တိုက်လေသောင်းချီတောအုပ်
Vol. 17 Ch. 338
ပြေးပေါက်ပိတ်သွားသည်ကို မြင်သောအခါ ကျွမ့်ဟုန်လည်း ချောင်ပိတ်အရိုက်ခံရသည့် ခွေးတစ် ကောင်ပမာ အပြင်းအထန် ပြန်လည်ခုခံပါတော့သည်။ အနက်ရောင်နတ်ဆိုးဓားသွား အပေါ်ကို သွေးတစ်လုပ်အန်ချလိုက်သည်။
ကျွီ…
အနက်ရောင်ဓားသွားသည် ရုတ်တရက် သွေးနီရောင်အလင်းတန်းများ ပြိုးပြက်သွားပြီး စွမ်းအား အဆင့်သည်လည်း ရှိရင်းစွဲထက် နှစ်ဆပိုမိုတိုးတက်လာသည်။ သို့သော် ကျန်းချန်ရွှမ်၏ ရောင် စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းက နတ်ဆိုးဓား၏ စွမ်းအင်ပမာဏကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပစ်လိုက်ပြန်သည်။ ထို့ကြောင့် ကျွမ့်ဟုန်၏ ဓမ္မစွမ်းအင်နှင့် ရှေးဦးစိတ်ဝိညာဉ် အင်အား တို့ ရုတ်ချည်းကျဆင်းသွားပြီး ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်သည် ပြောင်းပြန်စီးဆင်းလုနီးပါး အခြေ အနေထိ ဆိုက်ရောက်သွားသည်။ သို့သော် ရှန်းကွမ်းကျွမ့်လုံသည် ထိုအခြင်းအရာကို ချက်ချင်းသ တိပြုမိလိုက်ပြီး ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။
စင်မြင့်မှ အကြီးအကဲ စီးဆင်းမီးလျှံနှင့် ဝမ်ရှုကျွန်းတို့သည် ဝါရင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ များပီပီ ကျွမ့်လုံ၏ အင်အားလျော့ကျသွားသည်နှင့် ချက်ချင်းဆိုသလို တစ်ပြိုင်နက်တည်း တိုက် ခိုက်လိုက်ကြသည်။ စီးဆင်းမီးလျှံသည် လက်ဖဝါးပေါ်သို့ အနီရောင်ကြာတစ်ပွင့်ကို ဆင့်ခေါ် လိုက်ပြီး ထိုကြာပွင့်ကို လက်ဖြင့်အသာအယာ တောက်ထုတ်လိုက်ရာ ကျွမ့်ဟုန်ထံ အဟုန်ပြင်း စွာ ပျံသန်းသွားတော့သည်။ ကြာပွင့်ဖြတ်သန်းသွားရာ လေထုတစ်လျှောက်တွင် မီးသွေးရောင် စွပ်အကြောင်းကြီး ထင်ကျန်ရစ်ခဲ့သည်။ ဝမ်ရှုကျွန်းသည်လည်း လက်မနှေးပါ။ လက်ကိုအသာ မြှောက်လိုက်ရာ ကောင်းကင်ထက်တွင် အေးစက်စက် အော်ရာများ ထုတ်လွှတ်နေသည့် ရေခဲပြာ ရောင် ဓားတစ်စင်း ပေါ်လာပြီး ကျွမ့်ဟုန်၏ ဦးခေါင်းကို အားပါးတရ ပိုင်းချလိုက်တော့သည်။
တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ စုံတွဲကလည်း ပြိုင်တူလှုပ်ရှားလိုက်ကြသည်။ ရွှေဗလာနယ်ဓားနှင့် ရှန်းရူယန်၏ ရောင်စဉ်ငါးသွယ် မသေမျိုးရန်နှိမ်ဓားတို့သည် ကျွမ့်ဟုန်၏ နတ်ဆိုးဓားကို အဓိကဦးတည်ပြီး တိုက်ခိုက်လိုက်သည်။ ရည်ရွယ်ချက်မှာ ကျွမ့်ဟုန်အနေနှင့် သူ ၏ လက်စွဲတော်ဓားကို ထပ်မံဆင့်ခေါ်ခြင်း မပြုနိုင်ရန်ဖြစ်သည်။ ထိုခဏတွင် ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပေါ်လာပြီး ကျွမ့်ဟုန်တစ်ယောက် အဝေးသို့ လွင့်စင်သွားတော့သည်။ နောက်ဆုံးတွင် အကြီးအကဲ စီးဆင်းမီးလျှံသည် မီးလျှံရွှေအပ်ကို ထုတ်ယူပြီး ကျွမ့်ဟုန်၏ ဝမ်းဗိုက်ကို ထိုးစိုက်ပစ် လိုက်သောကြောင့် လေထဲတွင် တန်းလန်းကြီး ဖြစ်နေပြီး မကြာခင် အသက်ပျောက်သွားတော့ သည်။
ကျန်ရှိနေသော အလောင်းကို စီးဆင်းမီးလျှံကပင် မီးရှို့အစဖျောက်လိုက်သည်။ ရှန်းကွမ်းကျွမ့်လုံ သေဆုံးသွားပြီဖြစ်၍ နောက်ဆုံးတွင် ကပ်ရောဂါကြီး၏ မူလရင်းမြစ်သည်လည်း ချုပ်ငြိမ်းပျောက် ကွယ်သွားပြီဟု ဆိုရမည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်တို့ လေးဦးလည်း ကျွမ့်ဟုန်၏ သိုလှောင် လက်စွပ်ကို သိမ်းယူပြီး လှန်လှောကြည့်မိကြသည်။ သွေးဆေးလုံးများ၊ နတ်ဆိုးကျင့်စဉ်များနှင့် နတ်ဆိုးလက်နက် အဆောင်ပစ္စည်းများကို တွေ့လိုက်ရသည်။ သွေးဆေးလုံးများနှင့် ကျင့်စဉ်များ သည် ကျန်းချန်ရွှမ်တို့လို လမ်းမှန်ကျင့်ကြံသူများအတွက် အသုံးဝင်ခြင်းမရှိပါ။ နတ်ဆိုးလက်နက် များကိုတော့ အရည်ကျိုပြီး ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုနိုင်ပါသေးသည်။ ထို့ကြောင့် ထို ပစ္စည်းများမှအပ ကျန်ကျင့်စဉ်များ၊ ဆေးဝါးဆေးပြားများကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ကြ သည်။
ကျန်ရတနာများကို လေးဦး အညီအမျှ ခွဲဝေယူလိုက်ကြသည်။ ထိုပစ္စည်းများအားလုံး၏ တန်ဖိုး သည် ဝိညာဉ်ကျောက်တုံး နှစ်သောင်းမှ သုံးသောင်းသာ အတွင်းသာရှိ၍ နတ်ဆိုးကျင့်ကြံသူများ ကို သတ်ဖြတ်ခြင်းသည် ထိုက်တန်သော အကျိုးအမြတ်ရရှိခြင်း မရှိသည်ကို အရှင်းသားမြင်တွေ့ နိုင်သည်။ ကျွမ့်ဟုန်လို ရွှေအမြုတေအဆင့်တစ်ဦးထံမှပင် အမြတ်များများစားစား မရလိုက်ပါ။ သို့သော် မိစ္ဆာကျင့်ကြံသူများသည် အလွန်အန္တရာယ်ကြီးလှသောကြောင့် ထိုသူများကို တွေ့သည့် နေရာ၌ ရှင်းလင်းပစ်ရန် အရေးကြီးကြောင်း လမ်းမှန်ကျင့်ကြံသူအားလုံး သဘောပိုက်ထားကြ သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံရတနာဆေးပြားကို အ သုံးပြုပြီး ကပ်ရောဂါကို အပြီးတိုင် ဖယ်ရှားပစ်နိုင်ခဲ့သည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမိသားစုထံ ပြန်လည်ရောက်ရှိလာပြီး သီးသန့်ဂူပိတ်ကျင့်ကြံမှုကို စတင်လိုက်ကြသည်။ သည်တစ်ကြိမ် ကျင့်ကြံမှုတွင် ကျန်းချန်ရွှမ်အ တွက် အရေးတကြီး ဆောင်ရွက်စရာအချို့ရှိနေသည်။ ပထမတစ်ခုမှာ စင်မြင့်ထံမှ ရရှိခဲ့သည့် ယင်ယန်နတ်ဘုရားကျောက်စိမ်းကို ဒွိအစွန်းနတ်ဘုရားတောင်နှင့် အတူပေါင်းစပ်ပြီး အဆင့် ၄ ဓမ္မရတနာလောင်းအဖြစ်မှ စစ်မှန်သည့် ဓမ္မရတနာအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ ဒုတိယတစ် ချက်မှာ အဆင့် ၄ ပဏာမအဆင့် နတ်ဆိုးအမြုတေနှင့် စစ်မှန်သော အဆင့် ၄ နတ်ဆိုးအမြုတေ တို့ကို ခရမ်းရောင်ကောင်းကင်ဘုံဆေးပြားနှင့် အမြုတေဖွဲ့စည်းခြင်းဆေးပြားများအဖြစ် အသွင် ပြောင်းလဲကြည့်ရန်ဖြစ်သည်။
ခရမ်းရောင်ကောင်းကင်ဘုံဆေးပြားသည် သုံးစွဲသူကို ကျီဖုနယ်ပယ်သို့ တက်လှမ်းရန် ကူညီပေး နိုင်ပြီး အမြုတေဖွဲ့စည်းခြင်းဆေးပြားကတော့ အမည်အတိုင်းပင် ရွှေအမြုတေအဆင့်သို့ တက် လှမ်းရာတွင် အထောက်အကူ အပြုဆုံး ဆေးရတနာဖြစ်သည်။ ရှန်းရူယန်မှာမူ သူမ၏ ဓမ္မရတနာ ကို အဆင့်မြှင့်တင်ရမည်ဖြစ်သည်။ ကံကောင်းစွာဖြင့် နတ်ဆိုးသားရဲကပ်ဘေးအပြီးတွင် ကျန်း ချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အဆင့် ၄ လက်နက်များ သွန်းလုပ်ရန် ကုန်ကြမ်းအမြောက်အများ ကို စုဆောင်းမိပြီးဖြစ်သလို ရှန်းရူယန်သည် သူမ၏ အတိတ်ဘဝဟောင်းမှ ချန်ထားရစ်သည့် သစ် ခွလျှပ်စီးရည်ကိုလည်း ရယူနိုင်ခဲ့ပါသည်။ ထိုပစ္စည်းသည် အဆင့် ၄ လျှပ်စီးဓာတ်အခြေခံ လက် နက်သွန်းလုပ်ရန် အကောင်းဆုံးပစ္စည်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးနှစ်ဟူသောအချိန် ကုန်လွန်ခဲ့ပြန်သည်။ ထိုအတောအတွင်း ကျန်းချန် ရွှမ်သည် ယင်ယန်နတ်ဘုရားကျောက်စိမ်းကို အသုံးပြုပြီး ဒွိအစွန်းနတ်ဘုရားတောင်ကို စစ်မှန် သည့် အဆင့် ၄ ဓမ္မရတနာအဖြစ် အဆင့်မြှ့င်တင်နိုင်ခဲ့သလို အဆင့် ၄ ပဏာမ နတ်ဆိုးအမြုတေ ကိုလည်း ခရမ်းရောင်ကောင်းကင်ဘုံဆေးပြား တစ်ဖိုစာအဖြစ် ဖော်စပ်နိုင်ခဲ့ပြီး စုစုပေါင်းဆေး ပြားငါးပြားအထိ ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ ထိုအောင်မြင်မှုနှုန်းကြောင့် ကျန်းချန်ရွှမ်သည် အဆင့် ၄ အဂ္ဂိရတ်ပညာရှင်အဖြစ် အဆင့်မြှင့်တင်နိုင်ရန် ခြေတစ်လှမ်းလိုနေဆဲဖြစ်ကြောင်း သဘောပိုက်မိ သလို လက်ရှိအချိန်တွင် အမြုတေဖွဲ့စည်းခြင်းဆေးပြားကဲ့သို့ အဆင့် ၄ ဆေးပြားကို အလျင်စလို ဖော်စပ်ရန်ကြိုးစားပါက အောင်မြင်နိုင်ချေနည်းကြောင်းလည်း နားလည်ထားမိသည်။
ထို့ကြောင့် အဆိုပါတာဝန်ကို ရှန်းရူယန်ထံသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ရှန်းရူ ယန်ကလည်း သူ့ကိုစိတ်မပျက်စေခဲ့ပါ။ သုံးလအတွင်း အမြုတေဖွဲ့စည်းခြင်းဆေးပြား သုံးပြားတိ တိဖော်စပ်နိုင်ခဲ့ပြန်သည်။ ထိုသတင်းသာ ပေါက်ကြားသွားပါက အနယ်နယ်အရပ်ရပ်မှ ကျီဖုအ ဆင့် ကျင့်ကြံသူများ ကျန်းမိသားစုထံ လာရောက်ပြီး ထိုဆေးပြားများကို အငမ်းမရ တောင်းခံကြ မည်မှာ သေချာပါသည်။ သို့သော် ကျန်းချန်ရွှမ်တို့က ထိုသတင်းကိုဖုံးဖိထားပြီး ဆေးပြားအားလုံး ကို မိသားစုရတနာခန်းမအတွင်း ထည့်သွင်းထားလိုက်သည်။ အဆိုပါဆေးပြားများသည် လတ်တ လော အသုံးချရန် မလိုဘဲ နှစ်ရာပေါင်းများစွာ တာရှည်ခံသည့်အတွက် အဆင်ပြေလှသလို ကျန်း မိသားစုဝင်များထဲမှ အနာဂတ်တွင် ထိုဆေးပြားများကို အသုံးလိုလာခဲ့လျှင် အသင့်ပြင်ဆင်ထား သည့်သဘောဟုလည်း ဆိုနိုင်ပါမည်။ ထို့ပြင် ရင်းမြစ်များ ဝယ်ယူရန်လိုအပ်လာပါက ထိုဆေးပြား များကို ရောင်းချဖလှယ်နိုင်ဦးမည်ဖြစ်သည်။
***