← Chapters

ကောင်းကင်ဘုံရတနာဆေးပြား

Vol. 17 Ch. 333

ကောင်းကင်ဘုံရတနာဆေးပြား

Vol. 17 Ch. 333

ပလိပ်နတ်ဆိုး၏ နောက်ခံသမိုင်းမှာ ရှန်းကွမ်းမိသားစုနှင့် အဓိကပတ်သက်နေလိမ့်မည်ဟု ကျန်း ချန်ရွှမ် မမျှော်လင့်ထားခဲ့ပါ။ ဟောင်တုန်းပိုင်နှင့် စင်မြင့်အကြီးအကဲများအနေနှင့် ကပ်ရောဂါ၏ အဓိကလက်သည်မှာ ရှန်းကွမ်းမိသားစုဖြစ်သည် ဟူသောစွပ်စွဲချက်မှာလည်း အပြစ်ဆိုဖွယ်မရှိပါ။ ယခုလို အခင်းအကျင်းမျိုးတွင် အဆိုပါတွေးလုံးမှာ မှန်ကန်နိုင်ချေများပါသည်။ လျန်နိုင်ငံနှင့် ကျင်းနိုင်ငံတို့အကြား ပဋိပက္ခတင်းမာမှု စတင်ဖြစ်ပွားပြီး မကြာခင်မှာပင် လျန်နိုင်ငံကို ရောဂါအ ဖျက်အမှောင့်တစ်ခုက အပြင်းအထန် တိုက်ခိုက်နေသည်လေ။ လက်ရှိအချိန်တွင် မှန်းဆရုံ တွေး လုံးအဆင့်သာရှိသေးသော်လည်း ဟောင်တုန်းပိုင်၏ ယူဆချက်မှာ အမှန်တရားနှင့် နီးစပ်လိမ့် မည်ဖြစ်ကြောင်း ကျန်းချန်ရွှမ် ယုံကြည်မိသည်။

“ဒါဆို ပလိပ်နတ်ဆိုးကို ရှာဖို့ ဖြစ်နိုင်မလား”

ကျန်းချန်ရွှမ်၏ အမေးကိုကြားသောအခါ ဟောင်တုန်းပိုင်တစ်ယောက် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး

“တာအိုမိတ်ဆွေကျန်း သိတဲ့အတိုင်းပဲ။ နတ်ဆိုးကျင့်ကြံသူတွေဟာ အရမ်းဉာဏ်များတဲ့အပြင် ခြေရာဖျောက်၊ ဖုံးကွယ်တဲ့နေရာမှာ အထူးကျွမ်းကျင်တယ်လေ။ သူ့ကိုရှာတွေ့ဖို့ထက် ကောက်ရိုး ပုံထဲက အပ်ကို ရှာဖို့ကတောင် ပိုလွယ်ဦးမယ်။ ဒီရောဂါကို ကိုင်တွယ်နိုင်မဲ့ နည်းလမ်းတစ်ခု တွေ့ ရင်တော့ လူလုံးထွက်ပြလာလိမ့်မယ် ထင်တယ်၊ ဒါမှမဟုတ် သူ့ကို မခံချင်အောင် ဆွပေးနိုင်ရင် လည်း ပေါ်လာနိုင်ချေရှိတယ်၊ ဒီပြင့်နည်းလမ်းတော့ ကျုပ်လည်း မစဉ်းစားတတ်တော့ဘူး”

သူ့စကားအရ စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်း၏ အကြီးအကဲများသည် တတ်စွမ်းသမျှ နည်း လမ်းပေါင်းစုံဖြင့် ကြိုးစားကြံစည်ပြီးပြီ ဖြစ်ကြောင်းထင်ရှားနေသည်။ နတ်ဆိုးကျင့်ကြံသူများ သည် ကိုင်တွယ်ရ အလွန်ခက်ခဲကြောင်း ကျန်းချန်ရွှမ် မှတ်ချက်ချမိသည်။ ထို့နောက် ကျန်းချန် ရွှမ်က တစ်စုံတစ်ခုကို အမှတ်ရမိလိုက်သည်။

“စနစ်က ရထားတဲ့ အဆိပ်ဖြေဆေးပြားက ဒီရောဂါကပ်ကို နှိမ်နင်းနိုင်မလား မသိဘူး။ တကယ် လို့ရခဲ့မယ်ဆိုရင် ဒီအခွင့်အရေးကို အသုံးချပြီး ပလိပ်နတ်ဆိုးကို လူလုံးထွက်ပြလာအောင် မျှား ခေါ်လို့ရမယ်”

ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ဟောင်တုန်းပိုင်အား တစ်ခုတောင်းဆိုလိုက်သည်။

“စင်မြင့်သခင်ဟောင်၊ ဆန်းမင်စီရင်စုကို ကျုပ်ဝင်ကြည့်လို့ဖြစ်မလား”

ဟောင်တုန်းပိုင်က အထွေအထူး မေးမြန်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားသွားချင်ရင် မန်ရုံကို ထည့်ပေးလိုက်မယ်။ ကိစ္စလေးတွေ ရှိသေးလို့ ကျုပ်တော့မလိုက်နိုင် သေးဘူး”

ကျန်းချန်ရွှမ်က ဟောင်တုန်းပိုင်၏ အခက်အခဲကို နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့ နောက်တွင် ကျန်းချန်ရွှမ်လည်း အချိန်မဆွဲတော့ဘဲ ဟွားမန်ရုံနှင့်အတူ ဆန်းမင်စီရင်စုထံ ထွက် ခွာလာခဲ့သည်။ ရောက်လျှင်ရောက်ချင်းပင် ကျန်းချန်ရွှမ်သည် အမှောင်ထဲမှ ရွှေအမြုတေအဆင့် ဝိညာဉ်ဖိအားနှစ်ရပ်ကို အာရုံခံမိလိုက်သည်။ ထိုအခါ ဟွားမန်ရုံက ကျန်းချန်ရွှမ်ကို အဝေးရောက် အသံပို့စနစ်ဖြင့် ရှင်းပြသည်။

“ပြဿနာတစ်ခုခု မဖြစ်ဖို့အတွက် ကျွန်မတို့စင်မြင့်က အကြီးအကဲ စီးဆင်းမီးလျှံနဲ့ ကောင်းကင် ယွဲ့ဂိုဏ်းက အကြီးအကဲဝမ်းတို့ ဒီနေရာကို စောင့်ကြပ်ပေးနေတာပါ”

“ဒီလိုလား”

ကျန်းချန်ရွှမ်လည်း အခြေအနေကို နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။ မကြာမီ သူတို့နှစ်ဦး ရှေ့မှောက်ရှိ အစီအရင်စက်ဝန်းအတွင်းမှ တံခါးတစ်ချပ် ပွင့်လာသည့်အတွက် နှစ်ယောက်သား ဝင်ရောက်လိုက်ကြပြီး ဆန်းမင်စီရင်စုအတွင်း ခြေချမိလိုက်ကြသည်။ စီရင်စုအတွင်း၌ မြို့တွင်း လမ်းမများထက်တွင် လူသူတစ်ဦးတစ်လေမှ တွေ့ရခြင်းမရှိပါ။ သေမျိုးလူသားများနှင့် ကျင့်ကြံ သူများကို အပြင်မထွက်ရန် တားမြစ်ထားသောကြောင့်ဖြစ်သည်။ အဆိုပါ တားမြစ်ချက်မှာ ကပ် ရောဂါပျံ့ပွားခြင်းမရှိရန် အတွက်ဖြစ်ပြီး လမ်းမပေါ်တွင် သေမျိုးလူသားနှစ်ဦးမှလွဲပြီး လူသူကင်း ရှင်းလျက်ရှိသည်။

ထိုသေမျိုးလူသားနှစ်ဦးသည် လမ်းထောင့်တစ်နေရာတွင် နာကျင်စွာ ညည်းညူလျက် တွားသွား နေပြီး ကိုယ်ခန္ဓာအတွင်းမှ အဝါရောင်နှင့် အနက်ရောင် ပြည်များ ယိုစီးထွက်လျက်ရှိသည်။ ကျန်း ချန်ရွှမ်နှင့် ဟွားမန်ရုံတို့မှာ ထိုမြင်ကွင်းကြောင့် စိတ်မသက်မသာ ဖြစ်သွားကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က ကျောက်စိမ်းရောင်ဆေးပြားတစ်ပြားကို ထုတ်ယူပြီးနောက် ရေတွင်ပျော်ဝင်စေ ပြီး ထိုလူနှစ်ဦးကို တိုက်ကျွေးလိုက်သည်။ သေမျိုးလူသားနှစ်ဦး ဆေးပြားကို သောက်သုံးပြီး နောက် ကျန်းချန်ရွှမ်က ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိမရှိကို အနီးကပ်လေ့လာနေမိသည်။ ဘေး တွင် ရပ်ကြည့်နေသော ဟွားမန်ရုံက ကျန်းချန်ရွှမ်၏ ဆေးပြားသည် ရောဂါပျောက်ကင်းရန် အ ကျိုးသက်ရောက်မှု ရှိမည်ဟု မထင်သော်လည်း တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ရပ်ကြည့်နေ သည်။

ငါးမိနစ်ကြာပြီးသည်အထိ တစ်စုံတစ်ရာ ပြောင်းလဲတိုးတက်မှု မရှိသည့်အတွက် ကျန်းချန်ရွှမ် မျက်မှောင်ကြုတ်သွားမိသည်။ အဆင့် ၁ အဆိပ်ဖြေဆေးပြားသည် သေမျိုးလူသားနှစ်ဦး အပေါ် တွင် အကျိုးသက်ရောက်မှု ရှိပုံမရပါ။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် အဆင့် ၂ အဆိပ်ဖြေဆေး ပြားကို အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုဆေးပြားသည် အခြေခံတည်ဆောက်ခြင်း အ ဆင့် ကျင့်ကြံသူများအတွက်ပင် အဆိပ်ဖယ်ရှားပေးနိုင်စွမ်းရှိသည်။ ရှေးနည်းအတိုင်းပင် ဆေးလုံး ကို ရေတွင်ဖျော်ကာ တိုက်ကျွေးလိုက်ပြန်သည်။ သည်တစ်ကြိမ်တွင်တော့ ဆေးပြားသောက်သုံး ပြီး မကြာခင်မှာပင် သေမျိုးလူသားနှစ်ဦးသည် ရုတ်တရက် အော့အန်စပြုလာကြသည်။

ပါးစပ်အတွင်းမှ အဝါနှင့် အနက်ရောင်ပြည်များ အန်ထုတ်လိုက်ပြီး မကြာခင်တွင် ထိုနှစ်ဦး၏ ရောဂါအခြေအနေသည် မြန်ဆန်စွာ သက်သာလာတော့သည်။ ထိုမြင်ကွင်းကြောင့် ရပ်ကြည့်နေ သော ဟွားမန်ရုံတစ်ယောက် မျက်လုံးပြူးသွားသည်။

“ဒါဘာဆေးပြားလဲ”

ကျန်းချန်ရွှမ်က ချက်ချင်း အဖြေမပေးသေးဘဲ သေမျိုးလူသားနှစ်ဦး အအန်ရပ်ပြီး သက်သာစပြု တော့မှ ဟွားမန်ရုံ၏ အမေးကို ပြုံးလျက်ဖြေသည်။

“ဒီဆေးပြားက ကျုပ်ရဲ့ လျှို့ဝှက်ဆေးဖော်စပ်နည်းအရ ဖန်တီးထားတဲ့ အဆင့် ၂ အဆိပ်ဖြေဆေး ပြားပဲ၊ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအတွက် အလွန်အစွမ်းထက်တဲ့ အာနိသင်ရှိပါ တယ်”

ထို့နောက် ကျန်းချန်ရွှမ်က အဆင့် ၂ အဆိပ်ဖြေဆေးပြား၏ အာနိသင်နှင့် အသုံးဝင်ပုံများကို အ သေးစိတ် ရှင်းပြလိုက်သည်။ ထိုအခါ ဟွားမန်ရုံတစ်ယောက် ဆေးပြား၏ ကောင်းကင်ကို ဖီဆန် နိုင်သော အာနိသင်အစွမ်းအကြောင်းကို ကြားသိလိုက်ရသည့်အတွက် တုန်လှုပ်သွားမိပါတော့ သည်။

***

All Chapters