← Chapters

ဝမ်းနည်းခြင်း

Vol. 28 Ch. 410

ဝမ်းနည်းခြင်း

Vol. 28 Ch. 410

ဖန်ရှင်းသည်ခဏတာ ရယ်မောပြီးနောက်သူက “...ဘက်ထရီက ဘယ်မှာလဲ၊ အဲဒါကြည့်ဖို့ ခေါ်သွားလို့ရမလား” လို့ ပြောလိုက်သည်။

လင်းဖန်သည် လာနေသော ကျောင်းသားများကို လှမ်းကြည့်ကာ “ဒါပေမယ့် မကြာခင် အတန်းတက်ရတော့မယ်လေ”

ဖန်ရှင်း က “အတန်းက ဘာလို့တက်မှာတုန်း။”

သူ့ဘေးနားရှိ ကျောက်ကျူ က “မင်း အတန်းတက်စရာ မလိုဘူး” လို့ ပြောလိုက်သည်။

လီဖန်ကလည်း “ဟုတ်တယ်”

သူတို့ပြောတာကိုကြားပြီးနောက်လင်းဖန်၏ ပါးစပ်ထောင့် အနည်းငယ် လှုပ်ယမ်းသွားသည်။

သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာတစ်ဦးနှင့် ကျောင်းမှ ပါမောက္ခနှစ်ဦးတို့က အတန်းတက်ရန် အသုံးမလိုကြောင်း၊ အတန်းတက်ရန် မလိုအပ်ကြောင်း ကျောင်းသားတစ်ဦးအား ပြောနေသည်။

ဒါကအမှားအယွင်းမရှိတာ သေချာပါသလား။

လင်းဖန်က သူတို့ကို လေးလေးနက်နက်နဲ့ ကြည့်ကယ”ကောင်းပြီ ဒါဆိုလဲငါ မင်းတို့ကို ခေါ်သွားပေးမယ်” လို့ ပြောလိုက်သည်။

စိတ်ထဲမှာ : ဒီနေ့ အတန်းလဲမတက်ရတော့ဘူးပဲ....

ကျောက်ကျူနှင့် လီဖန်တို့က ကမန်းကတန်းပြောလိုက်ကြသည်။”ငါတို့လည်း လိုက်ကြည့်လို့ရမလား”

သူတို့သည် ဓာတုဗေဒပါမောက္ခများဖြစ်ပြီး ဓာတုဘက်ဘယ်ထရီများကို အဓိကလေ့လာကြသည်။

....ဘက်ထရီအတွက်၊ သဘာဝအတိုင်း သူဆို့အဲဒါကို ကြည့်ချင်ကြသည်။

သူတို့၏ နှလုံးသားထဲတွင် ...စမ်းသပ်မှုအောင်မြင်သောပစ္စည်းများကို ပြန်ကြည့်ခြင်းသည် သမိုင်းဝင် အခိုက်အတန့်တစ်ခုကို မျက်မြင်တွေ့ရခြင်းပင် ဖြစ်သည်။

ဒါကြောက့်သူတို့သည်အခွင့်အရေးကိုလက်မလွတ်ချင်ကြပေ။

ဖန်ရှင်းက အလိုအလျောက် မျက်မှောင်ကြုတ်လိုက်သည်။

ကျောက်ကျူနှင့် လီဖန်ကို သူ မသိခဲ့ပေ။

ထို့အပြင်၊ ...ဘက်ထရီသည် ဟွာရှမော်တော် ၏အနာဂတ်နှင့်ဆက်စပ်နေသည်ဟုဆိုနိုင်သည်။​ဒါကြောင့်ဒါကိုလူသိနည်းလေကောင်းလေဖြစ်သည်။

အကယ်၍ဒီလျှို့ဝှက်ချက်သာပေါက်ကြားသွားရင်သေချာပေါက် နောင်တရရမည့် အရာတွေဖြစ်မှာသေချာသည်။

လင်းဖန် က ဖန်ရှင်းရဲ့ အတွေးတွေကို နားလည်ပြီး “ဒါက ပါမောက္ခ ကျောက်ကျူ နဲ့ ပရော်ဖက်ဆာလီဖန် ပါ။ ၎င်းတို့သည် Thesis “ စူပါဘက်ထရီ၏အခြေခံများနှင့်အသုံးချမှု”

၏ ဒုတိယမြောက်နေရာတွင်ရှိတဲ့သူတွေပါ။ ကျွန်တော် ....ဘက်ထရီကို တီထွင်ရာတွင်၊ ၎င်းတို့သည် ငါ့ကိုငွေများစွာ ကူညီပေးခဲ့သည်။”

ဤစကားတွင် လင်းဖန်သည် လိမ်ညာပြီးပြောတာမဟုတ်ပေ။

သိရန်……

အကယ်၍ သူတို့သာဘက်ထရီစမ်းသပ်မှုကို မပြရင် လင်းဖန်သည် ထိုမစ်ရှင်ကို လုံးဝ ပြီးမြောက်မည်မဟုတ်ပေ။

သို့သော်ကျောက်ကျူ နဲ့ လီဖန်တို့ရဲ့ နားထဲမှာ တော့ဒီအသံကို ကြားလိုက်ရသောအခါတွင်

သူတို့၏ မျက်နှာများသည် ရှက်စိတ်ဖြင့် နီမြန်းလို့နေသည်။

“တကယ်တော့ ငါတို့ လင်းဖန်ကို မကူညီခဲ့ပါဘူး” ကျောက်ကျူက ပြောသည်။

“ဟုတ်တယ်” လီဖန် က ပြောသည်။

ဖန်ရှင်းကသူတို့ပြောတာကိုနားမထောင်ပဲလင်းဖန် ပြောတာကို ကြားတော့ သူက ခေါင်းညိတ်ပြီး “ဒီလိုဆိုတော့ အတူတူသွားကြရအောင်” လို့ ပြောလိုက်သည်။

ထို့နောက် လင်းဖန် သည် Cullinan(ကား)၏တံခါးကိုဖွင့်လိုက်ပြီး ထိုအပေါ်တွင် တိုက်ရိုက်ထိုင်လိုက်သည်။

ဖန်ရှင်း၊ ကျောက်ကျူနှင့် လီဖန်တို့လည်း ထိုင်လိုက်ကြသည်။

သို့သော် ၎င်းတို့ထဲမှ တစ်ယောက်က ဒါရိုက်တာချုပ်ဖြစ်ပြီး ကျန်နှစ်ဦးမှာ ပါမောက္ခဖြစ်သည်။

Cullinan(ကား)ကဲ့သို့ ဇိမ်ခံကားတစ်စီးတွင် ပထမဆုံးအကြိမ်အဖြစ် ထိုင်ရလျှင်လူအများစုသည် အလွန်စိတ်ဝင်စားကြလိမ့်မည်မှာ သေချာသည်။

ဒါပေမယ့် သူတို့မှာ စူးစမ်းချင်စိတ် မရှိဘူး။

သူတို့၏ နှလုံးသားထဲတွင် ....ဘက်ထရီများနှင့် ၎င်းတို့၏ အကန့်အသတ်မဲ့ မျှော်လင့်ချက်များသာ ရှိသည်။

မိနစ် 20 ခန့်အကြာတွင်၊ ကားသည် ပန်းလုံဗီလာတွင် ရပ်တန့်လိုက်သည်။

လင်းဖန်သည် မြေပြင်ပေါ်တွင် ချထားသော အနက်ရောင်ကုဗုတ်ကို လက်ညှိုးထိုးပြပြီး “ဒါပဲ” ဟုပြောလိုက်သည်။

“ဒါက ...ဘက်ထရီလား?” ဖန်ရှင်းက “ကွန်ပြူတာ အရွယ်ပဲ...”

ပြောနေရင်းနဲ့လည်း ငုံ့ပြီးမလိုက်သည်။

“အလေးချိန် ... 20 ကီလိုဂရမ်လောက်ရှိတယ်’’

ထို့နောက် ဖန်ရှင်းက “လင်းဖန် ဒီ...ဘက်ထရီကို စွမ်းအင်သုံးကားမှာသာသုံးမယ်ဆိုရင် ဘယ်လောက်ကီလိုမီတာအထိ သွားနိုင်မလဲ”

လင်းဖန်က “ ကီလိုမီတာ 3000လောက် ကြာရှည်ခံတယ်” လို့ ပြောလိုက်သည်။

“ကီလိုမီတာ ၃၀၀၀!” ဖန်ရှင်း၊ကျောက်ကျူနှင့် လီဖန်တို့သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ကွန်ပြူတာတစ်လုံးအရွယ်အစားရှိပြီးအလေးချိန် 20 ကီလိုဂရမ်ခန့်ရှိသော...ဘယ်ထရီသည် ယာဉ်ကို ကီလိုမီတာ 3000အထိကြာရှည်ခံသည်။

ဒီနံပါတ်က ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ။ !

“ဗွမ်းဗွမ်း...ဗွမ်း!”

သူတို့သုံးယောက်၏ နှလုံးခုန်သံများသည် မြင်းအကောင်တစ်သောင်းပြေးသွားသကဲ့သို့မြန်ဆန်စွာခုန်နေလေသည်။

အချိန်အတော်ကြာပြီးနောက်ဖန်ရှင်းကအသိစိတ်ပြန်ဝင်လာပြီး “လင်းဖန်၊ ဒီ....ဘက်ထရီကိုယူလို့ရမလား” လို့ မေးလိုက်သည်။

“ရပါတယ်” လင်းဖန်က “စကားမစပ်၊ ငါ....ဘက်ထရီကို စီးပွားအဖြစ်ရီဒီအန်တို ကုမ္ပဏီနဲ့ ပူးပေါင်းထားတယ်”

ဖန်ရှင်းက “လင်းဖန်၊ဟွာရှမှာရှိတဲ့လူတွေကိုယ်စားကျေးဇူးတင်ပါတယ်။”

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ဒါက ကိရိယာလေးတစ်ခုပဲကို သိပ်ဂရုမစိုက်ပါနဲ့” လို့ပြောလိုက်သည်။

တီထွင်မှုသည် သမားရိုးကျ မော်တော်ကားလုပ်ငန်းကို လုံးဝ ထိခိုက်စေပြီး တစ်ချိန်တည်းမှာပင် တရုတ်မော်တာများသည် ထောင့်များကို ကျော်တက်နိုင်သော စူပါဘက်ထရီကို နားလည်နိုင်စေပါသည်။

ကိရိယာတစ်ခုပဲရှိတာလား။

ဖန်ရှင်း၊ကျောက်ကျူနှင့်လီဖန်တို့သည် ပါးစပ်ကိုဖွင့်လိုက်ကြသော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။

သို့သော် လင်းဖန် ၏အမြင်တွင်တော့၎င်းသည် အမှန်တကယ်ပင် ကိရိယာတစ်ခုသာဖြစ်သည်။

ဖန်ရှင်းကနံပါတ်တစ်ခုကိုဆက်လိုက်လေသည်။

နာရီဝက်လောက်အကြာတွင်ရဟတ်ယာဉ်တစင်းသည်မြေပေယ်သို့ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

စစ်သည်တော်(စစ်သား)များ သည် လဲဆင်းလာပြီးကြပြီးခါးကိုတည့်တည့်ထားပြီးတန်းစိလိုက်ကြသည်။

ရှေ့ဆုံးတွင်ရှိသောစစ်သားက “မင်္ဂလာပါ ဒါရိုက်တာ ဖန်!”

ဖန်ရှင်း က ခေါင်းညိတ်လိုက်ပြီး ....ဘက်ထရီကို ကိုယ်တိုင်ကိုယ်ကျ ကောက်ကိုင်လိုက်ပြီး “ဒါကိုယူသွားလိုက်။ မင်းကို ဒုက္ခပေးရအုံးမယ်” လို့ပြောလိုက်သည်။

စစ်သားက “မဟုတ်တာ..ဒါက ငါတို့လုပ်သင့်တာကိုလုပ်တာပါ”

လေယာဉ်ရောက်လာပြီးကတည်းကဖန်ရှင်း ၏နှလုံးသားလည်း ပေကျင်းသို့အမြန်သွားချင်နေပြီဖြစ်သည်။

သူက လင်းဖန်ကို ပေးကျင်းကို လိုက်ခဲ့မလားဟုမေးလိုက်သောအခါလင်းဖန်ကတိုက်ရ်ုက်ငြင်းပယ်ခဲ့သည်။

သို့သော် ကျောက်ကျူ နှင့် လီဖန်တို့က လိုက်ချင်ကြသည်။

သိရန်……

သိပ္ပံပညာရှင်များစွာတို့သည်စူပါစွမ်းအင်သုံး ဘက်ထရီများကို လေ့လာတာကိုကြည့်ရတာဟာသူတို့အတွက်ဒီအတွေ့အကြုံကလုံးဝအဖိုးမဖြတ်နိုင်ပေ။

ဖန်ရှင်း က ကျောက်ကျူ နှင့်လီဖန် တို့ကိုလိုက်ပါစေလျက်လျှို့ဝှက်ချက်အချို့ကို ရှင်းပြခဲ့သည်။

မကြာခင်မှာပဲရဟတ်ယာဉ်သည် ပန်လုံဗီလာမှ ထွက်ခွာခဲ့ကြသည်။

လင်းဖန်သည် ပျော့ပျောင်း​ပြီး​သက်သောင့်သက်သာရှိသော ဆိုဖာပေါ်တွင် လှဲလျောင်းနေသည်။

လင်းဖန်သည် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းသုံးနေလိုက်ကာခဏာအကြာတွင်သည် ...ဘက်ထရီများအကြောင်းသတင်းကို တွေ့လိုက်ရသည်။

လင်းဖန်သည်ခဏလောက်ဖတ်လိုက်သည်။

ထို့နောက်လင်းဖန်သည် ရီဒီအန်တို ဥက္ကဌ ဝမ်ဖူဂျီ ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

…………

ရီဒီအန်တို။

နီတာ ၏ နောက်ဆုံးထွက်စာတမ်းထုတ်ဝေမှုတွင်ပါဝင်သောစွမ်းအင်ဘယ်ထရီ သည် လက်ရှိ စွမ်းအင်ဘက်ထရီအားလုံးထက် များစွာသာလွန်ကြောင်း ဝမ်ဖူဂျီသည်နည်းပညာဒါရိုက်တာထံမှသိခဲ့သည်။

တွက်ချက်မှုများအရ ...ဘယ်ထရီသာထုတ်လုပ်အောင်မြင်ပါက ကားများ၏ ဘက်ထရီသည် ကီလိုမီတာ 2500 ကျော်အထိ ရောက်ရှိနိုင်သည်ဟုဆိုထားသည်။

ဒါက ဘယ်လောက်ကြောက်စရာကောင်းတဲ့ နံပါတ်လဲ။

ဝမ်ဖူဂျီ သည် သတင်းကိုသိပြီးနောက်တွင် သူသည်ဝမ်းမသာယုံသာမကဆန့်ကျင်ဘက်ပါးဖြင့်အလွန်ဝမ်းနည်းသွားသည်။

အဘယ်ကြောင့်ဆိုသော် ရီဒီအန်တိုဂရု၏ဘက်ဂျက်အများစုသည် စွမ်းအင်ဘက်ထရီအသစ်များ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အာရုံစိုက်ထားသောကြောင့်ဖြစ်သည်။

နှစ်ပေါင်းများစွာ သုတေသနပြုခဲ့ရာ နောက်ဆုံးတွင် ရီဒီအန်တိုဂရုသည် ကြီးမားသောအောင်မြင်မှုကို ရရှိခဲ့ပြီး ယခုအခါတွင် ဘလိတ်ဘက်ထရီကို တီထွင်နိုင်ခဲ့သည်။

အတိအကျပြောရရင် မကြာခင်မှာပဲရီဒီအန်တို၏ ရောင်းအားက ဆက်တိုက်တက်လာနိုင်သည်။

မပြာခင်တွင်စွမ်းအင်သုံးကားကုမ္ပဏီအများအပြားဟာ ဘလိတ်ဘက်ထရီဝယ်ဖို့ ငွေအများကြီးသုံးဖို့ တိုက်ရိုက်ရွေးချယ်ကြမှာသေချာသည်။ဘညလို့ဆိုဘလိတ်ဘယ်ထရီသည်အရင်အဟောင်းဘယ်ထရီထက်ပိုကောင်းသောကြောင့်ဖြစ်သည်။

အရာအားလုံးကရီဒီအန်ဆိုတိုးတက်မယ်ဆိုတဲ့ အကောင်းဘက်ကို ဦးတည်နေသည်။

...ဘက်ထရီများ ပေါ်ပေါက်လာသည်နှင့်အမျှ အရာအားလုံးသည် မကြာမီတွင် ဘာမှဖြစ်လာတော့မည်မဟုတ်ပေ။

ထို့ကြောင့်ဥက္ကဌဝမ်ဖူရီသည်စိတ်မပူပဲမနေနိုင်ပေ။

“ကလင် ကလင် ကလင်....”

ထိုအချိန်တွင် ဝမ်ဖူဂျီ၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters