ရှန်းကွမ်းကျွမ့်လုံ (၃)
Vol. 17 Ch. 337
ထိုစဉ် လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုဖြစ်လာသည်။ အကန့်အသတ်မဲ့ ဘီးနှင့် နဂါးဆင်ရုပ်ပိုင်းနတ်ဘုရားစွမ်းအားတို့ ပေါင်းစပ်အားဖြည့်ထားသည့် နတ်ဆိုးနှိမ်လက် သီးသည် မီတာရာပေါင်းများစွာ ရှည်ထွက်သွားပြီး ကျွမ့်လုံကို ဦးတည်တိုက်ခိုက်လိုက်သည်။ နတ် ဆိုးနှိမ်လက်သီးသည် နတ်ဆိုးကျင့်ကြံသူများကို အထူးတလည် နိုင်နင်းသည့် နည်းစနစ်တစ်ရပ် ဖြစ်ရာ လက်သီး၏ အင်အားကို မှန်းဆမိလိုက်သည့် ကျွမ့်လုံသည် ရွှေအမြုတေ ဆဌမအဆင့်ပင် ဖြစ်လင့်ကစား အထူးတုန်လှုပ်သွားမိတော့သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်ကို ကူညီရန် လာနေကြသည့် အခြားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုလည်း အာရုံခံမိ၍ သည်နေ ရာတွင် ကြာကြာနေရန် မသင့်တော့ကြောင်း ရိပ်မိလိုက်သည်။
ထို့ကြောင့် ကျန်းချန်ရွှမ်၏ နတ်ဆိုးနှိမ်လက်သီးကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုရန် ဆုံးဖြတ်လိုက် ပြီး လက်ဖဝါးကိုလှန်လိုက်ရာ ဝိညာဉ်အော်ရာလှိုင်းများ ထုတ်လွှတ်နေသည့် အဆောင်လက်နက် တစ်ခုပေါ်လာသည်။ ထိုစဉ် စီးဆင်းမီးလျှံသည် ကျန်းချန်ရွှမ်နှင့် ကျွမ့်ဟုန်တို့ တိုက်ပွဲဖြစ်ပွားနေ ရာ အရပ်ကို ဦးဆုံးရောက်ရှိလာပြီး ကျွမ့်ဟုန်လက်ထဲရှိ အဆောင်ပစ္စည်းကိုမြင်လျှင် မျက်နှာပျက် သွားတော့သည်။
“မကောင်းတော့ဘူး…အဆင့် ၄ ဗလာနယ်တိမ်းရှောင် အဆောင်လက်နက်ပဲ။ ဒီအဆောင်ကို အ သက်သွင်းလိုက်ရင် စက္ကန့်ပိုင်းအတွင်း မိုင်ထောင်ဂဏန်းလောက် အကွာကို ထွက်ပြေးသွားနိုင် လိမ့်မယ်”
မိုင်တစ်ထောင်ဟူသော အကွာအဝေးမှာ နတ်ဘုရားအာရုံဖြင့် ခံစားထောက်လှမ်းနိုင်သည့် အကွာ ထက် များစွာပိုနေပါသည်။ ကျွမ့်ဟုန်လို ပါးနပ်ကောက်ကျစ်သူတစ်ဦးသာ လွတ်မြောက်သွားလျှင် သူ့ကို နောက်တစ်ဖန် ပြန်တွေ့ရဖို့ အလွန်ခဲယဉ်းပါလိမ့်မည်။ ထို့ပြင် ကျွမ့်ဟုန်သည် လမ်းမှန်ကျင့် ကြံခြင်းလောကအတွက် အလွန်အန္တရာယ်များသူ ဖြစ်နေ၍ အဆိုပါလူစားမျိုးကို ထွက်ပြေးခွင့် ပေးလိုက်ခြင်းသည် အသက်မဝင်သေးသည့် ချိန်ကိုက်ဗုံးတစ်လုံးကို လျစ်လျူရှုလိုက်သလိုလည်း ဖြစ်သွားမှာ သေချာပါသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်အနေနှင့် ကျွမ့်ဟုန်ကို ယခု အခွင့်အရေးရ ခိုက်တွင် အပြတ်ရှင်းဖို့လိုကြောင်း နားလည်ထားသည်။
ကျန်းချန်ရွှမ်သည် ရှေးဦးစိတ်ဝိညာဉ် တိုက်ခိုက်မှုနည်းစနစ်ဖြစ်သည့် လောင်ကျွမ်းခြင်းမြားကို ထုတ်ဖော်လိုက်တော့သည်။ တစ်ခဏချင်းတွင် နေမင်းကဲ့သို့ အလျှံတငြီးငြီး တောက်လောင်နေ သော မြားတစ်စင်းသည် ကျွမ့်ဟုန်၏ ရှေးဦးစိတ်ဝိညာဉ်ထံသို့ ဦးတည်ပြေးဝင်သွားသည်။ ကျွမ့် ဟုန်တစ်ယောက် အဆင့် ၄ အဆောင်ကို အသက်မသွင်းရသေးခင်ပင် မြားသည် သူ၏ ရှေးဦးစိတ် ဝိညာဉ်ကို တန်းတန်းမတ်မတ် ထိမှန်သွားတော့သည်။ ထိုခဏတွင် ကျွမ့်လုံအနေနှင့် သူ၏ စိတ် ဝိညာဉ်ကို အလွန်ပူပြင်းသည့် မီးလျှံများကို တစ်စတစ်စ လောင်ကျွမ်းပြာချနေသလို ခံစားမိလိုက် ၍ အကြီးအကျယ် တုန်လှုပ်သွားသည်။
ထို့ကြောင့် အချိန်မဆိုင်းဘဲ ပလိပ်အလံကို အသိစိတ်ပင်လယ်အတွင်းသို့ ဆင့်ခေါ်လိုက်ရသည်။ မီးခိုးရောင်မြူခိုးများနှင့် ပုံပျက်ယိုယွင်းနေသော လူ့မျက်နှာများသည် အလံအတွင်းမှ အခိုးအငွေ့ များသဖွယ် တလူလူ ထွက်ပေါ်လာသည်။ ထိုမျက်နှာများသည် ကျွမ့်ဟုန်သတ်ဖြတ်ခဲ့သည့် ကျင့် ကြံသူများနှင့် သေမျိုးလူသားများဖြစ်ပြီး ထိုသူတို့၏ ဝိညာဉ်များကို ထုတ်နုတ်ကာ ပိတ်လှောင် ထားခြင်းဖြစ်သည်။ ပြင်ပခန္ဓာတွင် ထင်သာမြင်သာမရှိသော်လည်း ရှေးဦးစိတ်ဝိညာဉ်အတွင်း၌ ပြင်းထန်သော အားပြိုင်လွန်ဆွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အနီရောင်မီးလျှံလုံးများသည် ကျွမ့် ဟုန်၏ မီးခိုးရောင်မြူများနှင့် ပုံပျက်မျက်နှာများကို အဆက်မပြတ် လောင်ကျွမ်းပြာချနေသည်။
မီးခိုးမြူများနှင့် မီးလျှံများ ရောနှောသွားကြပြီး ပုံပျက်နေသော မျက်နှာများထံမှ မသတီစဖွယ် အော်ညည်းသံများ ပဲ့တင်ထပ်လာတော့သည်။ သို့သော် ရွှေအမြုတေအဆင့်နှင့် အထက် ကျင့်ကြံ သူများမှအပ ကျန်ကျင့်ကြံသူများအနေနှင့် ထိုအော်ညည်းသံများကို လုံးဝကြားနိုင်စွမ်းမရှိပါ။ ကျွမ့်ဟုန်သည် ကျန်းချန်ရွှမ်၏ ရှေးဦးစိတ်ဝိညာဉ် တိုက်ခိုက်မှုကို အရေးတကြီး ကာကွယ်လိုက် ရသောကြောင့် အဆင့် ၄ အဆောင်ကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသလို စီးဆင်းမီးလျှံ၊ ဝမ်ရှုကျွန်းနှင့် ရှန်းရူယန်တို့လည်း အသီးသီး ရောက်ရှိလာကြ ပြီး လေးဘက်လေးတန်မှ ဝန်းရံထားလိုက်ကြပြန်သည်။
ထိုခဏတွင် ဝမ်ရှုကျွန်းသည် ရေခဲဒိုင်းကို ဆင့်ခေါ်ကာ တိုက်ပွဲဧရိယာတစ်ခုလုံးကို အကြားအ လပ်မရှိ ပိတ်ဆို့ပစ်လိုက်သည်။ ကျွမ့်ဟုန်အတွက် အဆင့် ၄ အဆောင်ကို အသုံးချရန် အခွင့်အ ရေးမရှိတော့ပါ။
***