နတ်ဆိုးဘုရင်ကို သတ်ဖြတ်ခြင်း
Vol. 17 Ch. 340
ကျင့်ကြံခြင်းမိသားစုတစ်ခုကို အခြားနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းခြင်းသည် လွယ်ကူသော ကိစ္စတစ် ခုမဟုတ်ပါ။ လမ်းခရီးတွင် မြောက်များစွာသော သေမျိုးလူသားများနှင့်အတူ ရင်းမြစ်၊ ပစ္စည်းများ ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရသည်ဖြစ်၍ အမှားအယွင်း တစ်စုံတစ်ရာဖြစ်လျှင် အလွန်အ န္တရာယ်များသည့် အခြေအနေတစ်ရပ်ကို ဆိုက်ရောက်သွားနိုင်ပါသည်။ အကိုင်အတွယ် ချွတ်ချော် သွားပါက သေမျိုးလူသားများကို ဆုံးရှုံးရနိုင်ပြီး ထိုမိသားစု၏ အုတ်မြစ်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားပါလိမ့်မည်။ ထို့ကြောင့် မိသားစုတစ်ခုလုံးကို တာဝန်ယူရွှေ့ပြောင်းမည့် ပုဂ္ဂိုလ်သည် လို အပ်သည်များကို အသေးအဖွဲမကျန် ပြင်ဆင်ထားဖို့လိုပါသည်။
အထူးသဖြင့် ရွှေ့ပြောင်းခြင်းဖြစ်စဉ်တွင် ယွင်နိုင်ငံ၏ ရွှေအမြုတေအဆင့် ဂိုဏ်းများ၏ အကူအ ညီကို ရရှိပါက ပို၍ ခရီးတွင်မည်မှာ သေချာပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျန်းပိုင်လုံက လိုလို လားလားပင် သဘောတူညီလိုက်သည်ဖြစ်၍ သုံးဦးသား အသေးစိတ် အချက်အလက်များကို ထပ် မံဆွေးနွေးကြသည်။ ကျန်းချန်ရွှမ်က သည်တစ်ခေါက် စစ်ဆင်ရေးတွင် သူတို့ဇနီးမောင်နှံနှစ်ဦး အပြင် နောက်ထပ်မိတ်ဆွေ တစ်ဦး၊ နှစ်ဦးကိုလည်း တစ်ပါတည်း ခေါ်လာခဲ့မည်ဖြစ်ကြောင်း အာ မခံလိုက်သည်။ စစ်ဆင်ရေး စတင်မည့်အချိန်ကိုတော့ လာမည့်နှစ်လတိတိ ဟုသတ်မှတ်လိုက်ကြ သည်။
ကျန်းချန်ရွှမ်တို့လည်း လျန်းနိုင်ငံကို ပြန်ရောက်ရောက်ချင်း ကျောက်စိမ်းရေဓားစင်မြင့်သို့ သွား ရောက်ပြီး ကုယွဲ့ဖန်းနှင့် တွေ့ဆုံအကူအညီတောင်းကြည့်သည်။ လွန်ခဲ့သည့်နှစ်များစွာက ကျန်း ချန်ရွှမ်သည် ကူယွဲ့ဖန်းထံမှ ဓားအာရုံတိုကင်ပြားကို လက်ခံရရှိခဲ့ပြီး ယခုအခါ ထိုတိုကင်ပြားကို အသုံးပြုပြီး ကုယွဲ့ဖန်းအား လေသောင်းချီတောအုပ်ကို ပြန်လည်သိမ်းပိုက်မည့် စစ်ဆင်ရေးတွင် ကူညီပေးရန် မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။ သည်စစ်ဆင်ရေးသာ အောင်မြင်ခဲ့လျှင် လျန်နှင့် ယွင်နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမှာသေချာပါသည်။ ထိုတောအုပ်သည် နှစ်နိုင်ငံအကြား ဆက် သွယ်ရေးလမ်းကြောင်း၏ လမ်းဆုံလမ်းခွတွင် တည်ရှိနေသောကြောင့် တောအုပ်ကို ပြန်လည် သိမ်းပိုက်ပြီးလျှင် နှစ်နိုင်ငံအကြား ဆက်သွယ်ရေး ဖြောင့်ဖြူးသွားပါလိမ့်မည်။
ထို့ပြင် လာမည့်ဆယ်နှစ်အတွင်း ဖြစ်ပွားတော့မည့် စစ်ပွဲတွင်လည်း အဆိုပါ တောအုပ်သည် အ ရေးကြီးသည့် နေရာမှ ပါဝင်အသုံးတော်ခံနိုင်မည်မှာ သေချာပါသည်။ ထိုအချက်များကြောင့် ကု ယွဲ့ဖန်းလည်း ကျန်းချန်ရွှမ်၏ တောင်းဆိုချက်ကို အလွယ်ပင် လက်ခံလိုက်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စင်မြင့်သခင် ဟောင်တုန်းပိုင်ကိုလည်း စစ်ဆင်ရေးတွင် အတူ ပူးပေါင်းစေရန် စည်းရုံးလိုသော်လည်း ဟောင်တုန်းပိုင်မှာ တစ်ကိုယ်တည်း ဂူပိတ်ကျင့်ကြံနေရ သောကြောင့် လက်လျှော့လိုက်ရသည်။ ဤသို့ဖြင့် နှစ်လတိတိ ကုန်လွန်သွားခဲ့ပြီး စစ်ဆင်ရေးစ တင်တော့မည့် အချိန်ကို ရောက်ရှိလာခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ချိန်းဆိုထားသည့်အတိုင်း လေသောင်းချီတောအုပ်အနီးသို့ ရောက်ရှိလာကြသည်။ သည်တစ်ကြိမ်တွင် ကျန်းချန်ရွှမ်တို့သည် မိမိ၏ ရှိရင်းစွဲအော်ရာများကို ဖုံး ကွယ်ထားခြင်း မပြုသလို တစ်ချိန်တည်းတွင် တောအုပ်အတွင်းကိုလည်း တိုက်ရိုက်ဝင်ရောက် ခြင်းမပြုပါ။ အဘယ်ကြောင့်ဆိုသော် တောအုပ်အတွင်းရှိ နတ်ဆိုးသားရဲများအနေနှင့် သူတို့၏ အကြံအစည်ကို သံသယဝင်သွားနိုင်ချေ ရှိခြင်းကြောင့်ဖြစ်သည်။ နတ်ဆိုးသားရဲများသည် အဆင့် ၃ ရောက်ရှိပြီးလျှင် မျိူးစိတ်အချို့မှလွဲ၍ အများစုမှာ လူသားတို့ထက် မနိမ့်ကျသော ဉာဏ်ရည်ကို ပိုင်ဆိုင်လာကြသည်။ ထို့ကြောင့် မိမိ၏ ရည်ရွယ်ရင်းကို တတ်နိုင်သမျှ ဖုံးဖိနိုင်မှ တော်ကာကျပါ လိမ့်မည်။
ထိုအချိန်တွင် တောအုပ်အတွင်းရှိ တောင်ထွတ်တစ်နေရာတွင်ဖြစ်သည်။ အဆိပ်ပြင်းမီးပုတ်သင် သည် ရောင်စုံအဆိပ်ခိုးငွေ့များ ခြံရံလျက် ဝံပုလွေဘုရင်၏ လှိုဏ်ဂူအဝကို ရောက်ရှိလာသည်။ ဂူ အတွင်း၌ လူတစ်ဦးပမာ တင်ပျဉ်ခွေထိုင်နေသော ဝံပုလွေဘုရင်သည် မီးပုတ်သင်ကို ရောက်ရှိ လာသောအခါ မျက်လုံးအစုံကို ဖွင့်ပြီး
“မီးပုတ်သင် မင်းဘာကိစ္စနဲ့လာတာလဲ”
ထိုအခါ ဝံပုလွေဘုရင်၏ ခပ်ဆတ်ဆတ်အမေးကြောင့် မီးပုတ်သင်၏ မျက်လုံးနှစ်ခုထဲမှ မီးတန်း နှစ်ခုထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည်ငြိမ်းသတ်သွားသည်။ မီးပုတ်သင်လည်း အ သံပြတ်ဖြင့် ပြောလိုက်သည်။
“ဝံပုလွေ ငါမင်းဆီကိုလာတာ အရေးကြီးကိစ္စ ဆွေးနွေးချင်လို့”
ထိုအခါ ဝံပုလွေဘုရင်က လှောင်ပြောင်သရော်လိုသည့် မျက်နှာထားဖြင့် ကြည့်ကာ
“မင်းက ငါနဲ့ဘာဆွေးနွေးစရာရှိလို့လဲ။ မင်းနယ်မြေတွေကို ထပ်ချဲ့ချင်တာလား။ ဒါဆိုရင်တော့ မင်းလာရကျိုးနပ်မှာ မဟုတ်ဘူး”
ထိုစကားကြောင့် မီးပုတ်သင်လည်း ဒေါခွီးသွားပြီး မျက်လုံးအစုံတွင် မီးများဝင်းလက်လာသလို ခ န္ဓာကိုယ်မှလည်း အဆိပ်ခိုးငွေ့များ ထောင်းခနဲထလာသည်။ သို့သော် ဒေါသကို အချိန်မီမျိုသိပ် လိုက်ပြီးနောက် အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်ပြန်သည်။
“ဝံပုလွေကြီး ငါမင်းနဲ့စကားနိုင်လုဖို့လာတာ မဟုတ်ဘူး။ အရေးကြီးတဲ့ကိစ္စ ပြောမလို့လာတာ။ ဖူ တောင်က ဝံပုလွေဘုရင်ကို သတ်သွားတဲ့ကောင်ကို မင်းသိတယ်မလား”
“ဟမ်…”
မီးပုတ်သင်၏ စကားကြောင့် ဝံပုလွေဘုရင်၏ ပြောင်ချော်ချော်မျက်နှာပေးသည် ရုတ်တရက်ဆို သလို တည်သွားတော့သည်။ မျိုးနွယ်တူ ဝံပုလွေအချင်းချင်းဖြစ်သောကြောင့် ဖူတောင်မှ ဝံပုလွေ ဘုရင်၏ ဖြစ်အင်စဆုံးကို သူသိထားပါသည်။ ဝံပုလွေတို့၏ ဘိုးဘေးဖြစ်သော အဆင့် ၅ ဝံပုလွေဧ ကရာဇ်ကိုယ်တိုင် ကြေငြာထားသည်က ဖူတောင်မှ ဝံပုလွေဘုရင်ကို သတ်ဖြတ်သွားသူ၏ ဦး ခေါင်းကို ယူဆောင်လာနိုင်သူကို သူကိုယ်တိုင် ပျိုးထောင်လေ့ကျင့်ပေးမည် ဟူ၍ဖြစ်သည်။ ထီး တည်းတောင်မှ ဝံပုလွေဘုရင်ဖြစ်သူ သူသည်လည်း ဝံပုလွေဧကရာဇ်၏ ကိုယ်တိုင်ကိုယ်ကျ ပျိုး ထောင်မှုကို ခံယူလိုပါသော်လည်း သူ၏ လက်ရှိအင်အားအရ ဖူတောင်ဝံပုလွေဘုရင်ကို သတ် ဖြတ်သွားသူကို ခေါင်းဖြတ်နိုင်ဖို့ဝေးစွ၊ ထိုသူနှင့် ထိပ်တိုက်တွေ့ပါက အသက်ရှင်ရန်ပင် မနည်း ကြိုးစားရမည့် အနေအထားမျိုးဖြစ်နေသည်။
သို့သော် ထီးတည်းတောင် ဝံပုလွေဘုရင်သည် ငတုံးမဟုတ်ပါ။ မီးပုတ်သင်၏ စကားအသွားအ လာကို ကြည့်ရုံဖြင့် ဆိုလိုရင်းကို နားလည်လိုက်သည်။ မီးပုတ်သင် တခွီးခွီးရယ်လိုက်ပြီး
“မင်းနားလည်သွားပြီထင်တယ်။ ဟုတ်တယ်၊ အဲဒီစုံတွဲကို ငါ့တပည့်တွေက ဒီတောအုပ်အနားမှာ တွေ့လိုက်တယ်။ မင်းဘယ်လိုထင်လဲ။ ငါတို့အတူတိုက်ကြမလား။ ဒီကောင်ကြီးသေရင် မင်းရော ငါရော အကျိုးရှိမယ်လေ”
မီးပုတ်သင်၏ စကားကို ထီးတည်းဝံပုလွေဘုရင်တစ်ယောက် အလွန်စိတ်ဝင်စားသွားသော်လည်း တစ်ချိန်တည်းတွင် သတိကြီးသည့် ဝံပုလွေမျိုးနွယ်ဝင်ဖြစ်သောကြောင့် ပြန်ငြိမ်ကျသွားပြီး တစ် စုံတစ်ခုကို သံသယရှိဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
***
စာစဉ် ၁၇ ပြီးပါပြီ။