← Chapters

ဆရာနှင့်ကျောင်းသားတွေ့ဆုံခြင်း

Vol. 28 Ch. 417

ဆရာနှင့်ကျောင်းသားတွေ့ဆုံခြင်း

Vol. 28 Ch. 417

လင်းဖန်သည် သူ၏ ဟင်းချက်ကျွမ်းကျင်မှုကို စွဲလန်းနေပုံရပြီး အိမ်တွင် ချက်ပြုတ်လိုက်စားလိုက်လုပ်နေလေသည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပင် တနင်္လာနေ့သို့ရောက်လာလေသည်။

ယနေ့တွင်လင်းဖန် သည် ပူနွေးသောနေရောင်ခြည်အောက်တွင် Cullinan(ကား)ကို ကျန်ပေ့တက္ကသိုလ်သို့ တိုက်ရိုက်မောင်းနှင်ခဲ့သည်။

ဒုကျောင်းအုပ်ဖန်ဝေက လင်းဖန်ကိုတွေ့တာနဲ့သူက ပြုံးပြီး “ကျောင်းသား လင်းဖန်၊ မဟုတ်ဘူး၊ ငါ အခု ပရော်ဖက်ဆာ လင်းလို့ ခေါ်သင့်တယ်မလား”

“ပါမောက္ခလင်း၊ မင်္ဂလာနံနက်ခင်းပါ!”

လင်းဖန် က “ဒုကျောင်းအုပ်ဖန် မင်္ဂလာနံနက်ခင်းပါ”

ဖန်ဝမ်က ဆက်ပြောသည်။ “ပါမောက္ခ လပ်း မင်းရဲ့ရုံးခန်းကဘယ်မှာလဲဆိုတာမသိသေးဘူးမလား။ ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်။”

“ဒါဆို ဒုကျောင်းအုပ်ဖန်ကိုနှောက်ယှက်ပေးမိပြီ။” လင်းဖန်က ပြောသည်။

“ဘယ်ကသာနှောက်ယှက်တာဖြစ်ရမှာလဲ!” ဖန်ဝမ်က ပြုံးပြီးပြောလိုက်သည်။

နှစ်ယောက်သား စကားစမြည်ပြောကြရင်းလျှောက်လာကြသည်။

ဖန်ဝမ်က ခေါင်းစဉ်တစ်ခုကို ရှာဖွေပြီး “ပါမောက္ခ လင်း မင်းက ကျောင်းသားတွေကို ဘယ်လို အသိပညာမျိုး သင်ပေးမှာလဲ? ပရောဂျက်တွေနဲ့လက်တွေ့အကြောင်းအရာတွေ ပါဝင်နေတယ်ဆိုရင် ကျန်ပေ့တက္ကသိုလ် က မင်းရဲ့ ရန်ပုံငွေလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာပါ”

ဖန်ဝေ၏ဤစကားလုံးသည်တစ်ခြားသူများကြားရင်ဝိုင်းရိုက်မည်ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ပါမောက္ခတစ်ဦးသည် လက်တွေ့အကြောင်းအရာများသင်ကြားပေးရန်ရန်ပုံငွေအတွက် လျှောက်ထားလိုပါက အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။

ဒါပေမယ့် လင်းဖန် ကတော့ မတူပေ။

ကျန်ပေ့ တက္ကသိုလ်တွင် လင်းဖန်ဒီလိုရန်ပုံငွေ လျှောက်ထားတာကို မကြောက်ပေမယ့် မလျှောက်ထားမှာကို သူတို့ကြောက်သည်။

လင်းဖန်က “အဲဒါကို မစဉ်းစားရသေးဘူး၊ နိုင်ငံတကာ ဆုအရင်ယူရမယ်’’

နောက်ဆုံးတွင်၊ သူသည် ကျောင်းသားများကို ခေါ်ရခြင်း၏ အကြောင်းအရင်းမှာလည်း ဤရည်ရွယ်ချက်အတွက်ကြောင့်သာဖြစ်သည်။

သို့သော် ဖန်ဝမ်သည် ဤစကားကို သိပ်အလေးအနက်မထားပေ။

လေ့လာဖို့မစဉ်းစားခင်မှာပဲနိုင်ငံတကာဆုရဖို့ကိုရည်မှန်းနေတာလား။

နှစ်ယောက်သား လမ်းလျှောက်ရင်း စကားစမြည်ပြောနေကြသည်။

သိပ်မကြာခင်မှာပဲ သူတို့ဟာ အလွန်ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်တဲ့ ရုံးခန်းကို ရောက်လာကြသည်။

အလယ်တွင်ကြီးမားသော မဟော်ဂနီစားပွဲနှင့် အလွန်ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသော ဆိုဖာရှိသည်။ပြီးနောက်ကော်ဖီစားပွဲနှင့်တစ်ယောက်ထိုင်ဆိုဖာလဲရှိသေးသည်။

ဖန်ဝမ် က “ပါမောက္ခ လင်း၊ ဒီရုံးခန်းကို မင်းကျေနပ်လား”

“မဆိုးပါဘူး!” လင်းဖန်က ပြောသည်။

ဖန်ဝမ် က လင်းဖန်စကားကိုကြားပြီးနောက်ဝမ်းသာအားရနဲ့ပြောလိုက်သည်။ ‘’မင်းကျေနပ်တာကောင်းတယ်!”

ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံများထွက်ပေါ်လာသည်။

ထို့နောက်ရှောင်ပန်၊ရှောင်အန်း၊ဟော့ကျောက်ဝူ၊နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူတို့ဝင်လာကြသည်။

လူအနည်းငယ်ကိုတွေ့ပြီးနောက်ဖန်ဝမ်က “မင်းတို့ဒီမှာ ပါမောက္ခ လင်းသင်ပြတာကိုခက်ခက်ခဲခဲလေ့လာရလိမ့်မယ်။ မင်းတို့မှာမေးခွန်းတွေရှိရင် ပရော်ဖက်ဆာလင်းကို မေးနိုင်ပါတယ်။ ပရော်ဖက်ဆာ လင်း မရှိရင်လဲတစ်ခြားပါမောက္ခကိုမေးလို့ရတယ်။”

အားလုံးကခေါင်းညိတ်ပြီးလင်းဖန်ကို တယောက်ပြီး တယောက် ကြည့်နေကြသည်။

ရှောင်ပန်နှင့် ရှောင်အန်းတို့သည် လင်းဖန် ကိုတွေ့လိုက်သည့်အခိုက်တွင် သူမတို့၏လှပသောမျက်နှာတစ်ခုလုံး နီရဲလို့သွားလေသည်။ သူမတို့မျက်လုံးများသည် လင်းဖန်နှင့်အကြည့်ချင်းဆုံလိုက်သည့်အခါတွင်သူမတို့၏ခေါင်းကိုချက်ချင်းငုံ့လိုက်ကြသည်။

နင်းကျန်းကျန်း၏အမူအရာမှာ အနည်းငယ်ရှုပ်ထွေးသည်။

ကျန်ရှိသော ဟော့ကျောက်ဝူ၊ ဂျင်ချန်ကျူ၊လင်းချင်ကျူတို့သည် လင်းဖန်ကို အံ့သြခြင်း၊ လေးစားခြင်းစသောအကြည့်များဖြင့်ကြည့်နေကြသည်။

သူတို့ဒီလိုဖြစ်တာကလဲ အံ့သြစရာမဟုတ်ပေ။

လင်းဖန်သည် အင်တာဗျူးတွင် တစ်ခါမှမပါဝင်ခဲ့ဖူးသလို အင်တာနက်ပေါ်တွင်လည်း ဓာတ္ပုံမ်ားကို တစ်ခါမျှ မဖော်ပြခဲ့ဖူးပေ။

သူတို့သည်လင်းဖန်ကငယ်တယ်လို့ပဲ ကြားထားလေသည်။

သို့သော် သူတို့သည် လင်းဖန်ကဤမျှငယ်လိမ့်မည်ဟု မထင်ခဲ့ပေ။

လင်းဖန်သည်သူတို့အသက်ထက် ငယ်တယ်လို့ ခံစားရသည်။

ဖန်ဝမ် က “ဒါဆို မင်းတို့ဆရာနဲ့ စကားပြောလိုက်အုံးငါအရင်ထွက်သွားမယ်!”

စကားပြောပြီးနောက် ခပ်လှမ်းလှမ်းဆီသို့လျှောက်သွားခဲ့သည်။

လင်းဖန်က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး “မင်းတို့ တစ်ယောက်နဲ့တစ်ယောက် အရင်မိတ်ဆက်ပေးဦး” လို့ပြောလိုက်သည်။

“အားလုံးပဲမင်္ဂလာပါ၊ ငါ့နာမည်က ဟော့ကျောက်ဝူပါ၊ ငါက ကျင်ချန်တက္ကသိုလ်ရဲ့ ဇီဝဗေဒမှာ ပညာသင်နေပါတယ်။ငါ တိရိစ္ဆာန်တွေကို ချစ်တယ်၊ ဂိမ်းဆော့ရတာကို နှစ်သက်တယ်။” ဟော့ကျောက်ဝူသည် ပထမဆုံး မိတ်ဆက်ပေးသူဖြစ်သည်။

“အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော့်နာမည်က

ဂျင်ချန်ကျူပါ၊ ကျွန်တော်ကတော့ မိုဒိုတက္ကသိုလ်ရဲ့ဓာတုဗေဒအတန်းက လာတာပါ။ ကျနော်ကစာအုပ်ဖတ်ရတာ ကြိုက်တယ်” ဂျင်ချန်ကျူက ပြောသည်။

“အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော့်နာမည် လင်းချင်ကျူပါ၊ ကျွန်တော်ကရှောင်ခီရဲ့ ရူပဗေဒအတန်းက လာတာပါ။” လင်းချင်ကျူ က တိုတိုတုတ်တုတ်ပြောသည်။

နင်ကျန်းကျန်းက “အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော့်နာမည် နင်းကျန်းကျန်း ပါ၊ ဟွာကျင်းတက္ကသိုလ်ရဲ့ သင်္ချာအတန်းကပါ၊ ကျွန်တော် ကဘတ်စကတ်ဘောကစားရတာကို နှစ်သက်ပါတယ်။”

“အားလုံးပဲ...မင်္ဂလာပါ...ကျွန်မနာမည်ကရှောင်ပန်(ရှောင်အန်း) ပါ၊ ကျမတို့ကကျန်ပေ့ တက္ကသိုလ်ကကွန်ပြူတာအတန်းကပါ။” ရှောင်ပန်နှင့် ရှောင်အန်းတို့က တညီတညွတ်တည်း ပြောလိုက်ကြသည်။

စကားပြောပြီးနောက်တွင် သူမတို့သည် ပင်ပန်းနွမ်းနယ်နေပုံရသလိုဖြစ်သွားသည်။

လင်းဖန်သည် ရှောင်ပန် နှင့် ရှောင်အန်းတို့၏ ပခုံးကို ပုတ်လိုက်ပြီး “စိတ်မလှုပ်ရှားပါနဲ့” ဟု ပြုံးပြုံးလေး ပြောလိုက်သည်။

လင်းစကားကိုကြားသောအခါရှောင်ပန်နှင့် ရှောင်အန်းတို့ ၏ မျက်နှာလှလှလေးများသည် ယခုအချိန်တွင် ခရမ်းချဉ်သီးမှည့်များကဲ့သို့ပင်နီရဲနေလျက် ခေါင်းညိတ်လိုက်ကြသည်။

လင်းဖန်က “သွား၊အားလုံးဝင်ထိုင်ကြ”

ထို့နောက်လင်းဖန်သည်လူ ၆ ယောက် ထိုင်ပြီးတဲ့အထိ စောင့်လိုက်သည်။

လင်းဖန် က “ရေတိုရည်မှန်းချက်အကြောင်း ပြောရလျှင် နိုင်ငံတကာဆု အရင်ရအောင်လုပ်ရအောင်” ဟုဆိုသည်။

ဟော့ကျောက်ဝူနှင့် အခြားသူများသည်ဒါကိုကြားသိရသောအခါ အားလုံးက တစ်ယောက်ကိုတစ်ယောက် အနည်းငယ်ကြည့်လိုက်ကြသည်။

နိုင်ငံတကာဆုတွေ ရဖို့ လွယ်လို့လား။

လင်းဖန် က ဒါကို လျစ်လျူရှုပြီး “ဟော့ကျိဝူ၊ မင်းက ဘယ်လမ်းကြောင်းကို စူးစမ်းလေ့လာတာ အကောင်းဆုံးလဲ” လို့ မေးလိုက်တယ်။

ဟော့ကျောက်ဝူက “ဇီဝဗေဒရဲ့ ကျောက်ကပ်ရဲ့ လမ်းညွှန်ချက်ပါ။ ကျောက်ကပ်က ခွန်အားအရင်းအမြစ်လို့ ကျွန်တော် အမြဲထင်နေတယ်။ ကျောက်ကပ်ကောင်းမှ ခန္ဓာကိုယ်က ကောင်းလာမှာပါလေ...”

ဒါပေမယ့် လင်းဖန် က သူပြောတယကိုပြီးအောင်မစောင့်ဘဲ “ကောင်းပြီ ငါသိတယ်” လို့ တားလိုက်သည်။

စကားပြောပြီးနောက် ဘောပင်နှင့် စာရွက်ကို ထုတ်ကာမေးခွန်းရှည်ကြီးတစ်ခုကို အမြန်ချရေးလိုက်သည်။

“မင်း ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြည့်။”

ဟော့ကျောက်ဝူသည် လင်းဖန်၏ ဆရာသခင်နယ်ပယ်လက်ရေးကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းစဉ်ကို သေချာကြည့်လိုက်သည်။

တခါတရံ မျက်မှောင်ကြုတ်ကာ တွေးနေတတ်သည်။

ခဏအကြာတွင်၊ “ကောင်းပြီ ပါမောက္ခလင်း!”ဟုပြန်ပြောလိုက်သည်။

လင်းဖန်က လှည့်ပြီး “ဂျင်ချန်ကျူ၊ မင်းဘယ်လမ်းကြောင်းကိုအကျွမ်းကျင်ဆုံးလဲ။”

ဂျင်ချန်ကျူ က “ပိုလီမာ သိပ္ပံ” ဟုဆိုသည်။

သူဤသို့ပြောသောအခါ ဂျင်ချန်ကျူ သည် အမှန်တကယ်ပင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

အဘယ်ကြောင့်ဆိုသော် လင်းဖန်၏ ယနေ့အောင်မြင်မှုများသည် ပေါ်လီမာများ မပါဝင်သောကြောင့်ဖြစ်သည်။

ဂျင်ချန်ကျူသည်သူ့ ကို ရွေးချယ်ပြီးနောက် ကျန်ပေ့တက္ကသိုလ်သို့ လာရန် မဝံ့မရဲဖြစ်ရခြင်းမှာ ဤအကြောင်းအရင်းကြောင့်ဖြစ်သည်။

လင်းဖန်သည် သိပ်ပြီးမစဉ်းစားဘဲ စာရွက်နှင့် ဘောပင်ကို ကောက်ယူကာ မေးခွန်းများကို ချရေးလိုက်သည်။

“ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။” လင်းဖန်က ပြောသည်။

ဂျင်ချန်ကျးသည် စာအုပ်ပါ အကြောင်းအရာကို ကြည့်သောအခါ အံ့အားသင့်သွားသည့်အပြင် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတစ်ခုလည်း ရှိနေသည်။

လင်းဖန်သည် ပိုလီမာကို နားလည်သည်။

ဂျင်ချန်ကျူ က “ကောင်းပြီ ပါမောက္ခ လင်း!”

လင်းဖန်သည် ဂျင်ချန်ကျူ ၏ အတွေးများကို လုံးဝ ဂရုမစိုက်ဘဲ ရှောင်ပန် နှင့်ရှောင်အန်းတို့ ဆီသို့ ဖြည်းညှင်းစွာ ရောက်လာပြီး သူတို့ရှေ့တွင် ကွန်ပျူတာကို ဖွင့်လိုက်သည်။

လင်းဖန်၏လက်များသည် ကီးဘုတ်ပေါ်ကိုလျင်မြန်စွာနှိပ့်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ မရေမတွက်နိုင်သော ရှုပ်ထွေးသောကုဒ်များသည် ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

ခဏအကြာတွင် လင်းဖန်က သူ့လက်များကို ရပ်တန့်လိုက်ပြီး “ဒါကိုဖြေကြည့်” လို့ ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters