← Chapters

ရန်ဟောင်တန်ခိုးရှင်၏ခြိမ်းခြောက်မှု

Vol. 015 Ch. 1403

ရန်ဟောင်တန်ခိုးရှင်၏ခြိမ်းခြောက်မှု

Vol. 015 Ch. 1403

တန်ခိုးရှင်များ အားလုံး၏ မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့သည် လေဟာနယ်အတွင်း ဖြစ်ပေါ်လာသည့် အန္တရာယ်ကို ခံစားမိလိုက်ကြသည်။

အတိုင်းအဆမရှိ များပြားလှသည့် ဓားများက နတ်ဆိုးများ၏ နယ်မြေကို ချိပ်ပိတ်ရန် အသုံးပြုထားဟန် ထင်မှတ်ရပြီး ဤဓားထိပ်ဖျားသည် ဓားများတည်ရှိရာနေရာ၏ အဓိကနေရာဖြစ်နိုင်သည်။  ဓားကြီးသည် ဓားတောင်ထိပ်ဖျားတွင် တည်ရှိနေပြီး ဤနေရာကို ချိပ်ပိတ်ထားသည့် သော့ချက်​ဖြစ်နိုင်သည်။ ယင်းကို ဆွဲထုတ်လိုက်ပါက အကျိုးဆက်က မတွေးရဲစရာပင် ဖြစ်သည်။

သို့သော် ယခုတွင် တစ်စုံတစ်ယောက်က ဓားအား ဆွဲထုတ်ရန် ကြိုးစားနေသည်။

“ရပ်စမ်း” လူများက အော်လိုက်ကြသည်။ ဓားကြီးရှေ့မှ လူသည် လက်နှစ်ဖက်နှင့် ဆွဲထုတ်နေပြီး မြေပြင်သည် အော်​မြည်သံများ ထွက်ပေါ်နေ၏။ ကျယ်ပြောသည့် အဆုံးမဲ့လေဟာနယ်က တုန်ခါနေ၏။ ထိုဓားကျိုးများသည် ဤနယ်မြေ၏ အစိတ်အပိုင်းဖြစ်ပြီး မြင့်မားသည့် အော်သံကို ပြုလုပ်ကာ ဖျက်ဆီးခြင်းမုန်တိုင်းက လေဟာနယ်ကို ​ဖြတ်သန်း လွှမ်းမိုးလာသည်။

​မြေပြင်အောက်မှ ကြောက်မက်ဖွယ် အသက်ဓာတ်များ ထုတ်လွှတ်လာပြီး ထိုသည်က မရေတွက်နိုင်သော သေဆုံးပြီး တန်ခိုးရှင်များ၏ ကြွင်းကျန်ရစ်သော အသိစိတ်များဖြစ်ကာ ဤမြေပြင်အောက်၌ ဖိနှိပ်ခံထားရခြင်း ဖြစ်သည်။

ယခုတော့ သူတို့အားလုံး လွတ်မြောက်လာကြပြီ ဖြစ်သည်။

“တော်တော် အတင့်ရဲတာပဲ”

ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်တစ်ဦးက သူ့လက်ကို မြှောက်လိုက်ပြီး ဓားဆွဲထုတ်နေသည့် ထိုပုံရိပ်ဆီသို့ တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သော်လည်း ကြောက်မက်ဖွယ် လေပွေက ပေါ်ပေါက်လာပြီး ထိုသူ ဆွဲထုတ်လိုက်သည့် ဓားကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ အန္တရာယ်လေထုအလယ်မှ အရိပ်ကဲ့သို့ ပုံရိပ်သည် သူ၏ စိတ်အတွင်း တစ်ဟုန်ထိုး ဝင်ရောက်သွားသည်ဟု ထင်မှတ်ရပြီး သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်၏ တိုက်ခိုက်မှုသည် သူ့ထံသို့ နီးကပ်လာသော်လည်း ကြောက်မက်ဖွယ် မုန်တိုင်း၏ တားဆီးပိတ်ဆို့ထားခြင်း ခံလိုက်ရသည်။

“အန္တရာယ်များတယ်.. နောက်ဆုတ်” ဓားသခင်က အော်ဟစ်လိုက်သည်။ သို့သော် ရီဝူချင်းသည် မုန်တိုင်း၏ အလယ်၌ ရပ်နေဆဲပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တွင် အပြာရောင်သွေးကြောများ ပေါ်ပေါက်လာသည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် သွေးရောင်အလင်းများ ဖြစ်ပေါ်လာသည်။ အလွန် အန္တရာယ်များသည့် အသိစိတ်များက သူ၏ စိတ်ထဲသို့ တိုးဝင်လာကာ သူ့စိတ်ကို အပိုင်သိမ်းရန် ကြိုးစားလိုက်သည်။

ဓားသခင်၏ မျက်နှာက အလွန် ဖြူဖျော့သွားသည်။ သူက ထိုအခိုက်တွင် ရီဝူချင်း ရင်ဆိုင်နေရသည့် အ​ခြေအနေအား နားလည်နိုင်ပေသည်။ ထိုထူးဆန်းသည့် တန်ခိုးရှင်က သူ့အား ပေးခဲ့သည့် ယနေ့တိုင်အသုံးပြုနေသော နတ်ဆိုးဓားသည် ထိုသို့ တူညီသည့် စွမ်းအားများ ပါဝင်နေပြီး ထိုအတွင်း၌ နတ်ဆိုးအစစ်အမှန်တို့ နေထိုင်နေသကဲ့သို့ နတ်ဆိုးအသိစိတ်တို့ဖြင့် ပြည့်နှက်နေပေသည်။

သို့သော် ထိုနတ်ဆိုးအသိစိတ်များက ချိပ်ပိတ်ခံထားရတာကြောင့် အန္တရာယ် မရှိလှပေ။

သို့ဆိုလျှင်ပင် ဓားသခင်သည် နတ်ဆိုးဓားကို အသုံးပြုသည့်အချိန်တိုင်း ခံစားရသောကြောင့် ယခု ရီဝူချင်း မည်သို့ ခံစားနေရမည်ကို ရှင်းလင်းစွာ သိရှိပေသည်။ သူ၏ ဓားက ချိပ်ပိတ်ထားသော်လည်း ခံစားရသည့် နာကျင်မှုက သာမန်လူတို့ သည်းမခံနိုင်လောက်အောင်ပင် ဖြစ်သည်။ ဤချိပ်စည်းကို ဖွင့်လိုက်ပါက မည်သို့ ဖြစ်လိမ့်မည်နည်း။

ရီဖူရှင်း ဆွဲထုတ်လိုသည့် ဓားသည် သူ၏ နတ်ဆိုးဓားကဲ့သို့ပင် ကြီးမားသော ဓားကြီးဖြစ်သည်။ ယင်းဓားက နယ်မြေအား ဖိနှိပ်ရန် ချိပ်ပိတ်ထားခြင်း ဖြစ်၏။

သို့သော် ယခုတွင် ရီဝူချင်းသည် ထိုဓားအား ဆွဲထုတ်ချင်နေသည်။

သူ သေဆုံးရပေလိမ့်မည်။

ထိုဖိနှိပ်ခံထားရသည့် စွမ်းအားက လွတ်မြောက်သွားလျှင် ဤနယ်မြေအတွင်းရှိ သက်ရှိများကို မည်မျှ ကြောက်မက်ဖွယ် ကောင်းသည့် အကျိုးဆက်ကို ပေးစွမ်းလိမ့်မည်နည်း။

မုန်တိုင်းအလယ်၌ မည်သည့်တန်ဖိုးကို ပေးဆပ်ရန် ရီဝူချင်းအား စောင့်ဆိုင်းနေမည်နည်း။

ဓားသခင်သည် ဤအခြေအ​နေက အလွန် ပြင်းထန်လာပြီလားဟု တွေးဆလိုက်လေသည်။

ရီဝူချင်း၏ မျက်လုံးများက ကြောက်လန့်ဖွယ် သွေးရောင်ဖြင့် တောက်ပနေကာ သူ၏ မူလမျက်လုံးတို့ မဟုတ်တို့ပေ။ သို့သော် သူ၏ နက်ရှိုင်းသော မျက်ဝန်းထဲ၌ လေးနက်သည့် ခံစားချက်တို့ ရှိနေသေး၏။ သူ၏ စိတ်စွမ်းအားက ထိုကြောက်မက်ဖွယ် အာဃာတများသည့် အသိစိတ်များကို ဆန့်ကျင် တိုက်ခိုက်နေသည်။

သူ၏ ခန္ဓာကိုယ်က သူ့အပိုင်မဟုတ်တော့သကဲ့သို့ ထင်မှတ်ရသော်လည်း သူ၏ လက်များက ဓားကြီးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ဘုန်း...

မြေကြီးက ဆက်လက် တုန်ခါနေပြီး မရေတွက်နိုင်သည့် ကြောက်မက်ဖွယ် အရိပ်များက မြေပြင်မှ ပျံသန်းထွက်လာကာ ရီဖူရှင်းအား ဝိုင်းတိုက်ခိုက်နေသည့် လူများကို တခဏ ရပ်တန့်သွားစေသည်။ သူတို့သည် အတော်လေး မတည်မငြိမ် ဖြစ်​နေကြသည်။

ဤအရူးကောင်က လူတိုင်းကို သတ်ဖြတ်ရန် ကြိုးစားနေသည်လား။

ရီဝူချင်းက မရပ်တန့်ခဲ့ပေ။ မရေတွက်နိုင်အောင် များပြားသော အကြည့်များအောက်တွင် သူသည် ဓားကြီးကို လက်နှစ်ဖက်နှင့် တဖြည်းဖြည်းချင်း ဆွဲထုတ်နေခဲ့သည်။

သူ့တွင် စဥ်းစားနေရန် အချိန်မရှိချေ။ များပြားလှသည့် ထိပ်သီးပုဂ္ဂိုလ်များက ရီဖူရှင်းကို ဖိနှိပ်ရန် ပူးပေါင်းထားကြပြီး သူတို့ မည်မျှ ရသင့်သည်ကိုပင် ဆွေးနွေးနေခဲ့ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူက ထိုသူတို့အား ဆန့်ကျင်ရန် မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။

ဤနယ်မြေတွင် များပြားလှသည့် နတ်ဆိုးများ မြေမြှုပ်ခံခဲ့ရသော်လည်း သွေးဆာနေသည့် ထိပ်သီးတန်ခိုးရှင်များနှင့် မကောင်းဆိုးဝါးများ ကြား၌ မည်သည့် ကွာခြားမှုရှိသနည်း။ ရီဖူရှင်း၏ စွမ်းရည်ကို ဆုံးဖြတ်ရလျှင် မြေအောက်မှ မကောင်းဆိုးဝါးများ ရှေ့တွင် ရှင်သန်နိုင်ရန် အခွင့်အလမ်း ပိုများသော်လည်း ထိုလောဘသမား ထိပ်သီးပုဂ္ဂိုလ်များကတော့ သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အခြေအနေတစ်ခုလုံးကို သုံးသပ်၍ ရီဝူချင်းသည် တစ်ယောက်တည်း ဓားတောင်ထွတ်၌ ဓားအား ဆွဲထုတ်နေခြင်း ဖြစ်ပေသည်။

သေစမ်း…

နက်မှောင်သည့် အလင်းတန်းက ကောင်းကင်သို့ ထိုးဖောက်တက်သွားသည်။ ဓားကို နောက်ဆုံး၌ ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဓားတောင်သည် ပြိုကျသွားခဲ့ပြီး ကြောက်မက်ဖွယ် လေစီးကြောင်းက ကောင်းကင်သို့ တရကြမ်း ထိုးတက်သွားခဲ့သည်။

သို့သော် ရီဝူချင်း၏ ခန္ဓာကိုယ်က အဆုံးမဲ့အမှောင်ထု​ဖြင့် လွှမ်းမိုးခြင်းကို ခံထားရ၏။ မြေပြင်သည် တုန်ခါနေပြီး မရေတွက်နိုင်သည့် ဓားကျိူးများက ပျံတက်လာကာ မြေပြင်က အက်ကွဲလာသည်။ များပြားလှသည့် နက်ရှိုင်းသော အက်ကြောင်းများ ပေါ်ပေါက်လာသည်။ အက်ကြောင်းများမှ များပြားသော လက်များ ထွက်လာပြီး မြေပြင်ပေါ် ဖမ်းထောက်လိုက်ကြသည်။ များပြားသော အရိပ်များ ထွက်ပေါ်လာပြီး ကောင်းကင်တွင် တိုက်ခိုက်နေသော တန်ခိုးရှင်များဆီသို့ တစ်ရှိန်ထိုး ပြေးဝင်သွားကြ၏။

အခြေအနေက အလွန် ရှုပ်ထွေးသွားခဲ့သည်။ တန်ခိုးရှင်များသည် အလွန် ကြောက်လန့်ကုန်ကြပြီး ချက်ချင်းပင် တကွဲတပြားစီ ဖြစ်ကုန်ကာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

ဘုန်း…

ရီဝူချင်း ရှိနေရာ ဓားထိပ်ဖျားပေါ်တွင် နေရာက အလယ်မှနေ၍ နှစ်ပိုင်းကွဲသွားခဲ့သည်။ နယ်မြေနှစ်ပိုင်းသည် တိတိရိရိ ပိုင်းခြားခံထားရသည်ဟု ထင်မှတ်ရကာ ကွာဝေးမှုက တဖြည်းဖြည်း ကြီးမားလာသည်။ ပိုင်းခြားခံလိုက်ရသည့် နယ်မြေအကြားတွင် ကြောက်စရာကောင်းသည့် အသက်ဓာတ်က ပျံ့နှံ့လာ၏။ လူတိုင်းက ကြောက်ရွံ့နေကြသည်။

မရေတွက်နိုင်သည့် လေစီးကြောင်းများက ဓားကြီးဆီသို့ ဆက်လက်တိုးဝင်လာနေသည်။ ကွဲထွက်လာသည့် မြေ့ပင်ပ အဆုံးမဲ့ ချောက်ကြီးအဖြစ် ပြောင်းလဲသွား၏။ အထက်မှ ငုံ့ကြည့်လျှင် အောက်ခြေကို မည်သူမှ မြင်ရမည် မဟုတ်ပေ။ ထိုချောက်နက်အတွင်းမှ ကြောက်မက်ဖွယ် အသက်ဓာတ်များသာလျှင် ထွက်ပေါ်လာနေသည်။

ထိုအချိန်တွင် အဆုံးမဲ့ ချောက်နက်ကြီးအတွင်း နက်ရှိုင်းသည့် အမှောင်ထုထဲ၌ သွေးရောင်အလင်းနှစ်ခု ပေါ်ပေါက်လာသည်။ ဤရဲရဲနီနေသော အလင်းတန်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး နတ်ဆိုးတစ်ကောင်၏ မျက်လုံးများကဲ့သို့ပင် ​ဖြစ်သည်။ ကြောက်မက်ဖွယ် နတ်ဆိုးအလင်းသည် ချောက်နက်ကြီး တစ်ခုလုံးကို အညှိုးအတေးများဖြင့် ပြည့်နှက်နေစေသည်။

သို့သော် ခဏအကြာတွင် အလင်းနှစ်ခုက မည်သည်မှ မကျန်ခဲ့သည်ထိ ပျောက်ကွယ်သွားခဲ့သည်။

ရီဝူချင်းသည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ခါနေပြီး သူ့မျက်လုံးများက သွေးရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ချောမောသော မျက်နှာက အသွေးအသားများ ခြောက်ခမ်းရှုံ့တွ၍ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အသက်ဓာတ်က အလွန်ပြင်းထန်လာကာ ခန္ဓာကိုယ်တစ်ခုလုံး ဝါးမျိုခံရသည်ဟု ထင်မှတ်ရပေသည်။

သူသည် သူကိုယ်တိုင် မဟုတ်တော့သကဲ့သို့ပင် ​ဖြစ်သည်။

သူက လှည့်လိုက်​ပြီး အခြားလူများကို ကြည့်လိုက်သည်။  အထွတ်အထိပ်ဆရာသခင် ကျန်းယွမ်က နတ်မိုးကြိုးကို အသုံးပြု၍ မကောင်းဆိုးဝါးများ၏ အညှိုးအတေးစွမ်းအားများကို ခုခံလိုက်သည်။ နတ်ဆင်ကလန်မှ တန်ခိုးရှင်များသည်လည်း ကောင်းကင်တွင် ခြေလှမ်းလိုက်ကာ မကောင်းဆိုးဝါး အသိစိတ်များကို ဖိနှိပ်ရန် ကြိုးစားနေကြသည်။

အခြားသော တန်ခိုးရှင်များသည်လည်း ခုခံရန် သူတို့၏ စွမ်းအားများကို အသုံးပြုလိုက်ကြသည်။

သို့သော် ဤသို့သော ရှုပ်ထွေးနေသည့် အခြေအနေမျိုး၌ပင် ခရမ်းရွှေကြွက်သည် လက်လျှော့ခြင်း မရှိသေးချေ။ သူက လျှပ်စီးအလင်းတန်းကဲ့သို့ ပြောင်းလဲလိုက်ပြီး ရီဖူရှင်းထံသို့ တိုးဝင်သွားကာ သူက ယခုအချိန်တွင် ရီဖူရှင်းကို သူနှင့် ခေါ်ဆောင်သွားလိုနေသည်။

သူက ရည်ရွယ်ချက် မပြည့်ဝမချင်း လက်လျှော့လိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် သူသည် အန္တရာယ်များလှသည့် အသက်ဓာတ်ကို ခံစားမိလိုက်သည်။ သူက ချက်ချင်းပင် ပြန်လှည့်ကာ ကြည့်လိုက်လျှင် သူ့ကို အုပ်မိုးနေသည့် နတ်ဆိုးမျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများက သူ၏ မျက်လုံးထဲသို့ ထွက်ပေါ်လာပြီး သူ့စိတ်အတွင်းကို ကျူးကျော်လာသည်။ သူသည် တုန်ယင်ကာ ကြောက်လန့်လာပြီး နောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်သည်။

ဓားကြီးတစ်လက် ထွက်ပေါ်လာကာ သူရှိနေရာသို့ ခုတ်ပိုင်းလိုက်သည်။ ထိတ်လန့်ဖွယ် တုန်ခါနေသော အသံထွက်ပေါ်လာပြီး ခရမ်းရွှေကြွက်သည် သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏ အကာအကွယ် ခရမ်းရွှေချပ်ဝတ်က ထိခိုက်မှုအများစုအား ခုခံပေးခဲ့၍သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုက အလွန် ပြင်းထန်စွာ ဒဏ်ရာရသွားစေလိမ့်မည်။

ခရမ်းရွှေကြွက်သားရဲသည် အဝေးသို့ လျင်မြန်စွာ ရွေ့လျားလိုက်ပြီး ပါးစပ်အပြည့် သွေးအန်လိုက်ရကာ ပြင်းထန်သော လေစီးကြောင်းက သူ့ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာပြန်သည်။ ခရမ်းရွှေကြွက်သည် ရွှေရောင်အလင်းတန်းအ​ဖြစ် ပြောင်းလဲလိုက်ပြီး အကွာအဝေးကို ခြားနားစေလိုက်ကာ ဤနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ထိုအရူးက မကောင်းဆိုးဝါးများအား ချိပ်ပိတ်ထားသည့် ဓားကို ဆွဲထုတ်ပြီးနောက်တွင် သူကိုယ်တိုင် မကောင်းဆိုးဝါး ဖြစ်လာခဲ့သည်လား။

သူ၏ သွေးရောင်ရဲရဲနီနေသည့် မျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး ရီဝူချင်းသည် အဝေးသို့ လျှပ်စီးသဖွယ် လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ ဓားက ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမဲ့ လေစီးကြောင်းကို ဝါးမျိုနေပြီးနောက် လေထဲရှိ တန်ခိုးရှင်များဆီသို့ ခုတ်ပိုင်းလိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ် နက်မှောင်သည့် လေပွေ ထွက်ပေါ်လာပြီး မရေတွက်နိုင်သော အရိပ်များက ဓားတွင် စုစည်းလာကာ ထိုတန်ခိုးရှင်များထံ တစ်ဟုန်ထိုး ပြေးဝင်သွား၏။

တစ်ချိန်တည်းမှာပင် ရီဝူချင်း၏ ခန္ဓာကိုယ်သည် နက်မှောင်သည့် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ခရမ်းရင့်ကောင်းကင်နန်းတော်၏ ကျန်းယွမ်ဆီသို့ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ကျန်းယွမ်က ရီဝူချင်းလာနေသည်အား မြင်လေသည်။ ရီဝူချင်း၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် လေစီးကြောင်းများဖြင့် ရစ်ပတ်ခံထားရသည်။ ထိုအချိန်၌ သူသည် သူကိုယ်တိုင်မဟုတ်တော့ပေ။

“ဘုန်း” မိုးကြိုးများက ဆက်လက်အော်မြည်နေပြီး ကောင်းကင်တခွင်တွင် လျှပ်စီးများ ပြိုးပြက်လက်နေသည်။ ထောင်သောင်းချီသည့် မိုးကြိုးအလင်းများက ရီဝူချင်းဆီသို့ တိုးဝင်သွား၏။ နတ်မိုးကြိုးများ အောက်တွင် မရေတွက်နိုင်သည့် တစ္ဆေများက ရှင်းလင်းပစ်ခံလိုက်ရသည်။

ခရမ်းရင့်မိုးကြိုးသည် ချက်ချင်းပင် ရီဝူချင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ရီဝူချင်း၏ လက်ထဲမှ ဓားက ပျံသန်းထွက်သွားကာ နက်မှောင်သည့် အလင်းအဖြစ် ပြောင်းလဲသွားသည်။ ယင်းဓားက မိုးကြိုးစွမ်းအားများကို ဖျက်ဆီးကာ ကျန်းယွမ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်တိုက်ခိုက်လေသည်။

ထိခတ်သံများ ထွက်ပေါ်လာသည်။ ကျန်းယွမ်၏ ခန္ဓာကိုယ်သည် ထိုးဖောက်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး ဖျက်ဆီးခြင်းလေစီးကြောင်းက သူ့ထံသို့ အရူးအမူး တိုးဝင်သွားလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သေဆုံးခြင်းအငွေ့အသက်များနှင့် ပြည့်နှက်သွားကာ နက်မှောင်လာသည်။ အလင်းသည် တဖြည်းဖြည်း မှေးမှိန်လာကာ သူ၏ မျက်နှာက လူသေကဲ့သို့ ဖြစ်လာ၏။

ထိုအချိန်တွင် အားကောင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ကျန်းယွမ်က ဟစ်ကြွေးလိုက်သည်။ သူ့တစ်ကိုယ်လုံးကို ရန်ဟောင်စွမ်းအားများဖြင့် ဖုံးလွှမ်းထားပြီး အထွတ်အထိပ်ရန်ဟောင်သခင်၏ ပုံရိပ်က ပေါ်ပေါက်လာသည်။ သန့်စင်သည့် အလင်းများက ကျန်းယွမ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူ့အနီးရှိ အနက်ရောင်လေစီးကြောင်းက ပျက်ပြယ်သွားကာ အန္တရာယ်ရှိသည့် စွမ်းအားများက ချက်ချင်း ရှင်းလင်းခံလိုက်ရသည်။

ရန်ဟောင်၏ အရှိန်အဝါက တောက်ပနေသည်။ နတ်မိုးကြိုးများ ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်ကာ သူ့အနီးရှိ အန္တရာယ်ရှိသည့် စွမ်းအားများ အားလုံး ရှင်းလင်းခံလိုက်ရသည်။ သူ၏ မျက်လုံးများက နတ်ဘုရားမျက်လုံးများကဲ့သို့ အလွန်ထက်ရှနေပြီး ရီဝူချင်းဆီသို့ စိုက်ကြည့်နေ၏။

“မကောင်းဆိုးဝါးပညာတွေ…”

သူက စက်ဆုပ်ရွံရှာစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများက ထူးမခြားနား ကြည့်လိုက်ကာ လက်ချောင်း​ဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။ ရီဝူချင်းသည် ဓားကို ပြန်ဆွဲယူလိုက်ကာ တိုက်ခိုက်မှု တစ်ချက် ဖော်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ် မိုးကြိုးများက ကျယ်ပြောသည့် ကောင်းကင်တွင် ပေါ်ပေါက်လာပြီး နက်မှောင်သည့် ဓားအလင်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်မိသည်။ ပြိုင်ဘက်ကင်း ဖျက်ဆီးခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ် မုန်တိုင်းက လောကတခွင်ကို တိုက်ခတ်လာသည်။

“ဘုန်း....”

နောက်ဆုံး၌ ရီဝူချင်းသည် တောင့်ခံနိုင်ခြင်း မရှိတော့ပေ။ သူက တိုက်ခိုက်ရန်အတွက် သူ၏ စွမ်းရည်အစစ်အမှန်အစား အဆုံးစွန်သော စွမ်းအားများကို အသုံးပြုခဲ့ရပြီး သူက အစစ်အမှန် ရန်ဟောင်စွမ်းအားကို မည်သို့ ဆန့်ကျင်တိုက်ခိုက်နိုင်မည်နည်း။

လျှပ်စီးအလင်းများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သူက အဆုံးမဲ့ လေစီးကြောင်း၏ ကာကွယ်ပေးမှု မရှိခဲ့လျှင် ထိုတိုက်ခိုက်မှုက သူ့အား ပြာဖြစ်သွားစေရန် လုံလောက်ပေသည်။

“ကျုပ်တို့ အရင်သွားသင့်ပြီ” ရန်ဟောင်တစ်ပါးက ထိုနေရာသို့ မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်သည်။ သူသည် ဤနေရာက အန္တရာယ်အလွန်များလာသည်အား ခံစားမိကာ ကျန်းယွမ်ကို သူနှင့်အတူ ထွက်ခွာစေလိုသည်။

“သူ့ကိုပါ ခေါ်ခဲ့လိုက်” ကျန်းယွမ်က ရီဖူရှင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ ဤသို့သော အခြေအနေ၌ပင် သူက ရီဖူရှင်းအား ဖမ်းဆီးသွားရန် မမေ့လျော့ခဲ့ပေ။

အထူးသဖြင့် ရီဖူရှင်းနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်၌ ကျန်းယွမ်သည် သူ့ကို ပို၍ စိတ်ဝင်စားလာခဲ့သည်။ ဤလူငယ်သည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို အသုံးပြုကာ တစ်ချိန်တည်း၌ ထိပ်သီးတန်ခိုးရှင်များကို ရင်ဆိုင်နိုင်စွမ်းရှိသည်။ ထို့ပြင် သူက လမ်းစဥ်မီးတောက်များကို မည်ကဲ့သို့ ထုတ်ဖော်နိုင်ရသနည်း။

***

All Chapters