စမ်းသပ်မှုကြည့်ခြင်း
Vol. 28 Ch. 407
ရီဒီအန်တို ဥက္ကဌ ဝမ်ဖူဂျီ ၏ အတွေးများကို လင်းဖန်မသိခဲ့ပေ။
အခုအချိန်တွင်……
လင်းဖန်သည် Cullinan(ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်သို့မောင်းသွားခဲ့သည်။
ကျောင်းသို့ရောက်သောအခါလင်းဖန်သည်စာသင်ခန်းသို့မသွားပဲဘတ်စကတ်ဘောကွင်းကို ဖြတ်ကာ လေ့ကျင့်ရေး အဆောက်အအုံဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
လင်းဖန်သည် ဤနေရာကို တစ်ကြိမ်သာ ရောက်ဖူးသော်လည်း၊သူ၏ မမေ့နိုင်သော စွမ်းရည်ကြောင့်လေ့ကျင့်ရေး အဆောက်အဦးသို့ရောက်ရန်မကြာခဲ့ပေ။
မကြာမီ လင်းဖန်သည် ဓာတုဗေဒ လေ့ကျင့်ရေးခန်း တံခါးဆီသို့ ရောက်လာပြီး တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ပါမောက္ခကျောက်ကျူ နှင့် ပါမောက္ခ လီဖန် တို့သည် ပါရဂူကျောင်းသား သုံးဦးကို သေသေချာချာ သင်ပြပေးနေသည်။
အချိန်အတော်ကြာ သုတေသနပြုပြီးသင်ပြပေးပြီးနောက် ကျောက်ကျူ၏ပါးစပ်သည် ခြောက်သွေ့လာသဖြင့် သူသည်လှည့်၍ရေသောက်ရန်ခွက်က်ုလှမ်းယူလိုက်သည်။
နောက်အခိုက်အတန့်တွင်…
ကျေက်ကျူသည် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် “ကျောင်းသား လင်းဖန်!”
ဒီစကားထွက်လာတာနဲ့လီဖန် နှင့် ပါရဂူကျောင်းသား သုံးဦးတို့သည် ၎င်းတို့၏ သုတေသနလုပ်တာကို ရပ်တန့်လိုက်ကြပြီး လင်းဖန်ကို မျက်လုံးပြူးသွားစွာကြည့်နေကြသည်။
လင်းဖန်သည်သည်သူတို့ပုံစံကိုမြင်သောအခါချောင်းဆိုးကာ မနေနိုင်ဘဲ “ဒါ... မင်းတို့ကို အနှောက်အယှက် ပေးမိတာတော့မဟုတ်ပါဘူးနော်’’
ကျောက်ကျူက “မဟုတ်ဘူး၊ မဟုတ်ပါဘူး”
လီဖန်က ချက်ချင်းပဲ “ဘာလို့ စိတ်နောက်ယှက်ဖြစ်ရမှာလဲ။မင်းလာတာနဲ့တင်ပျော်နေပြီ”
ကျောက်ကျူက “ဟုတ်တယ်”
လင်းဖန်သည် ဓာတ်ခွဲခန်းသို့ လျှောက်လာပြီး ဘယ်ထရီစမ်းသပ်တာကိုကြည့်သည်။
ပြီးတာနဲ့ ချက်ချင်းပဲ သူသည် “စူပါ်ထရီ” စာတမ်းကို ရေးသားခဲ့ပြီး ၎င်းကို “သိပ္ပံ” တွင် အောင်မြင်စွာ ထုတ်ဝေခဲ့သည်။
ဤစာတမ်းသည် မိုဘိုင်းလ်ဖုန်းလောကကို ပြောင်းလဲစေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ယခုအချိန်တွင် စူပါဘက်ထရီသည် ရှေ့သို့ ခြေလှမ်းကြီးလှမ်းနေပြီဖြစ်သည်။
ကျောက်ကျူ နဲ့ လီဖန်ကို ပိုပျော်ရွှင်စေတဲ့အရာက...
လင်းဖန်သည် ဒုတိယနေရာတွင် ၎င်းတို့၏အမည်များကို ရေးသားခဲ့လို့ပင်ဖြစ်သည်။
ကျောက်ကျူ နှင့် လီဖန်တို့သည် မကြာသေးမီက ကျောင်းတွင်သာမက ဓာတုဗေဒနယ်ပယ်တွင်ပါ နာမည်ကြီးလာကြသည်။
ဒါက သူတို့ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အခိုက်အတန့်ပင်ဖြစ်သည်။
အခု လင်းဖန်က ဓာတ်ခွဲခန်းကို ထပ်ရောက်လာသည်။
ဒါက.....လင်းဖန်သည်တစ်ခုခုကို တီထွင်ခဲ့မယ်ဆိုရင်......
ဒါကိုစဉ်းစားရင်း ကျောက်ကျူ နဲ့ လီဖန်တို့နှစ်ယောက် စိတ်လှုပ်ရှားသွားကြသည်။
လင်းဖန်က “ပါမောက္ခ ကျောက် နဲ့ ပါမောက္ခ လီမင်းတို့ မကြာသေးခင်က ဘာတွေလုပ်နေတာလဲ”
ကျောက်ကျူက ဆောလျင်စွာပြောလိုက်သည်။ “မင်းရဲ့စူပါဘက်ထရီဟာ ဒီရာစုနှစ်ရဲ့ ကန့်သတ်ချက်တွေကို သေးငယ်အောင်ပြုလုပ်ပေးတယ်ဆိုတာကို ဓာတုဗေဒအသိုင်းအဝိုင်းက သဘောတူကြတယ်။”(ပြောချင်တာကအရင်က်ထရီကမကောင်းဘူး။လင်းဖန်တီထွင်တဲ့စူပါဘယ်ထရီကပိုကောင်းတယ်။အရင်ကဘယ်ထရီကသာမန်မို့ကန့်သတ်ချက်ရှိတယ်။လင်းဖန်တီထွင်တဲ့စူပါဘယ်ထရီက ကန့်သတ်ချက်ရှိပေမဲ့အရမ်းနည်းတယ်ဒါကိုပြောချင်တာပါ)
‘’ဒါကြောင့်၊ ငါတို့သည် မကြာသေးမီက အသေးစားဘက်ထရီများကို လေ့လာခဲ့ပြီး ၎င်းတို့ကို စွမ်းအင်သစ်များအဖြစ်သို့ ပြောင်းလဲချင်ခဲ့သည်။’’
လီဖန်က ချက်ချင်းပဲ “ဟုတ်တယ်၊ ဒါပေမယ့် ငါတို့က ဒီပရောဂျက်ကို စလုပ်ခဲ့တာဆိုပေမဲ့ငါတို့ရဲ့အသိညာဏ်ကမွေးကင်းစသာရှိသေးတယ်”
ထို စကားများပြောပြီးနောက်...
နှစ်ယောက်စလုံးက လင်းဖန်ကို အလွန်မျှော်လင့်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
လင်းဖန် က သူတို့ကို လမ်းညွှန်မှုနဲ့ အကူအညီပေးဖို့ကိုစောင့်မျှော်နေကြသည်။
လူတိုင်းရဲ့မျှော်လင့်ချက်နဲ့ ယှဉ်ရင် လင်းဖန် ရဲ့မျက်လုံးမှာ ထူးဆန်းတဲ့အရောင်တွေနဲ့ ပြည့်နေသည်။
စွမ်းအင်သုံး ကားဘက်ထရီ အတွက်မစ်ရှင်တစ်ခုရှိသည်။
ရလဒ်အနေနဲ့ သူတို့ဟာ အခုစွမ်းအင်သုံး ဘက်ထရီအသစ်တွေကို လေ့လာနေတယ်။
ဒါ……
ဒါကလည်း တိုက်ဆိုင်မှုတစ်ခုပဲလား။
ခဏအကြာတွင် လင်းဖန် က “မင်းစမ်းသပ်ချက်တစ်ခုခုလုပ်ပြီးပြီလား”
ကျောက်ကျူ က “ကျွန်ုပ်တို့သည် ပစ္စည်းစမ်းသပ်မှုများနှင့် အပူချိန်မြင့်မားသော စမ်းသပ်မှုများစွာကိုပြုလုပ်ပြီးပါပြီ”
လီဖန် က “နောက်ပြီး၊ ငါတို့ဟာ မတူညီတဲ့ ထိရောက်မှုစမ်းသပ်မှုတွေ၊ ပိုလီမာစမ်းသပ်မှုတွေ စသည်ဖြင့် အမျိုးမျိုးကို လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားလိုက်သည်။
လင်းဖန်သည် လီဖန်၏ စကားကို လျစ်လျူရှုကာ စမ်းသပ်မှုများ ပြုလုပ်နေသရွေ့......
အဘယ်ကြောင့်ဆိုသော် သူ၏တာဝန်မှာ စမ်းသပ်မှုတစ်ခုကို ကြည့်ရန်သာ လိုအပ်သောကြောင့်ဖြစ်သည်။
လင်းဖန်က “ဒါဆို မင်းတိုစမ်းသပ်နေတဲ့အကောင်းဆုံးပစ္စည်းစမ်းသပ်မှုကိုပြပါ”
ကျောက်ကျူနှင့် လီဖန်တို့က တညီတညွတ်တည်းပြောကြသည်- “ကောင်းပြီ!”
“မင်းတျု့ စမ်းသပ်ပစ္စည်းတွေ မြန်မြန်ပြင်ထား။” ကျောက်ကျူသည်ပါရဂူကျောင်းသားများဘက်သို့ လှည့်ပြီးပြောလိုက်သည်။
လီဖန်က “လူတိုင်းက အားတက်သရောနဲ့ ဒီစမ်းသပ်ချက်ကိုသေချာလုပ်ပါ။ဒီစမ်းသပ်မှုကိုဘွဲ့ရအကဲဖြတ်မှုအဖြစ်မှတ်ယူနိုင်တယ်”
“ဟုတ်ကဲ့” ပါရဂူကျောင်းသားတွေက ပြောလိုက်သည်။
တကယ်တော့ သူတို့နှစ်ယောက်သည်ဒီလိုတောင်သတိပေးစရာ မလိုပေ။
အခွင့်အလမ်းမှာအလွန်ရှားပါးကြောင်းပါရဂူကျောင်းသားများလည်း သိကြသည်။
တကယ်တော့ လင်းဖန်ဟာ စူပါဘက်ထရီကို ထုတ်လုပ်တဲ့သူဖြစ်သည်။
ညာဏ်ကြီးရှင်ကတော့....ညာဏ်ကြီးရှင်ပါပဲ။
သူ့ရှေ့မှာ စမ်းသပ်မှုတွေလုပ်ရင်း အမှတ်နည်းနည်းရရင် ဒါဟာ အရမ်းရှားပါးတဲ့ အခွင့်အရေးတစ်ခုဖြစ်မှာသေချာသည်။
များမကြာမီတွင်၊ပါရဂူကျောင်းသားများသည် အမျိုးမျိုးသောပစ္စည်းများကို အစီအစဥ်ခွဲကာ အပူပေးခြင်း၊ ဖိသိပ်ခြင်း.... စသည်တို့ကို စီစဥ်ကြသည်။
ထိုပစ္စည်းများကိုစမ်းသပ်နေသောကြောင့်အလင်းရောင်အမျိုးမျိုးဖြင့်မြင်နေရသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကွန်ပြူတာစခရင်ပေါ်တွင် အဆက်မပြတ် တွန့်လိမ်နေသော မျဉ်းကွေးတစ်ခု ပေါ်လာသည်။
နာရီဝက်အကြာမှာတော့ စမ်းသပ်မှုဟာ တဖြည်းဖြည်း ပြီးဆုံးလို့သွားသည်။
လီဖန်က “ကျောင်းသား လင်း၊ ဘယ်လိုပစ္စည်းမျိုးက အသင့်တော်ဆုံးလို့ ထင်လဲ” လို့ မမေးပဲမနေနိုင်ပေ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး