျေးဇူးတင်စရာ မလိုပါဘူး ဘိုးဘိုး၊ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးရုံပါ။ ဘိုး ဘိုးနဲ့ ဘိုးဘေးမန်ရွှယ်တို့ရဲ့ စောင့်ရှောက်မှုကြောင့်သာ ကျွန်တော်တို့နှစ်ယောက် အခုလိုဖြစ်လာ တာပါ။ ပြီးတော့ ကန်းယန်ဂိုဏ်းက စီနီယာကျန်းပိုင်လုံ ကျွန်တော်တို့ကို မျက်နှာသာပေးခဲ့တာ လည်း ဘိုးဘေးမန်ရွှယ်နဲ့ ဘိုးဘိုးယွမ်လုံကြောင့်ပါ”

ကျန်းချန်ရွှမ်၏ စကားမှာ မှန်ကန်သော်လည်း ရှန်းယွမ်လုံကမူ ဤသို့မယူဆပါ။ သူ့အမြင်တွင် ကျန်းချန်ရွှမ်အနေနှင့် သူနှင့်ရှန်းမိသားစုအတွက် ဆောင်ရွက်ပေးခဲ့သည်များမှာ ကျေးဇူးကျေရုံမ က များစွာပိုလျှံနေပြီဟု ထင်မိသည်။ အမှန်တွင် သူနှင့် ရှန်းမိသားစုကမှ ကျန်းချန်ရွှမ်အား ကျေး ဇူးတုံ့ပြန်ရမည့် ဝတ္တရားရှိသည်ဟု သူမြင်သည်။ သို့သော် ရှန်းယွမ်လုံအနေနှင့် လတ်တလောတွင် ထိုအကြောင်းများကို မတွေးရန် ဆုံးဖြတ်လိုက်သည်။ အချို့သောအရာများတွင် နှုတ်မှထုတ်ဖော် ရန် မသင့်ဘဲ နှလုံးသားထဲတွင်သာ သိမ်းဆည်းထားသင့်သည် မဟုတ်ပါလား။ သို့သော် ကျန်းချန် ရွှမ်အနေနှင့် နောင်အနာဂတ်တွင် သူ၏ အကူအညီလိုအပ်လာပါက တတ်စွမ်းသမျှ အစွမ်းကုန် ကူညီမည်ဟု စိတ်ပိုင်းဖြတ်မိသည်။

ထို့နောက်တွင် ရှန်းယွမ်လုံသည် ကျန်းချန်ရွှမ်၏ ဆေးပြားကို ယူဆောင်လျက် ကိုယ်ပိုင်လှိုဏ်ဂူ အတွင်းသို့ ဝင်သွားတော့သည်။ တစ်အောင့်မျှ ကြာပြီးနောက် ပြန်ထွက်လာသောအခါ ရှန်းယွမ် လုံ၏ ညှိုးနွမ်းခြောက်သွေ့နေသည့် ခန္ဓာကိုယ်သည် မူလအတိုင်း ပြန်လည်စိုပြေလန်းဆန်းနေ သည်ကို တွေ့လိုက်ရသည်။

***

All Chapters