← Chapters

ကပ်ရောဂါ

Vol. 17 Ch. 332

ကပ်ရောဂါ

Vol. 17 Ch. 332

“ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး”

“ဘာဖြစ်လို့လဲ…ရှင်ဆိုလိုတာက….”

ထိုအချိန်တွင် ရှန်းရူယန်က တစ်စုံတစ်ရာကို အတွေးပေါက်သွားဟန်နှင့် ငြိမ်ကျသွားသည်။ ကျန်း ချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဒီရောဂါရဲ့ ပြင်းထန်မှုနဲ့ ကူးစက်မှုမြန်နေပုံတွေကို ထောက်ရင် သဘာဝအတိုင်း ဖြစ်လာတဲ့ရောဂါမျိုး မဟုတ်ဘဲ လူဖန်တီးတဲ့ရောဂါ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ လတ်တလောမှာ လက်ဆုပ်လက်ကိုင် မယ်မယ်ရရ မပြနိုင်သေးတော့ စင်မြင့်ကိုရောက်မှပဲ အသေးစိတ်သိရမယ် ထင်တယ်”

မကြာခင် ကျန်းချန်ရွှမ်လည်း ကျောက်စိမ်းရေဓားစင်မြင့်သို့ တစ်ကိုယ်တည်း ခရီးထွက်သွားပြီး ရှန်းရူယန်မှာ ကျန်းမိသားစုကို ကြီးကြပ်ကွပ်ကဲရန် ကျန်ရစ်ခဲ့သည်။ ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုမှာ ရွှေအမြုတေအဆင့်ကို ရောက်ရှိနေပြီးဖြစ်၍ စင်မြင့်ဌာနချုပ်ကို ရောက်ရှိရန် နေ့တစ်ပိုင်းသာ ကြာမြင့်ပါသည်။ ကျန်းချန်ရွှမ်လည်း ဌာနချုပ်ကို ရောက်လျှင်ရောက်ချင်း သတင်းပို့လိုက်ရာ လူ နှစ်ဦးရောက်ရှိလာသည်။ ထိုနှစ်ဦးမှာ သူနှင့်မိတ်ဟောင်းကျွမ်းဟောင်းများ ဖြစ်သည့် ဟွားမန်ရုံ နှင့် ဟောင်တုန်းပိုင်တို့ဖြစ်သည်။ ကျန်းချန်ရွှမ်ကို မြင်သောအခါ ဟောင်တုန်းပိုင်က ဝမ်းသာအား ရ ဆိးကြိုဂုဏ်ပြုသည်။

“တာအိုမိတ်ဆွေကျန်းပါလား။ ကျုပ်တို့နောက်ဆုံးတွေ့ပြီးကတည်းက ခင်ဗျားရဲ့ တိုးတက်မှုက အံ့မခန်းပဲ။ အချိန်တိုအတွင်း ရွှေအမြုတေ သိပ်သည်းနိုင်ခဲ့တယ်။ ခင်ဗျားဇနီးလည်း အတူတူပဲ ထင်ပါရဲ့၊ ဂုဏ်ယူပါတယ်”

ဟောင်တုန်းပိုင်က ဝမ်းမြောက်စွာ ဂုဏ်ပြုချိန်တွင် ဟွားမန်ရုံမှာမူ ကျန်းချန်ရွှမ်၏ နောက်တစ် ဆင့်တက်လှမ်းခြင်းအတွက် ခံစားချက်အမျိုးမျိုး ရောပြွမ်းဖြစ်တည်လျက်ရှိသည်။ သို့သော် မိတ် ဆွေတို့၏ ဝတ္တရားအတိုင်း ကျန်းချန်ရွှမ်အား ထပ်တူဂုဏ်ပြုလိုက်သည်။

“နှုတ်ဆက်ပါတယ် စီနီယာကျန်း၊ ရွှေအမြုတေ ဖွဲ့တည်နိုင်လို့ ဂုဏ်ယူပါတယ်။ ရှင့်အနာဂတ်က တကယ်ကို အလားအလာကောင်းနေပါတယ်”

ကျန်းချန်ရွှမ်က အသာလက်ကာပြလိုက်ပြီး

“တာအိုမိတ်ဆွေဟွား ကျုပ်ကို ဒီလိုဆက်ဆံစရာ မလိုပါဘူးဗျာ။ ကျုပ်တို့က မိတ်ဆွေရင်းချာတွေ ပဲလေ၊ အရင်ကအတိုင်း တာအိုမိတ်ဆွေကျန်းလို့ပဲ ခေါ်ပေးပါ”

ကျန်းချန်ရွှမ်၏ အပြုအမူ၊ အပြောအဆိုမှာ အမှန်ပင် ရိုးသားစစ်မှန်နေသောကြောင့် ဟွားမန်ရုံ၏ နှလုံးသားမှာ နွေးထွေးသွားမိတော့သည်။

“ဒါဆိုလည်း အရင်အတိုင်းပဲ ဆက်လက်သုံးနှုန်းပါ့မယ်”

ဘေးတွင် အသာနားထောင်နေသော ဟောင်တုန်းပိုင်သည် ကျန်းချန်ရွှမ်၏ စိတ်နေကြီးမြင့်ပုံကို ချီးကျူးအမှတ်ပေးနေမိသည်။ ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံသူတစ်ဦးသည် နောက်ထပ်နယ် ပယ်တစ်ခုကို တက်လှမ်းသွားနိုင်ပါက အရင်က သူနှင့် နယ်ပယ်၊ အဆင့်တူ မိတ်ဆွေများကို စီနီ ယာပုဂ္ဂိုလ်တစ်ဦးအဖြစ် အထက်စီးမှ ဆက်ဆံလေ့ရှိကြပြီး ထိုအပြုအမူမှာ ထုံးတမ်းစဉ်လာတစ်ခု သဖွယ်ဖြစ်နေပါသည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာမူ ထိုကဲ့သို့ လူစားမျိုးမဟုတ်ပါ။ ကျန်းချန်ရွှမ်တို့သုံးဦးလည်း စကားစမြည် အနည်းငယ်ပြောဆိုပြီးနောက် ဟောင်တုန်းပိုင်မှ ဦး ဆောင်ပြီး ကျောက်စိမ်းရေဓားစင်မြင့်၏ ဧည့်ခန်းအတွင်းသို့ ဦးဆောင်ခေါ်သွားသည်။

ခန်းမအတွင်း‌ နေရာယူကြပြီးနောက် ကျန်းချန်ရွှမ်က လာရင်းကိစ္စဖြစ်သည့် ရောဂါကပ်ဘေးကြီး အကြောင်း စကားစသည်။ ကျန်းချန်ရွှမ်၏ ရှင်းလင်းတင်ပြချက်ကို နားထောင်ရင်း ဟောင်တုန်း ပိုင်နှင့် ဟွားမန်ရုံတို့၏ မျက်နှာအမူအရာများ တင်းမာလေးနက်လာတော့သည်။ စကားဆုံးသည့် အခါ ဟောင်တုန်းပိုင်က

“အမှန်အတိုင်းပြောရရင် ဒီရောဂါကပ်ကြောင့် ဆန်းမင်စီရင်စုတစ်ခုလုံးမှာ ထိခိုက်ဆုံးရှုံးမှု အကြီး အကျယ်ဖြစ်သွားခဲ့တယ်။ စီရင်စုတစ်ခုလုံးမှာ ရောဂါကြောင့် သေဆုံးတဲ့ သေမျိုးလူသားအရေအ တွက်က ခြောက်သန်းကျော်နေပြီ။ ပြီးတော့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ သုံးထောင်ကျော်နဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ဆယ်ဦးထက်မနည်း ကွယ်လွန်ခဲ့သေးတယ်။ နောက်ပြီး ကောင်းကင်ယွဲ့ဂိုဏ်းက တာအိုမိတ်ဆွေဝမ်းရဲ့ အဆိုအရ ဒီကပ်ဘေးကို ကိုင်တွယ်ဖို့ အဆင့် ၄ ဝိ ညာဉ်သမားတော်တစ်ဦး လိုတယ်တဲ့။ မဟုတ်ရင် ကျုပ်တို့အနေနဲ့ ဒီကပ်ဘေးကို ထိန်းချုပ်ရုံသာ တတ်နိုင်ပြီး အမြစ်ပြတ်တဲ့အထိ နှိမ်နင်းနိုင်မှာ မဟုတ်ဘူးတဲ့”

ဟောင်တုန်းပိုင်ရည်ညွန်းသည့် တာအိုမိတ်ဆွေဝမ်းဆိုသူမှာ ကောင်းကင်ယွဲ့ဂိုဏ်း၏ ရေခဲနတ်သ မီးဟု ထင်ရှားသူ ဝမ်ရှုကျွန်းဖြစ်သည်။ ထိုအမျိုးသမီးသည် လျန်နိုင်ငံတစ်ခုလုံးတွင် ဝိညာဉ်ဆေး ပညာကို ကျင့်ကြံလိုက်စားသည့် တစ်ဦးတည်းသောသူဖြစ်သည်။ သို့သော် သူမ၏ လတ်တလော ဆေးပညာအဆင့်မှာ အဆင့် ၃ သာရှိသည့်အတွက် ကပ်ရောဂါကို အပြီးတိုင် ဖယ်ရှားရန် တတ် နိုင်စွမ်းမရှိသေးပါ။

“အဆင့် ၄ ဝိညာဉ်သမားတော်တဲ့လား”

ကျန်းချန်ရွှမ်တစ်ယောက် မျက်မှောင်ကြုတ်သွားမိသည်။ သူကြီးပြင်းလာခဲ့သည့် ယွင်နိုင်ငံတွင် အဆိုပါ အဆင့် ၄ ဝိညာဉ်သမားတော် ရှိသည်ဟု ကြားပင်မကြားဖူးပါ။ ယန်နိုင်ငံတွင် ရှိမရှိကို တော့ မပြောတတ်သော်လည်း အမှန်တကယ် ရှိနေခဲ့လျှင် ဟောင်တုန်းပိုင်တို့အနေနှင့် ထိုသမား တော်က ရှေးဦးမဆွကတည်းက ဖိတ်ခေါ်ပြီးဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ယန်နိုင်ငံတွင်လည်း မရှိဖို့များသည်။ ကျင်းနိုင်ငံနှင့် ရှုနိုင်ငံတို့တွင် အဆင့် ၄ ဝိညာဉ်သမားတော် အနည်းဆုံးတစ်ဦး ရှိ ကောင်းရှိနိုင်သော်လည်း နိုင်ငံအုပ်စုနှစ်ခုအကြား အကြီးအကျယ် တင်းမာနေကြပြီး နှစ်ဖက်စလုံး သည် တစ်ဖက်နိုင်ငံများတွင် ရောက်ရှိနေကြသည့် သူတို့၏ ကျင့်ကြံသူများနှင့် စီးပွားရေးလုပ်ငန်း များကို မိမိတို့နိုင်ငံများအတွင်းသို့ အသီးသီး ပြန်လည်ခေါ်ယူပြီးဖြစ်သည်။

ထိုအခြေအနေမျိုးတွင် အဆိုပါနှစ်နိုင်ငံမှ ဝိညာဉ်သမားတော်များကို ခေါ်ယူ အကူအညီတောင်း ရန် မဖြစ်နိုင်ပါ။ လက်ရှိအခင်းအကျင်းမျိုးတွင် သူတို့အနေနှင့် လျန်နိုင်ငံရှိ သေမျိူးလူသားများ၊ အဆင့်နိမ့်ကျင့်ကြံသူများ တစ်ဦးမကျန် သေဆုံးသွားဖို့ကိုပင် ဆုတောင်းနေကြဦးမည်ဖြစ်သည်။ ထို့ကြောင့် ဟောင်တုန်းပိုင်တို့အနေနှင့် ပြင်ပနိုင်ငံတစ်ခုမှ အကူအညီ တောင်းခံလိုပါက လျန်နိုင် ငံနှင့် အလွန်ဝေးကွာသည့် အရပ်တွင် တည်ရှိသည့် ယုနိုင်ငံအထိ ခရီးထွက်ရပါလိမ့်မည်။ ယုနိုင်ငံ သည် မြောက်ဘက်နယ်နိမိတ်တွင် တည်ရှိနေသည့် တိုင်းပြည်ကြီးတစ်ခုဖြစ်ပြီး အခြေတည်ဝိ ညာဉ်အဆင့် အင်အားစုသုံးခုအထိ ပိုင်ဆိုင်ထားကြသည်။ ထိုအင်အားစုသုံးရပ်မှာ ဓားလျှို့ဝှက် နန်းတော်၊ ချောင်မိသားစုနှင့် မင်ကျန်းမိသားစုတို့ အသီးသီးဖြစ်ကြသည်။

ထိုအဖွဲ့အစည်းသုံးခု လက်အောက်ရှိ ရွှေအမြုတေနှင့် ကျီဖုအဆင့် မိသားစု၊ ဂိုဏ်းတို့၏ အင်အား မှာ ကန်းနန်ဒေသရှိ နိုင်ငံငါးခု၏ စုပေါင်းအင်အားထက်ပင် များစွာသာလွန်လျက်ရှိသည်။ သို့ရာ တွင် ယုနိုင်ငံကို သွားရောက်ပြီး အကူအညီတောင်းခံရန် ခရီးအကွာအဝေးမှာ အလွန်များနေပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင် ယုနိုင်ငံကို အသွားအပြန် ခရီးနှင်ရင် အနည်းဆုံး ၆ လ ကြာမြင့်ပါလိမ့်မည်။ ထိုခြောက်လအတွင်း လျန်နိုင်ငံ၏ ရောဂါကပ်ဘေး အခြေအနေမှာ မျှော်မှန်း ထားသည်ထက် ဆိုးရွားသွားနိုင်သလို ယုနိုင်ငံမှ အဆင့် ၄ ဝိညာဉ်သမားတော်ကို ပင့်ဖိတ်ရန် ကုန် ကျစရိတ်မှာလည်း သေးမည်မဟုတ်ချေ။

“တခြားနည်းလမ်း ရှိသေးလား”

ကျန်းချန်ရွှမ်၏ အမေးကို ဟောင်တုန်းပိုင်က ခေါင်းညိတ်ပြလိုက်သည်။

“ရှိတယ်၊ ဒါပေမဲ့ ဒီနည်းလမ်းက အဆင့် ၄ ဝိညာဉ်သမားတော်ကို ရှာဖို့ထက်တောင် ခက်ဦးမယ်”

“ဘယ်လိုနည်းလမ်းလဲ စင်မြင့်သခင်ကြီး”

ထိုအခါ ဟောင်တုန်းပိုင်က ရှင်းပြသည်။

“ကပ်ရောဂါကို နှိမ်နင်းနိုင်တဲ့ ရတနာတစ်ပါးကို ရှာဖို့ပဲ။ ယုနိုင်ငံက ချောင်မိသားစုမှာ ကောင်း ကင်ဘုံပုလဲလုံး လို့ခေါ်တဲ့ ရတနာတစ်ပါးရှိတယ်လို့ ပြောကြတယ်။ ဒီပုလဲရတနာက အဆင့် ၅ အောက်က ကပ်ရောဂါတွေနဲ့ အဆိပ်မြူခိုးတွေကို နှိမ်နင်းနိုင်စွမ်းရှိတယ်တဲ့။ အဆင့် ၅ အထက် အဆိပ်မြူခိုးတွေကိုတောင် ထိန်းချုပ်နိုင်သေးတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဒီရတနာကို ရယူဖို့ က ဘယ်လောက်ခက်တယ်ဆိုတာ ခင်ဗျားလည်း ရိပ်မိမှာပါ”

“ကျုပ်သိပါပြီ”

ကျန်းချန်ရွှမ်က နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ လတ်တလောတွင် သူ့စိတ်ထဲတွင် စွဲမြဲ နေသည်က ဤရောဂါကပ်သည် သဘာဝအတိုင်း မဟုတ်ဘဲ လူဖန်တီးသည့် ကပ်ရောဂါတစ်ခု သာ ဖြစ်ကြောင်းပင်။ သို့သော် နောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူ မည်သူဖြစ်မည် ဆိုသည်ကို တော့ မတွေးတတ်သေးပါ။ ကျန်းချန်ရွှမ်က သူ့ထင်မြင်ချက်ကို ဟောင်တုန်းပိုင်အား ရှင်းပြလိုက် သောအခါ ဟောင်တုန်းပိုင်၏ မျက်နှာမှာ ရုတ်ခြည်းမည်းမှောင်သွားတော့သည်။ သူက

“တာအိုမိတ်ဆွေကျန်း ခင်ဗျားပြောတာမှန်တယ်။ ဒီရောဂါကပ်က လူလုပ်ကပ်ရောဂါတစ်ခု ဖြစ်ဖို့ များတယ်။ ဒါတင်မကဘူး၊ နောက်ကွယ်က လက်သည်က ရှန်းကွမ်းမိသားစုလို့ သံသယဝင်စရာ အချက်တွေလည်း ရှိနေပြန်တယ်”

ဟောင်တုန်းပိုင်၏ စကားကြောင့် ကျန်းချန်ရွှမ်တစ်ယောက် အံ့အားသင့်သွားသည်။ လျန်နိုင်ငံနှင့် အလွန်ဝေးကွာသော ကျင်းနိုင်ငံရှိ ရှန်းကွမ်းမိသားစုသည် ဤရောဂါကပ်ကြီး၏ နောက်ကွယ်က လက်သည်တရားခံ မည်သို့မည်ပုံ ဖြစ်နေမည်ကို မစဉ်းစားတတ်ပါ။ ဟောင်တုန်းပိုင်က ကျန်းချန် ရွှမ်၏ သံသယကို ရိပ်စားမိဟန်နှင့်

“တာအိုမိတ်ဆွေကျန်း၊ ခင်ဗျား ပလိပ်နတ်ဆိုး အကြောင်းကို ကြားဖူးရဲ့လား”

ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။

“မကြားဖူးဘူးဗျ၊ တစ္ဆေရိပ်နတ်ဆိုးနဲ့ အရိပ်နတ်ဆိုးတို့ပဲ ကြားဖူးတယ်”

ဟောင်တုန်းပိုင်က ခေါင်းညိတ်လိုက်ပြီး

“ခင်ဗျားက ယွင်နိုင်ငံမှာပဲ ကြီးပြင်းလာတာမလား၊ ဒီနတ်ဆိုးအကြောင်း မကြားဖူးတာ မဆန်းပါ ဘူး”

ထို့နောက် ဟောင်တုန်းပိုင်က စိတ်ရှည်လက်ရှည် အသေးစိတ်ရှင်းပြသည်။ အဆိုပါ ပလိပ်နတ် ဆိုး ကျက်စားသည့်နေရာမှာ လျန်နှင့် ယန်နှစ်နိုင်ငံတွင်သာ ဖြစ်သည်ဟုဆိုသည်။ လွန်ခဲ့သည့် နှစ်သုံးရာက ယန်နိုင်ငံမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ထိုပလိပ်နတ်ဆိုးတို့ ထိပ် တိုက်တွေ့ကြပြီး ပလိပ်နတ်ဆိုးမှာ ဒဏ်ရာအကြီးအကျယ်ရသွားကာ ထိုအချိန်မှစ၍ အဆိုပါနတ် ဆိုးသည် ကျင့်ကြံခြင်းလောကမှ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ သို့သော် လွန်ခဲ့ သည့်နှစ်တစ်ရာမှ အစပြု၍ ပလိပ်နတ်ဆိုး၏ လှုပ်ရှားမှု အရိပ်အယောင်များကို ကြိုကြားကြို ကြား တွေ့လာရသည်ဟုဆိုသည်။ လက်ရှိအချိန်တွင် ပလိပ်နတ်ဆိုးအနေနှင့် ကိုယ်တိုင်လူလုံး ထွက်ပြခြင်းမရှိသေးသော်လည်း ဆန်းမင်နှင့် မေပယ်ရွက်ပြာစီရင်စုတို့တွင် အကြီးအကျယ် ဖြစ် ပွားနေသည့် ရောဂါကပ်၏ အတိုင်းအဆအရ ထိုကပ်မျိုးကို ဖန်တီးစီရင်နိုင်သူမှာ ပလိပ်နတ်ဆိုး တစ်ဦးသာ ရှိကြောင်း ဟောင်တုန်းပိုင်က အခိုင်အမာပြောသည်။

“ဒီနတ်ဆိုးရဲ့ နာမည်ရင်းကို ခင်ဗျားသိလား တာအိုမိတ်ဆွေကျန်း”

သည်တစ်ကြိမ်တွင်တော့ ကျန်းချန်ရွှမ် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင် ဟောင်တုန်းပိုင်က သူ့မေး ခွန်းကို သူကိုယ်တိုင် ဖြေကြားလိုက်သည်။

“သူ့နာမည်ရင်းက ရှန်းကွမ်းကျွမ်းဟုန် တဲ့။ ဒီလူက လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက ရှန်းကွမ်းမိ သားစုကနေ မောင်းထုတ်ခံခဲ့ရတယ်။ မောင်းထုတ်ခံရတဲ့ အကြောင်းရင်းက နတ်ဆိုးမိစ္ဆာနည်းစ နစ်တစ်ခုကို လျှို့ဝှက်ကျင့်ကြံခဲ့လို့ပဲ”

***

All Chapters