လမင်းကြည့်ဂိုဏ်း၏ အပြောင်းအလဲ (၃)
Vol. 17 Ch. 326
ရှန်းယွမ်လုံပြောသည့် မြောက်ပိုင်းချောက်ကမ်းပါးတန်း ဆိုသည်မှာ ရှေးအတီတေကပင် တည်ရှိ ခဲ့သည့် အလွန်ကျယ်ပြောသည့် တောင်တန်းဒေသကြီးတစ်ခုဖြစ်ပြီး ထိုနေရာတွင် ဝိညာဉ်ချီနှင့် ရင်းမြစ်များ အထူးပင်ရှားပါးလှသောကြောင့် လူသားကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများ မရှိ သလောက် နည်းပါးသည့် ဖုန်းဆိုးမြေတစ်ခုဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟွမ်း ဝမ်ယုနှင့် လွန်ခဲ့သည့်နှစ်များစွာကပင် သိကျွမ်းခဲ့သည်ဖြစ်ရာ သူ၏ ပင်ကိုယ်စရိုက်နှင့် စိတ်နေ စိတ်ထားကို အနည်းနှင့်အများ ကျက်မိပြီးဖြစ်သည်။ ဟွမ်းဝမ်ယုသည် သမီးဖြစ်သူနှင့် ဂိုဏ်းအား ပစ်ထားမည့်သူမျိုး လုံးဝမဟုတ်ပေ။
ထိုဒေသမှ ပြန်မလာနိုင်သည့် အကြောင်းရင်းတစ်ခုခု သူ့တွင် မလွဲမသွေ ရှိနေလိမ့်မည်။ ထိုအခါ ကျန်းချန်ရွှမ်က တစ်စုံတစ်ခုကို သတိရလိုက်ပြီး ရှန်းယွမ်လုံအား
“လမင်းကြည့်ဂိုဏ်းရဲ့ အခြေအနေက ဘယ်လိုလဲ။ သူ့တို့ဆီမှာ ဟွမ်းဝမ်ယုရဲ့ ဝိညာဉ်မီးအိမ် ရှိ တယ်မလား”
ဝိညာဉ်မီးအိမ် အကောင်းပအကတိအတိုင်း ရှိနေလျှင် ဟွမ်းဝမ်ယု အသက်ရှင်နေဦးမည်ဖြစ်ပြီး မီးငြိမ်းသွားပါက ကွယ်လွန်သွားကြောင်း သိနိုင်ပါလိမ့်မည်။ ထိုအခါတွင်လည်း ရှန်းယွမ်လုံက အ ကြံရခက်နေဟန်နှင့်
“ဒီကိစ္စကလည်း ထူးဆန်းနေတယ်။ ငါသိသလောက် ဝိညာဉ်မီးအိမ်က ခဏခဏ ငြိမ်းသွားတယ် တဲ့။ ဒါပေမဲ့ ငြိမ်းသွားပြီးတိုင်းမှာ သူ့အလိုလို ပြန်လင်းလာပြန်တယ်တဲ့၊ အတော်ထူးဆန်းတယ်၊ သူတို့ လမင်းကြည့်ဂိုဏ်းက ဒီအကြောင်းကို ပိုင်ယွင်ဂိုဏ်းထံမှာ စုံစမ်းကြည့်သေးတယ်၊ သူတို့ လည်း မယ်မယ်ရရ မပြောနိုင်ဘူး။ ဟွမ်းဝမ်ယုရဲ့ အခြေအနေက သိပ်မကောင်းလောက်ဘူးလို့ပဲ ပြောတယ်။ ဟွမ်းဝမ်ယုမရှိတဲ့နောက် လမင်းကြည့်ဂိုဏ်းရဲ့ အခြေအနေကလည်း သိပ်မကောင်း လှဘူးလို့ ဆိုရမယ်”
ထိုအခြင်းအရာမှာ အထူးအဆန်းတော့မဟုတ်။ ရွှေအမြုတေအဆင့်ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်း တစ်ခုသည် သူတို့ဂိုဏ်း၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို ဆုံးရှုံးလိုက်ရလျှင် ထိုအဖွဲ့အ စည်း၏ အရှိန်အဝါနှင့် အနေအထားမှာ သိသိသာသာပင် ယုတ်လျော့ကျဆင်းသွားတတ်သည်။ လတ်တလောတွင် ဟွမ်းဝမ်ယု အမှန်တကယ် သေဆုံးကြောင်း အတည်မပြုနိုင်သေး၍ လမင်း ကြည့်ဂိုဏ်းအတွက် သက်သာရာရနေသော်လည်း ဟွမ်းဝမ်ယု သေဆုံးကြောင်း အတည်ပြုနိုင်ပါ က ရွှေအမြုတေအဆင့် ကျင့်ကြံသူဆို၍ ဟွမ်းဝမ်ယုတစ်ဦးတည်းသာ ပိုင်ဆိုင်ထားသည့် လမင်း ကြည့်ဂိုဏ်းသည် နေ့ချင်းညချင်း ကျီဖုအဆင့်သို့ ကျဆင်းသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ဂိုဏ်း ၏ ကံကြမ္မာ မည်သို့မည်ပုံ ဖြစ်ပေါ်လာမည်ကို မှန်းဆရခက်လှသည်။
ကျန်းချန်ရွှမ်တို့ အဓိက စိုးရိမ်နေမိသည်မှာ ဟွမ်းဝမ်ယု၏ သမီးဖြစ်သူ ဟွမ်းလင်းအယ်အတွက် ဖြစ်သည်။ လတ်တလော ကြားသိရသလောက် လမင်းကြည့်ဂိုဏ်းအတွင်းရှိ ဟွမ်းလင်းအယ်၏ အခြေအနေသည်လည်း မဟန်လှဟုဆိုသည်။ အဓိက အရင်းခံမှာ ဖခင်ဖြစ်သူ ပျောက်ဆုံးနေခြင်း ကြောင့်ဖြစ်သော်လည်း နောက်ထပ်အကြောင်းရင်းတစ်ခု ရှိနေပါသေးသည်။ နောက်ဆုံးဖြစ်ပွား ခဲ့သည့် နတ်ဆိုးသားရဲကပ်ဘေးအတွင်း ဟွမ်းဝမ်ယုကို သစ္စာစောင့်သိကြသည့် ကျီဖုအဆင့် ကျင့် ကြံသူများအားလုံး ကျဆုံးခဲ့ကြသည်။ ထိုအထဲတွင် ကျန်းချန်ရွှမ်တို့နှင့် ကျွမ်းဝင်ခဲ့ဖူးသည့် တျန် ချင်းလည်း ပါဝင်သည်။ လက်ရှိတွင် ဂိုဏ်းကို အုပ်ချုပ်နေသူမှာ တစ်ချိန်က ဟွမ်းဝမ်ယုနှင့် ပြဿ နာတက်ခဲ့ဖူးသည့် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်ဟုဆိုသည်။
ထိုအချိန်က အခြေအနေအရပ်ရပ်ကို ထောက်ထား၍ ဟွမ်းဝမ်ယုက ထိုသူအား တစ်စုံတစ်ရာ အရေးယူမှုမပြုခဲ့ပါ။ သို့သော် ထိုသူက ကျေးဇူးမသိတတ်သည့်အပြင် ဟွမ်းဝမ်ယု ပျောက်ဆုံးနေ သည်ကို အခွင့်ကောင်းယူပြီး ဟွမ်းလင်းအယ်ကို အမြတ်ထုတ်ရန် ကြိုးပမ်းပါတော့သည်။ ထိုနေ ရာတွင် မေးစရာရှိသည်က အကယ်၍ ဟွမ်းဝမ်ယု မသေဘဲ ပြန်ရောက်လာလျှင် ထိုသူအဖို့ သက် သာမည်မဟုတ်၊ ထိုလူက ဤအချက်ကို အဘယ်ကြောင့် ထည့်သွင်းမစဉ်းစားသနည်း ဟူသော မေးခွန်းပင်ဖြစ်သည်။ ထိုမေးခွန်းအတွက် အဖြေကို ရှန်းယွမ်လုံက သူ့ထင်မြင်ချက်ကို ထည့်သွင်း ပေါင်းစပ်ပြီး အဖြေပေးသည်က ထိုလူ၏ သားဖြစ်သူကို ဟွမ်းလင်းအယ်နှင့် ငြိစွန်းစေရန် တမင် ကြံစည်ပြီး တာအိုကျင့်ကြံဖော်အဖြစ် သိမ်းသွင်းနိုင်ပါက ကံကောင်းထောက်မ၍ ဟွမ်းဝမ်ယု ပြန် လာနို်ငခဲ့လျှင်တောင် သူတို့သားအဖ တစ်စုံတစ်ရာ အရေးယူနိုင်မည် မဟုတ်ဟု ဆိုသည်။
ရှန်းယွမ်လုံ၏ မှတ်ချက်စကားကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တုန်လှုပ်သွားမိသည်။ ဟွမ်း လင်းအယ်သည် ဖခင်ဖြစ်သူ မရှိသည့်ကြားထဲတွင်၊ ဂိုဏ်းအတွင်း၌ ကာကွယ်ပေးမည့်သူ မရှိဖြစ် နေရာ ထိုသားအဖ၏ အကြံအစည်မှာ အောင်မြင်ရန် ရာခိုင်နှုန်းများနေသည်။ ထိုလူသည် သား ဖြစ်သူအား ဟွမ်းလင်းအယ်ကို အတင်းအဓမ္မ ကိုယ်ဝန်ရစေရန် ခိုင်းစေပါက ဟွမ်းဝမ်ယု အသက် ရှင်လျက် ပြန်ရောက်လာလျှင်ပင် တစ်စုံတစ်ရာ တတ်နိုင်တော့မည် မဟုတ်ပါ။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါစွာ ကြည့်မိကြသည်။ သူတို့နှစ်ဦးစလုံး ဟွမ်း လင်းအယ်အတွက် အလွန်အမင်း စိုးရိမ်နေမိကြသည်။
ဟွမ်းဝမ်ယုသည် ရှေးအတိတ်က သူတို့နှစ်ဦးကို ကူညီဖေးမခဲ့ဖူးသလို လက်ရှိတွင်လည်း မိတ်ဆွေ ကောင်းများ ဖြစ်လျက်ရှိနေသေးသည်။ တစ်ဖန် စိတ်နှလုံးဖြူစင်ပြီး ကြင်နာတတ်သူ ဟွမ်းလင်း အယ်ကိုလည်း ကျန်းချန်ရွှမ်တို့နှစ်ဦးလုံး ကရုဏာသက်မိကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးအဖို့ လမင်းကြည့်ဂိုဏ်း၏ အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ဖို့ လိုပြီးဖြစ်ကြောင်း သဘောပိုက်မိကြ သည်။ အမှန်တွင် ရှန်းယွမ်လုံတစ်ယောက် ဤကိစ္စကို ကျန်းချန်ရွှမ်တို့နှစ်ဦးအား မပြောပြမီ တွေ ဝေနေခဲ့ရသည်မှာလည်း ကျန်းချန်ရွှမ်တို့နှစ်ဦးသာ ဟွမ်းလင်းအယ်အကြောင်း ကြားသိလျှင် မလွဲ မသွေ ဝင်ရောက်စွက်ဖက်မည် ဖြစ်ကြောင်း သိရှိထား၍ ဖြစ်သည်။
ထိုအခါတွင် သူတို့နှစ်ဦး ယွင်နိုင်ငံကို ရောက်နေသည့်သတင်းကို ရန်သူများ သိရှိသွားမည်မှာ သေ ချာလှသည်။ သို့သော် ထိုအကြောင်းကို ကျန်းချန်ရွှမ်တို့အား ပြောပြခြင်းမပြုပြန်လျှင်လည်း တစ် ချိန်ချိန်တွင် ကျန်းချန်ရွှမ်တို့က သူတို့အား အဘယ်ကြောင့် အသိမပေးဘဲ ထိန်ချိန်ထားရသနည်း ဟု မေးခွန်းထုတ်လာဦးမည်ဖြစ်သည်။ ထို့ပြင် ဟွမ်းဝမ်ယုနှင့် ကျန်းချန်ရွှမ်တို့ စုံတွဲအကြား ဆက် ဆံရေး အတိမ်အနက်ကို ရှန်းယွမ်လုံနားလည်ပြီးဖြစ်သလို လက်ရှိနှစ်ကာလများအတွင်း ဟွမ်း ဝမ်ယုက သူတို့ရှန်းမိသားစုကို ကျေးဇူးပြုဖူးသည်များလည်း ရှိနေပါသေးသည်။ ထိုအခြေအနေ အရပ်ရပ်ကို ထောက်ရှု၍ ရှန်းယွမ်လုံက ကျန်းချန်ရွှမ်တို့အား ထိုကိစ္စကို အသိပေးရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။
သူတို့နှစ်ဦး၏ တုံ့ပြန်မှုကိုလည်း ရှန်းယွမ်လုံတစ်ယောက် အံ့အားသင့်ခြင်းမဖြစ်မိပါ။ ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့သည် လမင်းကြည့်ဂိုဏ်း ဌာနချုပ်သို့ ချက်ချင်းခရီးထွက်ရန် ဆုံးဖြတ်လိုက် ကြသည်။
***