အိပ့်ငိုက်ခြင်း
Vol. 28 Ch. 420
လင်းဖန်သည် ရှောင်ပန် နှင့် ရှောင်အန်းတို့ကိုပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဂျင်ချန်ကျူ ထံမှ မူကြမ်းစာရွက်တစ်အုပ်ကို ယူလိုက်သည်။
လင်းဖန်သည် လျင်မြန်စွာ လှန်ကာ စက္ကန့်အနည်းငယ်အတွင်း နိဂုံးချုပ်သွားခဲ့သည်။
“ဒီမေးခွန်းရဲ့အဖြေက ကောင်းနေပြီ၊ ဆက်ပြီးကြိုးစားပါ”
ဒီစကားလုံးသည်ရိုးရှင်းပေမဲ့ ဂျင်ချန်ကျးသည် အလွန်ပျော်ရွှင်သွားပြီး “ဟုတ်ကဲ့ပါ ပါမောက္ခ လင်း!”
ဒါကိုကြည့်ရင်းကြည့်လင်းချင်ကျူ နှင့် နင်းကျင်းကျင်း တို့၏နှလုံးသည်ချက်ချင်းတင်းကြပ်သွားလေသည်။
ထို့နောက်သူတို့သည်ဘာမှမတွေးပဲစာတွင်စိတ်ကိုလုံးဝကိုနှစ်မြှပ်လိုက်လေသည်။
ရှောင်ပန် နှင့်ရှောင်အန်းတို့သည်လည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှုကို နှစ်ဆထိတိုးမြင့်ခဲ့သည်။
ပထမမေးခွန်းရဲ့ ပထမနေရာကို လုယူသွားခြင်းခံရသည်။
ဒုတိယမေးခွန်းကတော့ လုံးဝအဲ့လိုဖြစ်ခံမှာမဟုတ်ဘူးလို့သူမတို့စိတ်ထဲဆုံးဖြတ်ထားကြသည်။
လူတိုင်းသည်ယခုအချိန်တွင်ဖြေဆိုမှုအငွေ့အသက်က အလွန်ပြင်းထန်နေသည်။
လင်းချင်ကျး သည် စာကြမ်းအစုအဝေးတစ်ခုနှင့်အတူ လင်းဖန်ထံသို့လာကာ “ပါမောက္ခလင်း၊ ဒါက ပထမမေးခွန်းရဲ့ အဖြေပဲ” လို့ပြောလိုက်သည်။
၎င်းစာကိုဖတ်ပြီးနောက် လင်းဖန် က ခေါင်းညိတ်ပြီး “ဒါက အဖြေကောင်းပဲ၊ဆက်ကြိုးစားပါ”
လင်းချင်ကျူ သည် ထိုစကားကိုကြားသောအခါမီသက်ပြင်းတစ်ချက်ချလိုက်သည်။
ယခုအချိန်တွင်နင်းကျန်းကျန်းသည် အလွန်ထိတ်လန့်တုန်လှုပ်နေသည်။
လူတိုင်းက ပထမမေးခွန်းကိုဖြေပြီးသူသည်ပထမမေးခွန်းကိုပင်မဖြေရသေးသောသူဖြစ်သည်။
“ကလင် ကလင် ကလင်...”
ထိုအချိန်တွင် ကျန်ပေ့တက္ကသိုလ်ဝန်းအတွင်း ကျယ်လောင်သော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
လင်းဖန် က “ကောင်းပြီ၊ ဒီနေ့ အတန်းအတွက်ကဒီလောက်ပဲ။အားလုံး ကောင်းကောင်း အနားယူကြပါ”
စကားပြောပြီးနောက် လင်းဖန်သည် အပြင်သို့ လျှောက်သွားလိုက်သည်။
ဂျင်ချန်ကျူ နှင့် အခြားလူများသည် သူတို့၏ စာအုပ်များကို ထုပ်ပိုးကာ ရုံးခန်းမှ ထွက်ခွာသွားမလို့လုပ်လိုက့သည်။
လင်းချင်ကျူသည်နင်းကျန်းကျန်း၏ အသွင်အပြင်ကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဒါနဲ့ သူက သူ့ကို နှစ်သိမ့်ပြီးပြောလိုက်သည်။ “ကျန်းကျန်း၊ မင်း NS ညီမျှခြင်းကို လေ့လာနေတာလေ။ဒီဟာကဖြေရှင်းရခက်တာပုံမှန်ပါပဲ။ မင်းပြန်သွားပြီးကောင်းကောင်းအိပ်စက်လိုက်ပါ။ မင်းအဲဒါကို မကြာခင် ဖြေရှင်းနိုင်မှာပါ၊စိတ်မပူပါနဲ့။”
ဒီစကားကိုကြားတော့နင်းကျန်းကျန်းရဲ့ မျက်နှာက နီမြန်းသွားပြန်သည်။
NS ညီမျှခြင်း
လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် ဤအရာကသူကျွမ်းကျင်သည်ဟု ပြောသည်နှင့်တူသည်။
ရလဒ်အနေနဲ့ ပထမမေးခွန်းကိုတောင်သူမဖြေနိုင်သေးပေ။
နင်းကျန်းကျန်းက အနည်းငယ်မှိုင်ကာ”ကောင်းပြီ”
သူအိပ်ဆောင်ကိုပြန်လာပြီးနောက် လင်းချင်ကျူပြောသလို အိပ့်ဖို့လုပ်ပေမဲ့တစ်ညလုံးအိပ့်မပျော်ပေ။ထို့ကြောင့်သူသည်မီးဖွင့်ပြီး တစ်ညလုံး nsညီမျှခြင်းကိုလေ့လာတွက်ချက်နေတော့သည်။
သို့သော်တိုးတက်မှုကမရှိသလောက်ပင်ဖြစ်သည်။
နင်းကျန်းကျန်းသည် နံနက်စောစောတွင် ရေအအေးဖြင့် ရေချိုးနေသည်။
ထိုအချိန်တွင် ပုခုံးပေါ်တွင် ကြောင်တစ်ကောင်နှင့် ဘေးအိမ်မှ အိပ်ဆောင်တွင် နေထိုင်သော ဟော့ကျောက်ဝူသည် ရောက်လာသည်။
သူက ရေစိုနေသောနင်းကျန်းကျန်းကို ကြည့်လိုက်ပြီး “ကျန်းကျန်း၊ မင်း မနက်စောစော ရေချိုးနေတာလား”
“ဟုတ်တယ်။” နင်းကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။
ဟော့ကျောက်ဝူက “အဝတ်တွေလျှော်ပြီးပြီလား?”
နင်းကျန်းကျန်း က “မလျှော်ရသေးဘူး”
ဟော့ကျောက်ဝူ သည် နင်းကျန်းကျန်းကိုအိပ်ဆောင်အပြင်ဘက်သို့ တွန်းထုတ်ကာ “မင်းအဝတ်တွေငါလျှော်ပေးမယ်”
စကားပြောပြီးနောက် နင်းကျန်းကျန်းပခုံးကို အသာအယာပုတ်ကာ သူ့ကိုဂရုစိုက်ကြောင်း ပြသသည်။
ခဏကြာတော့ နင်းကျန်းကျန်းက တစ်ခုခုကို တွေးနေပုံရပြီး “ဒီကောင်...”(ဘာတွေးလဲဘာသာပြန်လဲမသိ)
…………
နင်းကျန်းကျန်းသည် မနက်ခင်းတွင် ရေအေးဖြင့် ရေချိုးထားသည်။
သို့သော်လည်း တစ်ညလုံး မအိပ်ထားသောကြောင့်ယခုအချိန်တွင်အိပ်ငိုက်နေသည်။
ထိုအချိန်တွင် လင်းဖန်သည် အရှိန်အဟုန်ဖြင့် ဖြည်းညှင်းစွာ လျှောက်လာသည်။
“ညောင်!”
“ညောင်!”
မူလက ဟော့ကျောက်ဝူ၏ပခုံးပေါ်တွင် ပျင်းရိစွာ နေသောကြောင်သည် ချက်ချင်းပင် မျက်လုံးပွင့်လာပြီး ပြတ်သားစွာခေါ်တော့သည်။
“သခင်...ဒီမှာ!”
“သခင် အရသာရှိတဲ့ စားစရာတစ်ခုခု ယူလာပြီလား”
ကြောင်သည် ဟော့ကျောက်ဝူ ၏ပုခုံးပေါ်မှ တိုက်ရိုက်ခုန်ဆင်းကာ လင်းဖန်၏ခြေရင်းဆီသို့ ရောက်လာပြီး ၎င်းကို ပွတ်သပ်လိုက်သည်။
လင်းဖန်က ပြုံးပြီး “စိတ်မပူပါနဲ့ အစားအသောက် မကြာခင် လာမှာပါ”
လင်းဖန်ပြောပြီးမကြာမီပင်ပစားအသောက်ပို့သမားလာပြီး”မစ္စတာ လင်း ဒီမှာ ရှိလား” ဟု မေးသည်။
လင်းဖန်က “ဒါ ငါပဲ”
“ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ။” အစားအသောက်ပို့သမားက ပြောသည်။
လင်းဖန်သည် နာမည်ရေးထိုးပြီးနောက် သေတ္တာကို တိုက်ရိုက်ဖွင့်လိုက်ပြီး မနေ့ကလိုမျိုး အမဲသားနှင့်ကြောင်စာမကောင်းစားနှင့်ပြည့်နေသည်။
ဒါကိုကြည့်ရင်း...
ဟော့ကျောက်ဝူ ၏ မျက်လုံးများ တိုက်ရိုက် ပြူးကျယ်သွားသည်။
ဒီနေ့ ကြောင် ရှောင်ဘိုင်ကို ဒီကို ထပ်ခေါ်လာရတဲ့ အကြောင်းအရင်းမှာ
တစ်ဖက်တွင်၊ရှောင်ဘိုင်သည် အိပ်ဆောင်ထဲတွင် ဆက်တိုက် လှဲနေသောကြောင့်ဖြစ်သည်။
တစ်ဖက်တွင်မူ ရှောင်ဘိုင်သည် ယမန်နေ့က လင်းဖန် ၏ အမဲသားကြောင်စာကောင်းကို စားပြီးနောက်၊ တစ်ထုပ်လျှင် ဒေါ်လာဒါဇင်ဖြင့်ပေးရသောဈေးပေါသောကြောင်စာကိုစားတော့သောကြောင့်ဖြစ်သည်။
ဒါက ဟော့ကျောက်ဝူကို ဒေါသထွက်စေသည်။
စိတ်ပျက်အားငယ်စွာဖြင့် ယနေ့တွင် သူ့ကံစမ်းရန် ရှောင်ဘိုင်ကို ခေါ်ဆောင်လာရသည်။
လင်းဖန်သည် အမဲသားနည်းနည်းကြောင်အစာတွေ ထပ်ယူလာရင် ဘာဖြစ်မလဲ။
ဒါပေမယ့် အခုရှေ့မှာ ဘယ်လိုအခြေအနေလဲ။
ဒါက နည်းနည်းယူလာတာလား။
ဒါက လူတစ်ဝက်လောက်မြင့်တဲ့သေတ္တာအဖြက့်အမဲသားကြောင်စာနဲ့ပြည့်နေသည်။
မနေ့က အိမ်ပြန်ရောက်ပြီးနောက် ဟော့ကျောက်ဝူသည် အမဲသားနှင့်ကြောင်စာကောင်းများ ကို အွန်လိုင်းတွင် တမင်တကာ ရှာဖွေခဲ့သည်။
သို့သော်စျေးသည်အလွန်းကြီးသည်။တစ်နည်းအားဖြင့် တစ်ဂရမ်လျှင် ပျမ်းမျှ ၁၀ ယွမ်ကုန်ကျသည်။
ဒီလိုစျေးကြီးတဲ့ အစားအစာမျိုးကို ကြောင်ကို အစာကျွေးဖို့ နေနေသာသာ သူ့ဟာသူတောင်မစားနိုင်ပေ။
ငါ့ရှေ့မှာ ဒါကဘယ်လောက်ကျမလဲ။
50000?
100,000?
ဟော့ကျောက်ဝူ သည် သူ့ဒူးအနည်းငယ်ချောင်သွားကာဒူးထောက်လုနီးပါးဖြစ်သွားသည်။
လင်းဖန်သည် အမဲသားနှင့်ကြောင်စာကောင်းများပါသော အထုပ်တစ်ထုပ်ကို ဆုတ်ဖြဲလိုက်သည်။
ကြောင်လေးရှောင်ဘိုင်သည် ရွှင်မြူးသောအသံဖြင့် အစာကိုစားရင်းပြောနေသည်။
“အရသာရှိလွန်းတယ်!”
“ပိုင်ရှင်အသစ်က အံ့သြစရာပဲ!”
လင်းဖန်က ပြုံးပြီး “ကြိုက်ရင် ပိုစားလေ”
ထို့နောက် ဟော့ကျောက်ဝူ နှင့် အခြားသူတို့သည် ယနေ့တွင် ခက်ခက်ခဲခဲ လေ့လာမှု ကိုပြန်လည်စတင်တော့သည်။
သို့သော် နင်းကျန်းကျန်းသည် လူတိုင်းနှင့်တန်းတူအမီလိုက်နိုင်ရန် ပထမဆုံးမေးခွန်းကို ဖြေရန် စိတ်အားထက်သန်နေသည်။
သို့သော်မနေ့ညက မအိပ်ထားသောကြောင့်အရမ်းပင်ပန်းနေပုံရသည်။
လင်းဖန် လည်း ဒါကို သတိထားမိလိုက်ပြီးကြောင် ဝိညာဉ်ရေး လက်ဖက််ဗူးတစ်ဘူးကို ထုတ်လိုက်ပြီး “မင်း အိပ်ငိုက်ရင် အိပ့်ချင်ပြေအောင်ဒါကိုသောက်နိုင်သည်။”
နင်းကျန်းကျန်းသည် အလွန်အိပ်ငိုက်နေသောကြောင့် လောလောဆယ်တွင် သူသည် ဘာမှမစဉ်းစားပဲ လက်ဖက်ရည်သောက်ရန် ထလိုက်သည်။
ရေနွေးထဲကိုလက်ဖက်ရွက်အနည်းငယ်ထည့်သောအခါ ပြင်းထန်သော လက်ဖက်ရနံ့သည် ချက်ချင်းပင် လှိုင်းထလာသည်။
ထို့နောက်နင်းကျန်းကျန်းသည် ဖန်ခွက်ကြီးတစ်လုံးထဲသို့လက်ဖက်ရည်ထည့်ကဲကုန်အောင်သောက်လိုက်သည်။
ယခင် ပင်ပန်းနွမ်းနယ်မှု အားလုံးသည် ပြေပျောက်သွားပြီး အလွန်သက်တောင့်သက်သာရှိသလိုခံစားလိုက်ရသည်။
နင်းကျန်းကျန်းသည် အလွန်အံ့သြသွားသော အကြည့်ဖြင့် သူ့ရှေ့က လက်ဖက်ရည်ကို စိုက်ကြည့်နေသည်။
လင်းဖန်ကို မော့ကြည့်လိုက်တော့ တစ်ခုခုကို သတိရသွားသည်။
ငါမှာမဖြေရသေးတဲ့ မေးခွန်းတွေ ရှိနေတုန်းပဲ။
ထို့ကြောင့် သူ့စိတ်ထဲတွင် အံ့သြမှုကို အလျင်အမြန် မျိုသိပ်ကာစားပွဲဆီသို့ ပြန်သွားကာ သူဖြေရှင်းရမည့်ပြဿနာကို ပြန်တွေးလိုက်မိတော့သည်။