← Chapters

လေသောင်းချီတောအုပ် (၂)

Vol. 17 Ch. 339

လေသောင်းချီတောအုပ် (၂)

Vol. 17 Ch. 339

လတ်တလောတွင် ကျန်းမိသားစု၌ ရင်းမြစ်များ ပြတ်လပ်သည်ဟူ၍ မရှိဘဲ ထိုရင်းမြစ်များကို သုံး စွဲမည့်လူသားအရင်းအမြစ်သာ အဓိကလိုနေသည် ဟုဆိုရမည်။ ထို့ပြင် ရှန်းရူယန်သည် ရောင် စဉ်ငါးသွယ် မသေမျိုးရန်နှိမ်ဓားကိုလည်း အဆင့် ၄ အထိ မြှင့်တင်နိုင်ခဲ့သလို သစ်ခွလျှပ်စီးရည် ကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ရန်သူများကို ဖမ်းလှောင်နိုင်သည့် ဓမ္မရတနာတစ်ပါးကိုလည်း သွန်းလုပ်နိုင်ခဲ့သေးသည်။ ရှန်းရူယန်က ထိုလက်နက်ကို သစ်ခွလျှပ်စီးပိုက်ကွန် ဟုအမည်ပေး ထားသေးသည်။ ထိုလက်နက်ဖြင့် ရန်သူကို ခဏချင်းဖမ်းချုပ်နိုင်ရုံမက အလွန်ပြင်းထန်သည့် ရေ ဓာတ်အခြေခံ လျှပ်စီးကြောင်းများ ထုတ်လွှတ်ပြီး ရန်သူကို အကြောသေသွားအောင် တိုက်ခိုက် နိုင်ပါသေးသည်။

တစ်ချိန်တည်းတွင် ရှန်းမိသားစုထံမှ သတင်းစကားတစ်ခုကိုလည်း ရှန်းရူယန် ရရှိလိုက်သည်။ ရှန်းရူယန် ဂူပိတ်ကျင့်ကြံခြင်း စတင်ပြီး ငါးလအကြာတွင် ထိုသတင်းကို လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး စာထဲတွင် ရှန်းမိသားစုအနေနှင့် ယွင်နိုင်ငံကို စွန့်ခွာပြီး လျန်းနိုင်ငံကို ပြောင်းလဲအခြေစိုက်ရန် သဘောတူကြောင်း၊ သို့သော် မိသားစုပိုင် ရင်းမြစ်များ၊ လုပ်ငန်းများကို ဦးစွာရောင်းချဖို့လိုသေး ကြောင်း၊ အထူးသဖြင့် ယွီဟွာတောင်ပေါ်ရှိ အဆင့် ၃ ဝိညာဉ်သွေးကြောဖြစ်ပြီး ထိုသွေးကြောအ တွက် ဝယ်လက်ကောင်းကောင်းကို စောင့်စားနေကြောင်း အပြည့်အစုံရှင်းပြထားသည်။ ရှန်းမိ သားစုအတွက် ကံကောင်းသည် ဟုဆိုရမည်။ အဆိုပါကိစ္စများအားလုံး ရှောရှောရှုရှုဖြင့် အဆုံး သတ်သွားပြီး လွန်ခဲ့သည့်ခြောက်လ ဝန်းကျင်ကတည်းကပင် လျန်နိုင်ငံကို ထွက်ခွာရန် ပြင်ဆင် ပြီးဖြစ်သည်။

ရှန်းမိသားစုသည် လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ လာရောက်ခေါ်ယူမည်ကို အသင့်စောင့်ဆိုင်းနေကြတော့သည်။ ရှန်းမိသားစုပိုင်ဆိုင်ထားသည့် ကြွယ်ဝမှုများအရ လျန်နိုင်ငံ ရှိ အဆင့် ၃ ဝိညာဉ်သွေးကြောတစ်ခုကို ဝယ်ယူရန်မှာ မခက်ခဲလှပါ။ ပြဿနာအစစ်မှာ မိသားစု တစ်ခုလုံးကို နိုင်ငံပြောင်းရွှေ့ရမည့် အရေးဖြစ်သည်။ ဤမျှလောက် ကြီးမားသည့် လူအုပ်စုကို ရွှေ့ပြောင်းခြင်းသည် လျန်နိုင်ငံနှင့် ယွင်နိုင်ငံတို့ကို လှုပ်ခတ်သွားစေမည်ဖြစ်သလို နတ်ဆိုးသားရဲ များ၏ အာရုံစိုက်ခြင်းကိုလည်း ခံရနိုင်ချေရှိသည်။ ထိုအချိန်တွင် ကန်းယန်ဂိုဏ်းမှ ကျန်းပိုင်လုံထံ မှ စာတစ်စောင်ကို ရရှိလိုက်သည်။

စာထဲတွင် လေသောင်းချီတောအုပ်ကို နတ်ဆိုးသားရဲများ လက်ထဲမှ ပြန်လည်သိမ်းပိုက်မည်ဖြစ် ၍ လာရောက်ကူညီပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ အဆိုပါစစ်ဆင်ရေးအတွက် ကန်းယန် ဂိုဏ်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို စုဆောင်းထားပြီးဖြစ်သော်လည်း ကျန်းချန် ရွှမ်နှင့် ရှန်းရူယန်တို့မှာ ထိုစစ်ဆင်ရေးတွင် မရှိမဖြစ်နေရာမှ ပါဝင်နေကြသည်။ ကျန်းချန်ရွှမ် သည် အဆင့် ၄ ဝံပုလွေဘုရင်ကို သတ်ဖြတ်လိုက်ကြောင်း သူတို့အားလုံး သိရှိပြီးဖြစ်သလို ကျန်း ချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ဦးခေါင်းကို နတ်ဆိုးဘုရင်များအနေနှင့် မရအရ လိုချင်နေကြောင်း လည်း နားလည်ပြီးဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လျန်နိုင်ငံအတွင်း၌ သာ တစ်ဖဝါးမခွာဘဲ နေထိုင်နေသည်ဖြစ်ရာ နတ်ဆိုးဘုရင်တို့အတွက် အခွင့်မသာဘဲ ဖြစ်နေခဲ့ သည်။

နောက်ဆုံးတစ်ခေါက် ယွင်နိုင်ငံသို့ ခရီးထွက်စဉ်ကလည်း ကျန်းချန်ရွှမ်တို့သည် တတ်နိုင်သမျှ လျှို့ဝှက်စွာ ဖုံးဖိပြီးမှ ထွက်ခွာခဲ့ပြီး ကိစ္စပြီးသည်နှင့် လျန်နိုင်ငံသို့ သုတ်ခြေတင်ခဲ့သည့်အတွက် နတ်ဆိုးဘုရင်များ သတင်းရချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမိသားစုထံ ပြန် ရောက်နေခဲ့ပါပြီ။ ထိုအကြောင်းများကို သိရှိထားသော ကျန်းပိုင်လုံက ကျန်းချန်ရွှမ်တို့စုံတွဲကို ငါးစာအဖြစ် အသုံးချပြီး နတ်ဆိုးဘုရင်များကို မျှားထုတ်ကာ ချောင်ပိတ်ဖမ်းဆီးရန် ကြံစည်ထား သည်။ ခေါင်းဆောင်များကို အပြတ်ရှင်းနိုင်ပါက လေသောင်းချီတောအုပ်အတွင်းရှိ အဆင့်နိမ့် သားရဲများမှာ ပြဿနာမဟုတ်တော့ပါ။ သို့သော် တစ်ချိန်တည်းတွင် ငါးစာအဖြစ် အသုံးတော်ခံရ မည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်ကား အန္တရာယ်များသည်ဟု ဆိုရပါလိမ့်မည်။

ကျန်းပိုင်လုံကိုယ်တိုင်ပင် ထိုတောင်းဆိုချက်ကို ကျန်းချန်ရွှမ်တို့စုံတွဲအနေနှင့် လက်ခံ၊ မခံကို အာ သေချာမမှန်းတတ်သေးပါ။ လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယွင်နိုင်ငံရှိ ကျင်းပိုင်လုံ၏ လှိုဏ်ဂူအတွင်း လျှို့ဝှက်ရောက်ရှိနေကြပြီဖြစ်သည်။ နှစ်ဦးသား ကျန်းပိုင်လုံကို ရို သေစွာ ဂါရဝပြုလိုက်ကြသည်။ ကျန်းပိုင်လုံသည် အတိတ်က သူတို့နှစ်ဦးကို ကူညီစောင့်ရှောက် ခဲ့သည့် ကျေးဇူးရှိသည်မဟုတ်ပါလား။ ထို့ကြောင့်လည်း ကျန်းပိုင်လုံထံမှ စရရချင်း ယွင်နိုင်ငံသို့ အလျင်အမြန် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်က

“စီနီယာကျန်းရဲ့ မျက်နှာကြောင့် ကျွန်တော်တို့နှစ်ယောက် အနေနဲ့ ယွင်နိုင်ငံက လေသောင်းချီ တောအုပ်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကူညီပေးသွားမှာပါ။ ဒါပေမဲ့ ဒီစစ်ဆင်ရေးမှာ ပါဝင်မဲ့လူ တွေရဲ့ သတင်းအချက်အလက်နဲ့ နတ်ဆိုးဘုရင်တွေရဲ့အသေးစိတ် အချက်အလက်တွေကို အရင် သိရဖို့လိုပါလိမ့်မယ်”

ကျန်းပိုင်လုံက ခေါင်းညိတ်လိုက်ပြီး

“ရပါတယ်။ ဘယ်သူတွေပါဝင်လဲ ပြောပြပေးပါမယ်။ အများစုကို မင်းတို့သိပြီးသားပါ။ ကန်းယန် ဂိုဏ်းက ရွှေအမြုတေအဆင့် သုံးဦးအပြင် ပိုင်ယွင်ဂိုဏ်းက မန်လန်ကျူနဲ့ ဟယ်ယွင်၊ စစ်ထုကျန် နဲ့ ဖန်းဝူယတို့ပါဝင်ပါတယ်။ နောက်ပြီး တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်တဲ့ ယီချန်းကိုလည်း ဖိတ် ထားပါသေးတယ်။ မင်းတို့နှစ်ယောက်ပါရင် စုစုပေါင်း ရွှေအမြုတေအဆင့် ဆယ်ဦးရှိလာပါလိမ့် မယ်။ လေသောင်းချီတောအုပ်ထဲမှာအဆင့် ၄ နတ်ဆိုးဘုရင်နှစ်ကောင်ပဲ ရှိတယ်လို့ သိရတယ်။ ငါတို့နဲ့ ကျွမ်းဝင်ပြီးဖြစ်တဲ့ ထီးတည်းတောင်က ဝံပုလွေဘုရင်နဲ့ အဆင့် ၄ အဆိပ်မီးပုတ်သင်ပါ။ လက်ရှိမှာတော့ ဒီလောက်ပဲသိရသေးတယ်။ မင်းတို့နှစ်ယောက် ရောက်လာတဲ့သတင်း ပျံ့သွား ရင် အဆင့် ၄ နတ်ဆိုးဘုရင်သုံးကောင် ထပ်ရောက်လာဦးမယ်ထင်တယ်။ ငါတို့အနေနဲ့ သိုသိုသိပ် သိပ်လှုပ်ရှားနိုင်ရင် ဒီတောအုပ်ကြီးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်းများတယ်”

ကျန်းပိုင်လုံ၏ ရှင်းပြချက်ကို ကြားသိရသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း မည်သို့ ဆုံးဖြတ်မည်ကို အလေးအနက်ထား စဉ်းစားလိုက်ကြသည်။ ကျန်းပိုင်လုံ၏ အစီအစဉ်သည် အောင်မြင်ရန် အခွင့်အလမ်းများသော်လည်း ပါဝင်မည့်သူများဖြစ်သော ဟုန်တျန်ချီ၊ ဟယ်ယွင် တို့မှာ သူတို့နှင့် ဆက်ဆံရေးမကောင်းလှပါ။ ထိုလူများနှင့် ရန်ငြိုးရှိနေသည်ဟုပင် ဆိုနိုင်ပါမည်။ တစ်ခုခုမှားယွင်းခဲ့လျှင် မည်သို့မည်ပုံ ဆက်လက်ဖြစ်ပျက်ကြမည်ကို မှန်းဆရခက်လှသည်။ ထိုအ ခါတွင် ကျန်းပိုင်လုံက

“ဟုန်တျန်ချီ၊ ဟယ်ယွင်တို့နဲ့ မင်းတို့နှစ်ယောက် အဆင်မပြေဘူးဆိုတာ ငါသိပါတယ်။ အမှန်အ တိုင်းပြောရရင် ငါလည်းသူတို့နှစ်ယောက်နဲ့ အဆင်မပြေပါဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ စစ်ဆင်ရေး စပြီဆိုတာနဲ့ ပါဝင်မဲ့သူအားလုံး သွေးသစ္စာကျိန်ဆိုရလိမ့်မယ်။ စစ်ဆင်ရေးအတွင်း သစ္စာပျက်ခဲ့ ရင်၊ မဟုတ်တာလုပ်ရင် သွေးစာချုပ်ရဲ့ ဒဏ်ခတ်ခြင်းခံရမှာပါ”

ကျန်းပိုင်လုံ၏ အာမခံစကားကြားရသောအခါ ကျန်းချန်ရွှမ်တို့နှစ်ဦးလည်း ခေါင်းညိတ်လိုက်ကြ သည်။ သဘောတူညီမှု ရရှိပြီးဖြစ်သောကြောင့် ကျန်းချန်ရွှမ်တို့လည်း တာဝန်ယူရမည့် အပိုင်းနှင့် စစ်ဆင်ရေးအပြီး ဝေစုခွဲဝေမှုများအကြောင်းကို ဆက်လက်ဆွေးနွေးဖြစ်ကြသည်။ ထိုကိစ္စတွင် ကျန်းချန်ရွှမ်က အချက်သုံးချက်ကို တောင်းဆိုသည်။ ပထမအချက်မှာ ဝေစုအားလုံး၏ ၃၀ ရာ ခိုင်နှုန်းကို သူတို့နှစ်ဦး ရယူမည်ဖြစ်ပြီး ပထမဦးစားပေး ရွေးချယ်ခွင့်လည်း ရှိရမည်ဆိုသော အ ချက်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ အဆင့် ၄ အောက်ရှိ ကျင့်ကြံခြင်းနည်းစနစ် သုံးစုံကို ပေးအပ် ရန်ဖြစ်သည်။ ထိုတောင်းဆိုချက်သည် ကျန်းမိသားစုဝင်များအတွက် ဖြစ်သည်။

အတိတ်တွင် ကျန်းမိသားစုသည် ပြင်ပမှ ကျင့်စဉ်နည်းနာများ၊ နည်းစနစ်များ ရရှိဖူးသော်လည်း အများစုမှာ စနစ်မကျသည့် တစ်ပိုင်းတစ်စများသာ ဖြစ်သည်။ စစ်မှန်သော ကျင့်ကြံခြင်းနည်းစ နစ်တစ်ရပ်သည် တစ်ဆင့်ချင်းစီ အစီအစဉ်အလိုက် ကျင့်ကြံလေ့ကျင့်နိုင်မည့် နည်းနာပညာရပ် များ ဖြစ်နေဖို့လိုပါသည်။ ကျန်းပိုင်လုံသည် ထိုနှစ်ချက်လုံးကို အလွယ်တကူ လိုက်လျောလိုက်ပါ သည်။ ကျန်းချန်ရွှမ်တောင်းဆိုသည်မှာ အဆင့် ၄ အောက်ရှိ ကျင့်စဉ်များသာဖြစ်၍ သူ့အတွက် အ ခက်အခဲမရှိပါ။ ကျန်းချန်ရွှမ်၏ နောက်ဆုံးတောင်းဆိုချက်မှာတော့ ရှန်းမိသားစုကို လျန်နိုင်ငံသို့ ရွှေ့ပြောင်းရာတွင် အကူအညီပေးရန်ဖြစ်သည်။

***

All Chapters