တီထွင်ပြီးသား
Vol. 28 Ch. 409
အမေရိကန်ပြည်ထောင်စု၊ MIT ဓာတုဗေဒဓာတ်ခွဲခန်း။
ဆံပင်ဖြူရှိသောအဘိုးကြီးများသည်တစ်ယောက်နှင့်တစ်ယောက်တွေ့တိုင်းအမြဲတမ်းငြင်းခုံကြလေ့ရှိသည်။
သို့သော်ဒီနေ့တွင်တော့ သူတို့အားလုံး ကွန်ပြူတာစခရင်ကို အာရုံစိုက်ပြီးကြည့်နေကြသည်။
တစ်နာရီ နှစ်နာရီ...
တဖြည်းဖြည်းနှင့် အလွန်ရှုပ်ထွေးသော ဂရပ်ဖစ်နှင့် တွက်ချက်မှုများ၏ စာမျက်နှာများသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
“အို မိုင်ဂွတ် ဒါက ဒီအဆင့်ကို ရောက်နိုင်တယ်ပေါ့..!”
“ငါ့မျက်လုံးတောင်ငါမယုံမယုံနိုင်ဘူး!”
“ဒီဘက်ထရီအမျိုးအစားကို စွမ်းအင်သုံးစွဲမှုနဲ့ တွက်ချက်မယ်ဆိုရင်၊ စွမ်းအင်သုံးကားသစ်ရဲ့ ခံနိုင်ရည်က ကီလိုမီတာ 2500 ဒါမှမဟုတ် အဲဒီထက်ပိုပြီး ခံနိုင်ရည်ရှိတယ်.....”
“အဲဒါကို လေ့လာ့တီထွင်တဲ့သူက ဉာဏ်ကြီးရှင်၊ လုံးဝ ပါရမီရှင်ပဲ!”
…………
“နီတာ” ၏ အယ်ဒီတာဌာနသည် MIT ထံမှ တုံ့ပြန်ချက်ကိုအမြန်ရရှိခဲ့သည်။
တည်းဖြတ်သူများသည် ဤလေ့လာမှုကို ကိုယ်စားပြုသည်နှင့် ပတ်သက်၍ အလွန်အရေးပေးထားသည်။
…………
တန်ယန်အန်တိုမိုဘိုင်းဂရု။
ဥက္ကဋ္ဌ အိပ်စ့်သည် ကော်ဖီငွေ့ငွေ့ထနေသောကော်ဖီခွက်ကို သူ့ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
အိပ်စ့်က”ဒါက အရသာရှိတယ်။”
ထိုအချိန်တွင် ဥက္ကဌရုံးခန်းတံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်သည်။
လူဖြူတစ်ယောက် အလျင်စလို လျှောက်လာသည်။
ဒါကိုတွေ့တော့အိပ့်စ့်က အနည်းငယ် မျက်မှောင်ကြုတ်ကာ “ဂျေ၊ ငါ မင်းကို ကောင်းကင်က မပြိုကျသရွေ့ မင်း ငြိမ်ငြိမ်နေရမယ်လို့အကြိမ်ကြိမ်ပြောခဲ့ပြီးပြီး”
ဂျေအသက်ပြင်းပြင်းရှူပြီး “တောင်းပန်ပါတယ် ဥက္ကဌ”
အိပ့်စ့် ကျေနပ်စွာ ခေါင်းညိတ်ပြီး “ဒါဆိုစကားပြောရအောင်၊ အခုဘာဖြစ်လာတာလဲ”
ဂျေ က “ပါမောက္ခ မယ်ရီယနိ၊ ပရော်ဖက်ဆာ ဒန့်စ်၊ မက်စ့် နဲ့ အခြားဘက်ထရီကျွမ်းကျင်သူတွေကို ‘’စူပါဘက်ထရီ၏အခြေခံများနှင့်အသုံးချမှု”ဆိုတဲ့ စာတမ်းကို ပြန်လည်သုံးသပ်ဖို့ နီတာ က ဖိတ်ကြားခဲ့ပါတယ်။”
“သူတို့ ထပ်ခါထပ်ခါ စိစစ်ပြီးနောက်၊ ဤစာတမ်းပါ အချက်အလက်သည် လုံးဝမှန်ကန်နေတယ်”
“ဒီစူပါဘက်ထရီကို စွမ်းအင်သုံးကားသစ်တွေမှာ အသုံးပြုလိုက်မယ်ဆိုရင်သွားနိုင်တဲ့ အကွာအဝေးကကီလိုမီတာ 2500 ကျော်ရှိပါတယ်။”
“ခွမ်း”
သူ့လက်ထဲက ကော်ဖီခွက်က မြေပြင်ပေါ်သို့တိုက်ရိုက်ကျသွားလေသည်။
…………
ဂျပန်နိုင်ငံရှိ ရှိတာမော်တော် ၏ဌာနချုပ်။
ဥက္ကဌ တန်ရိုယာမတိုသည် မျက်တောင်မခတ်ဘဲ သူ့ရှေ့က အစီရင်ခံစာကို စိုက်ကြည့်နေရင်းသူ့နဖူးမှ ချွေးများတဖြည်းဖြည်း စီးကျလာသည်။
နောက်အခိုက်အတန့်တွင် သူရုတ်တရက်ထရပ်လိုက်သည်။
“သွားနိုင်တဲ့အကွာအဝေးကက 2500 ကီလိုမီတာ 2500 ကီလိုမီတာ!”
“ဖာ့..”
…………
တကယ်တော့ မော်တော်ယာဥ်လုပ်ငန်းတင်မကပေ။
ရေနံ၊ စွမ်းအင်နှင့် အခြားစက်မှုလုပ်ငန်းများ၊ ဤစာတမ်းကို မြင်သောအခါ၊ ၎င်းတို့သည် လုံးဝတုန်လှုပ်သွားသည်။ယခုအဖြစ်အပျက်သည်ငြိမ်သက်နေသောရေကန်ထဲသို့ကျောက်တုံးပစ်ချလိုက်သည်နှင့်တူနေလေသည်။
…………
ဒီအဖြစ်အပျက်ကို အစပြုသူလင်းဖန်ကတော့စော်လေးနှစ်ယောက်နဲ့သာယာနေသည်။
.......
တနင်္လာနေ့နံနက်။
လင်းဖန်သည် ချူစိရှင်းနှင့် ဟေးလင်းတို့မှ ပြင်ဆင်ပေးသော နံနက်စာ ကိုစားပြီးနောက် Cullinan(ကား)ဖြင့်ကျန်ပေ့ တက္ကသိုလ်သို့ မောင်းသွားခဲ့သည်။
“ကျောင်းသား လင်းဖန်!”
လင်းဖန်သည် ကားပေါ်မှ ဆင်းသည်နှင့်မနီးမဝေးတွင် အလွန်စိတ်လှုပ်ရှားနေသည့် အသံနှစ်ခု ထွက်ပေါ်လာသည်။
လင်းဖန်သည် အသံထွပ်ပေါ်ရာနေရာကိုကြည့်လိုက်ရာပရော်ဖက်ဆာ လီဖန်နှင့် ကျောက်ကျူတို့ကို တွေ့လိုက်ရသည်။
သူတို့က လင်းဖန်ကို ဒီမှာစောင့်နေပြီး လင်းဖန်ပေါ်လာတော့ သူတို့က အော်ခေါ်လိုက်ခြင်းဖြစ်သည်။
လင်းဖန်က “ပါမောက္ခ လီ၊ ပါမောက္ခ ကျောက်မင်္ဂလာပါ!”
“မင်္ဂလာပါ...” လီဖန် နှင့် ကျောက်ကျူက ကမန်းကတန်းပြောလိုက်သည်။
ထို့နောက် လီဖန်က လေးနက်ပြီး စိတ်လှုပ်ရှားနေသော လေသံဖြင့် “ကျောင်းသား လင်းဖန် ကျေးဇူးတင်ပါတယ်”
ကျောက်ကျူကလဲ အနည်းငယ်ခေါင်းငုံ့ပြီး “ကျေးဇူးတင်ပါတယ်!”
စကားပြောနေစဉ်တွင် ၎င်းတို့သည် နောက်ဆုံးထုတ် “နီတာ” ဂျာနယ်ကို ထုတ်လိုက်သည်။’’နီတာ’’၏မျက်နှာဖုံးတွင် ‘’စူပါဘက်ထရီ၏အခြေခံများနှင့်အသုံးချမှု” စာတမ်းပါရှိသည်။
ဒါကိုတွေ့တော့လင်းဖန်က ခေါင်းညိတ်ပြပြီး “ကျေးဇူးတင်တာလား။မဟုတ်တာ။ဒါက မင်းတို့ရဲ့စမ်းသပ်မှုကို ငါမြင်လို့ဒီစာရွက်ပါအချက်အလက်ကိုရေးနိုင်တာပါ။ဒါကြောင့်မင်းတို့ကိုဒုတိယနေရာမှာရေးတာကမင်းတို့နဲ့ထိုက်တန်တယ်။”
ကျောက်ကျူနှင့် လီဖန်တို့သည် ထိုစကားကိုကြားသောအခါ သူတို့၏နှလုံးသားများထဲကနေကျေးဇူးတင်စိတ်ဖြစ်ပေါ်လာသည်။
သူတို့ရဲ့ စမ်းသပ်ချက်ကို ကြည့်ပြီးနောက် ဒီစာတမ်းကို ဘာလို့ ဖန်တီးနျုင်ရမှာလဲ။
ထိုနေ့က သူတို့၏ စမ်းသပ်မှုသည် အလွန်အခြေခံကျသော စွမ်းအင်စမ်းသပ်မှုတစ်ခုသာဖြစ်သည်။
“စူပါဘက်ထရီ၏ အခြေခံသဘောတရားများနှင့် အသုံးချမှု” စာတမ်းသည် ခေတ်ကိုကျော်လွန်၍ စွမ်းအင်အသစ်များ၏ နောက်ဆုံးရလဒ်များကို တိုက်ရိုက်ပြသနေသည်။
နှစ်ခုကြားက ဆက်နွယ်မှုသာရှိရင်၊ မြေမှုန့်နဲ့ မြေကြီးကြားက ဆက်နွယ်မှုသာဖြစ်နိုင်သည်။
ကျောက်ကျူ နှင့် လီဖန်တို့သည် စာရွက်ကို လင်းဖန် ရေးသားပြီးပြီဟု သံသယမရှိခဲ့ကြပေ။
ဓာတ်ခွဲခန်းကို လာရတဲ့အကြောင်းရင်းက သူ့တို့ကိုနာမည်ရေးပေးချင်တာကြောင့်အကြောင်းပြချက်ရှာပြီးလာတာဟုသူတို့နှစ်ယောက်လုံးကတွေးလိုက်သည်။
စူပါဘက်ထရီစာတမ်းကလဲ ဒီလိုအလားတူအခြေအနေမျိုးဖြစ်မှာကို သူတို့နှစ်ယောက်ကြောက်သည်။
ဒါကိုစဉ်းစားရင်း ကျောက်ကျူ နဲ့ လီဖန်က လင်းဖန်ကိုကျေးဇူးတင်စွာ ကိုကြည့်နေလိုက်ကြသည်။
ထို့နောက်သူတို့ကခေါင်းငုံ့ကာ ရိုးသားစွာပြောလိုက်သည်- “လင်းဖန်၊ ငါတို့အားလုံးသိပါတယ်၊ဒါမဲ့မင်းကို ကျေးဇူးတင်ပါတယ်!”
ဒါကိုကြားတော့လင်းဖန်၏ ပါးစပ်ထောင့် အနည်းငယ် လှုပ်ယမ်းသွားသည်။
အားလုံးသိတာလား?
ဒါပေမယ့် မင်းရဲ့ အသွင်အပြင်ကို ကြည့်လိုက်တော့ မင်းဘာမီသိပုံမပေါ်ဘူး။
မေ့လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် သူထင်ချက်သလိုထင်ပါစေတော့။
ထိုအချိန်တွင် သူ့နောက်တွင် စိတ်လှုပ်ရှားနေသောအော်သံတစ်ခု ထွက်ပေါ်လာသည်။
“လင်းဖန်!”
လင်းဖန်သည် သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ရှင်း ဖြစ်သည်ကို တွေ့လိုက်ရသည်။
ဖန်ရှင်း၏ မျက်လုံးများသည် တစ်ညလုံး မအိပ်ရသကဲ့လို့နီရဲနေသည်။
တကယ်တန်းလဲဖန်ရှင်းသည်တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
မနေ့ညက လင်းဖန်သည် ‘’စူပါဘက်ထရီ၏အခြေခံများနှင့်အသုံးချမှု”
ဆောင်းပါးကို ထုတ်ဝေခဲ့ပြီး ကျန်ပေ့သို့ အစောဆုံး လေယာဉ်ဖြင့် ညတွင်းချင်း တိုက်ရိုက်ပြန်လာခဲ့ကြောင်း သူ ရုတ်တရက် သိလိုက်ရသည်။
.....
ဖန်ရှင်းသည် လင်းဖန်ဆီသို့ လျင်မြန်စွာ ပြေးသွားရင်း ခလုတ်တိုက်ကာမြေပေါ်သို့ လဲကျလုနီးပါး ဖြစ်ခဲ့သည်။
သို့သော် သူလုံးဝ ဂရုမစိုက်ဘဲ “လင်းဖန်၊ မင်းရဲ့ ...ဘက်ထရီ သုတေသန ဘယ်လောက်ရှိပြီလဲ၊ ဘယ်အချိန်မှာ ထုတ်လုပ်နိုင်မှာလဲ”
သူတို့ဘေးနားက ကျောက်ကျူနဲ့ လီဖန်တို့က အာရုံစိုက်ထားလိုက်ကြသည်။
ဒါကိုလည်း သူတို့ အရမ်းသိချင်နေကြသည်။
လင်းဖန်က သမ်းဝေပြီး “ဘာပေါနေတာလဲ။ တီထွင်ပြီးသွားပြီလေ”
“တီထွင်ပြီးပြီ!” ဖန်ရှင်း က သူ့မျက်လုံးတွေတိုက်ရိုက်ပြူးကျယ်ပြီး “မင်းပြောတာအမှန်ပဲလား”
“ဟုတ်တယ်’’လင်းဖန်ကပြောသည်။
“ကောင်းပြီ၊ ဟားဟားဟား! ကောင်းတယ်!” ဖန်ရှင်းက ကောင်းကင်သို့ လှမ်းကြည့်ပြီးအော်ရယ်နေသည်။
သူဒီလိုဖြစ်တာလဲအံသြစရာမဟုတ်ပေ။
သိရန်……
နိုင်ငံခြားတိုင်းပြည်များသည် တရုတ်နိုင်ငံထက်ဆယ်စုနှစ်များထက်စောပြီး မော်တော်ယာဥ်များ တီထွင်ထုတ်လုပ်ထားသောကြောင့် နည်းပညာနှင့် မူပိုင်ခွင့် အမျိုးမျိုးတို့သည် သူတို့လက်ထဲတွင်သာရှိသည်။
တရုတ်နိုင်ငံသည် မော်တော်ကားများ တီထွင်လိုပါက အခြားနည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။
သေချာလေ့လာပြီး ဆွေးနွေးပြီးနောက် ဟွာရှသည် နောက်ဆုံးတွင် လျှပ်စစ်စွမ်းအင်သုံးကားများပေါ်ထွက်လာရန်၎င်း၏ပန်းတိုင်ကို ချမှတ်ခဲ့သည်။
လင်းဖန် မှထုတ်လုပ်သည့် စူပါဘက်ထရီအား လျှပ်စစ်စွမ်းအင်သစ်ကားများတွင် အသုံးပြုနိုင်ပြီး ဟွာရှမော်တော်ကား များကနိုင်ငံခြားရှိကားများကို အမှန်တကယ်ကျော်တက်နိုင်စေမည်ဖြစ်သည်။
သူတို့ဘေးနားရှိ ကျောက်ကျူ နှင့်လီဖန် တို့ နှစ်ယောက်လုံးသည်လင်းဖန် စကားကို နားထောင်ရင်း သူတို့၏ပါးစပ်သည် ‘O’ ပုံသဏ္ဍာန်ဖြစ်နေလုံးဝ အံ့အားသင့်နေခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး