← Chapters

ရှန်းကွမ်းကျွမ့်ဟုန် (၂)

Vol. 17 Ch. 336

ရှန်းကွမ်းကျွမ့်ဟုန် (၂)

Vol. 17 Ch. 336

ရှန်းကွမ်းမိသားစုသည် သူ့အား လိုအပ်သည့် ရင်းမြစ်၊ သတင်းအချက်အလက်များ ထောက်ပံ့မှု ပေးပြီး သူက မိသားစုခိုင်းစေသည့် တာဝန်များကို ဆောင်ရွက်ပေးသည်။ ဥပမာအားဖြင့် လူသတ် ခြင်း၊ ရောဂါဖြန့်ခြင်းစသည်တို့ဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်၏ ဆေးပြားဓမ္မရတနာအစွမ်း ကြောင့် ရှန်းကွမ်းကျွမ့်ဟုန်၏ မဟာအကြံအစည်ကြီးသည် ယိုယွင်းစပြုလာပြီဖြစ်ရာ ကျွမ့်ဟုန် တစ်ယောက် မခံချိမခံသာ ဖြစ်နေပါတော့သည်။ နတ်ဆိုးကျင့်ကြံသူများ၏ စိတ်နေစိတ်ထားမှာ အစွန်းရောက်တတ်သည့် သဘောရှိရာ ကျန်းချန်ရွှမ်က သူ့အကြံအစည်များကို နှောက်ယှက်နေ ကြောင်း သိလိုက်ရသည်နှင့် ကျွမ့်ဟုန်သည် ကျန်းချန်ရွှမ်အား အပြည့်အဝ လက်စားချေရန် ဆုံး ဖြတ်လိုက်တော့သည်။

သူ၏ လက်ရှိအနေအထားနှင့် ကျန်းချန်ရွှမ်တို့ကို ရန်မူရန် မဖြစ်နိုင်သေးကြောင်း ရိပ်မိထားသော ကြောင့် ကျန်းမိသားစုကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်းချန်ရွှမ် တစ်ယောက် မှတ်လောက်သားလောက်သည်အထိ သင်ခန်းစာမရမချင်း ကျွမ့်ဟုန်အနေနှင့် လုံးဝ လက်လျှော့မည်မဟုတ်ပါ။ ထိုအချိန်တွင် ကျန်းမိသားစုအခြေစိုက်ရာ မှော်တိုင်တောင်အနီးသို့ ရှန်းကွမ်းကျွမ့်ဟုန် ရောက်ရှိလာပြီး မိသားစုဝင်များ၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့် ကြာည့်အကဲခတ်ရင်း လက်တုံ့ပြန်နိုင်မည့် အခွင့်အကောင်းကို ကျားချောင်းသလို စောင့်စားနေပါ တော့သည်။ ထိုအခွင့်အရေးကို ကြာကြာမစောင့်လိုက်ရပါ။

ထိုနေ့တွင် လျူလင်းလုံသည် လူငယ်နှစ်ဦးဖြစ်သည့် ကျန်းယွင်ရုံနှင့် ကျန်းယွင်ချန်းတို့ကို ခေါ် ဆောင်ပြီး ကျန်းမိသားစုလက်အောက်ရှိ ဈေးတစ်ခုကို သွားနေကြသည်။ သုံးဦးသား မှော်တိုင် တောင်နှင့် ကီလိုမီတာငါးဆယ်အကွာ ရောက်လျှင် ဝတ်ရုံနက်ဝတ် လူတစ်ဦး လေထုထဲတွင် ရုတ် တရက်ပေါ်လာတော့သည်။ ထိုသူသည် မျက်နှာပြောင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည့် ရှန်းကွမ်းကျွမ့်ဟုန် ပင်ဖြစ်သည်။ ကျွမ့်ဟုန်သည် မီးခိုးရင့်ရောင် အလံတစ်ခုကို ဆင့်ခေါ်လိုက်ပြီး ညင်သာစွာ လှုပ်ယမ်းလိုက်သည်။ အလံပေါ်တွင် ပုံပျက်ယိုယွင်းနေသည့် လူမျက်နှာများသည် နာ ကျင်စွာ ညည်းညူငိုကြွေးနေကြသည်။

လျူလင်းလုံလည်း စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ ရန်သူသည် ရွှေအမြုတေအဆင့် နတ်ဆိုး ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်အတွက် သူမတို့သုံးဦး၏ ကျင့်ကြံမှုအဆင့်ဖြင့် ရင်ဆိုင်နိုင်မည်မ ဟုတ်မှန်း သိရှိလိုက်ရသည်။ မီးခိုးရောင်မြူခိုးများက လျူလင်းလုံတို့သုံးဦးကို ရစ်ပတ်စပြုနေချိန် တွင် ကျောက်စိမ်းရောင် ရတနာဆေးပြားတစ်ခု လေထဲတွင် ရုတ်တရက်ပေါ်လာပြီး လတ်ဆတ် သော ဟင်းသီးဟင်းရွက်ရနံ့နှင့်အတူ ဆေးရနံ့တစ်မျိုးကိုပါ တွဲဖက်ထုတ်လွှတ်လျက်ရှိသည်။ မျက်စိတစ်မှိတ်အတွင်း မီးခိုးရောင်အဆိပ်မြူခိုးများ လွင့်ပြယ်သွားပြီး ကျန်းချန်ရွှမ်၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့သည်။ လျူလင်းလုံတို့သုံးဦးလည်း ကျန်းချန်ရွှမ်ကို မြင်သော အခါတွင် ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။

“အစ်ကိုကျန်း”

“စီနီယာဦးလေး”

ဝတ်ရုံနက်လူသည် ကျန်းချန်ရွှမ်ကို မြင်သော်လည်း နောက်တွန့်သွားခြင်းမရှိဘဲ မျက်လုံးနှစ်ခုမှ အလင်းတန်းများ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ သူသည် ကျန်းချန်ရွှမ် ရှိနေလိမ့်မည်ဟု မျှော် လင့်ထားခြင်း မရှိသော်လည်း သူလက်စားချေလိုသော ရန်သူကို ပက်ပင်းတွေ့လိုက်ရသည့်အ တွက် အခွင့်ကောင်းကို လက်လွှတ်မခံဘဲ ကျန်းချန်ရွှမ်ကို အပြီးတိုင်သုတ်သင်ရန် ဆုံးဖြတ်လိုက် သည်။ ရှန်းကွမ်းကျွမ့်လုံသည် မူလနတ်ဆိုးရတနာကို အသက်သွင်းမည်အပြုတွင် ကောင်းကင် ထက်မှ အလင်းတန်းများစွာ ရုတ်ခြည်းပျံသန်းလာသည်ကို မြင်လိုက်ရ၍ စိတ်ထဲထင့်ခနဲဖြစ်သွား သည်။ ထိုအလင်းတန်းများသည် ရွှေအမြုတေအဆင့် ဝိညာဉ်ဖိအားတစ်ရပ်ကို သယ်ဆောင်လာ သည့်အတွက် ကျွမ့်ဟုန်လည်း ရန်သူ့ထောင်ချောက်အတွင်း ကျရောက်သွားပြီဖြစ်ကြောင်း ရိပ်မိ လိုက်သည်။

ကျွမ့်ဟုန်၏ ကိုယ်တွင်းမှ အားကောင်းသည့် အော်ရာတစ်ခု ပြိုဆင်းလာပြီး အလျင်အမြန် ဆုတ် ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် ကျန်းချန်ရွှမ်က ရွှေဗလာနယ်ဓားကို အသက်သွင်းပြီး ကျွမ့် ဟုန်ကို ပစ်မှတ်ထားကာ ခုတ်ပိုင်းလိုက်သည်။

“မင်းသေချင်နေပြီထင်တယ်”

ရှန်းကွမ်းကျွမ့်ဟုန်၏ မျက်လုံးအစုံသည် ရေခဲပမာ အေးစက်သွားပြီး ပါးစပ်ကိုဟကာ ချီအနက် ရောင်များ ဖုံးလွှမ်းထားသည့် ဓားပျံတစ်စင်းကို ထွေးထုတ်လိုက်သည်။ ကျွမ့်ဟုန်သည် ရွှေအမြု တေ ဆဌမအဆင့်ရှိသည့်အတွက် ကျန်းချန်ရွှမ်၏ မူလဓမ္မရတနာကို အလွယ်ခုခံနိုင်မည်ဟု မှတ် ထင်လိုက်သည်။ သို့သော် ကျန်းချန်ရွှမ်က လှောင်ရယ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အနောက်မှ ဖြူ၊ ပြာ၊ နီ၊ စိမ်း၊ ဝါအလင်းတန်းငါးခု ပေါ်ထွက်လာတော့သည်။ ကျွမ့်ဟုန်၏ အနက်ရောင်ဓားပျံက ရွှေဗလာနယ်ဓားကို ရိုက်ထုတ်လိုက်သည့်အချိန်တွင် ကျန်းချန်ရွှမ်၏ နတ်ဘုရားအဆင့် ရွှေအမြု တေသည် ရုတ်တရက် တုန်ခါလာပြီးနောက် တစ်ခဏချင်းတွင် ရောင်စဉ်ငါးသွယ် အလင်းတန်း များသည် တစ်ခုတည်းအဖြစ် ပေါင်းစုသွားပြီး အနက်ရောင်ဓားပျံကို ရေလှိုင်းပမာ ဖြတ်သန်းစီး ဆင်းသွားတော့သည်။

ထို့နောက်တွင် အလင်းတန်းကြီးသည် ကျွမ့်ဟုန်ထံသို့ အလင်းအဟုန်နီးပါး မြန်ဆန်စွာ စီးဆင်း လာသည်။ ထိုအလင်းတန်းသည် ကျန်းချန်ရွှမ်၏ မူလနတ်ဘုရားစွမ်းအားဖြစ်သည့် ရောင်စဉ်ငါး သွယ် နတ်ဘုရားအလင်းဖြစ်ပြီး နတ်ဘုရားအဆင့် ရွှေအမြုတေနှင့် ယင်ယန်ဓာတ်ငါးပါး ဝိညာဉ် အမြစ်တို့ကို အဓိကအုတ်မြစ်ယူထားခြင်းဖြစ်သည်။ ထိုစွမ်းအားသည် တိမ်းရှောင်ရန် ခက်ခဲသည့် အတွက် ကျွမ့်ဟုန်၏ အော်ရာနှင့် အနက်ရောင်နတ်ဆိုးဓား၏ စွမ်းအားသည် ခဏချင်းတွင် ၃၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားတော့သည်။ ကျွမ့်ဟုန်တစ်ယောက် တုန်လှုပ်သွားမိသည်။ ကျန်း ချန်ရွှမ် အသုံးပြုလိုက်သည့် နတ်ဘုရားစွမ်းအားကို နားလည်ခြင်းမရှိသော်လည်း အလွန်ကြောက် မက်ဖွယ်ကောင်းသော လက်နက်တစ်ခုဖြစ်မှန်းကိုတော့ နားလည်လိုက်သည်။

ဘုန်း..

တစ်ချိန်တည်းတွင် ရွှေဗလာနယ်ဓားနှင့် အနက်ရောင်နတ်ဆိုးဓားတို့ ပြင်းထန်စွာ ခတ်မိရာမှ အလွန်ပြင်းထန်အားကောင်းသည့် အားလှိုင်းတစ်ရပ် ဖြာထွက်သွားပြီး မြေပြင်တစ်ခုလုံး သိမ့်သိမ့် တုန်သွားသလို မနီးမဝေးရှိ တောင်တစ်လုံးသည်လည်း မြေပုံဘဝပြောင်းသွားသည်။ ထိုအချိန်မှာ ပင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာပြီး နဂါးဆင်ပုံရိပ်ကြီးတစ်ခုလည်း ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာသည်။ ထို့နောက်တွင် ဧကရာဇ်တစ်ပါး၏ အော်ရာလှိုင်းများ ထပ်ဆင့်လွှမ်းအုပ်လာပြန်သည်။ ထိုအရာမှာ နတ်ဆိုးနှိမ်လက်သီးနှင့် နဂါးဆင်နတ်ဘုရားစွမ်း အားနှစ်ခုကို တွဲဖက်အသုံးပြုလိုက်ခြင်း၏ ရလဒ်တစ်ခုဖြစ်သည်။

***

All Chapters