← Chapters

လျန်နိုင်ငံသို့အပြန် (၂)

Vol. 17 Ch. 330

လျန်နိုင်ငံသို့အပြန် (၂)

Vol. 17 Ch. 330

အဖြစ်စုံကို သိရှိပြီးသည့်အခါ ကျန်းချန်ရွှမ်သည် ကျိုးဟောင်ဖေးကို အေးစက်စွာ စိုက်ကြည့်လိုက် ပြီး

“ဒါဆို သူ့ကိုမြန်မြန်ရှင်းလိုက်တော့”

ကျိုးဟောင်ဖေးတစ်ယောက် မျက်နှာပျက်သွားတော့သည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ချုပ်နှောင်ထားသည့် ကျီဖုကျင့်ကြံသူနှစ်ဦးလည်း ကျန်းချန်ရွှမ်၏ ခွင့်ပြုချက်ကို ရလျှင်ရချင်း တစ်ဦးကိုတစ်ဦး မျက်ရိပ်ပြလိုက်ပြီးနောက် ကျိုးဟောင်ဖေးအား အဖေလုပ်သူ သွားနှင့်ရာလမ်း ကို ပို့ပေးလိုက်တော့သည်။ ထို့နောက် ကျန်းချန်ရွှမ်တို့လည်း သူတို့ရှေ့မှောက်ရှိ တံခါးကို တွန်း ဖွင့်လိုက်ရာ အဝါဖျော့ရောင်ဝတ်ရုံ ဆင်မြန်းထားသည့် မိန်းကလေးငယ်တစ်ဦးကို အိပ်ယာခင်းစ နှင့် တွဲချည်လျက်သား မြင်လိုက်ရသည်။ မိန်းကလေး၏ နတ်ဘုရားအာရုံနှင့် ဓမ္မစွမ်းအင်မှာ ပိတ် ဆို့ထားခြင်း ခံနေရကြောင်း ကျန်းချန်ရွှမ် သတိပြုမိလိုက်သည်။ မိန်းကလေးသည် အခန်းအပြင် မှ ရုတ်ရုတ်သဲသဲအသံများကို ကြားလိုက်ရသောကြောင့် ကမန်းကတန်း မော့ကြည့်လိုက်မိသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးကို မြင်လိုက်သောအခါ မိန်းကလေးသည် အစပထမတွင် တုန် လှုပ်သွားသော်လည်း တဖြည်းဖြည်းနှင့် အံ့အားသင့်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့အဖြစ် ပြောင်းလဲ သွားတော့သည်။

“အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့ ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ”

ရှန်းရူယန်က ဟွမ်းလင်းအယ်အနား ချဉ်းကပ်ပြီး သူမကို ချုပ်နှောင်ထားသည့် အတားအဆီးများ ကို ဖယ်ရှားပေးလိုက်ပြီးမှ ရှင်းပြသည်။

“ညီမလေးနဲ့ ညီမလေးအဖေ အကြောင်းကို အားလုံးကြားပြီးပြီ။ သတင်းရရချင်း ဒီကိုအပြေးလာ ခဲ့တာပဲ”

ဟွမ်းလင်းအယ်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာကို တစ်လှည့်စီကြည့်ပြီး ကျေးဇူး တင်စကားဆိုလိုက်သည်။

“အစ်ကိုကျန်းနဲ့ အစ်မရှန်း…တကယ်ကိုကျေးဇူးတင်ပါတယ်”

ရှန်းရူယန်က ခေါင်းခါရင်း ပြုံးလျက်တုံ့ပြန်သည်။

“အရူးမလေး ငါတို့ကြားမှာ ကျေးဇူးတင်တာတွေ ဘာတွေ မလိုပါဘူး”

ကျန်းချန်ရွှမ်က ဟွမ်းလင်းအယ်၏ အခြေအနေကို အကဲခတ်ပြီးနောက် ဆေးပြားတစ်ပြားကို ကမ်းပေးလိုက်သည်။

“လင်းအယ် မင်းရဲ့သွေးချီနဲ့ ဓမ္မစွမ်းအင်လည်ပတ်ပုံက တည်ငြိမ်မှုမရှိဘူး။ ဒီဆေးပြားကို ချက် ချင်းသောက်လိုက်ပါ”

ဟွမ်းလင်းအယ်လည်း ကျန်းချန်ရွှမ်၏ ဆေးပြားကို မဆိုင်းမတွ လှမ်းယူပြီး ချက်ချင်းပင် သောက် သုံးလိုက်သည်။ တစ်ခဏချင်းတွင် သူမ၏ ဖြူလျော့နေသော မျက်နှာသည် သွေးရောင်ပြန်လွှမ်း လာပြီး မူလပကတိအတိုင်း ပြန်လည်သက်သာလာသည်။ ထို့နောက် ဟွမ်းလင်းအယ်သည် ကျန်း ချန်ရွှမ်တို့ ဇနီးမောင်နှံအား လမင်းကြည့်ဂိုဏ်း၏ ဝိညာဉ်မီးအိမ်များနှင့် ကျောက်စာများ သိုမှီးရာ ခန်းမဆောင်တစ်ခုကို ဦးဆောင်ခေါ်သွားသည်။ ဟွမ်းလင်းအယ်သည် မီးအိမ်များအနက် တဖျတ် ဖျတ်လင်းလက်နေသည့် တစ်ခုသော မီးအိမ်ကို ညွှန်ပြလိုက်ရင်း

“အစ်ကိုကျန်းနဲ့ အစ်မရှန်း၊ အဲဒီမီးအိမ်က ကျွန်မအဖေရဲ့ ဝိညာဉ်မီးအိမ်ပဲ။ လွန်ခဲ့တဲ့နှစ်အနည်း ငယ်က ကျွန်မအဖေ ပျောက်သွားတုန်းက ဒီမီးအိမ်က တစ်ခါငြိမ်းသွားသေးတယ်။ ဒါပေမဲ့ မကြာ ခင်ပြန်လင်းလာပြန်တယ်။ အဲဒီကစပြီး အခုလို မှိန်တစ်ခါ လင်းတစ်လှည့် ဖြစ်နေတော့တာပါပဲ”

ကျန်းချန်ရွှမ်တို့လည်း ရှေ့တိုးပြီး ဟွမ်းဝမ်ယု၏ ဝိညာဉ်မီးအိမ်ကို အနီးကပ် စစ်ဆေးလိုက်သည်။ သို့သော် ကျန်းချန်ရွှမ်ရော၊ ရှန်းရူယန်ပါ အဆိုပါဖြစ်စဉ်ကို ရေရေရာရာ ရှင်းပြနိုင်ခြင်းမရှိပါ။ သူ တို့ မှန်းဆကြည့်သလောက် ဟွမ်းဝမ်ယုသည် ဆန်းကြယ်သော နယ်ပယ်လောကတစ်ခုအတွင်း ပိတ်မိသွားပြီး သူနှင့် ပြင်ပလောကအကြား အဆက်အသွယ်သည် တည်ငြိမ်မှုရှိမနေခြင်းကြောင့် ဖြစ်တန်ရာသည်ဟု မှတ်ချက်ချရုံသာ တတ်နိုင်ပါသည်။ ထိုတွေးလုံးမှတပါး အခြားဖြစ်နိုင်ချေများ ကို စဉ်းစားမရသောကြောင့် ဟွမ်းလင်းအယ်ကို နှစ်သိမ့်ရုံသာ တတ်နိုင်ပါသေးသည်။

“လင်းအယ် မင်းလည်း ကန်းနန်ဒေသထဲက နိုင်ငံငါးနိုင်ငံရဲ့ အခြေအနေကို သိပြီးလောက်ပြီ ထင် တယ်။ နောက်ပြီး ဒီကိစ္စမှာ ပိုင်ယွင်ဂိုဏ်းရဲ့ ဟယ်ယွင်နဲ့ ငါတို့နှစ်ယောက် ပြဿနာတက်လာခဲ့ တယ်။ သူတို့ဂိုဏ်းက မင်းကိုရန်ငြိုးဖွဲ့ပြီး ပစ်မှတ်ထားနိုင်တယ်။ ဒီတော့ ငါတို့နဲ့အတူ လျန်နိုင်ငံ က ကျန်းမိသားစုကို ခဏလိုက်ခဲ့ပါလား။ မင်းအဖေ ပြန်ရောက်လာရင် ငါတို့ပြန်ပို့ပေးပါ့မယ်။ ဘယ်လိုသဘောရလဲ”

ကျန်းချန်ရွှမ်၏ အကြံပေးစကားကို ကြားရသောအခါ ဟွမ်းလင်းအယ်တစ်ယောက် တွေဝေသွား သည်။ ဟွမ်းလင်းအယ်သည် ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ယွင်နိုင်ငံပြင်ပကို ခြေပင်မချ ဖူးပါ။ ကျန်းချန်ရွှမ်၏ အကြံကို လက်ခံလိုက်ပါက မွေးရပ်မြေနှင့် အလွန်ဝေးကွာသည့် လျန်နိုင်ငံ အထိ ခရီးသွားရမည့်အပြင် အချိန် အတိုင်းအတာ တစ်ခုအထိ ပြန်လာခွင့်မရတော့မည်ကို တွေး တောရင်း ချီတုံချတုံဖြစ်နေမိသည်။ ရှန်းရူယန်ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

“လင်းအာ လက်ရှိအခြေအနေအရ ညီမလေး ဒီမှာကျန်နေခဲ့ရင် အစ်ကိုကျန်းရော အစ်မရော စိတ် ပူနေရလိမ့်မယ်၊ အစ်မတို့နဲ့အတူ လိုက်ခဲ့ပါကွယ်၊ ညီမအဖေကလည်း အစ်မတို့စောင့်ရှောက်ပေး တာကို လိုလားမှာပါ”

ထိုအခါ ဟွမ်းလင်းအယ်လည်း ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲကြီး ချလိုက်တော့သည်။ ရှန်းရူယန်တို့ ကို ခေါင်းညိတ်ပြရင်း

“ဒါဆိုလည်း အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့ကို ဒုက္ခပေးရတော့မှာပဲ”

နာရီအနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟွမ်းလင်းအယ်နှင့်အတူ လ မင်းကြည့်ဂိုဏ်းမှ ထွက်ခွာလာခဲ့ကြသည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ အပြာရောင်အလင်း တန်းတစ်ခု ပျံသန်းလာသည်ကို သူတို့သုံးဦးလုံး မြင်လိုက်ကြရသည်။ အလင်းတန်းသည် အလွန် မြန်ဆန်သည့် အဟုန်ဖြင့် သူတို့ထံပါးသို့ ချဉ်းကပ်လာသည်။

“ဒေါ်လေးမန်”

အလင်းတန်းပိုင်ရှင်ကို မြင်သောအခါ ဟွမ်းလင်းအယ်က ဝမ်းသားအားရ နှုတ်ဆက်လိုက်သည်။ ထိုသူမှာ ဟွမ်းလင်းအယ်တို့ သားအဖနှင့် ရင်းနှီးကျွမ်းဝင်သူ မန်လန်ကျူးဖြစ်ပြီး ပိုင်ယွင်ဂိုဏ်းအ တွင်း၌ ဟယ်ယွင်နှင့် အားပြိုင်နေသူ ရွှေအမြုတေအဆင့် အဓိပတိအကြီးအကဲတစ်ဦးဖြစ်သည်။ မန်လန်ကျူးသည် နတ်ဆိုးသားရဲကပ်ဘေးအတွင်းက ရရှိခဲ့သော ဒဏ်ရာကို ဂူပိတ်ကုသနေ သောကြောင့် လမင်းကြည့်ဂိုဏ်းတွင် ဖြစ်ပွားနေသော အချင်းအရာများကို သိရှိခဲ့ခြင်းမရှိပါ။ ဂူ ပိတ်ကျင့်ကြံမှု ပြီးဆုံးသည့်အခါမှ အကြောင်းစုံကို သိရှိပြီး ဟွမ်းလင်းအယ်ထံ ချက်ချင်းလိုက်လာ ခြင်းဖြစ်သည်။ မန်လန်ကျူးသည် ဟွမ်းလင်းအယ်ကို စေ့စပ်စွာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“လင်းအယ် သမီးဘာမှမဖြစ်လို့ တော်သေးတာပေါ့။ ဖြစ်သမျှအားလုံးကို ဒေါ်လေးကြားပြီးပါပြီ။ စိတ်မပူပါနဲ့တော့။ ဒေါ်လေးရှိနေပြီပဲ သမီးဘာမှမဖြစ်စေရပါဘူး”

ထိုအခါ ဟွမ်းလင်းအယ်က မန်လန်ကျူးကို ကျေးဇူးတင်စွာ ဦးညွတ်လိုက်ပြီး

“ကျေးဇူးတင်ပါတယ် ဒေါ်လေးမန်၊ ဒါပေမဲ့ သမီး လျန်နိုင်ငံကို အစ်ကိုကျန်းနဲ့ အစ်မရှန်းတို့နဲ့အ တူသွားဖို့ ဆုံးဖြတ်ပြီးပါပြီ”

ထိုအခါ မန်လန်ကျူး၏ အကြည့်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံ ရောက်လာသည်။

“ဒီက တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့ ထင်ပါရဲ့။ တို့တတွေ နောက်ဆုံးဆုံခဲ့တာ လွန်ခဲ့တဲ့ ၁၂ နှစ် ကျော်ကပဲ။ ဒီအတောအတွင်းမှာ ရွှေအမြုတေဖွဲ့စည်းနိုင်ခဲ့ကြတာပဲ။ ဂုဏ်ပြုပါတယ်”

ထို့နောက် မန်လန်ကျူးက ခေတ္တရပ်လိုက်ပြီးမှ စကားပြန်ဆက်သည်။

“လင်းအယ်ကို ရှင်တို့လက်ထဲထည့်လိုက်တာက ပိုပြီးစိတ်ချရမှာပါ။ ကျွန်မလည်း လင်းအယ်ကို အချိန်တိုင်း ကြည့်မနေနိုင်ဘူးလေ။ ရှင်တို့နှစ်ယောက်ကိုပဲ အကူအညီတောင်းရတော့မှာပဲ”

မန်လန်ကျူးက လက်သီးဆုပ်လျက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား လေးနက်စွာ ဂါရဝပြု လိုက်သည်။ ကျန်းချန်ရွှမ်တို့က ခေါင်းခါလိုက်ပြီး

“မဟုတ်တာ၊ ကျုပ်တို့မှာ လင်းအယ်ကို စောင့်ရှောက်ပေးရမဲ့ တာဝန်ရှိပါတယ်။ ကျုပ်တို့နှစ်‌ ယောက်က လင်းအယ်ရော၊ သူ့ရဲ့ဖခင် ဟွမ်းဝမ်ယုနဲ့ရော မိတ်ဆွေတွေဖြစ်နေလို့ သူ့အဖေမရှိစဉ် မှာ ကာကွယ်ပေးရမှာ ကျုပ်တို့တာဝန်ပါ။ ကျုပ်တို့ကလည်း လမင်းကြည့်ဂိုဏ်းကို စောင့်ရှောက် ပေးဖို့ တာအိုမိတ်ဆွေမန်ကို အကူအညီပြန်တောင်းပါရစေ”

“ကြည့်ပေးရမှာပေါ့”

မန်လန်ကျူးက သဘောတူလိုက်သည်။ စကားအနည်းငယ်ပြောဆိုပြီးနောက် ကျန်းချန်ရွှမ်တို့ လည်း မန်လန်ကျူးကို နှုတ်ဆက်ပြီး ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ မူလပထမ ကြံစည်ထား သည်က ယွင်နိုင်ငံကို ရောက်တုန်းရောက်ခိုက် ကန်းယန်ဂိုဏ်း၏ အဓိပတိအကြီးအကဲ ကျန်းပိုင် လုံထံ သွားရောက်ဂါရဝပြုရန် ဖြစ်သော်လည်း ဟွမ်းလင်းအယ်ပါလာပြီ ဖြစ်သောကြောင့် လုံခြုံ ရေးအရ လျန်နိုင်ငံသို့သာ အမြန်ဆုံးပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့ဆုံးဖြတ်ချက် မှန်ကန်သွား သည်ဟု ဆိုရမည်။ ကျန်းချန်ရွှမ်တို့သုံးဦး လျန်နှင့် ယွင်နှစ်နိုင်ငံအကြား နယ်နိမိတ်၊ နတ်ဆိုးသား ရဲများ ကျက်စားရာဒေသကို ဖြတ်သန်းပြီးသည်နှင့် လေပြင်းထောင်ချီ တောအုပ်အတွင်း နတ်ဆိုး ဘုရင် ငါးကောင် ရုတ်တရက် ပေါ်လာတော့သည်။

ကျန်းချန်ရွှမ်တို့ ယွင်နိုင်ငံကို ရောက်ရှိနေသည့်သတင်းကို ကြားသိပြီးဖြစ်၍ ကျန်းချန်ရွှမ်တို့အပြန် ကိုစောင့်ပြီး ကြားဖြတ်တိုက်ခိုက်ရန် စီစဉ်ထားကြခြင်းဖြစ်သည်။ သို့သော် နတ်ဆိုးသားရဲတို့ ခြေ တစ်လှမ်းနောက်ကျသွားသည်ဟု ဆိုရမည်။ သူတို့ပေါ်လာချိန်၌ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ သည် ဟွမ်းလင်းအယ်ကို ခေါ်ဆောင်လျက် ကျန်းမိသားစုထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ မိသားစုဌာနချုပ်ကို ပြန်ရောက်ရောက်ချင်း ရှန်းရူယန်သည် အဆင့် ၃ ဝိညာဉ်သွေးကြော၏ အ ထက်ရှိ လှိုဏ်ဂူတစ်ခုတွင် ဟွမ်းလင်းအယ်အား နေရာချထားပေးလိုက်သည်။ ဟွမ်းလင်းအယ် သည် ကျီဖုပထမအဆင့်ကို ရောက်ရှိနေပြီဖြစ်၍ အဆင့် ၃ ဝိညာဉ်သွေးကြောသည် သူမ၏ ကျင့် ကြံမှုအတွက် အထောက်အကူဖြစ်မှာသေချာပါသည်။

ဟွမ်းလင်းအယ်အတွက် နေရာထိုင်ခင်း စီစဉ်ပေးပြီးနောက်တွင် လျူလင်းလုံတို့လူစုလည်း ကျန်း ချန်ရွှမ်တို့ ပြန်ရောက်လာသည့် သတင်းကို ကြား၍ ချက်ချင်းရောက်လာကြသည်။

***

All Chapters