အဝတ်ဝယ်ထားပြီးသား
Vol. 28 Ch. 408
စကားပြီးသည်နှင့် ကျောက်ကျူနှင့်ပါရဂူကျောင်းသားသည် လင်းဖန်ပြောမည့်စကားကိုစောင့်မျှော်နေကြသည်။
လင်းဖန်သည် ချက်ချင်းပြန်မဖြေဘဲ မစ်ရှင်ကိုသာ အာရုံစိုက်နေခဲ့သည်။
【ဒင်း! မစ်ရှင်- ဘက်ထရီစမ်းသပ်မှု(1/1)ကို ကြည့်ပါ၊ “လျှပ်စစ်ယာဉ် ပါဝါဘက်ထရီစနစ် လုံခြုံမှု ဆန်းစစ်ခြင်း”၊ “ဘက်ထရီစနစ် အင်ဂျင်နီယာ”၊ “လျှပ်စစ်ယာဉ် နည်းပညာ အခြေခံများ”၊ “လျှပ်စစ်ယာဉ်”၊ “ကားဘက်ထရီ သီအိုရီ” ကို ဖတ်ပါ။(0/5)။
ဆုလဒ်- အရှိန်မြှင့်ဘက်ထရီအပြင် ၎င်း၏အသေးစိတ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဒေတာ၊ အခြေခံမူများ စသည်တို့နှင့်ဓာတုဗေဒအဆင့်ကို မြှင့်တင်ပေးမည်ဖြစ်မည်။ 】
ဒါကိုကြည့်ရင်း...
လင်းဖန်၏ ပါးစပ်သည် အနည်းငယ် လှုပ်သွားသည်။
မစ်ရှင်တစ်ဝက်ပြီးသွားပြီပဲရေရွတ်လိုက်ခြင်းဖြစ်သည်။
ထို့နောက် လင်းဖန်က “ကျွန်တော် ဘယ်ပစ္စည်းကို ရွေးရမလဲဆိုစဉ်းစားလိုက်အုံးမယ်”
စကားပြောပြီးနောက် လှည့်၍ ဓာတ်ခွဲခန်းမှ ထွက်လာခဲ့သည်။
ကျောက်ကျူ က “ကောင်းပြီ နှုတ်ဆက်ပါတယ်ကျောင်းသားလင်း”
လီဖန်ကလည်း “နှုတ်ဆက်ပါတယ် ကျောင်းသားလင်း”
ပါရဂူကျောင်းသားတွေက “နှုတ်ဆက်ပါတယ်”
လင်းဖန်သည် လှည့်မကြည့်ဘဲ သူ့လက်ကို အနောက်ဘက်သို့ ဝှေ့ယမ်းပြလိုက်သည်။
ခဏကြာတော့ စာကြည့်တိုက်သို့ရောက်လာလေသည်။
စာကြည့်တိုက်သည် အမြဲလိုလိုပင် လူများဖြင့်ပြည့်ကျပ်နေဆဲဖြစ်သည်။
လင်းဖန်သည် သမိုင်းဝင်စာအုပ်စင်များ၊ ဘာသာစကားစာအုပ်စင်များမှတဆင့် လူအုပ်ကိုဖြတ်သွားကာ ဘက်ထရီနှင့် စွမ်းအင်အသစ်စာအုပ်စင်များဆီသို့ တည့်တည့်သွားခဲ့သည်။
“လျှပ်စစ်ယာဉ် ပါဝါဘက်ထရီစနစ် လုံခြုံမှု ဆန်းစစ်ခြင်း”၊ “ဘက်ထရီစနစ် အင်ဂျင်နီယာ”၊ “လျှပ်စစ်ယာဉ် နည်းပညာ အခြေခံများ”၊ “လျှပ်စစ်ယာဉ်”၊ “ကားဘက်ထရီ သီအိုရီ”
သာမာန်လူတွေက အဲဒါကို ဖြည်းညှင်းစွာ ရှာရလိမ့်မည်ဖြစ်သည်။
သို့သော် လင်းဖန်သည် ၎င်းစာအုပ်စင်ကို တစ်ချက်ကြည့်ရုံဖြင့်သူလိုအပ်သော စာအုပ်များကို အလွယ်တကူ ရှာတွေ့ခဲ့သည်။
ထို့နောက် လင်းဖန်သည် အဝေးကို ကြည့်လိုက်သည်။
ပခုံးပေါ် သဘာဝကျကျ တွဲလောင်းကျနေသော ဆံပင်နှင့်မီးခိုးရောင်ဝတ်စုံဝတ် ထားသောကျောင်းသူ အမျိုးသမီးတစ်ဦးသည် စာအုပ်တစ်အုပ်ကို လေးလေးနက်နက် ဖတ်နေသည်။
သူမသည် လင်ဖန်းနှင့် မကြာခဏ တွေ့ဆုံလေ့ရှိသော လူလင်း ဖြစ်သည် ။
လူလင်းဘေးရှိ စားပွဲပေါ်တွင် စာအုပ်များစွာကို စုပုံထားပြီး ဤနေရာတွင် တစ်စုံတစ်ယောက်ရှိသည်ကို ညွှန်ပြနေသည်။
လင်းဖန်သည် ဂရုမစိုက်ဘဲ လျှောက်သွားလိုက်သည်။
လူလင်းသည် တစ်စုံတစ်ယောက်လာသည်ကို သတိပြုမိလိုက်သောကြောင့်သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ဤလူမှာ လင်းဖန်ဖြစ်သည်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်နေသောသူမမျက်နှာသည်ချက်ချင်းပင်ပြောက်းကာ “မင်းဒီမှာလား။ မြန်မြန်ထိုင်” လို့ ဝမ်းသာအားရ ပြောလိုက်သည်။(အပြောင်းအလဲမြန်တာ)
လင်းဖန်သည် မယဉ်ကျေးဆော့ပဲတိုက်ရိုက်ထိုင်လိုက်သည်။
ထို့နောက် ပထမဆုံး
“လျှပ်စစ်ယာဉ် ပါဝါဘက်ထရီစနစ် လုံခြုံမှု ဆန်းစစ်ခြင်း” ကိုဖွင့်ပြီးဖတ်လိုက်သည်။
ရုတ်တရက် စာအုပ်လှန်သံများဆူညံသွားသည်။
သုံးမိနစ်အကြာတွင် စာမျက်နှာရာနှင့်ချီရှိသော စာအုပ်တစ်အုပ်ကိုဖတ်လို့ပြီးသွားလေသည်။
ခဏအကြာတွင် ဒုတိယ “ဘက်ထရီစနစ် အင်ဂျင်နီယာ”......
တတိယမြောက် “လျှပ်စစ်ယာဉ် နည်းပညာ အခြေခံများ” စာအုပ်......
