ပထမအကြိမ်ဆရာလုပ်ခြင်း
Vol. 28 Ch. 414
နောက်တစ်နေ့။
ဟေးတီမနေ့ညက တစ်ညလုံး ပင်ပန်းခဲ့သည်။(ဘာလို့ပင်ပန်းလဲဆိုတာသိတယ်မလား...)
သို့သော် ဟေးတီ သည်လင်းဖန်စားဖို့အတွက်ခေါက်ဆွဲကြော် ဖက်ထုပ်ကြော်နှင့် ကြက်ဥမပြုတ်ကို နံနက်စောစောတွင် ပြုလုပ်ခဲ့သည်။
ထို့အပြင်လင်းဖန်အားရှိဖို့အတွက်လဲ နွားနို့ပူပူကိုကြိုချက်ပေးထားသည်။(အားကျတယ်...)
လင်းဖန် နဲ့ ဟေးတီတို့သည်တစ်ယောက်နဲ့တစ်ယောက်ခွံ့ကျွေးပြီး ကျီစားကာရယ်နေကြသည်။
နံနက်စာစားပြီးနောက် ဟေးတီသည် လင်းကျင်းအိမ်ခြံမြေဌာနခွဲသို့သွားခဲ့ပြီး လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်သို့သွားခဲ့သည်။
ထိုအချိန်တွင် ကျန်ပေ့တက္ကသိုလ် တံခါးရှေ့တွင် တောက်ပသော ဆိုင်းဘုတ်နှစ်ခု ရှိနေသည်။
“နီတာ” ရဲ့ မျက်နှာဖုံးစာတမ်းကို ထုတ်ဝေခဲ့တဲ့ ငါတို့ကျောင်းက လင်းဖန်အားဂုဏ်ပြုပါတယ်။’’
“...ဘက်ထရီကို တီထွင်ခဲ့တဲ့ ငါတို့ကျောင်းက လင်ဖန်ကို ဂုဏ်ပြုပါတယ်”
ကျန်ပေ့တက္ကသိုလ်အဝင်ဝတွင်လင်းဖန်၏ ဆိုင်းဘုတ်အသစ်ကို အချိန်တိုင်းလိုလို ချိတ်ဆွဲထားသည်။
လင်းဖန်သည် သူ့ကားကိုရပ်ပြီးနောက် စာသင်ခန်းဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
နောက်ဆုံးအတန်းမှာထိုင်နေတဲ့ စုရီက သူ့လက်ကို မြှောက်ပြီး “အစ်ကို လင်း ဒီမှာ!’’z
“အစ်ကို လင်း မင်း ...ဘက်ထရီကို ထပ်ပြီး တီထွင်ခဲ့တာလား” ဇောင်ချင်းဘို က မေးသည်။
အသံတိုးတိုးလေးဖြင့် စကားစမြည်ပြောနေကြသော အတန်းဖော်များသည် သူတို့ပြောသည်ကို ကြားလိုက်ကြပြီးနောက်လင်းဖန်ကိုကြည့်လိုက်ကြသည်။
သိသာပါတယ်၊ သူတို့လည်း ဒါကို အရမ်းသိချင်နေကြတယ်ဆိုတာ။
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်လေ’’ ဟုပြောသည်။
ဇောင်ချင်းဘို က ချက်ချင်းလက်မထောင်ပြပြီး “အစ်ကိုလင်း၊ အရမ်းတော်တာပဲ”
ကျောင်းသားကျောင်းသူအားလုံးကလည်း လင်းဖန်ကိုကြည်ညိုလေးစားစွာကြည့်လိုက်ကြသည်။
“ဒီး......”
ထိုအချိန်တွင် အတန်းတက်ခေါင်းလောင်းသံ မြည်လာသည်။
ပါမောက္ခအိုကြီးသည် ကျောင်းစာအုပ်ကို ကိုင်ကာ ဖြည်းညှင်းစွာ လျှောက်လာသည်။
သူသည်စာသင်ခန်းထဲသို့ဝင်ပြီးနေညက်သူ၏လည်ချောင်းရှင်းပြီးနောက် သင်ခန်းစာအသစ်ကို စတင်သင်လေသည်။
သူစာင်သင်တာကိုကြားနောက် လင်းဖန်သည်မကြာမီပင် အိပ်ပျော်သွားခဲ့သည်။
ဒါကိုကြည့်ကြည့်ရင်း...
ပါမောက္ခဟောင်းက ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ပြပြီး စိတ်ထဲကနေ ပြောလိုက်သည်။’’ဒီကောင်လေးကကျောင်းသားအားစံနမူနာထားထိုက်တာပဲ။ မနေ့က အောင်မြင်မှုတွေ အများကြီးရခဲ့တာတောင် လင်းဖန်က နောက်တစ်ညမှာ ခက်ခက်ခဲခဲ နောက်ပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေတာပဲ’’(အကယ်ရ၍မနေ့ညကလုပ်ခဲ့သည်ကိုပါမောက္ခသာသိရင်သွေးအန်လောက်သည်။)
ထို့နောက်ပါမောက္ခဟောင်းသည် ပါးစပ်ပိတ်ကာ လှည့်၍ ကျောက်သင်ပုန်းပေါ်တွင် စကားလုံးအချို့ကို ရေးသားလိုက်သည်-အားလုံးစကားမပြောတိတ်လေးနဲ့ငါကျောက်သင်ပုန်းမှာရေတာကိုလိုက်ကြည့်ပါ’’
စာသင်ခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
....
“ဒီး.....”
စူးရှသောခေါင်းလောင်းသံမြည်ပြီးနောက် လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ စာသင်ခန်းထဲတွင် အသံများထွက်ပေါ်လာကြသည်။
ထိုအချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင် ဝင်လာသည်။
စညရန်ဒေါင်သည်လင်းဖန်ကိုတွေ့တော့ သူ့မျက်လုံးတွေ တောက်ပလာပြီး ပြုံးကာ “ငါ့မှာ အမြင်ကောင်းတယ်လို့ အမြဲပြောဖူးတယ်မလား။အခုကြည့်စမ်းကျောင်းသားလင်းဖန်က ငါတို့အတန်းအတွက် ဂုဏ်ကျက်သရေတွေ ထပ်ရအောင်လုပ်ပေးပြန်ပြီ။ ဒါက အရမ်းကောင်းတယ်!”
စုရန်ဒေါင်က “ကျောင်းသား လင်းဖန် ကျောင်းအုပ်ရှန်လင်းက မင်းကို သူ့ရုံးခန်းကို လာစေချင်တယ်။’’
“ကောင်းပြီ။” လင်းဖန်က ဖြေသည်။
ကျောင်းတွင် နှစ်အနည်းငယ်ကြာပြီးသည့်တိုင် ကျောင်းသားအများအပြားသည် ကျောင်းအုပ်ကြီး၏ရုံးခန်းသို့ မည်သို့သွားရမည်ကို မသိကြပေ။
သို့သော် လင်းဖန်ကတော့ကွာခြားလေသည်။
ကျောင်းအုပ် ရှန်လင်းသည် လင်းဖန်ကို စောင့်နေပုံရသည်။ လင်းဖန်သည် တံခါးဝသို့ရောက်သောအခါတွင် သူက လျင်မြန်စွာ နှုတ်ဆက်ပြီး “လင်ဖန်၊ မင်းဒီမှာလား။ မြန်မြန်ဝင်လာပြီးထိုင်ပါ”ဟုပြောလိုက်သည်။
ထို့နောက်ရှန်လင်းသည် လင်းဖန်သောက်ရန်လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ လောင်းထည့်ပေးလိုက်သည်။
ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ထိုင်ရင်းလင်းဖန်သည်လက်ဖက်ရည်ကို သောက်ကာပျင်းလာသောကြောင့်အနည်းငယ်စကားပြောလိုက်သည်။
ရှန်လင်း သည် လင်းဖန်ပျင်းလာသည်ကိုသတိပြုမိလိုက်သည်။
ထို့ကြောင့်သူက လည်ချောင်းရှင်းပြီး လင်းဖန်ကို ဖိတ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြတော့သည်။
“ကျောင်းသား လင်းဖန် ပထမဆုံးအနေနဲ့၊ ကျောင်းကိုယ်စား...ဇောင်ထင်မြင်ယူဆချက်၊ အမွှာအနှစ်သာရ.......ဘက်ထရီနဲ့ လူသားတွေကို အကျိုးပြုတဲ့ တခြားထုတ်ကုန်တွေကို ထုတ်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။”
ရှန်လင်းသည်ထို့သို့ပြောပြီးသည်နှင့် သူသည်ထကာ လင်းဖန်အား လေးလေးနက်နက် ဦးညွှတ်ချလိုက်သည်။
လင်းဖန် က “ဒါက ကိစ္စသေးသေးလေးပါပဲ။မင်းအဲ့လောက်ထိလုပ်ဖို့မလိုပါဘူး”
ရှန်လင်း က “မဟုတ်တာ၊ ဒီလိုလုပ်တာဖြစ်သင့်တယ်!”
ထို့နောက်ရှန်လင်းသည်ခေတ္တနားပြီးနောက် “ကျောင်းသား လင်းဖန်၊ မင်းက ချုပ်ချယ်တာကို မကြိုက်ဘူးဆိုတာ ငါသိပါတယ်” လို့ ပြောသည်။
“ဒါပေမယ့် မေးချင်တာတစ်ခုရှိတယ်၊ မင်းက ကျောင်းသားအနည်းအကျဉ်းကို သင်ပေးနိုင်မလားလို့ ငါသိချင်တယ်”
“တကယ်လို့ မင်းရဲ့ပညာကို အဲ့လိုသာမသင်ပေးရင်ဖြုန်းတီးလွန်းရာကျလိမ့်မယ်”
“စိတ်ချနိုင်တာတစ်ခုက...မင်းအားတဲ့အချိန်မှာပဲ လမ်းညွှန်မှုတစ်ခုပေးဖို့ပဲလိုတာပါ။ အများစုကတော့ သူတို့ကို တခြားပါမောက္ခတွေကသင်ပြပေးလိမ့်မယ်”
တကယ်တော့ ရှန်လင်းဟာ ဒီလိုအတွေးမျိုးရှိခဲ့တာ ကြာပြီဖြစ်သည်။
သို့သော် သူပြောမလိုလုပ်သည့်အချိန်အတိုင်း လင်းဖန်သည် ချုပ်ချယ်ခြင်းကို မကြိုက်ကြောင်းကိုသူသိသည်။
ထို့ကြောင့် သူသည် ၎င်းအား တစ်ခါမျှ မပြောခဲ့ဖူးပေ။
သို့သော် ရှန်လင်းသည် မကြာသေးမီက သိပ္ပံအကယ်ဒမီကသတင်းတစ်ခုကြားခဲ့သည်။ထိုသတင်းကတော့လင်းဖန်ကိုသိပ္ပံအကယ်ဒမီကလိုချင်နေကြောင်းပင်ဖြစ်သည်။
ဤအရာကရှန်လင်းကို ပူပန်စေသည်။
ကျန်ပေ့တက္ကသိုလ်သည်သိပ္ပံအကယ်ဒမီကိုလုံးဝမယှဉ်နိုင်ပေ။
အကယ်၍လင်းဖန်သာသိပ္ပံအကယ်ဒမီကိုရောက်သွားရင်ဤကာလအတွင်း ကျန်ပေ့တက္ကသိုလ်မှ ပိုင်ဆိုင်ခဲ့သော ဂုဏ်ကျက်သရေများသည် မကြာမီ လုံးဝကွယ်ပျောက်တော့မည်ဖြစ်သည်။
လင်းဖန်က ကျောင်းသားတချို့ကို သင်ပေးရင် လင်းဖန်ထွက်သွားရင်တောင်သူတို့ကျောင်းကအဲ့လောက်ထိဂုသိက္ခာဆုံးရှုံးမှာမဟုတ်ပေ။
…………
ကျောင်းသားတွေ သင်ပြပေးတာလား။
လင်းဖန် အံ့အားသင့်သွားသည်။
သူစကားပြောဖို့လုပ်လိုက်သည်။
ထိုအချိန်တွင် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်- ပထမဆုံး အကြိမ် ဆရာဖြစ်လုပ်ဆောင်ပါ။ ကျောင်းသား ၅ ဦးကို သင်ကြားပေးပြီး စုစုပေါင်း နိုင်ငံတကာဆု ၃ ဆု ဆွတ်ခူးပါ။ ရွှေရောင်စာအိတ် ၅ လုံးနှင့် အထူးကျွမ်းကျင်မှုတစ်ခုကိုဆုချမည်ဖြစ်သည်။ 】
ရွှေရောင်စာအိတ် ၅ စောင်၊ အထူးကျွမ်းကျင်မှုတစ်ခု။
လင်းဖန်က ချက်ချင်းပင်”ကောင်းပြီ”ဟုပြောလိုက်သည်။
“ဟမ်??”
လင်းဖန်၏အဖြေကိုကြားသောအခါရှန်လင်းသည်အနည်းငယ် ထိတ်လန့်သွားသည်။
လင်းဖန်က ပြတ်ပြတ်သားသား ငြင်းဆိုတာကိုကြားရန်ဖို့သူအသင့်ပြင်ထားပြီပြီဖြစ်သည်။
အခုအခြေအနေက ဘယ်လိုလဲ။
သဘောတူတာလား?
ဒီစကားကသူ့နားကို သူမယုံနိုင်လောက်အောင်ဖြစ်စေသည်။
ရှန်လင်းက အချိန်အတော်ကြာအောင် မတုံ့ပြန်တာကို မြင်လိုက်ရတော့ လင်းဖန်က “ဘာလို့လဲ မလုပ်ရဖူးလဲ” လို့ မေးလိုက်သည်။
ထိုအခါမှရှန်လင်းက ကပျာကယာနဲ့ “မဟုတ်တာ၊လုပ်လို့ရပါတယ်”
ထို့နောက် ရှန်လင်းက ထပ်ပြောလိုက်သည်- “လင်းဖန်၊ မင်း ဘယ်ဘာသာရပ်ကို သင်ပေးချင်တာလဲ၊ ကွန်ပျူတာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ သင်္ချာလား?”
လင်းဖန်က ခဏလောက်စဉ်းစားပြီး “ဘာသာရပ်တိုင်းမှာကျောင်းသားအနည်းငယ်လက်ခံမယ်” လို့ပြောလိုက်သည်။
လင်းဖန် သည် ကျောင်းသား ၅ ဦးအား နိုင်ငံတကာဆု ၃ ဆု ရရှိစေရန်သင်ကြားပေးရန်လိုသည်။
ဘာသာရပ်တစ်ခုစီတွင် ကျောင်းသားအနည်းငယ်လက်ခံတာလား။
တခြားတစ်ယောက်က ဒီလိုမျိုးပြောရင် သူ့ကအဲ့လိုပြောတဲ့သူကိုဆဲဆိုကြိမ်းမောင်းမှာသေချာသည်။
ဒါပေမယ့် လင်းဖန်ကတော့ မတူပေ။
သူသည် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ကွန်ပျူတာတို့တွင် မယုံနိုင်လောက်အောင်ကောင်းသောရလဒ်များကို ရရှိခဲ့သည်။
ဥာဏ်ကြီးရှင်ကတော့....ဥာဏ်ကြီးရှင်ပင်ဖြစ်သည်။
လင်းဖန်သည်ဘာသာရပ်အမျိုးမျိုးရှိကျောင်းသားများကို သင်ကြားလိုစိတ်ရှိသည်။ ရှန်လင်းသည်ဒါကိုဘယ်လိုကန့်ကွက်မှာလဲ။ကျေးဇူးတောင်တင်နေသေးသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး