အားကိုးရာ
Vol. 7 Ch. 104
“ဘာတွေဖြစ်နေတာလဲ’
သူတို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ ဘာဆက်လုပ်ရမှန်းမသိကြ။
“ထာဝရဂိုဏ်းရဲ့ကို ငါတို့ဘယ်လိုယုံကြည့်ရတော့မှာလဲကွ။ ငါက ထာဝရအရှင်ကို ခေါ်တာမဟုတ်ဘူးလေ။ ထာဝရနတ်မယ်လို့ခေါ်လိုက်တာ ဘာကြောင့်ဒီလိုတုံ့ပြန်မှု ပေါ်လာတာလဲ”
လုယန် ကျယ်လောင်စွာအော်ဟစ်ဝေဖန်လိုက်သည်။ ကိုယ်ကိုးကွယ်သည့် တန်ခိုးရှင်ကို ထာဝရအရှင်လား ထာဝရနတ်မယ်လား ကွဲကွဲပြားပြားပင် မသိကြ။ ဘယ်လိုယုံကြည်မှုဝါဒလည်းမသိ။
“ပေါက်တတ်ကရတွေပြောမနေနဲ့။။ ပြေးကြစို့”
မုန်ကျင်းကျိုး အော်လိုက်သည်။ ယခု အပြစ်တင်နေရမည့်အချိန်မဟုတ်။
ကောင်းကင်မှသဏ္ဌာန်က တံလျှပ်နှင့်တူသည်။ အတော်မှုန်ဝါးသည်။ သူ့နာမည်ခေါ်လိုက်သူက လုယန်မှန်း သိပုံရသည်။ အလင်းတန်းအသွင်ပြောင်း၍ လုယန်ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။
“အခြေတည်အဆင့်ပဲရှိတာလား။ အတော်အားနည်းတဲ့လူပဲ”
လုယန်၏ သိစိတ်နယ်မြေသို့ ထိုအသွင်ရောက်လာသည်။ ဘာမှမဖွံ့ဖြိုးသေး။ နေရာကျဉ်းကျဉ်းလေးသာရှိသည်။
သူဝင်လာသည်နှင့် လုယန်၏သိစိတ်ဝိညာဉ်လည်း ထိုနေရာသို့ ရောက်သွားသည်။
သိစိတ်နယ်မြေ၏ပတ်ဝန်းကျင်က မှောင်မည်းနေသည်။ အလယ်ဗဟိုမှာ နေရာကျဉ်းလေးသာ အလင်းရောင်ရှိသည်။ လုယန်နှင့်သဏ္ဌာန်ရှင်တို့ ထိုအလင်းထဲတွင် ရပ်နေကြသည်။
လုယန် သတိဖြင့်စောင့်ကြည့်၍မေးသည်။
“မင်းဘယ်သူလဲ”
လုယန်အမူအရာကို သဘောကသွားဟန်ဖြင့် သဏ္ဌာန်ရှင်က တခစ်ခစ်ရယ်နေသည်။ ရယ်သံကကြည်လင်ချိုသာသည်။ သို့သော် လုယန်စိတ်ထဲ သေမင်းရယ်သံဟု ထင်မိသည်။
“အင်း ငါ့နာမည်ကို နင်ခေါ်လိုက်တာပဲလေ။ ငါဘယ်သူဆိုတာ မသိသေးဘူးလား”
အကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးအခြေအနေဖြစ်လာသဖြင့် လုယန်အတော်စိတ်ဓာတ်ကျသွားသည်။ ထိုသဏ္ဌာန်သည် ထာဝရဂိုဏ်း၏တန်ခိုးရှင်အစစ် ဖြစ်နေသည်။
မသေမျိုးတစ်ယောက်။ ပြန်အသက်ဝင်လာသည့် မသေမျိုးအစစ်ဖြစ်နေသည်။
နာမည်ခေါ်လိုက်ရုံဖြင့် ပြန်အသက်ဝင်လာသည်။ ကြောက်စရာကောင်းလွန်းလှသည်။
“မင်းဘာလုပ်ချင်တာလဲ”
သဏ္ဌာန်ရှင်က လုယန်အမေးကိုမဖြေဘဲ ပြန်မေးသည်။
“အခု ဘာနှစ်လဲ။ စကြာဝဠာကို ဘယ်သူထိန်းချုပ်နေတာလဲ”
“မဟာရှားမင်းဆက်ပါ။ လူသာမျိုးနွယ်ရဲ့ အမြင့်ဆုံးအုပ်ချုပ်သူက အင်ပါယာရှားပါ။ လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက မဟာယုမင်းဆက်ပါ။ မဟာယုနိုင်ငံက နှစ်တစ်သိန်း ကြာခဲ့တယ်။ အဲဒီ့အရင်ကမင်းဆက်တွေကို ငါမသိဘူး”
“အင်ပါယာရှာား...မဟာရှား...မဟာယု...ဒီနိုင်ငံတွေ ငါတစ်ခါမှမကြားဖူးပါဘူး”
သဏ္ဌာန်ရှင် ခေါင်းခါသည်။ ထို့နောက် ဆက်မေးသည်။
“ငါသေသွားတာ ဘယ်လောက်ကြာပြီလဲ”
ထိုမေးခွန်းကို လုယန်မဖြေတတ်။
“ငါသိသလောက်တော့ မင်းက ရှေးခေတ်ကမသေမျိုးပဲ။ အမည်မသိစွမ်းအားရှင် ကြယ်တွေကို တိုက်နယ်မြေအဖြစ် သန့်စင်တုန်းက လူသားမျိုးနွယ်ကို မင်းကာကွယ်ခဲ့တယ်”
ထိုသဏ္ဌာန်ရှင်ကို လူသားမျိုးနွယ်ကို ကာကွယ်၍ ကြီးမားသည့်စွမ်းဆောင်မှုပြခဲ့သည့် ဖြောင့်မတ်သည့်မသေမျိုးဖြစ်ကြောင်း၊ ထို့ကြောင့် သူ့လိုမထင်မရှားလူတစ်ယောက်ကို မသက်မညှာမလုပ်သင့်ကြောင်း လုယန် တစ်ဘက်လှည့်ဖြင့် တမင်ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။
“အမည်မသိစွမ်းအားရှင်က ကြယ်တွေကိုသန့်စင်တယ်တဲ့လား။ လူသားမျိုးနွယ်ကို ငါကကာကွယ်တယ်ပေါ့။ ဘာအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာလဲ”
သဏ္ဌာန်ရှင် အူကြောင်ကြောင်ဖြစ်နေသည်။ လုယန် ဘာတွေပြောနေသည်ကို သူနားလည်ဟန်မတူ။
လုယန် အော်ဆဲမိမတတ်ဖြစ်သွားသည်။ ထာဝရဂိုဏ်းသည် တကယ်မယုံကြည်ရ။ သူတို့ပြောသည့်စကားများတွင် အမှန်တရားဟူ၍ တစ်စက်မှမပါ။ သူတို့ကိုးကွယ်နေသည့် မသေမျိုးက ထိုအကြောင်းများ လုံးဝမသိ။
သူရှင်သန်ခဲ့သည့်ခေတ်ကာလမှ အချိန်များစွာ ကျော်လွန်ခဲ့ကြောင်း သဏ္ဌာန်ရှင် သဘောပေါက်သွားသည်။ သူ့လုပ်ရပ်များနှင့် သူ့မသေမျိုးနာမည်ကို လူသားမျိုးနွယ်က လုံးဝမေ့လျော့သွားသည်။ သူ့ဘွဲ့ထူးနှင့်မသေမျိုးနာမည်ကို ပြောမိသည့်လူတစ်ယောက်သာ ဤလောကထဲရှိလျှင် အစောကြီးကတည်းက သူအသက်ပြန်ရှင်ပြီးဖြစ်မည်။ ယခုတော့ မဟာယယုနှင့် မဟာရှားမင်းဆက်ရှိခဲ့သည်ကိုပင် သူမသိ။
ရပါသည်။ လောကကြီးက သူ့နာမည်ကို မေ့နေလျှင် ဤလူငယ်၏ခန္ဓာကိုယ်ကိုသုံး၍ “ထာဝရနတ်မယ်ပဲဝါ”ဟူသည့် သူ့နာမည်ကို မိုးမြေကြားတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားအောင် လုပ်ပစ်မည်။
ထာဝရနတ်မယ်က လုယန်အမူအရာကိုကြည့်၍ သဘောကျနေသည်။ ကျေးဇူးလည်းတင်သည်။
လုယန် စိတ်လေးလာသည်။ ထာဝရနတ်မယ်က နှာခေါင်းရှုံ့လျက်
“နင်က ကျင့်စဉ်အဆင့်နိမ့်တယ်။ အခြေတည်အဆင့်ပဲ ရောက်သေးတာ။ ဒါပေမယ့် ထူးခြားတဲ့ဝိညာဉ်မြစ်ရှိတယ်။ အခြေခံကောင်းတယ်။ ငါနင့်ကို ထိန်းချုပ်ပြီး ဒီလောကရဲ့ခမ်းနားမှုကိုပြမယ်”
ထိန်းချုပ်ခြင်း။
အခြေအနေက လုယန်မလိုချင်ဆုံးလမ်းကြောင်းသို့ တဖြေးဖြေးဦးတည်နေသည်။
အလွယ်တကူ ထိန်းချုပ်မခံလိုသဖြင့် ရင်ဆိုင်ရန်အသင့်ပြင်လိုက်သည်။ မိန်းမတစ်ယောက်လှုပ်ရှားသကဲ့သို့ သိုင်းကွက်များကစားလိုက်သည်။
“မသေမျိုးဆိုပြီး မင်းကိုယ်မင်း ထူးခြားတယ်လို့ ထင်မနေနဲ့”
ထာဝရနတ်မယ် နှာခေါင်းရှုံ့သည်။ ဘာကြောင့် ထိုလူ လက်သီးသိုင်းကို ကနွဲ့ကလျ ကစားနေသည်မသိ။
ပတ်ဝန်းကျင်ကို သူစစ်ဆေးကြည့်ပြီးဖြစ်သည်။ သရဲကျွန်နှစ်ယောက်၊ အခြေတည်ကျင့်ကြံသူနှစ်ယောက်၊ မြင်းနဂါးတစ်ကောင်။ ဤလူငယ်ခန္ဓာကိုယ်ထဲ သူဝင်ထိန်းချုပ်မည်ကို ဘယ်သူမှ တားနိုင်စွမ်းမရှိ။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းသာ ဤသိစိတ်နယ်မြေတွင် ရှိနေလျှင် လုယန်ကစားနေသည်က အရိပ်တုလက်သီး၏ အမြင့်ဆုံးပညာဖြစ်သည့် ယွမ်ကျိအရိပ်တုလက်သီးသိုင်းဖြစ်ကြောင်း သိပေလိမ့်မည်။
..................
တာအိုလမ်းစဉ်ဂိုဏ်းတွင် ယွမ်ကျိက စည်းဝေးခန်းတွင်ထိုင်၍ အကြီးအကဲရှစ်ယောက်နှင့် ဂိုဏ်းကိစ္စများ ဆွေးနွေးနေသည်။
“ငါတို့ ဆေးအိုးတောင်ထိပ်ကို ဝိညာဉ်ကျောက် ပိုပြီးခွဲတမ်းချပေးသင့်တယ်လို့ထင်တယ်။ ဆေးပညာလမ်းစဉ်မှာ ထူးခြားတဲ့အာင်မြင်မှုတစ်ခု ရခါနီးနေပြီ။ ဝိညာဉ်ကျောက်သာ နည်းနည်းပိုရရင် သမိုင်းတွင်မယ့်အနေအထားမျိုးကို ငါတို့ရောက်မှာပဲ။ ဒီလိုအောင်မြင်ဖို့အတွက် ဝိညာဉ်ကျောက်ပိုသုံးတာ ဘာမှမပြောပလောက်ပါဘူး”
“မင်းတို့တောင်ထိပ်ကို ဝိညာဉ်ကျောက် ခွဲတမ်းပိုပေးရမယ်ံအစား ငါတို့ဆေးစိုက်ခင်းကိုပေးတာက ပိုအကျိုးရှိပါတယ်။ အခြေခံမှော်စက်ဝန်းကို အစားထိုးဖို့ အချိန်ကိုက်ပဲ။ ဆေးပင်တွေ ဒီ့ထက်ပိုပြီး သန်မာလာလိမ့်မယ်”
အကြီးအကဲများ ဝိညာဉ်ကျောက်ကိစ္စ အငြင်းပွားနေသည်။ ဘယ်သူက ဘယ်သူ့ကိုမှ အလျှော့မပေး။ ယွမ်ကျိဝင်ပြောရန်ပြင်သည်။ သို့သော် သူရုတ်တရက် ငြိမ်သွားသည်ကို အကြီးအကဲရှစ်ယောက် သတိထထားမိသည်။
ရုတ်တရက် ယွမ်ကျိခန္ဓာကို တစ်ချက်တုန်ခါသွားသည်။ အရင်ကကြုံဖူးသည့် ခံစားမှုမျိုးထပ်ကြုံရသည်။ လုယန်ဘာကြောင့် သူ့စွမ်းအားကို ငှားနေပြန်သည်မသိ။
စွမ်းအားမျှင်တစ်ချို့ သူ့လက်ချောင်းထိပ်တွင်ပေါ်လာသည်။ ပေးသင့်မပေးသင့်ချိန်ဆနေသည်။
ပြီးခဲ့သည့်အချိန်က သူမထိန်းချုပ်ခဲ့၍သာ လုယန်အလွယ်တကူ ငှားယူခွင့်ရခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ် သူပြင်ဆင်ထားသည်။ စွမ်းအားမယိုစိမ့်အောင် ထိန်းထထားသည်။
ခဏတွေးပြီးနောက် သူ့စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည်။ လုယန်ဘာလုပ်နေသည်ကို ကိုယ်တိုင်သွားစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
“ဆက်ဆွေးနွေးကြပါ အကြီးအကဲတို့။ ကျွန်မ ချက်ချင်းပြန်လာပါ့မယ်”
ယွမ်ကျိဝိညာဉ် ခန္ဓာကိုယ်မှ ထွက်သွားသည်။ မိုးမြေကြားတွင် ဖြတ်သန်းသွားသည်။ အကြီးအကဲများ နားမလည်သဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ကျန်ရစ်ခဲ့သည်။
ယွမ်ကျိလေထဲသို့ရောက်ပြီးနောက် လေဟာနယ်များစွာကို တစ်ခါတည်းခေါ်ကျော်လိုက်သည်။ မယုံနိုင်လောက်သည့်အမြန်နှုန်းဖြင့် လုယန်ရှိသည့်တည်နေရာကိုရှာပြီး ခန္ဓာကိုယ်ထဲ ဝင်သွားသည်။
လုယန်၏သိစိတ်နယ်မြေထဲတွင် ထာဝရနတ်မယ်၏ မခိုးမခံစကားသံကို ကြားရသည်။
“လက်လျှော့ပြီး ငါထိန်းချုပ်တာကိုအသာတကြည်လက်ခံလိုက်ပါ”
ထာဝရနတ်မယ်သည် အားနည်းနေသော်လည်း မသေမျိုးဝိညာဉ်ဖြစ်ကြောင့် ယွမ်ကျိ ချက်ချင်းရိပ်မိသည်။ မည်သို့ဆိုစေ ပြည့်စုံသည့် မသေမျိုးဝိညာဉ်ဖြစ်သည်။
“ငါ့ဂျူနီယာကိုများ နင်ကတိုက်ခိုက်ရဲတယ်ပေါ့”
ယွမ်ကျ သွယ်လျသည့် လက်တစ်ဘက်ဆန့်ထုတ်ပြီး ထာဝရနတ်မယ်ကို ရိုက်လိုက်သည်။
“ဘယ်သူလဲ’
ထာဝရနတ်မယ် အံ့အားသင့်သွားသည်။ ယွမ်ကျိရောက်လာသည်ကို သူလုံးဝသတိမထားမိ။ ပြန်ရှင်သန်စအချိန် သူအားနည်းနေ၍ ထိုသို့ဖြစ်ရသည်ဆိုသော်လည်း အတော်ထူးခြားသည့်ကိစ္စဖြစ်သည်။
ထာဝရနတ်မယ် နည်းနည်းစိတ်သက်သာရာရသွားသည်။ သူသေဆုံးခဲ့သည့် နှစ်များအတွင်း လူသားမျိုးနွယ်က ယခုလိုထူးချွန်သူများ မွေးထုတ်နိုင်ခဲ့သည်။
“တာအိုလမ်းစဉ်ဂိုဏ်းက ယွမ်ကျိ”
ထာဝရနတ်မယ် ယွမ်ကျိ၏လက်ဝါးချက်ကို ခုခံရန် ကြိုးစားသည်။ တိုက်ခိုက်မှုက အားနည်းသယောင်ရှိသော်လည်း စကြဝဠာကဲ့သို့ မဖျက်ဆီးနိုင်သည့်စွမ်းအားမျိုးပါသည်။ မှော်စည်းမျဉ်းအားလုံး စွမ်းအင်ကုန်ခန်း၍ မခုခံနိုင်သလို ဖြစ်နေသည်။
“နေပါဦး၊ နားလည်မှုလွဲသွားတာပါ။ ငါက သူ့ကိုတမင်စနောက်နေတာပါ”
ထာဝရနတ်မယ်၏မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကိုတားဆီးရန် အစွမ်းကုန်ကြိုးစားသည်။ သို့သော် ယွမ်ကျိစွမ်းအားက သူထင်ထားသည်ထက် များစွာသာလွန်နေသည်။
ထာဝရနတ်မယ်စကားကို ယွမ်ကျိ နားမထာင်ချင်။ လက်ဝါးဖြင့်ရိုက်ပြီး ဖိနှိပ်တိုက်ခိုက်သည်။
ထာဝရနတ်မယ် ဒေါသထွက်လာပြီး အတင်းခုခံသည်။
“တရားလွန်မလာနဲ့ ကောင်မလေး။ ငါထာဝရနတ်မယ်က နင့်ကိုကြောက်နေမယ်မထင်နဲ့။ မသေမျိုးတစ်ယောက်ကို လာပြီးအရှက်မခွဲနဲ့”
ထာဝရနတ်မယ် ခုခံရန်ကြိုးစားနေဆဲဖြစ်၍ ယွမ်ကျိမျက်မှောင်ကျုံ့သွားသည်။ လုယန်ကို သိစိတ်နယ်မြထဲမှ ပစ်လွှင့်လိုက်သည်။
“လုယန်ရှိနေရင် ငါစွမ်းအားပြည့်ထုတ်သုံးဖို့ အဆင်မပြေဘူး”
“ဟမ်”
လုယန် သိစိတ်နယ်မြေမှ အစစ်အမှန်လောကသို့ ပြန်ရောက်လာသည်။ အသက်ကိုအဝရှူသည်။ တိုက်ပွဲကြားတွင် ရှင်သန်ခဲ့သည်ကို ကံကောင်းသည်ဟု ခံစားရသည်။
လုယန်အသိပြန်ဝင်လာသည်ကိုကြည့်၍ မုန်ကျင်းကျိုးနှင့် အရိုရိုင်းတို့ အခြေအနေမေးသည်။
ခုနက လုယန်သည် ရှေ့ကိုသာ ငေးငိုင်၍ ကြည့်နေခဲ့သည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ ထိတ်လန့်သွားကြသည်။ ဘာဆက်လုပ်ရမှန်းမသိကြ။ ထို့နာက် ယွမ်ကျိက ဝိညာဉ်တစ်ခုလိုဆင်းလာပြီး လုယန်ကိုယ်ထဲဝင်သွားသည်။ကို မြင်ကြသည်။
“ငါမသိဘူး”
လုယန် ခေါင်းခါသည်။ ယွမ်ကျိကို မယုံကြည်၍မဟုတ်။ တစ်ဘက်ပြိုင်ဘက်က မသေမျိုးတစ်ယောက်ဖြစ်သည်။ ဤလောကတွင် မသေမျိုးများမရှိဟု ယွမ်ကျိကပြောခဲ့သည်။ ထို့ကြောင့် ယွမ်ကျိသည် မသေမျိုးမဟုတ်သည့်သဘောဖြစ်သည်။
ဤတိုက်ပွဲတွင် ဘယ်သူနိုင်မည်ရှုံးမည်ကို မသိသေး။
“အမယွမ်ကျိ ရောက်နေရင် ဘာမှပြဿနမရှိလောက်ပါဘူး”
မုန်ကျင်းကျိုး ယုံကြည်ချက်သိပ်မရှိသော်လည်း ထိုသို့ပြောသည်။ ယွမ်ကျိ အင်အားကြီးမှန်း သူသိသည်။ ဘယ်လောက်အင်အားကြီးမှန်း သူမသိ။
“ဝင်လာခဲ့”
မကြာမီ ကိုယ်ထဲမှ ယွမ်ကျိ၏ အေးစက်စက်စကားသံကို လုယန်ကြားလိုက်ရသည်။
သိစိတ်နယ်မြေသို့ ပြန်ဝင်သွားသည်။ ထာဝရနတ်မယ် ဆိုးဆိုးဝါးဝါးအရိုက်ခံထားရသည်။ သူလူကောင်းတစ်ယောက်ဖြစ်ကြောင်း ယွမ်ကျိကို နားချရန်ကြိုးစားနေသည်.
“ငါကအခုမှ အသက်ပြန်ရှင်လို့ ဂျူနီယာလေးကို စနောက်ဖို့ပဲ ကြိုးစားခဲ့တာပါ။ ငါက မိန်းမတစ်ယောက်ပါ။ ယောက်ျားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ဝင်ထိန်းချုပ်မှာလဲ။ ပဲဝါဆိုတဲ့ ငါ့မှာလည်း မာနရှိတယ်။ ဒီလို မဖွယ်မရာအလုပ်မျိုးကို မလုပ်ပါဘူး။ ပြီးတော့ ငါက မသေမျိုးဝိညာဉ်ပါ။ အခြေတည်အဆင့်ခန္ဓာကိုယ်က ငါ့စွမ်းအားကိုလည်း မခံနိုင်ပါဘူး”
ယွမ်ကျိက ထာဝရနတ်မယ်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။ နောက်ဆုံးတွင်
“ဪ”
ထာဝရနတ်မယ်ရှင်ပြသည်ကို လက်ခံလိုက်သည်။
**************************************************