ပူးပေါင်းဆောင်ရွက်မှု
Vol. 28 Ch. 411
ဝမ်ဖူဂျီသည်သက်ပြင်းချကာ ဖုန်းကို ဖြည်းညှင်းစွာ ကောက်ကိုင်လိုက်သည်။
ဖုန်းခေါ်သူမှာ လင်းဖန်ဖြစ်သည်ကို မြင်သောအခါ သူ့မျက်နှာက သိပ်မပြောင်းလဲသွားပေ။
လွန်ခဲ့သောရက်အနည်းငယ်က……
လင်းဖန်သည် ရီဒီအန်တို ၏ ရှယ်ယာ 20% ကို ပိုင်ဆိုင်သောကြောင့် ဝမ်ဖူဂျီသည် အလွန်စိုးရိမ်နေသည်။
သို့သော်ယခုတွင်သူသည်...ဘယ်ထရီကိုသူပိုစိတ်ပူနေသည်။
ခဏအကြာတွင်ဝမ်ဖူဂျီ သည် အဖြေခလုတ်ကို နှိပ်လိုက်သည်။
“မစ္စတာလင်း မင်္ဂလာပါ၊ တစ်ခုခုဖြစ်လို့လား။” ဝမ်ဖူဂျီက ပင်ပန်းတဲ့လေသံနဲ့ ပြောလိုက်သည်။
လင်းဖန်က “မင်း... စူပါဘက်ထရီကို သိတယ် မဟုတ်လား”
ဝမ်ဖူဂျီ သည် ဤစကားကိုကြားလိုက်သောအခါတွင် သူသည် ပို၍ ခေါင်းကိုက်လာခဲ့သည်။
ဤအဓိကရှယ်ယာရှင်သည် ...ဘက်ထရီကိစ္စကြောင့် သူ့ကုမ္ပဏီကို တိုက်ခိုက်တော့မည်လား။
ဝမ်ဖူဂျီ သည်ထပ်ပြီး သက်ပြင်းချလိုက်သည်။
ထိုက်နောက် သူက တက်ကြွတဲ့ကြက်ဖလေသံနဲ့ “ဒေတာကိုကြည့်ပြီးပါပြီ၊ ...ဘက်ထရီက တကယ်ကို ထူးထူးခြားခြားပါပဲ၊ အဲဒါက ခေတ်သစ်ကိုတောင်ဖန်တီးလိုက်တယ်လို့တောင် ပြောလို့ရတယ်။”
“စွမ်းအင်သုံးကားသစ်တွေမှာသာဒါကိုအသုံးပြုလိုက်မယ်ဆိုရင်၊ ယနေ့ခေတ်ဈေးကွက်ထဲမှာရှိတဲ့ ကားအားလုံးရဲ့ အတိုင်းအတာကို လျှော့ချနိုင်ပါတယ်။”(လျှော့လျနိုင်တဲ့ကားကဆီထည့်ပြီးမောင်းတဲ့ကားကိုပြောတာပါ)
“သို့သော်၊ ...ဘက်ထရီကို မတီထွင်ရသေးပဘူး။”
“ဒါကြောင့်ရီဒီအန်တိုမှဝန်ထမ်းများအားလုံးသည် တုံ့ပြန်မှုအစီအစဉ်ကိုပြင်ဆင်နေကြသည်။”
“မစ္စတာလင်း၊ ငါတို့ရဲ့ ရီဒီအန်တိုက ဖြစ်ပေါ်လာမယ့် ဒုက္ခတွေကို ဖြေရှင်းပေးနိုင်တယ်။ဒါကြောင့် မင်းစိတ်ချပြီးနေနိုင်တယ်”
လင်းဖန်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာကို ပြသရန် မကူညီနိုင်ပေ။
တုံ့ပြန်မှုအစီအစဉ်။
ဒုက္ခ?
ဝမ်ဖူဂျီသည် ...ဘက်ထရီပေါ်ရှိ စာရွက်ကို သူကိုယ်တိုင်ရေးသားခဲ့သည်ကို မသိဘူးလား။
ခဏအကြာတွင် လင်းဖန်က “...ဘက်ထရီကို တီထွင်ပြီးသွားပြီ” ဟု ပြောလိုက်သည်။
“ဟမ်?” ဝမ်ဖူဂျီသည် ယခုအချိန်တွင်ပင် သူ့နှလုံးသည်ပင်ခဏရပ်သွားသယောင်ဖြစ်သွားသည်။
....ဘက်ထရီ တီထွင်ပြီးပြီ။
ဒါဆိုငါ့ရဲ့ရီဒီအန်တို ဘာလုပ်သင့်သလဲ။
ဝမ်ဖူဂျီက “မစ္စတာလင်း၊ မင်းသတင်းရသွားပြီလား၊ မင်းငါ့ကိုဒီအကြောင်းပြောပြပေးနိုင်မလား၊ ပြိးတော့ဒီအကြောင်းကိုမင်းဘယ်ကသိတာလဲ”
လင်းဖန်သည် သာမန်လူငယ်တစ်ယောက်မဟုတ်ပေ။
ရီဒီအန်တိုဂရု၏ ရှယ်ယာ 20% ကို ၀ယ်ယူနိုင်သော စူပါသူဌေးတစ်ဦးဖြစ်သည်။
သတင်းအချို့ကို သူသိသည်မီာဒါက သာမန်ပင်ဖြစ်သည်။
လင်းဖန်က “သတင်းလား။ ဘာသတင်းလဲ၊ငါက နီတာရဲ့ “စူပါဘက်ထရီ၏ အခြေခံသဘောတရားများနှင့် အသုံးချမှု” ကို ရေးခဲ့ပြီး...ဘက်ထရီကို တီထွင်ခဲ့တယ်။ မင်းကြည့်ချင်ကျန်ပေ့ ကို သွားကြည့်နိုင်တယ်။ ပြီးတော့...ဘယ်ထရီနဲ့ရီဒီအန်တိုပူးပေါင်းမှုအတွက်မင်းလာပြီးလတ်မှတ်ရေးထိုင်းနိုင်သည်။”
“ဘုတ်...”
ဝမ်ဖူဂျီ ၏ လက်ကိုင်ဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပြုတ်ကျသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ဖုန်းကို အလျင်စလို ပြန်ကောက်ကိုင်လိုက်ပြီး ‘ဟဲလို’ ဟူသော စကားကို ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း မည်သူမျှ ဖြေကြားခြင်း မရှိခဲ့ပေ။
ထို့နောက်တွင်တော့ ဖုန်းကစက် ပိတ်သွားသည်ကို သိလိုက်ရသည်။
ဝမ်ဖူဂျီသည် လင်းဖန်ပြောတဲ့အတိုင်းရေရွတ်လိုက်သည်။”သူသည် “စူပါဘက်ထရီ၏ အခြေခံသဘောတရားများနှင့် အသုံးချမှု”
ကိုရေးခဲ့ပြီး ....ဘက်ထရီကို တီထွင်ခဲ့သည်...
“ဒေါက်..ဒေါက်..ဒေါက်...!”
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံထွက်ပေါ်လာသည်။
“ဝင်လာပါ!” ဝမ်ဖူဂျီက ပြောလိုက်သည်။
ဒါရိုက်တာ တော်တော်များများက စာရွက် စာတမ်းတွေကို ကိုင်ဆောင်ပြီး အလျင်စလို လျှောက်လာကြသည်။
လမ်းလျှောက်ရင်း သူတို့က “နည်းပညာရှင်တွေကို “စူပါဘက်ထရီ၏ အခြေခံသဘောတရားများနှင့် အသုံးချမှု”မှာ ဒေတာကို ပြန်လည်ပုံတူအောင် လုပ်ခိုင်းထားပြီး အတွင်းပိုင်း ဒေတာကိုတော့ပြန်လည် ပြင်ဆင်နေတုန်းပဲ..ဝမ်...”
ဝမ်ဖူဂျီက သူတို့စကားပြောတာကိုပြီးအောင် မစောင့်ဘဲ “စူပါဘက်ထရီ၏ အခြေခံသဘောတရားများနှင့် အသုံးချမှု”ကို ရေးသားတာက ဘယ်သူလဲ” ဟု တိုက်ရိုက် နှောင့်ယှက်ပြောလိုက်သည်။
ဒါရိုက်တာတွေက သူတို့လက်ထဲမှာ ရှိသောအချက်အလက်တွေကို လှန်ပြီး “လင်းဖန်” လို့ ပြောလိုက်သည်။
“လင်းဖန်၊ လင်းဖန်၊ ဟားဟား!” ဝမ်ဖူဂျီက အပေါ်ကမော့ကြည့်ပြီး ရယ်လိုက်လေသည်။ သူသည်အခုတွင်အလွန်ပျော်ရွှင်နေသည်။ဘာလို့ဆိုသူ့ကိုယခင်ကပေးသောဒုက္ခများသည်ယခုအချိန်တွင်မရှိတော့လို့ပင်ဖြစ်သည်။
သူ့ဘေးနားက ဒါရိုက်တာတွေလဲအံ့သြသွားကြသည်။
“ဝမ်...ဝမ်ဒေါင်မင်းဘာဖြစ်နေတာလဲ”
ဝမ်ဖူဂျီ က ပြန်မဖြေဘဲ သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး “အတွင်းရေးမှူး၊ကားအဆင်သင့်လုပ်ထား...”
…………
နေ့လည်။
ဝမ်ဖူဂျီ...ပန်လုံဗီလာသို့ မရပ်မနားသွားရောက်ခဲ့သည်။
သူသည်စိတ်ကို တည်ငြိမ်စေပြီးနောက်တံခါးခေါက်လိုက်သည်။
လင်းဖန်သည် တံခါးကို ဖြည်းညှင်းစွာဖွင့်ကာ “ဝင်လာ” ဟု ပြောလိုက်သည်။
ဝမ်ဖူသည် လင်းဖန်၏ ဓာတ်ပုံများကို မြင်ဖူးသည်။လင်းဖန်သည် အလွန်ငယ်ကြောင်း သိလိုက်သည်။
သို့သော် သူ့သည်လူချင်းတွေ့ပြီးနောက် အံ့သြနေသေးသည်။
သို့သော်၊ သူသည် ဤအတွေးကို မေ့လိုက်ပြီး”မစ္စတာလင်း၊ မင်းက...ဘက်ထရီကို တီထွင်ခဲ့တာလို့ ဖုန်းနဲ့ပြောလိုက်တာလား။”
ဤစကားကို ပြောလိုက်သောအခါ ဝမ်ဖူဂျီ ၏ နှလုံးသားတစ်ခုလုံး ရူးသွပ်စွာ ခုန်နေသည်။
ဒီကိစ္စက သူနဲ့ရီဒီအန်တိုတစ်ခုလုံးအတွက် အရမ်းအရေးကြီးသည်။
လင်းဖန်က ခေါင်းညိတ်ကာ “ဟုတ်တယ်... မူပိုင်ခွင့်ကိုတောင်လျှောက်ထားပြီးပြီ” ဟု ပြောလိုက်သည်။
စကားပြောပြီးနောက်တွင် တက်ဘလက်ကိုဖွင့်ကာမူပိုင်ခွင့်စာရွက်စာတမ်းများကို ပြလိုက်သည်။
ဒါကိုကြည့်ပြီးနောက်ဝမ်ဖူဂျီသည်စိတ်လှုပ်ရှားမှုကြောင့် သူ့တစ်ကိုယ်လုံး တုန်လှုပ်နေသည်။
ဒါ!
....ဘက်ထရီကို အမှန်တကယ် တီထွင်ခဲ့သည်။
ရီဒီအန်တို သည် လုံးဝ တိုးတက်လာတော့မည်ဖြစ်သည်။
လက်းဖန် က “ဘယ်လိုလဲ။”
ဝမ်ဖူဂျီက အသက်ပြင်းပြင်းရှူလိုက်ပြီးသူ့စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ကယ “တကယ်လို့ ...ဘက်ထရီက ငါတို့ ရီဒီအန်တိုရဲ့ ပူးပေါင်းခဲ့မယ်ဆိုရင်” လို့ပြောလိုက်သည်။
“ကျွန်ုပ်တို့ ရီဒီအန်တိုသည် သင့်အား ရှယ်ယာ 35% ထိပေးနိုင်သည်။ ထို့အပြင် ..ဘယ်ထရီများ ရောင်းချခြင်းမှ ရရှိသော အမြတ်ငွေ 40% ကိုလဲသင့်အား ပေးမည်ဖြစ်သည်။”
“မစ္စတာလင်း မင်းဘယ်လိုထင်လဲ”
လင်းဖန် သည် မူလက ရီဒီအန်တို ၏ ရှယ်ယာ 20% ကိုပိုင်ဆိုင်ထားသည်။ယခုအခါရှယ်ယာ 35% ကို ပိုင်ဆိုင်လိုက်မယ်ဆိုရင်စုစုပေါင်း ရှယ်ယာ 55% ကိုပိုင်ဆိုင်ပြီးရီဒီအန်တိုဂရု၏ရှယ်ယာတစ်ဝက်ကျော်ကိုပိုင်ဆိုင်သောကြောင့်ရီဒီအန်တို၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။ .
ထို့အပြင် ...ဘယ်ထရီ၏ အမြတ်40% လဲရရှိမည်ဖြစ်သည်။
ဝမ်ဖူဂျီက တကယ်ကို ရိုးသားတယ်လို့ ပြောရမည်ဖြစ်သည်။
လင်းဖန်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ကာ “သဘောတူတယ်” ဟု ပြောသည်။
စီမံခန့်ခွဲစရာမလိုသရွေ့ အရာအားလုံးက အဆင်ပြေသည်။
ဝမ်ဖူဂျီသည်ဒီစကားကိုကြားလိုက်ရာချက်ချင်းပျော်သွားလေသည်။
သူ့ရဲ့ အကြီးမားဆုံး အိပ်မက်ကတော့ ရီဒီအန်တိုဂရုကို ကမ္ဘာ့ထိပ်တန်း မော်တော်ကားကုမ္ပဏီကြီးအဖြစ် ထူထောင်ခြင်းဖြစ်သည်။
အခုတော့ ဒီအိပ်မက်ကို မကြာခင် အကောင်အထည် ဖော်နိုင်တော့မှာဖြစ်သည်။
ထို့နောက် အစုရှယ်ယာရှင်များနှင့် အမှုဆောင်အစည်းအဝေးကျင်းပရန် ကွန်ပျူတာကို ငှားရမ်းလိုက်သည်။
ဝမ်ဖူဂျီသည် ရီဒီအန်တို၏ဥက္ကဌဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့သော အဓိကစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးရန်အတွက် အကြီးတန်းစီမံခန့်ခွဲမှုနှင့် အစုရှယ်ယာရှင်များ၏ ခွင့်ပြုချက် လိုအပ်နေသေးသည်။
နှစ်နာရီကြာပြီးနောက် လင်းဖန်၏လက်ထဲတွင် စာချုပ်တစ်ခု ပေါ်လာသည်။
လင်းဖန်သည် ထုံးစံအတိုင်း ဖတ်ကြည့်လိုက်သည်။
ဆယ်စက္ကန့်အတွင်းမှာပဲ ထူထဲတဲ့ စာချုပ်ပါအချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထို့နောက် လင်းဖန်သည် သူ့နာမည်ကို တိုက်ရိုက် လက်မှတ်ရေးထိုးလိုက်သည်။
မဆိုင်းမတွဘဲ၊ ဝမ်ဖူဂျီသည် သူ၏တရားဝင်တံဆိပ်ကို အမြန်နှိပ်လိုက်ပြီး သူ့နာမည်ကို ရေးထိုးလိုက်သည်။
ထို့နောက်ဝမ်ဖူဂျီသည်စာချုပ်ကိုကိုင်ထားရင်ပျော်ရွှင်နေသည်။
သိပ်မကြာခင်မှာပဲ ဝမ်ဖူဂျီ က “မစ္စတာလင်း၊ ဒါဆို ကျွန်တော် ကုမ္ပဏီကို အရင်သွားလိုက်ဦးမယ်။”
ယခုအချိန်သည်ကောင်းကင်ကြီးက လုံးဝကို မှောင်မဲနေပြီဖြစ်သည်။
သို့သော်လည်း ရီဒီအန်တိုဂရု သည် နောက်လာမည့် ....ဘက်ထရီ စွမ်းအင်သုံး ကားသစ်အတွက် အပြည့်အဝ ပြင်ဆင်ထားနိုင်ရန် ကုမ္ပဏီထံ အမြန်ဆုံး ပြန်လည်သွားချင်သည်။
လင်းဖန်က သမ်းဝေပြီး “ကောင်းပြီ” ဟုပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး