← Chapters

ရှန်းကွမ်းကျွမ့်ဟုန်

Vol. 17 Ch. 335

ရှန်းကွမ်းကျွမ့်ဟုန်

Vol. 17 Ch. 335

ထိုအခါ ကျန်းချန်ရွှမ်တို့သုံးဦး၏ အကြည့်က ဟွားမန်ရုံထံ ရောက်လာသည်။ ဟွားမန်ရုံက ရှင်းပြ လိုက်သည်။

“တစ်ခါတုန်းက ကျွန်မဆရာနဲ့အတူ စီနီယာခွန်ရှုဆီကို သွားတုန်းက အဲဒီပစ္စည်းနှစ်ခုကို ကျွန်မ မျက်လုံးနဲ့မြင်ခဲ့ဖူးပါတယ်”

“တာအိုမိတ်ဆွေခွန်ရှုလား”

ကျန်းချန်ရွှမ်တို့သုံးဦးလည်း ဝမ်းမြောက်သွားကြသည်။ ဝမ်ရှုကျွန်းက ဝမ်းသာအားရဆိုသည်။

“ခွန်ရှုဆီမှာရှိရင် အဲဒီပစ္စည်းတွေကို ရနိုင်ချေရှိတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေတန်ဖိုးက သေးမှာမ ဟုတ်လို့ တန်ကြေးတစ်ခုပေးဝယ်ဖို့ လိုမယ်ထင်တယ်”

စီးဆင်းမီးလျှံနှင့် ဝမ်ရှုကျွန်းတို့သည် ခွန်ရှုအကြောင်း နောကျေနေသူများဖြစ်၍ ထိုပုဂ္ဂိုလ်ထံမှ တစ်စုံတစ်ရာကို အလိုရှိပါက သွေးဆောင်စည်းရုံးခြင်း၊ အများအကျိုးအတွက် အလှူခံခြင်းနည်း လမ်းများ အသုံးပြု၍မရဘဲ သူတောင်းဆိုသည့် တန်ဖိုးကို ပေးချေဝယ်ယူရလိမ့်မည်ဖြစ်သည်။ ထို့ ပြင် ခွန်ရှုသည် သူတို့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေ၍ သတိထားပြီး ဆက်ဆံမှ သင့်တော်မည်ဖြစ်သည်။ ထိုစဉ် စီးဆင်းမီးလျှံက

“ခွန်ရှုသာ အဲဒီပစ္စည်းနှစ်ခုကို ပေးဖို့သဘောတူမယ်ဆိုရင် သူ့ကို ကျုပ်မှာရှိတဲ့ မပြီးပြည့်စုံသေးတဲ့ ဂမ္ဘီရနည်းစနစ်ကျင့်စဉ်တစ်ခု ပေးဖို့အသင့်ရှိပါတယ်”

ခွန်ရှုသည် ဂမ္ဘီရနည်းစနစ်များတွင် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပြီး ထိုနည်းစနစ်ကိုသာ ရရှိမည်ဆိုပါ က သူပိုင်ဆိုင်သည့် ကုန်ကြမ်းပစ္စည်းနှစ်ခုကို တောင်းယူ၍ ရနိုင်ချေရှိသည်။ ထိုပစ္စည်းနှစ်ခုသည် အဆင့် ၄ ပဏာမအဆင့်သာရှိသည့်အတွက် သူ့လို ရွှေအမြုတေအဆင့် တစ်ဦးအတွက် အသုံးမ ဝင်လှပေ။ ထို့ပြင် ကပ်ရောဂါအရေးလည်း ဖြစ်သည့်အတွက် ရှောရှောရှုရှု ထုတ်ပေးလိုက်ဖို့သာ များသည်။ သူတို့တွေးထင်ထားသည့် အတိုင်းပင်ဖြစ်သည်။ ဝမ်ရှုကျွန်းသည် စီးဆင်းမီးလျှံ၏ နည်းစနစ်ကျမ်းကိုယူပြီး ခွန်ရှုထံသွားရောက်ကာ ကုန်ကြမ်းပစ္စည်းနှစ်ခုကို အလွယ်တကူပင် လဲ လှယ်နိုင်ခဲ့သည်။

ထိုပစ္စည်းနှစ်ခု လက်ထဲရောက်ရှိလာသည်နှင့် ကျန်းချန်ရွှမ်လည်း ကောင်းကင်ဘုံရတနာ ဆေး ပြားကို စတင်သွန်းလုပ်ပါတော့သည်။ စနစ်ထံမှ ရရှိထားသည့် အတွေ့အကြုံများနှင့် ကျွမ်းကျင်မှု များကြောင့် သွန်းလုပ်ရာတွင် အခက်အခဲမရှိပါ။ တစ်ပတ်ကြာပြီးနောက် ဘောလုံးတစ်လုံးအရွယ် ရှိပြီး ဝိုင်းစက်ချောမွတ်နေသည့် ကျောက်စိမ်းဆေးလုံးတစ်ခုကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ပါ တော့သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ဆေးလုံးကို ယူဆောင်ကာ ဝမ်ရှုကျွန်း၊ စီးဆင်းမီး လျှံတို့နှင့်အတူ ဆန်းမင်စီရင်စုသို့ ပြန်လည်ရောက်ရှိလာကြသည်။ ထို့နောက် ကျန်းချန်ရွှမ်သည် ဆေးလုံးကို အသက်သွင်းလိုက်ရာ လတ်ဆတ်သင်းပျံ့သည့် ဆေးရနံ့တစ်ခု လေထုထဲ လွင့်ပျံလာ တော့သည်။

ထိုဆေးရနံ့ ဖြတ်သန်းသွားရာ လေစီးကြောင်းတစ်လျှောက်တွင် မီးခိုးရောင်မြူခိုးများ ထွက်ပေါ် လာပြီး ထိုဆေးရနံ့ကို ရှုရှိုက်မိသည့် ရောဂါကူးစက်ခံရသူများ၏ ခန္ဓာကိုယ်တွင်းမှလည်း မြူခိုး များ လွင့်ထွက်သွားပြီး ထိုသူတို့၏ ကိုယ်တွင်းကိုယ်ပအားလုံးကို ဆေးရနံ့က အဆက်မပြတ် သန့် စင်ပေးလျက်ရှိသည်။ ထိုမြင်ကွင်းကို ဝမ်ရှုကျွန်းတို့ ကျေနပ်အားရစွာ ကြည့်ရှုနေမိကြသည်။ ဤ နှုန်းအတိုင်းသာဆိုလျှင် မကြာမီကာလအတွင်း ကပ်ရောဂါကြီး ချုပ်ငြိမ်းသွားဖို့ရှိပြီး လျန်နိုင်ငံအ တွက်တော့ မင်္ဂလာသတင်းကောင်းတစ်ရပ် ဖြစ်သည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသည့် တ ရားခံလက်သည် ပလိပ်နတ်ဆိုး အမည်ခံ ရှန်းကွမ်းကျွမ့်ဟုန်အတွက်တော့ သတင်းဆိုးတစ်ရပ် ဖြစ်ပါလိမ့်မည်။

ထိုသူကျင့်ကြံသည့် မိစ္ဆာနည်းစနစ်သည် ရောဂါကပ်ဆိုးကျမ်းစာ ကျင့်စဉ်ဟု ခေါ်တွင်သည်။ လူ သိန်းပေါင်းများစွာကို သေကြေပျက်စီးစေသည့် ကူးစက်ကပ်ရောဂါတစ်ခုကို ဖန်တီးစေလွှတ်ပြီး သေဆုံးသူများထံမှ ပလိပ်ချီကို ရယူစုဆောင်းကာ မိမိ၏ ကျင့်ကြံမှုအဆင့်နှင့် အင်အားကို မြှင့် တင်ရသည့် နည်းစနစ်တစ်ရပ်ဖြစ်သည်။ သူ၏ မူလနတ်ဆိုးရတနာဖြစ်သည့် ပလိပ်အလံသည် လည်း အဆိုပါကျင့်စဉ်နှင့် တူညီမှုရှိသည်။ ပလိပ်နတ်ဆိုးသည် လူသန်းပေါင်းများစွာကို သတ် ဖြတ်ပြီးဖြစ်သော်လည်း သူ၏ ပလိပ်အလံလက်နက်သည် အဆင့် ၄ အလယ်အဆင့်သာ ရှိသည့် အတွက် သူကိုယ်တိုင်လည်း ရွှေအမြုတေ ဆဌမအဆင့်တွင်သာ ရပ်တန့်လျက်ရှိသည်။

ထို့ကြောင့် သည်တစ်ကြိမ်တွင် နောက်ထပ် လူသန်းဂဏန်းကို ထပ်မံသုတ်သင်နိုင်ခဲ့ပါက သူ၏ ပ လိပ်အလံလက်နက်နှင့်တကွ ကျင့်ကြံမှုအဆင့်သည် နောက်တစ်ဆင့်ကို ထိုးဖောက်တက်လှမ်း သွားပြီး ရွှေအမြုတေနှောင်းပိုင်းအဆင့်အထိ ရောက်ရှိသွားရန် အခွင့်အလမ်းများနေသည်။ သို့ရာ တွင် ယခုရောဂါကပ်ကြီးကို ဖန်တီးရခြင်းသည် အထက်ပါ အကြောင်းရင်းတစ်ခုတည်းကြောင့် မ ဟုတ်ဘဲ လျန်နိုင်ငံတွင်းရှိ သေမျိုးလူသားများနှင့် ကျင့်ကြံသူများကို တုန်လှုပ်သွေးပျက်စေလို သည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။ ဤရောဂါကပ်ကြီးသာ ဆက်လက်ဖြစ်ပွားနေပါက စင်မြင့် နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့၏ ဂုဏ်သိက္ခာနှင့် အုတ်မြစ်ကို ဖြိုလှဲလိုက်သလိုဖြစ်ပြီး ကျင်းနိုင်ငံ နှင့် လျန်းနိုင်ငံတို့ စစ်ပွဲဖြစ်ပွားချိန်တွင် ကျင်းနိုင်ငံဖက်မှ သိသိသာသာ အသာစီးရယူနိုင်မည်ဖြစ် သည်။

ထိုအချိန်ရောက်လျှင် လျန်နိုင်ငံ၏ နယ်မြေအများအပြားကို သိမ်းယူရန်လည်း ရည်ရွယ်ရင်းရှိနှင့် ပြီးဖြစ်သည်။ ရှန်းကွမ်းကျွမ့်ဟုန်၏ နောက်ကွယ်တွင် ရှန်းကွမ်းမိသားစုရှိနေပြီး ထိုမိသားစု၏ အ မိန့်အရ ရောဂါကပ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရာပေါင်းများစွာက ရှန်းကွမ်းကျွမ့် ဟုန်သည် နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံခဲ့ခြင်းကြောင့် ရှန်းကွမ်းမိသားစုမှ နှင်ထုတ်ခြင်းကို ခံခဲ့ရ သော်လည်း အဆိုပါဖြစ်စဉ်သည် ရှန်းကွမ်းမိသားစုက ကျင့်ကြံခြင်းလောကကို လူမြင်ကောင်း အောင် ဟန်ပြသဘောမျိုး ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး ထိုအချိန်မှစ၍ ယနေ့အထိ ရှန်းကွမ်းမိ သားစုနှင့် ရှန်းကွမ်းကျွမ့်ဟုန် အကြားတွင် နီးကပ်သည့် ဆက်ဆံရေးတစ်ခု ရှိနေပါသည်။

***

All Chapters