လင်းဖန်သည် ဆယ်မိနစ်အတွင်း စာအုပ်ငါးအုပ်လုံးကို ဖတ်လို့ပြီးသွားလေသည်။
ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်ပြီးမြောက်ခြင်း- ဘက်ထရီစမ်းသပ်မှု(1/1)ကို ကြည့်ပါ၊ “လျှပ်စစ်ယာဉ် ပါဝါဘက်ထရီစနစ် လုံခြုံမှု ဆန်းစစ်ခြင်း”၊ “ဘက်ထရီစနစ် အင်ဂျင်နီယာ”၊ “လျှပ်စစ်ယာဉ် နည်းပညာ အခြေခံများ”၊ “လျှပ်စစ်ယာဉ်”၊ “ကားဘက်ထရီ သီအိုရီ” ကို ဖတ်ပါ။(5/5)။
ဆုလဒ်- အရှိန်မြှင့်ဘက်ထရီအပြင် ၎င်း၏အသေးစိတ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဒေတာ၊ အခြေခံမူများ စသည်တို့နှင့်ဓာတုဗေဒအဆင့်ကို မြှင့်တင်ပေးမည်ဖြစ်မည်။ 】
【ဒင်း! ဓာတုဗေဒအဆင့်ကိုမြင့်ပေးလိုက်ပါပြီ။ အဆင့်မြှင့်ဓာတုဗေဒပါမောက္ခအသိဥာဏ်နှင့်အဆင့်မြင့်ဓာတုဗေဒဘွဲ့။ 】
ရုတ်တရက် မရေမတွက်နိုင်သော ရှုပ်ထွေးသော ဓာတုဗေဒအသိပညာအပြင် ရှုပ်ထွေးသောဘယ်ထရီတည်ဆောက်ပုံများ၊ အခြေခံမူများ စသည်တို့သည် လင်းဖန်၏စိတ်ထဲကိုဒီရေအလားအရူးအမူးတိုးဝင်လာကြသည်။
လင်းဖန်သည် ဓာတုဗေဒဗဟုသုများကိုကြည့်ပြီးနောက်တိမ်မြုပ်နေသောအပြုံးကို ထုတ်ဖော်လိုက်သည်။
သူ့ဘေးက လူလင်းက လင်းဖန်စာအုပ်မဖတ်တော့တာကိုတွေ့လိုက်တာနဲ့သူမက
“လင်းဖန်၊ မင်း စာအုပ်ဖတ်ပြီးပြီလား” လို့မေးလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟုပြောသည်။
“ကွမ်တမ်ဖတ်နည်းကို မင်းတကယ်မသိဘူးလား။” လူလင်းက ထပ်မေးသည်။
လင်းဖန်က ပြုံးပြီး “ဒါကိုမသိဘူးဆိုတာ လိမ်ညာပြီးပြောတာမဟုတ်ဘူး” လို့ ပြောလိုက်သည်။
လူလင်းက “ကောင်းပြီ။”
ခေတ္တနားပြီးနောက် သူက “မင်း ဒီတစ်ခါ ဘက်ထရီ စာအုပ်ပုံစံနည်းတူဟာတွေပြန်ဖတ်နေပုံရတယ်” လို့ မေးလိုက်သည်။
“ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ကားတွေအတွက် စွမ်းအင်အသစ်တွေပါပါတယ်” လင်းဖန်က ပြောသည်။
ထို့နောက် လင်းဖန်သည် လူလင်း၏ ရှေ့ရှိမှတ်စုစာအုပ်တွင် ရေးထားသော မေးခွန်းများကို လက်ညှိုးထိုးပြပြီး “ဒီမေးခွန်းတွေက မင်းမဖြေနိုင်တဲ့ မေးခွန်းလား”
ဤစကားကိုကြားတော့လူလင်းက မတတ်နိုင်ဘဲ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်။
လင်းဖန်သည် ခဏကြည့်ကာအမြန်တွက်လိုက်သည်။
“ဒါ့ ဒါ့ ဒါ့ “
ခုံနဲ့ဘောပင်ထိတဲ့အသံသည်အနည်းငယ်ထွက်ပေါ်လာသည်။
မကြာမီ၊ အလွန်အသေးစိတ်ကျသောတွက်ချက်မှုသည်မှတ်စုစာအုပ်တွင် ပေါ်လာသည်။
ခဏကြာတော့ လင်းဖန် ကထလိုက်ပြီး ‘’ရော့..ဒီမှာတွက်ပြီးပြီ” လို့ပြောလိုက်သည်။
လူလင်းသည် လင်းဖန်ကခက်ခဲသောမေးခွန်းများကို အကြိမ်များစွာ မြန်မြန်ဆန်ဆန်ဖြေသည်ကိုမြင်ဖူးသည်။
သို့သော် ထပ်မံ၍ စဉ်းစားရန် မလိုအပ်ဘဲ အလွန်အသေးစိတ်သော အဖြေကို တိုက်ရိုက်ရေးသားခဲ့သည်ကို မြင်သောအခါ သူမအံ့သြမိနေသေးသည်။
ခဏကြာတော့ သူမက “ကောင်းပြီ...ကောင်းပြီ” လို့ပြောလိုက်သည်။
လင်းဖန်သည် ဤအသံကို မကြားတော့ပေ။
ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ သူ စာကြည့်တိုက်က ထွက်လာပြီး ကားပါကင်ကို ရောက်နေပြီဖြစ်သောကြောင့်ဖြစ်သည်။
လင်းဖန်သည် Cullinan(ကား)ပေါ်တွင် ထိုင်ကာ အရှိန်မြှင့်စက်ကို နင်းကာ ရှေ့သို့ မောင်းလိုက်သည်။
လင်းဖန်သည်မိနစ်နှစ်ဆယ်အတွင်းမှာပင် ပန်းလုံဗီလာသို့ ပြန်ရောက်လာခဲ့သည်။
ထို့နောက် လင်းဖန်သည် သူ့စနစ်ကို အာရုံစိုက်လိုက်သည်။
[....ဘက်ထရီ၊ အဲဒါကို ထုတ်မည်လား။ 】
“ဟုတ်တယ်!”
နောက်အခိုက်အတန့်တွင်၊ ဒက်စတော့ကွန်ပြူတာအရွယ် ဘက်ထရီအထုပ်ကြီးသည် သူ့ရှေ့တွင် ပေါ်လာသည်။
လင်းဖန်က အနည်းငယ်ကြည့်ကာ “ဒါက ဘက်ထရီလား? အရွယ်အစားက သိပ်လဲမကြီးပါဘူး” ဟု ညည်းညူလိုက်သည်။
ထို့နောက် လက်နှစ်ဘက်ဖြင့် ချီကာ “၂၀ ကီလိုဂရမ်လောက်တော့လေးတယ်” လို့ ပြောလိုက်သည်။
ထို့နောက် လင်းဖန်က သူ၏ လက်ကောက်ဝတ်ရှိ အနက်ရောင် စူပါစမတ်နာရီကို “ရှောင်ဘိုင်” ဟုခေါ်လိုက်သည် ။
“ဆရာ၊ ကျွန်တော့ကိုဘာခိုင်းဖို့လဲ။”
စူပါစမတ်နာရီသည် အနည်းငယ်တုန်ခါသွားကာပြတ်သားသောအသံကို ထုတ်လွှတ်သည်။
“ဒီ...ဘက်ထရီအတွက် မူပိုင်ခွင့်လျှောက်ထားဖို့ ကူညီပေးပါအုံး။” လင်းဖန်သည် သူ့ရှေ့က ...ဘက်ထရီကို ညွှန်ပြလိုက်သည်။
“ကောင်းပြီ ဆရာ..။” ရှောင်ဘိုင်က ပြောသည်။
စကားပြောပြီးသောအခါ၊ စူပါစမတ်နာရီသည် အနီရောင်စကင်ဖတ်စစ်ဆေးသည့်လိုင်းများပေါက်ကွဲထွက်လာသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်...
ရှောင်ဘိုင်က “ဆရာ....ဘယ်ထရီကို ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်လျှောက်လွှာတင်ပြီးပါပြီ။”
ပြီးတာနဲ့ ချက်ချင်းပဲအီလက်ထရွန်းနစ် မူပိုင်ခွင့် စာရွက်စာတမ်းများသည် စူပါစမတ်နာရီ၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာတော့သည်။
ဒါကိုမြင်တော့လင်းဖန် က ကျေနပ်စွာ ခေါင်းညိတ်ပြီး “ရှောင်ဘိုင် မင်း ...ဘက်ထရီနဲ့ ပတ်သက်တဲ့ စာရွက်ကို ရေးပေးနိုင်မလား။”
စမ်းသပ်မှုတစ်ခုကို ကြည့်ပြီးကိရိယာတစ်ခုရတိုင်းစာရွက်တစ်ရွက်(စာတမ်း)ရေးရသည်။
ဤသည်မှာ လင်းဖန်သူ၏ အလေ့အထတစ်ခု ဖြစ်လာလုနီးပါးပင်ဖြစ်သည်။
“ဆရာ၊ ကျွန်တော်ရေးပြီးပြီ။” ရှောင်ဘိုင်က ပြောသည်။
ရှောင်ဘိုင်သည် လင်းဖန်က ထိုသို့သောစာရွက်လိုအပ်လိမ့်မည်ဟု မျှော်လင့်ထားပုံရသည်။
မကြာခင်လင်းဖန်၏ဖုန်းထဲတွက် အီးမေးလ်တစ်စောင် ပေါ်လာသည်။
၎င်းသည် “စူပါဘက်ထရီ၏ စည်းမျဉ်းနှင့် အသုံးချမှု” ဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်သည်။
ရှောက်ဘိုင်သည်ပထမနေရာ၌လင်းဖန် ၏အမည်ကို ရေးသားခဲ့သည်။
လီဖန် နှင့် ကျောက်ကျူတို့ကို ဒုတိယမြောက်နေရာတွင်ရေးသားထားသည်။
လင်းဖန်က ကျေနပ်စွာဖြင့် “ကောင်းလိုက်တာ!”
“နောက်ဆုံးအကြိမ် ငါ အဲဒါကို “သိပ္ပံ” ကို ပို့လိုက်တယ်၊ ဒီတစ်ခါတော့... “နီတာ”!
“ရှောင်ဘိုင်၊ နီတာ အယ်ဒီတာကို တတ်နိုင်သမျှ သုံးသပ်ခွင့်ပြုရအောင်ရအောင်လုပ်ပါ။”
ရှောင်ဘိုင်က “ဟုတ်ကဲ့ဆရာ!”
…………
အမေရိကန်၏မနက်ခင်းစောစောတွင်။
“နီတာ” အယ်ဒီတာ အီမွန်ဗေး ၏အိမ်တွင် လျှပ်စစ်ပစ္စည်းအမျိုးမျိုးသည် ရုတ်တရက် ဆူညံသံများထွက်ပေါ်လာသည်။
သို့သော် သူသည် ကြောက်ရွံ့ပြီး စိတ်ဆိုးခြင်းမရှိပေ။
အဲဒီအစား သူသည်အလွန်စိတ်လှုပ်ရှားလာပြီး ကွန်ပျူတာကို အမြန်ဖွင့်လိုက်သည်။
ဟုတ်ပါတယ်၊ ဖန်သားပြင်ပေါ်မှာ အီးမေးလ်တစ်ခု ပေါ်နေသည်။
“စူပါဘက်ထရီ၏ စည်းမျဉ်းနှင့် အသုံးချမှု”။
အီမွန်ဗေးသည် အကြောင်းအရာကို ချက်ချင်းမဖတ်သော်လည်း ရေားသားသူကို တိုက်ရိုက်ကြည့်လိုက်သည်။
“ကျန်ပေ့ တက္ကသိုလ်မှ လင်းဖန်”
“ဟုတ်တယ်၊ သူပဲ၊ ဟာဟား။ ကောင်းတယ်”
အီမွန်ဗေးကထိုသို့ပြောပြီးသောအခါ သူကအကြောင်းအရာကို အစအဆုံး သေချာဖတ်ကြည့်တော့သည်။
အကြောင်းအရာ ဖတ်များလာသည်နှင့်အမျှ အီမွန်ဗေးဟာစိတ်လှုပ်ရှားလာခဲ့သည်။
“စွမ်းအင်သုံးကားသစ်၊ ဒါက စွမ်းအင်သုံးကားအသစ်!”
“ဒီအချက်အလက်တွေသာမှန်ကန်ရင်...”
“တိကျမှန်ကန်ရင် မော်တော်ကားလုပ်ငန်းတစ်ခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲစေလိမ့်မယ်!”
ထိုသို့ပြောပြီးနောက် အီမ်မွန်ဗေးသည် သူ၏ဆဲလ်ဖုန်းကို အမြန်ထုတ်ကာ အယ်ဒီတာချုပ်၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။
သိပ်မကြာခင်မှာပဲ MIT ဓာတုဗေဒဓာတ်ခွဲခန်း သည်အသက်ဝင်နေတော့သည်။
မနက်အစောကြီးအချိန်တွင်ဆံပင်ဖြူရှိသောဓာတုဗေဒပညာရှင်များသည်လည်း ဓာတ်ခွဲခန်းသို့ တယောက်ပြီး တယောက် လာကာ ရှုပ်ထွေးသော စမ်းသပ်မှုများကို တစ်ခုပြီးတစ်ခု ကိုစတင်စမ်းသပ်တော့သည်။
…………
လင်းဖန်သည် ဒါကို လုံးဝမသိပေ။
မူလက ဒီနေ့ ကျောင်းတက်ဖို့ကျောင်းကိုသွားသည်။သို့သော်ကျောင်းသို့ရောက်သောအခါ စနေနေ့ဖြစ်သည်ကို သိလိုက်ရသည်။
ထို့ကြောင့်လင်းဖန်သည် တုံ့ဆိုင်းသွားပြီးနောက် Cullinan(ကား)ဖြင့်ရီကေမြို့သို့ မောင်းသွားခဲ့သည်။
ယခုအချိန်တွင် ချူစီရှင်းနှင့်ဟေးလင်းတို့သည် ဆိုဖာပေါ်တွင်ထိုင်ကာရုပ်ရှင်ကြည့်နေကြသည်။
လင်းဖန်ကိုတွေ့လိုက်သောအခါ သူမတို့၏လှပသောမျက်နှာနှစ်ခုသည် အပြုံးများဖြင့် ပြည့်နှက်သွားကာ လင်းဖန်၏လက်တစ်ဖက်စီကိုတစ်ယောက်တစ်လက်ကိုင်ကာဖက်လိုက်ကြသည်။(အားကျနေပြီကွာ...)
လင်းဖန်သည် သူမတို့ပျော်ရွှင်နေသည်ကို ကြည့်ကာ အလွန်ပျော်ရွှင်နေခဲ့သည်။
ထို့နောက် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ၎င်းတို့တစ်ဦးစီထံ ယွမ် ၁၀ သန်း လွှဲပေးကာ “အဝတ်အစား ဒါမှမဟုတ် တစ်ခုခုဝယ်ဖို့ မင်းတို့ဆီ ပိုက်ဆံနည်းနည်းလွှဲပေးထားတယ်” လို့ ပြောလိုက်သည်။
“ဒင်!”
ဟေးလင်းသည် သူ့မအိတ်ကပ်ထဲက ဖုန်းကတုန်ခါလာသောအခါထုံးစံအတိုင်း ကောက်ကိုင်လိုက်သည်။
နောက်အခိုက်အတန့်မှာတော့ သူမပါးစပ်လေးကို ချက်ချင်းဖွင့်ပြီး “တစ်ဆ်သန်း...တစ်ဆယ်သန်း!”
ချူစီရှင်းလည်း အံ့သြသွားပြီး လင်းဖန်ကို ပျော်ရွှင်စွာ နမ်းလိုက်သည်။
ထို့နောက် လင်းဖန် ၏နားသို့တိုးကာတိုးတိုးလေးပြောလိုက်သည်။”တကယ်တော့ ငါတို့က အဝတ်အစားတွေဝယ်ထားပြီးသား..သူနာပြုဝတ်စုံ၊ ဆရာမဝတ်စုံ၊ရုံးဝန်ထမ်းအလုပ်သမားဝတ်စုံ၊ ကြောင်ပုံစံဝတ်စုံ၊ ခွေးပုံစံဝတ်စုံ....ကိုအများကြီးဝယ်ထားတယ်...”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး