← Chapters

ကြိုဆိုခြင်း

Vol. 28 Ch. 413

ကြိုဆိုခြင်း

Vol. 28 Ch. 413

ကျောက်ဝူမင်သည် ထိုစကားကိုကြားသောအခါ ဝမ်းသာအားရမှုဖြစ်သောအမူအရယ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

လက်ခံသည်!

လင်းပျင်းအိမ်ခြံမြေ ရှယ်ယည51% ကို တစ်ရှိန်ထိုး ၀ယ်လိုက်ကြသောသူသည် ၎င်းတို့၏ လုပ်ငန်းကို လမ်းညွှန်ရန် သဘောတူခဲ့သည်။

ဤအချိန်တွင် လင်းဖန်က “ဒါပေမယ့် လင်းကျင်းရဲ့ ဗဟိုဌာနချုပ်ကို မဟုတ်ဘူး။ ဝမ်ကျင်းဟန်ဖူမှာရှိတဲ့လင်းကျင်းအိမ်ခြံမြေဌာနခွဲကို မင်းသိလား။”

ကျောက်ဝူမင်သည်လင်းဖန်ပြောစကားကိုအံအားသင့်သွားသော်လည်းသူက’’သိ...သိတယ်”

“ကောင်းပြီမနက်ဖြန်နေ့လည်အဲ့ကိုလာခဲ့...။” လင်းဖန်က ပြောသည်။

ဝမ်ကျင်းဟန်ဖူကလင်းကျင်းက ဘယ်မှာလဲ

သူမှတ်မိတယ်ဆိုရင်တော့ ဒါကသူတျု့ရဲ့အကိုင်းအခက်လေးတစ်ခုပဲ မဟုတ်လား။

ဒီလိုတွေးပေမယ့်ကျောက်ဝူမင်သည် တုံ့ဆိုင်းမနေဝံ့ဘဲ “ကောင်းပြီမစ္စတာလင်း၊ မနက်ဖြန် ငါ ဝမ်ကျင်းဟန်ဖူမှာရှိတဒ့လင်းကျင်းဌာနခွဲမှာ ရှိမယ်’’ လို့ ပြောသည်။

…………

နောက်တစ်နေ့တွင် ကောင်းကင်သည် ကြည်လင်လို့နေသည်။

“ဒီနေ့ ပိုးကောင်တွေ ဘယ်လောက်စားခဲ့လဲ”

“တစ်ကောင်”

“ငါရောပဲ။”

…………

ပြတင်းပေါက်အပြင်ဘက်ရှိ စာငှက်ငယ်များ၏သံကြောင့် လင်းဖန်သည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သို့သော် သူသည်ချက်ချင်းထမထသေးဘဲ ကုတင်ပေါ်တွင် ခဏလောက်ဆက်အိပ်ပြီးနောက် ဖြည်းညှင်းစွာထလိုက်သည်။

ပြီးနောက်လင်းဖန်သည် ကြယ်နှစ်ပွင့် စားသောက်ဆိုင်မှမတူညီသော ဟင်းပွဲ တစ်ဒါဇင်ကျော်မှာလိုက်ကာစုစုပေါင်းယွမ် ၃၀၀၀၀ ကုန်ကျခဲ့သည်။

မနက်စာစားပြီးနောက်လင်းဖန်သည်ဆိုဖာပေါ်တွင်ထိုင်ကာဖုန်းသုံးနေလိုက်သည်။

“ဒင်!”

ဖုန်းက နည်းနည်းတုန်သွား။

12:00!

အနီရောင် စာအိတ်တွေ ပေါ်လာတော့သည်။

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ၂၃ ယွမ် ရသည်။”

…………

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 9,999 ယွမ်ရရှိသည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 100ရသည်။’’

ယနေ့စာအိဆ်နီဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၃၁၂၄၁ ရရှိခဲ့သည်။

လင်းဖန်က “၁၂နာရီတောင်ထိုးပြီပဲ။ အချိန်ကမြန်လွန်းတယ်”

လင်းဖန်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး “အခုကလင်းကျင်းအိမ်ခြံမြေကိုသွားရမယ့်အချိန်ပဲ’’ လို့ ပြောလိုက်သည်။

စကားပြောပြီးနောက် လင်းဖန်သည် အပြင်သို့ထွက်ပြီးနောက်သူ့ရှေ့ရှိနေရာကွက်လပ်တွင် Rolls-Royce Phantom အသစ်စက်စက်(ကား)ကို တွေ့လိုက်ရသည်။

သို့သော်လည်း သူသည်ဒါကိုလုံးဝ မကြည့်ဘဲ Cullinan(ကား) ကို တိုက်ရိုက် မောင်းနှင်ကာ ရှေ့သို့ မောင်းသွားခဲ့သည်။

…………

ယခုအချိန်တွင် ဝမ်ကျင်းဟန်ဖူရှိလင်းကျင်းအိမ်ခြံမြေဌာနခွဲ။

မနေ့ညက....

ယနေ့တွင် ဥက္ကဌ ကျောက်ဝူမင် မှ အထူးဧည့်သည်တော်အား ကြိုဆိုရန်အတွက် ရုံးချုပ်မှ အမှုဆောင်အရာရှိများ အများအပြားနှင့်အတူလာမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့်နံနက်ခင်းအစောကြီးကပင်အလှဆင်ဝန်ထမ်းများနှင့် ဒီဇိုင်းဆွဲဝန်ထမ်းအများအပြား စုရုံးကြပြီးအလှဆင်တော့တော့သည်။

တစ်မနက်တည်းတွင် ဝမ်ကျင်းဟန်ဖူရှိအိမ်ခြံမြေရောင်းဝယ်ရေးဌာန၏အသွင်အပြင်သည်လုံးဝပြောင်းလဲသွားခဲ့သည်။

ဌာနတစ်ခုလုံးရှိ နံရံများ၊ ကြမ်းပြင်များကိုပြန်လည်ကြွေပြားခင်းရုံသာမကရုံးသုံးပစ္စည်းများအားလုံးတွင် ပန်းပွင့်များဖြင့်အလှဆင်ထားသည်။

ပင်မဝင်ပေါက်ရှေ့တွင် အနီရောင်ကော်ဇောတစ်ခုရှိသည်။

ကျောက်ဝူမင် နှင့် အမှုဆောင်များအားလုံးသည် ပင်မတံခါးဆီသို့ အစောကြီးရောက်လာပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

မဝေးလှသော ဝမ်ကျသ်းဟန်ဖူရှိလင်းကျင်းအိမ်ခြံမြေ ဌာနခွဲမှ ဝန်ထမ်းများသည် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

“ဒီနေ့ ဘယ်ဧည့်သည်ကို ကြိုဆိုတာလဲမသိဘူး’’ လို့ မေးလိုက်သည်။

“ကျွန်တော်လဲမသိဘူး။”

“ဒါက ကျန်ပေ့မြို့ရဲ့ ခေါင်းဆောင်ဖြစ်နိုင်မလား”

“မဟုတ်​သေးဘူး... ကျန်ပေ့မြို့ခေါင်း​ဆောင်​​ဆိုရင် သိပ်​မကြာခင်​က တည်​​ဆောက်​ထားတဲ့ ရုံးချုပ်​ကို သွားသင့်​တယ်​။”

“မှန်တယ်……”

“မန်နေဂျာ ဟေးသိလားဘယ်သူလာတာလဲဆိုတာ”

ဟေးတီသည် မဝေးလှသောခေါင်းဆောင်များကို လှမ်းကြည့်ပြီး ခေါင်းခါကာ “ငါလဲမသိဘူး၊ ဒါပေမယ့် ဒါက ငါတို့အတွက် ကောင်းတယ်ဆိုတာပဲသိတယ်’’လို့ ပြောလိုက်သည်။

ဟေးတီ၏စကားများကိုကြားတော့ ဝန်ထမ်းတွေအားလုံး ပြုံးရယ်လိုက်ကြသည်။

ဟုတ်တယ်!

ဒါကကောင်းတဲ့အရာပင်ဖြစ်သည်။

ကုမ္ပဏီရှိဥက္ကဌနှင့်အမှုဆောင်ဒါရိုက်တာများစွာကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပါသည်။ ဥက္ကဌနှင့်အမှုဆောင်ဒါရိုက်တာကသူတို့အပေါ် အထင်အမြင်ကောင်းထားခဲ့နိုင်ရင် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်လာမှာသေချာသည်။

ထိုအချိန်တွင်Cullinan(ကား)သည် အဝေးမှ မောင်းနှင်လာခဲ့သည်။

ထို့နောက် လင်းဖန်သည် ကားထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ဒါကိုကြည့်ပြီးနောက်...

ဥက္ကဌ ကျောက်ဝူမင်က သူ့သည်ပထမဆုံးနှုတ်ဆက်လိုက်သည်။”မစ္စတာလင်း၊ ကြိုဆိုပါတယ်!”

ချက်ခြင်းပဲ၊ ကျောက်ဝူမင်နောက်ရှိက အမှုဆောင်ဒါရိုက်တာတွေက “မစ္စတာလင်းကိုကြိုဆိုပါတယ်!”ဟုတစ်ညီတစ်ညွှတ်တည်းပြောလိုက်ကြသည်။

​ဟေးတီနှင့် မနီးမဝေးတွင် ရပ်နေသော အခြားသူများ အားလုံး အံ့သြသွားကြသည်။

“မစ္စတာလင်း!”

“ဥက္ကဌကြီးကမစ္စတာလင်းကို ကြိုဆိုဖို့ ဒီမှာလာစောင့်နေတာလား။”

စကားပြောနေစဉ်တွင် ဝန်ထမ်းများအားလုံးသည် ဟေးတီကို မနာလိုဖွယ် အကြည့်များဖြင့်စိုက်ကြည့်လိုက်ကြသည်။

ဘာလို့လဲဆိုတော့ လင်းဖန် က ဟေးတီ ရဲ့ ချစ်သူဖြစ်သည်။ထို့အပြင်ဘင်းဖန်သည်အိမ်များစွာကိုလဲငှားထားသေးသည်။

ကျောက်ဝူမင်သည် သူ့လက်များကို ဆန့်တန်းကာ လင်းဖန်၏ ညာလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး “မစ္စတာလင်း၊ ကျေးဇူးပြုပြီး အထဲကို ကြွပါ” လို့ တစ်လေးတစ်စားပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြပြီးနောက်ကော်ဇော်ပေါ်ကနေတိုက်ရိုက် လျှောက်မသွားပေ။

အဲဒီအစား သူက ဟေးတီ ရဲ့ နံဘေးကို သွားပြီး လူတိုင်းရဲ့ အကြည့်အောက်မှာ ဟေးတီရဲ့ခါးကို ဖက်ထားလိုက်သည်။

ဒါကိုကြည့်ပြီးနောက်....

ကျောက်ဝူမင်သည် စိတ်မဆိုးရုံသာမက ဆန့်ကျင်ဘက်တွင် သူသည်ပို၍ ပျော်ရွှင်သွားသည်။

ဘာလို့ဆိုဟေးတီသည် လင်းကျင်း ၏ဝန်ထမ်းတစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ ကျောက်ဝူမင် က သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကို ဖယ်လိုက်ပြီး လင်းဖန် ကိုလင်းကျင်းအိမ်ခြံမြေထံသို့နောက်တစ်ကြိမ် ဖိတ်ကြားလိုက်သည်။

ကျယ်ပြောလှသော အစည်းအဝေးခန်းတွင် လင်းဖန်သည် ပင်မထိုင်ခုံတွင် ထိုင်ကာ ဟေးတီသည် သူ့ဘေးတွင် ထိုင်နေသည်။

ကျောက်ဝူမင်နှင့် အမှုဆောင်ဒါရိုက်တာများကတော့ကျန်နေရာများတွင် ထိုင်ကြသည်။

ကျောက်ဝူမင်သည်လည်ချောင်းကို ရှင်းထုတ်ပြီးနောက်” လူတိုင်းနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက လင်းကျင်းအိမ်ခြံမြေရဲ့ အကြီးဆုံးရှယ်ယာရှင် မစ္စတာ လင်းဖန်ပါ။အားလုံးသူ့ကို ကြိုဆိုလိုက်ရအောင်!”

“ပါ့..ပါ့..ပါ့...!”

အစည်းအဝေးခန်းထဲမှာ ချက်ချင်းလက်ခုပ်သြဘာသံများထွက်ပေါ်လာသည်။

ဟေးတီ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားသည်။

သူမသည် လင်းဖန်၏မျက်လုံးများကိုချစ်ခင်ကြင်နာမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

လင်းကျင်းအိမ်ခြံမြေတွင် လင်းဖန်ရှယ်ယာဝင်ရသည့်အကြောင်းရင်းမှာ သူမကြောင့်ဖြစ်နိုင်သည်ဟု သူမက ခန့်မှန်းခဲ့သည်။

ထို့နောက်ကျောက်ဝူ သည် လင်းကျင်းအိမ်ခြံမြေ၏ လက်ရှိအခြေအနေ၊ အနာဂတ်အစီအစဉ်များနှင့် အခြားအသေးစိတ်ရှင်းပြချက်ကို ပြောပြလိုက့သည်။

လင်းဖန်သည် ဤအရာများကို စိတ်ပါဝင်စားခြင်းမရှိသော်လည်း ဟေးတီသည် ဒါကိုအလွန်ဂရုတစိုက် နားထောင်သည်ကို မြင်လိုက်ရသဖြင့် စိတ်ရှည်စွာ နားထောင်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နေသည်အနောက်အရပ်သို့ဝင်သွားလေသည်။

ကျောက်ဝူမင်၏ စီစဉ်မှုအောက်တွင် လင်းဖန် ၊ ဟေးတီ နှင့် အခြားသော အမှုဆောင်ဒါရိုက်တာများသည် အင်ပါယာဟိုတယ်သို့ ရောက်လာကြသည်။

လင်းဖန်နှင့်ဟေးတီတို့ကိုဥက္ကဌ ကျောက်ဝူမင်နှင့် အခြားသော အမှုဆောင်ဒါရိုက်တာများကကြိုဆိုလျှက် စားပွဲပေါ်ရှိအရသာရှိသောဟင်းများကိုပျော်ရွှင်စွာစတင်စားသောက်လေတော့သည်။

ညကိုးနာရီတွင် ဧည့်ခံပွဲသည်ပြီးဆုံးလို့သွားလေသည်။

လင်းဖန်သည်ဟေးတီကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်။

ဟေးတီကလင်းဖန်သည် သူမစွမ်းဆောင်ရည်(အိမ်ခြံမြေငှား၊ရောင်းဒါကိုပြောတာပါ)ကို မြှင့်တင်ရန်အတွက် အိမ်အမြောက်အများကို အကြိမ်များစွာ ငှားပေးခဲ့သည်ဟု တွေးလိုက်သည်။

ထို့နောက်လင်းဖန်၏ ပြီးပြည့်စုံသော အစီအစဥ်တွင်သူ့အဖေကိုအလုပ်ပေးပုံကိုလဲတွေးမိသွားသည်။

ထို့နောက်သူမ၏ကိုယ်ပိုင်အလုပ်အတွက် လင်းကျင်းအိမ်ခြံမြေ တွင် အစုရှယ်ယာအများအပြားကို ဝယ်ယူရန် ခဲ့သည်။

ဒါတွေကိုစဉ်းစားရင်းဟေးတီ၏နှလုံးသားသည်လုံးလုံးအရည်ပျော်သွားပြီးလင်းဖန်ကိုတိုက်ရိုက်နမ်းလိုက်လေသည်။

( ̄ε ̄)

( ̄3)(ε ̄)

(ˉ﹃ˉ)

…………

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters