ဘာလုပ်ရမလဲ
Vol. 28 Ch. 406
“အရင်တုန်းက ဂီတလောကမှာ ဒီလိုမျိုး သီဆိုနိုင်တဲ့ အရည်အချင်းရှိတဲ့ အဆိုတော်ကောင်း တစ်ယောက်မှ မရှိခဲ့တာ ကြာပါပြီ”
“အခု သူမ ရွှေသံစဉ်မျက်နှာသစ်ဆုရတာနဲ့ ထိုက်တန်တဲ့အတွက် ငါအတွေက်တော့ အံ့သြစရာ မရှိပါဘူး”
“ပါ့...ပါ့...ပါ့....!”
အခင်းဖြစ်နေရာတွင် ကျယ်လောင်သောလက်ခုပ်သံများ ထပ်မံထွက်ပေါ်လာသည်။
အဆိုတော် နီမင်း ချီးမွမ်းတာကို တစ်ခါမှ မကြားဖူးကြပေ။
နီမင်းကို ကြိုက်တဲ့သူတွေကလည်း လင်စယန်ကို ကြိုက်လာကြတော့သည်။
လင်းယန် က စိတ်လှုပ်ရှားစွာဖြင့် “ကျေးဇူးတင်ပါတယ် အစ်မ နီမင်း”
နီမင်းနှင့် လင်းယန်တို့ စင်မြင့်ပေါ်မှ ဆင်းခါနီးတွင် အိမ်ရှင်နှစ်ဦးက သူတို့ကို တားလိုက်သည်။
“ နီမင်း၊ လင်းယန်၊ ခဏစောင့်ပါဦး။” အိမ်ရှင်ယောက်ျားက ပြုံးပြီးပြောလိုက်သည်။
အိမ်ရှင်မိန်းမကလဲ“ဟုတ်တယ်၊ မင်းတို့မနှစ်ယောက်လုံးအချိန်နည်းနည်းပေးပါ”
အိမ်ရှင်မိန်းမကလဲသူမ၏လည်ချောင်းကို ရှင်းထုတ်ပြီး “နောက်တစ်ခု၊ ဒီနေ့အတွက် အရေးကြီးဆုံးအဓိကဆုနောက်တစ်ခုကို ရတဲ့သူကိုကြေညာပေးပါမယ်။ အကောင်းဆုံးသီချင်းဆု ရရှိခဲ့တဲ့သူကတော့ ... လင်းယန်သီဆိုထားတဲ့သူမရဲ့ “ကြယ်မြစ်သီချင်းပဲ” လို့ ပြောလိုက်သည်။
“ပါ့..ပါ့..ပါ့...!”
လူတစ်ဦးသည် ဆုနှစ်ဆုကိုရရှိခဲ့သည်။
ထို့အပြင် ၎င်းတို့သည် အဓိကဆုနှစ်ဆုဖြစ်သည်။
အခင်းဖြစ်နေရာတွင် ကျယ်လောင်သော လက်ခုပ်သံများ ထပ်မံထွက်ပေါ်လာသည်။
အိမ်ရှင်အမျိုးသားက “နီမင်း၊ လင်းယန်ကို ဆုပေးပေးပါအုံးခဗျ” လို့ ပြောလိုက်သည်။
နီမင်းသည် ဖောက်ထွင်းမြင်ရသောဝေလငါးဆုဖလားကို ကိုင်ဆောင်ကာ လင်းယန်အား ပေးအပ်ပြီး မိုက်ကိုယူကာ “လင်ယန်း၏သီဆိုမှုဖြင့် မည်သည့်ဆုကိုမဆို ရယူရခြင်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ငါပြောချင်တယ်”
“ဒါ့အပြင် ဒီဆုနှစ်ခုက လင်းယန်ရဲ့အဆုံးသတ်မဟုတ်မှာသေချာတယ်၊ ဒါကသူမရဲ့အစမှတ်ပဲရှိသေးတယ်လို့ကျွန်မထင်တယ်”
“ကျေးဇူးတင်ပါတယ် အစ်မ နီမင်း။” လင်းယန် က တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။
သူမလက်ထဲတွင် ဆုနှစ်ခုကို ကိုင်ထားရင်း လင်းယန်၏ မျက်လုံးတစ်စုံသည် လင်းဖန်ထံ တိုက်ရိုက်ကျရောက်လာသည်။
ဒီဆုတွေရရခြင်းအကြောင်းရင်းက လင်းဖန် ကြောင့်ဆိုတာသူမနားလည်သည်။(လင်းဖန်စပို့စ့်ပေးလို့အောင်မြင်လာတာကိုပြောတာပါ)
…………
ခန်းမထဲတွင်။
မျက်ရည်မျက်ခွက်ဖြစ်နေသောဒီရှင်းသည် စင်ပေါ်ရှိ လင်းယန် ကို ကြည့်ပြီး မျက်ရည်ထပ်ကျနေသည်။
ဤဆုများသည် မူလက သူမ၏ကိုယ်ပိုင်ဆုဖြစ်သည်။
အခုတော့၊ အားလုံးသူမမရတော့ပေ။
“ဒင်!”
ထိုအချိန်တွင် ဒီရှင်း၏ ဖုန်း အနည်းငယ် တုန်ခါသွားသည်။
သတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။
“ဒီရှင်းရဲ့ အချစ်ရေးကို ဖော်ထုတ်ခဲ့ကြပြီးပါပြီး။သူမသည်ကပ္ပါလီသုံးယောက် နဲ့တစ်ပြိုင်တည်း ဟိုတယ်ထဲဝင်သွားတာကိုတွေ့တယ်လို့ဆိုထားပါတယ်။အောက်တွင်ဓာတ်ပုံနှင့်တကွဖော်ပြထားသည်။’’
ဒီရှင်းသည်သူမဟိုတယ်ထဲသို့ဝင်သွားသောဓာတ်ပုံများကိုတွေ့လိုက်ရသောအခါသူမကိုင်ထားသောဖုန်းတောင်လွတ်ကျသွားတော့သည်။
ဒါက...
သူမတကယ်ပြီးသွားပြီဆိုတာကိုနားလည်လိုက်သည်။
…………
ရွှေသံစဉ်မျက်နှာသစ်ဆုပေးပွဲအပြီးတွင် လင်းဖန် နှင့် လင်းယန် တို့သည် အထူးလေယာဉ်ဖြင့် ကျန်ပေ့သို့ မပြန်မီ ရက်အနည်းငယ်ကြာ ဟောင်ကောင်တွင် ဆက်လက်နေထိုင်ခဲ့ကြသည်။
နောက်တစ်နေ့တွင် ကောင်းကင်သည် ကြည်လင်လို့နေသည်။
လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ဖုန်းကို ကြည့်လိုက်တော့ ထုံးစံအတိုင်း ဖုန်းစခရင်ပေါ်မှာ စာတိုတစ်စောင် ပေါ်နေလေသည်။
“0:00နာရီ တရုတ်ဘဏ် မှ ယွမ် 7,542,900 ရရှိသည်။”
ထို့နောက် သူသည် ဆိုင်းအင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“ဆိုင်းအင်လုပ်မယ်”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ရီဒီအန်တို၏ ရှယ်ယာ 20% ကို ရရှိခဲ့သည်။ 】
“ရီဒီအန်တို ရှယ်ယာ 20%?” လင်းဖန်သည် အနည်းငယ် ဦးနှောက်ကိုအလုပ်ပေးလိုက်လေသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ရီဒီအန်တို သည် အနိမ့်ဆုံးကားကုမ္ပဏီတစ်ခုအဖြစ်သာ မှတ်ယူနိုင်ခဲ့သည်။
သို့သော်လည်း မကြာသေးမီနှစ်များအတွင်း လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားအသစ်များစွာနှင့်အတူအရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးရီဒီအန်တို သည် ဈေးကွက်တန်ဖိုး ယွမ် 800 ဘီလီယံနီးပါးရှိသော ကမ္ဘာ့ထိပ်တန်း မော်တော်ကားကုမ္ပဏီပင် ဖြစ်လာခဲ့သည်။
ရှယ်ယာ20ဆိုတာကယွမ် ၁၅၀ ဘီလီယံခန့်ရှိတာမဟုတ်ဘူးလား။
လင်းဖန်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြီး “ဒီနေ့ ဆိုင်းအင်ဝင်တာက မဆိုးပါဘူး”ဟုရေရွတ်လိုက်သည်။
ထို့နောက်သူသည်သမ်းပြီး ကုတင်ပေါ်ကနေ ဖြည်းညှင်းစွာထလိုက်လေသည်။
မျက်နှာသစ်၊သွားတိုက်၊ရေချိုးပြီးနောက်သူသည်အရသာရှိသောမနက်စာကိုစားလိုက်လေသည်။
သူစိတ်ပျော်နေသော်လည်း ရီဒီအန်တို ၏ဥက္ကဌ ဝမ်ဖူဂျီသည် စိတ်မသက်မသာဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ဝမ်ဖူဂျီသည် သူတို့၏ရီဒီအန်တို၏ ရှယ်ယာ 20% တစ်စုံတစ်ယောက်ကဝယ်ယူသွားတာကိုတွေ့ရှိခဲ့သည်။
သိရန်……
သူလိုဥက္ကဋ္ဌအနေဖြင့် ရှယ်ယာ 24% သာရှိသည်။
တစ်ဖက်က၅ရာခိုင်နှုန်းသာပိုဝယ်နေသရွေ့ သူ့ရှယ်ယာကိုကျော်သွားမှာမဟုတ်ပေဘူးလား။
ထိုအချိန်တွင်ရီဒီအန်တိုသည် သူပိုင်နေဦးမှာလား။
သက်သောင့်သက်သာရှိသောကုလားထိုင်ပေါ်တွင် ထိုင်နေသောဝမ်ဖူဂျီသည် သက်ပြင်းချကာ “လင်းဖန်... သူက ဘယ်သူလဲ”
ဝမ်ဖူဂျီသည် အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် ရှယ်ယာရှင်၏အချက်အလက်များကို အခြေခံ၍ ဖုန်းခေါ်ဆိုလိုက်သည်။
“တီ....”
ခဏအကြာတွင် ခေါ်ဆိုမှုကချိတ်ဆက်သွားတော့သည်။
ဝမ်ဖူဂျီက “ခွင့်လွှတ်ပါ မစ္စတာ လင်းလား။”
…………
ထိုအချိန်တွင် လင်းဖန်သည် မနက်စာစား ပြီးခါစဖြစ်သောကြောင့်ပါးစပ်ထောင့်မှ အဆီများကို သုတ်လိုက်ပြီး “ဒါ ငါပါပဲ၊ မင်းက ဘယ်သူလဲ” လို့ မေးလိုက်သည်။
“မစ္စတာလင်း၊ မင်္ဂလာပါ၊ ကျွန်တော်ဟာ ရီဒီအန်တို ရဲ့ ဥက္ကဌ ဝမ်ဖူဂျီပါ။” ဝမ်ဖူဂျီက ပြောသည်။
“အိုး မစ္စတာဝမ်မင်္ဂလာပါ။” လင်းဖန်က ပြောသည်။
လင်းဖန်သည် ဘုတ်အဖွဲ့ဥက္ကဋ္ဌထံမှ ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့ဖူးသည်။
ဒါကြောင့် သိပ်ပြီး မအံ့သြနေပေ။
ဝမ်ဖူဂျီက “မင်းကငါ့ရဲ့ရီဒီအန်တိုရဲ့ရှယ်ယာ20% ကို မင်းဝယ်ခဲ့တာကို ငါတေီ့ခဲ့တယ်။ပထမဆုံးအနေနဲ့၊ ငါတို့ရဲ့ ရီဒီအန်တိုကို ယုံကြည်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်!”
“ဒါ့အပြင်၊ ကျွန်တော်တို့ရဲ့ ရီဒီအန်တို ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းညွှန်ချက်ကိုပြောပြပေးပါခဗျ။ပြီးတော့လျှပ်စစ်စွမ်းအင်သုံးကားတွေကိုထုတ်ဖို့ရှိပါတယ်။ပြီးတော့...”
ဒါပေမယ့် လင်းဖန်က သူပြောတာကိုပြီးအောင် မစောင့်ဘဲ “ဒါကို မင်းငါ့ကို ပြောနေစရာ မလိုပါဘူး။ မင်းရဲ့ ရှယ်ယာတွေကို ငါဝယ်ရတဲ့ အကြောင်းရင်းက မင်းကို ယုံကြည်လို့ပဲ...”
လင်းဖန်က ဒီလိုပြောပြီးတဲ့အခါ ရုတ်တရက် လန့်သွားလေသည်။
ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလို့ပင်ဖြစ်သည်။
【ဒင်း! မစ်ရှင်- ဘက်ထရီစမ်းသပ်မှုကို ကြည့်ပါ၊ “လျှပ်စစ်ယာဉ် ပါဝါဘက်ထရီစနစ် လုံခြုံမှု ဆန်းစစ်ခြင်း”၊ “ဘက်ထရီစနစ် အင်ဂျင်နီယာ”၊ “လျှပ်စစ်ယာဉ် နည်းပညာ အခြေခံများ”၊ “လျှပ်စစ်ယာဉ်”၊ “ကားဘက်ထရီ သီအိုရီ” ကို ဖတ်ပါ။
ဆုလဒ်- အရှိန်မြှင့်ဘက်ထရီအပြင် ၎င်း၏အသေးစိတ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဒေတာ၊ အခြေခံမူများ စသည်တို့နှင့် ဓာတုဗေဒအဆင့်ကို မြှင့်တင်ပေးမည်ဖြစ်မည်။ 】
ဖုန်းထဲမှာ ဝမ်ဖူဂျီက လင်းဖန်ရဲ့ ပထမစကားတွေကို ကြားလိုက်ရတော့ သူကိုယ်တိုင် မနေနိုင်တော့ဘဲ အရမ်းပျော်သွားလေသည်။။
လင်းဖန်သည် သူ့ကိုယ်ယုံကြည်သောကြောင့် ရီဒီအန်တို၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ချက်နှင့် ပတ်သက်၍ သူ၏ ပြောဆိုချက်ကို နားမထောင်ခဲ့ပေ။
ဒါဆိုသူက ကုမ္ပဏီကို စွက်ဖက်ပြီး စီမံခန့်ခွဲမှာ မဟုတ်ဘူးလို့ ပြောချင်တာမလား။
ဒါဟာ သေချာပေါက် သတင်းကောင်းပင်ဖြစ်သည်။
ဘာကြောင့်လဲ ဆိုတော့ လင်းဖန်ဟာ သာမန်လူနည်းစု အစုရှယ်ယာရှင်တွေနဲ့ မတူဘဲ အမြတ်ဝေစုသာရယူချင်နေသောကြောင့်ဖြစ်သည်။
ဝမ်ဖူဂျီအရမ်းပျော်နေချိန်မှာပဲ လင်းဖန်က “စွမ်းအင်သုံးကားသစ်တွေ တီထွင်ဖန်တီးမှုနဲ့ပတ်သက်ပြီးတော့နောက်မှငါဖုန်းဆက်လိုက်မယ်။”
စကားပြောပြီးနောက် လင်းဖန်သည် ဖုန်းကို တိုက်ရိုက်ချလိုက်သည်။
ဝမ်ဖူဂျှက သူ့လက်ကိုင်ဖုန်းကို ကိုင်ထားရင်း ခဏတာ အထိတ်တလန့်ဖြစ်သွားသည်။
အခြေအနေဘယ်လိုလဲ
ငါ့ကိုယ်ယုံကြည်တာမဟုတ်ဘူးလား?
ဒါဆို... အခုကကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ မင်းက ဝင်ရောက်စွက်ဖက်မှာလား။
ဝမ်ဖူဂျီက သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှာ ကျယ်ပြောလှတဲ့ ရှုခင်းတွေကို ကြည့်ကာ “ဒါ... ငါ ဘာလုပ်ရမှာလဲ?”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး