← Chapters

အရည်အချင်းဖြုန်းတီးခြင်း

Vol. 28 Ch. 412

အရည်အချင်းဖြုန်းတီးခြင်း

Vol. 28 Ch. 412

ပေကျင်း၊ သိပ္ပံအကယ်ဒမီ။

ပညာရှင်တို့ ဝိုင်းရံထားကာ ကွန်ပျူတာအရွယ်....ဘက်ထရီကို ဓာတ်ခွဲခန်းသို့ ယူသွားခဲ့သည်။

ထို့နောက် ပညာရှင်တို့သည် စမ်းသပ်ရန် ရှုပ်ထွေးသော တူရိယာများစွာကို အသုံးပြုရန် မစောင့်နိုင်တော့ပေ။

သိပ်မကြာခင်မှာပဲ အခင်းဖြစ်ပွားရာနေရာတွင်ချီးကျူးသံများထွက်ပေါ်လာခဲ့သည်။

“မယုံနိုင်စရာပဲ။တစ်ကယ့်ကို မယုံနိုင်စရာပဲ’’

“”စူပါဘက်ထရီ၏အခြေခံနှင့်အသုံးချမှု” စာတမ်းကို ကျွန်ုပ်ဖတ်ဖူးသော်လည်း တကယ့်အစစ်အမှန်ကိရိယာကိုမြင်ရသည်မှာ အမှန်တကယ်ပင် စိတ်ကူးမယဉ်နိုင်လောက်တဲ့ကိရိယာဟုခံစားရစေတယ်။’’

ထိုအချိန်တွင် ဆံပင်ဖြူရှိသောပညာရှင်တစ်ဦးမှ ကျောက်ကျူ နှင့် လီဖန်အား “ပါမောက္ခ ကျောက် ပါမောက္ခ လီ၊ သုတေသန လုပ်ငန်းစဉ်နှင့် ...ဘက်ထရီ၏ တိကျသော အခြေခံမူများကို ရှင်းပြပေးနိုင်မလား။”

လူတိုင်းက ဒီကားကိုကြားတော့ အားလုံးက မျက်လုံးပြူးသွားကြသည်။

သူတို့ရဲ့အမြင်အရ…

ကျောက်ကျူနှင့် လီဖန်တို့သည် “စူပါဘက်ထရီ၏ အခြေခံသဘောတရားများနှင့် အသုံးချမှု” ဒုတိယမြောက်နေရာတွင်ရှိပြီး ၎င်းတို့သည် သီးခြားပရောဂျက်များတွင် ပါဝင်မည်ဖြစ်သည်။ သူတို့သည် ကမ္ဘာပေါ်ရှိ လင်းဖန်မှလွဲ၍ ...ဘက်ထရီကို အလေးအနက်ဆုံး လေ့လာကြသူများဖြစ်သည်။

ကျောက်ကျူ နှင့် လီဖန်တို့သည် ဤကျော်ကြားသော ပညာရပ်ဆိုင်ရာ ပညာရှင်များအားလုံးက သူတို့ကိုယ်စိုက်ကြည့်နေသည်က်ုမြင်သောအခါ သူတို့၏ မျက်နှာဟောင်းများက နီရဲလျက် ရှိသည်။

“ဒါ...တကယ်တော့ ငါတို့က ...ဘက်ထရီအကြောင်း သိပ်မသိဘူး”

“...ဘက်ထရီရဲ့ သုတေသနစမ်းသပ်မှုမှာ ကျွန်တော်တျု့မပါဝင်ခဲ့ဘူး။ ဒုတိယနေရာမှာ နာမည်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ လင်းဖန်က ကျွန်တော်တို့နာမည်ကိုရေးပေးခြင်ကြောင့် ဖြစ်နိုင်တယ်”

သူတို့နှစ်ယောက် စကားပြောပြီးတဲ့အခါ အပေါက်တစ်ခုရှာကာသူတို့ခေါင်းကိုအဲ့အပေါက်ထဲထည့်ထားချင်သွားတော့သည်။

ပညာရှင်​တွေကဒီကိစ္စကို သိပ်ဂရုမစိုက်ပေ။

ပညာရှင်တစ်ယောက်က “ကျန်ပေ့တက္ကသိုလ်ကိုတက်နေတာကလင်းဖန်လိုမျိုး အရည်အချင်းရှိသူအတွက်​သူ့ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ”

ခေတ္တနားပြီးနောက် သူက “ဒါရိုက်တာ ဖန်၊ သူ့ကို သိပ္ပံအကယ်ဒမီကို တက်ခွင့်မပေးဘူးလား။ သူက ကျန်ပေ့မှာနေချင်တာဆိုရင်၊ ငါတို့ သိပ္ပံအကယ်ဒမီတစ်ခုလုံးကို ကျန်ပေ့ကိုရွှေ့ပေးလို့ရတယ်။”

လူတစ်ဦးအတွက်၊ သိပ္ပံအကယ်ဒမီကို တိုက်ရိုက်ပြောင်းရွှေ့မယ်။

ဒါက ဘယ်လို ကြီးလဲ။

ဖန်ရှင်း က “ဒါ...လင်းဖန် ရဲ့ထင်မြင်ချက်ကိုရဖို့ငါလည်းအခွင့်အလမ်းရှာနေတာ။ ငါ့စိတ်ကူးအရ တော့ကျန်ပေ့မှာ သုတေသနဌာန ဒါမှမဟုတ် သိပ္ပံဌာနခွဲတစ်ခုကို ပထမဆုံးတည်ထောင်ရမယ်။ လင်းဖန်မလာရင်တောင် လူတိုင်းက သူနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်။”

ပညာရှင်တစ်ယောက်က “ဒါရိုက်တာဖန် နောက်ဆုံးတော့ မင်းအကြံကောင်းတစ်ခုကိုထုတ်နိုင်ပြီပဲ”

“အရင်က အကြံကောင်းမရှိဘူးလို့ ဆိုလိုတာလား။” ဖန်ရှင်းကပြောတဲ့သူကိုကြည့်ပြီးပြောလိုက်လေသည်။

“ငါကအဲ့လိုပြောတာမဟုတ်ဘူး ဟားဟား!” ပညာရှင်က ရယ်ပြီးပြောလိုက်သည်။

...

လင်းဖန်သည် သိပ္ပံအကယ်ဒမီတွင် ဖြစ်နေသည်များကိုမသိပေ။

ယခုအချိန်တွင် သူသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လဲလျောင်းနေကာသမ်းနေသည်။

ခဏအကြာတွင်၊စနစ် ဖန်သားပြင်ပေါ်တွင်ပြသထားသည့် အနီရောင်စာအိတ် ၅၅၃ စောင်ကို သူအာရုံစိုက်လိုက်သည်။

ဤသည်မှာ ဟောင်ကောင်သို့ သွားခဲ့သည့်အခါကနေထိုင်စရိတ်နှင့် စားသောက်ခြင်းမှရရှိသောအနီအိတ်များဖြစ်သည်။

လင်းဖန်က “တစ်လကို 5 သန်းကျော်ကုန်ကျတာပေါ့....”

သိရန်…

လင်းဖန် ၏ တစ်နေ့တာ အနိမ့်ဆုံး ၀င်ငွေသည် ယွမ် သန်း 20 နီးပါးရှိပြီး ရှယ်ယာအမြတ်ဝေစုများ၊ အိမ်အငှားများ စသည်တို့ကို ထည့်မတွက်ရသေးပေ။

တစ်လကို 5 သန်းကျော်သုံးတယ်ဆိုတာကပရမ်းနည်းတဲ့ပမာဏပင်ဖြစ်သည်။

“ဘာတွေ ရမလဲ အရင်ကြည့်ရအောင်။”

[ 553 အနီရောင်စာအိတ်ကိုဖွင့်မလား။ 】

“ဟုတ်တယ်!”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်။’’

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်”

...

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း လင်းကျင်း အိမ်ခြံမြေရဲ့ရှယ်ယာ 51% ကို ရရှိသည်။”

...

“ဒင်း! ဂုဏ်ယူပါတယ် မင်း Rolls-Royce Phantom(ကား) တစ်စီးရရှိသည်။’

...

“ဒင်း၊ ဂုဏ်ယူပါတယ်၊ 1 ယွမ် ကတ်ပြားကို ရရှိသည်။”

...

စာအိတ်အနီ ၅၅၃ စောင်ဖွင့်ရာတွင်စုစုပေါင်း ၁၃၂၉၉၁ ယွမ်ရကှိသည်။

ထို့အပြင်Rolls-Royce Phantom(ကား)တစ်စီးကိုလဲဂရှိသည်။ထိုကားသည် ၁၀ သန်းခန့်သာတန်ကြေးရှိသော ကားဖြစ်သည်။

၁ ယွမ်ကဆ်ကိုသုံးစွဲလိုက်မယ်ဆိုယွမ်သန်း ၁၀၀ ရရှိမည်ဖြစ်သည်။

ဒါတွေအားလုံး... လင်းဖန်က ဂရုမစိုက်ဘူး။

သူသည် လင်းကျင်းအိမ်ခြဲမြေ၏ ရှယ်ယာ51% ကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။

လင်းကျင်းအိမ်ခြံမြေသည် တရုတ်နိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေကုမ္ပဏီဖြစ်ပြီး စျေးကွက်တန်ဖိုးမှာယွမ် ဘီလီယံ 100 ခန့်ရှိသည်။

ရှယ်ယာ ၅၁ ရာခိုင်နှုန်းဆျုမှာယွမ် ၅၀ ဘီလီယံခန့်ရရှိသည်ဟုဆိုလိုဖြင်းဖြစ်သည်။

လင်းဖန်က ပြုံးလိုက်ပြီး “ဟေးတီ က လင်းကျင်းမှာ အလုပ်လုပ်နေတာပဲ။ ငါက အဓိကရှယ်ယာရှင်ဖြစ်သွားပြီဆိုတာ သူမသိရင် သူမရဲ့အမူအရာက ဘယ်လိုဖြစ်မလဲဆိုတာ သိချင်လိုက်တာ”

“ကလင် ကလင် ကလင်...”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာသည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ရာ သူ့ညီမလင်ရှောင်ရီထံမှ ဖုန်းခေါ်ဆိုမှုဆိုတာကိုသိလိုက်သည်။

“အစ်ကို၊ အစ်ကို၊ အစ်ကို!” ဖုန်းကိုင်လိုက်သည်နှင့် လင်းရှောင်ရီ ၏အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။

“မင်းအစ်ကိုငါ နားပင်းတော့မယ်။ဖြေးဖြေးသာသာပြောပါဟ’’ လင်းဖန်က နားရွက်ကို ပွတ်လိုက်ပြီးပြောလိုက်သည်။

“မင်း စွမ်းအင်သုံးကားဘက်ထရီကို တီထွင်ခဲ့တာလား။” လင်းရှောင်ရီ က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဟုတ်တယ်လေ။” လင်းဖန်က ပြောသည်။

“ဒါဆို မင်းရီဒီအန်တို ရဲ့ ရှယ်ယာ35% ရပြီလား” လင်းရှောင်ရီ က ထပ်မေးသည်။

“ရပြီလေ။” လင်းဖန်က ပြောသည်။

“ဖာ့!” လင်းရှောင်ရီ က အော်လိုက်သည်။

လင်းဖန်က သူ့နားရွက်ကို ထပ်ပွတ်လိုက်ပြီး “ရှောင်ရီ၊နင်ဖြေးဖြေးအံ့သြလို့မရဘူးလား...”

သို့သော် ဖုန်းထဲတွင် ရယ်မောသံများသာ သူကြားရသည်။

လင်းဖန်သည် မကူညီနိုင်ဘဲ ခေါင်းယမ်းကာ ဖုန်းချသည်ကို ဖြည်းညှင်းစွာ နှိပ်လိုက်သည်။

ဖုန်းချပြီးနောက်တွင် လင်းဖန်၏ဖုန်းက ထပ်မံမြည်လာပြန်သည်။

မူလသည်လင်းဖန်က လင်းရှောင်ရီဖုန်းထပ်ခေါ်တာဟုထင်လိုက်သည်။

သို့သော်အနီးကပ်ကြည့်လိုက်မှသူမရင်းနှီးသော နံပါတ်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

“ဟယ်လိုမစ္စတာလင်း?”

ဖုန်းထဲတွင်ရိုသေလေးစားသောအသံတစ်ခု ထွက်ပေါ်လာသည်။

လင်းဖန်က “ဒါ ငါပဲ၊ မင်းကဘယ်သူလဲ”

လင်းဖန်၏အဖြေကိုကြားပြီးနောက် ဖုန်းပေါ်ရှိအသံသည် ပို၍ရိုသေပြီး စိတ်လှုပ်ရှားပံပေါက်လာသည်။

“မစ္စတာလင်း၊ မင်္ဂလာပါ၊ ငါက လင်းကျင်း အိမ်ခြံမြေအကျိုးဆောင်ရဲ့ဥက္ကဌ ကျောက်ဝူမင် ပါ။”

ရီဒီအန်တိုဂရု၊ပန်ကူဂရု၊ အဲဂရုနှင့် အခြားကုမ္ပဏီများ၏ ဥက္ကဋ္ဌနှင့် နှိုင်းယှဉ်ပါက သူ့ကုမ္ပဏီ၏ ရှယ်ယာများ အမြောက်အမြား ဝယ်ယူထားကြောင်းကိုသူတွေ့ရှိခဲ့သည်။

ထို့ကြောင့်ကျောက်ဝူမင်သည် အလွန်ရိုသေလေးစားပုံပေါက်နေခြင်းဖြစ်သည်။

လင်းဖန်က “ မစ္စတာကျောက်ဒေါင်(ဒေါင်ဆိုတာကသူ​ဌေးဆိုတဲ့ပုံစံမျိုးပါ) မင်္ဂလာပါ “ ဆိုပြီး နှုတ်ဆက်ခဲ့သည်။

ကျောက်ဝူမင်က “မင်းရှေ့မှာ ကျောက်ဒေါင်လို့ဘယ်လိုလို့ခေါ်နိုင်မှာလဲ? မင်းငါ့ကို ရှောင်ကျောက်လို့ပဲ ခေါ်ပါ။”

လင်းဖန် သည် အလားတူပံစံများကို အကြိမ်များစွာတွေ့ဖူးသည်။

ဒါကြောင့် သိပ်တော့မထူးဆန်းတော့ပဲသူက “ငါမင်းနာမည်ဖြစ်တဲ့ဝူမင်လို့ပဲခေါ်မယ်” လို့ပြောလိုက်သည်။

“ကောင်းပြီ မစ္စတာလင်း” ကျောက်ဝူမင် က ပြောသည် ။

ခေတ္တနားပြီးနောက် သူက “မစ္စတာလင်း၊ မင်းက ကျန်ပေ့မှာနေပုံရတယ်” ဟုပြောသည်။

လင်းဖန် က “ဟုတ်တယ်။”

“ဒါ အရမ်းကောင်းတယ်။ ငါတို့ လင်းကျင်းက ကျန်ပေ့မှာ ဗဟိုဌာနချုပ်ကို မကြာသေးမီက တည်ဆောက်ခဲ့တယ်။ မင်းလာဖို့ အချိန်ရှိလား။ နောက်ပြီး၊ ငါတို့ လင်းကျင်း အိမ်ခြံမြေရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို မင်းဆုံးဖြတ်ဖို့ ငါတို့စောင့်နေပါတယ်။” ကျောက်ဝူမင် က ပြောသည်။

ဗဟိုဌာနချုပ်။

လမ်းညွှန်ချက်။

လင်းကျင်း အိမ်ခြံမြေသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုံးဖြတ်ရမှာလား။

လင်းဖန်သည် အစကငြင်းဖို့လုပ်လိုက်သည်။

ဒါပေမယ့် မကြာခင်မှာပဲ သူက တစ်ခုခုကို တွေးပြီး “ကောင်းပြီ!”ဟုပြုံးပြီးပြောလိုက်တော့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters