လူရွေးခြင်း
Vol. 28 Ch. 415
ပါမောက္ခများအဖြစ် ရွေးချယ်ရာတွင် ရှည်လျားသော(အချိန်ကြာတာကိုပြောတာပါ) သုံးသပ်ချက် လိုအပ်သည်။
ဒါပေမယ့် လင်းဖန်က ကျောင်းသားတွေကို သင်ပေးဖို့ သဘောတူပြီးနောက် တစ်နာရီအတွင်း ကျန်ပေ့တက္ကသိုလ်၏တရားဝင်ဝက်ဘ်ဆိုက်တွင် လင်းဖန်သည်ပါမောက္ခဖြစ်လာကြောင်း တိုက်ရိုက်ထုတ်ဖော်ကြေညာခဲ့သည်။
နောက်တော့ လင်းဖန်က ကျောင်းသားများကို ခေါ်ယူမည်ဆိုတဲ့ သတင်းတွေလဲထပ်မံထွက်လာသည်။
ဒီသတင်းကြောင့်မရေမတွက်နိုင်သောကျောင်းသားများသည်ထိုအကြောင်းကိုတက်ကြွစွာ ဆွေးနွေးကြတော့သည်။
[လေပေါ်မှာဝဲတဲ့လိပ်ပြာ- အိုမိုင်ဂေါ့။ နတ်ဘုရားလင်းဖန်က နောက်ဆုံးတော့ ကျောင်းသားတွေကို ခေါ်ယူတော့မှာလား။ဒါကငါ့ကိုစိတ်လှုပ်ရှားစေတယ်။ 】
[အိုင်း- ကျနော်ကဟွမ်ကျူတက္ကသိုလ်မှ ကျောင်းသားပါ။ပါမောက္ခလင်းဖန်၏အတန်းမှာသင်ကြားရဖို့မည်သို့လျှောက်ထားရမည်ဆိုတာသိချင်ပါတယ်။ 】
[တန်တန်- ပေကျင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကလင်းဖန်အတန်းမှာတက်ဖို့ကို တောင်းပန်နေတယ်။ 】
[ချန်ဇီ- လင်းဖန်သည် ကျန်ပေ့ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးမဟုတ်ဘူးလား။အဲ့ဒါကိုဟွမ်ကျူတက္ကသိုလ် နှင့် ကျန်ပေ့တက္ကသိုလ်က ကျောင်းသားများသည် လင်းဖန်အတန်းမှာတက်ချင်နေကြတာလား။ဒါကငါလဲမပြောတတ်တော့......... 】
...
ရှန်လင်း ၏ မူလအစီအစဉ်အရ လင်းဖန်သည် ကျန်ပေ့ တက္ကသိုလ်ရှိကျောင်းသားများကိုသာခေါ်စေလိုသည်။
သို့သော်၊ အင်တာနက်ပေါ်သို့တက်လိုက်ခြင်းကြောင့်ဟွမ်ကျူတက္ကသိုလ်၊ ပေကျင်း တက္ကသိုလ်နှင့် .....စသည်တက္ကသိုလ်များရှိကျောင်းများကလဲလင်းဖန်အတန်းမှာတက်ချင်နေကြသည်။ထို့နောက်ကျောင်းဥက္ကဌများဆွေးနွေးပြီးနောက်မည်သည့်ကျောင်းမဆိုလင်းဖန်အတန်းကိုတက်နိုင်တယ်လို့ဆုံးဖြတ်လိုက်ကြသည်။သို့သော်တက်ရမည့်ကျောင်းသားများကိုတော့လင်းဖန်ကသာရွေးချယ်မည်ဖြစ်သည်။
ရှန်လင်းသည်လင်းဖန်နှင့် ဆွေးနွေးပြီးနောက် လင်းဖန်အတန်းကိုတက်လိုသူများသည်အီမေးလ်ဖြင့်လျှောက်ထားနိုင်ကြောင်းကြေညာခဲ့သည်။
...
လင်းဖန်သည် စာသင်ခန်းသို့ရောက်သောအခါ စုရီ က “အစ်ကိုလင်း မင်းက ငါတို့ကျောင်းရဲ့ပါမောက္ခဖြစ်သွားတာလား။”
“ဟုတ်တယ်” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
စာသင်ခန်းထဲက အတန်းဖော်တွေအားလုံးက မနာလိုတဲ့ အကြည့်တွေနဲ့လင်းဖန်ကိုကြည့်လိုက်ကြသည်။
လင်းဖန်သည်ကမ္ဘာ့ ပြဿနာများစွာကို ဦးစွာဖြေရှင်းခဲ့ပြီးနည်းပညာမြင့်ထုတ်ကုန်များကို လဲတီထွင်ခဲ့သည်။
အခု သူသည်ပါမောက္ခ ဖြစ်လာပြီဖြစ်သည်။
လင်းဖန် က “ဒါဆို အနာဂတ်မှာ ငါ အလုပ်လာဖို့ အချိန်များနိုင်သွားတယ်”
နောက်ဆုံးတော့ သူက ဆရာဖြစ်လာသည်။
ကျောင်းသားတွေကို လုံးဝလျစ်လျူရှုလို့ မရပေ။
မဟုတ်ရင် မစ်ရှင်တစ်ခုကို ဘယ်လို ပြီးအောင်လုပ်နိုင်မှာလဲ။
ဇောင်ချင်းဘိုက “အစ်ကို လင်း ဒီည အတူတူထမင်းစားရအောင်”
မူဇောင်ကလည်း “ဟုတ်တယ်၊ အတူတူစားရအောင်!”
ပြီးတာနဲ့ ချက်ချင်းပဲ အတန်းထဲက ကျောင်းသားတွေ အားလုံးကလဲလိုက်ထောက်ခံကြတော့သည်။
လင်းဖန်က ပြုံးပြီး “ ငါအတန်းထဲ မလာရင်တောင် မင်းတို့ပါးလုံးကငါရဲ့အတန်းဖော်တွေပဲလေ’’
ခေတ္တနားပြီးနောက် သူက “ဒါပေမယ့် ညနေစာ အတူတူစားတာက ပြဿနာမရှိဘူး၊ ပါမောက္ခဖြစ်လာတဲ့အထိန်းအမတ်နဲ့အကုန်လုံးကိုလိုက်ကျွေးမယ်။ဒါကြောင့်မင်းတို့ဘယ်မှာစားချင်လဲ”
အရင်က ကျောင်းသားတော်တော်များများက အေစီကလပ် ကိုသွားချင်ကြသည်။
ဒါပေမယ့် ဒီနေ့တော့သူတိ့အားလုံးသည်ကျောင်းနားက အသားကင်ဆိုင်ကို ရောက်လာကြတော့သည်။
အကင်တွေစားရင်းဘီယာသောက်နေကြသည်။
ကျောင်းသားအားလုံး ဘီယာတစ်ပုလင်းကို တစ်ယောက်ပြိးတစ်ယောက်ကောက်ယူပြီး လင်းဖန်အားဂုဏ်ပြုပေးကြသည်။
ထိုညတွင် လင်းဖန်သည်သူ၏အဆောင်တွင် အိပ်လိုက်လေသည်။
...
လင်းဖန်သည်အကင်းစာဘီယာသောက်ပြီးအိပ်နေတဲ့အချိန်မှာ။
အမျိုးသမီးအိပ်ဆောင်။
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် စခရင်ပေါ်ရှိ ဖောင်ကိုအကြိမ်ပေါင်းများစွာကြည့်နေသည်။
သူမတို့သည် စကားလုံးတိုင်းနှင့် စာလုံးတိုင်းကို အဆက်မပြတ် ပြန်လည်သုံးသပ်ပြီးရင်းသုံးသပ်နေသည်။
ယခုအခိုက်တွင် ကျောက်နီသည်သူမ၏ဆံပင်ကို သုတ်ရင်းဖြည်းညှင်းစွာ လျှောက်လာပြီး “နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ” လို့ မေးလိုက်သည်။
သူမစကားပြောရင်းနဲ့ ခေါင်းကို စခရင်ပေါ်ရွှေ့လိုက်သည်။
“ဒါက... လျှောက်လွှာပုံစံမလား။နင်တို့က လင်းဖန်ရဲ့ ကျောင်းသားဖြစ်လျှောက်မှာလား။”
ရှောင်ပန် နှင့် ရှောင်အန်းတို့နှစ်ယောက်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
ခဏလောက်စဉ်းစားပြီးသူမတို့နှစ်ယောက်စလုံးက “မင်း...ငါ့တို့အတွက် ဒညကိုစစ်ဆေးပေးနိုင်မလား”
“အာ...အင်း...ကောင်းပီလေ” ကျောက်နီက ပြန်ဖြေသည်။
ခဏကြာတော့ သူမက “စာရေးတာ အရမ်းကောင်းတယ်၊ ပြီးပြည့်စုံတယ်!”
ဒါကိကြားတော့ရှောင်ပန်နှင့် ရှောင်အန်းတို့က ခေါင်းညိတ်ပြသော်လည်း အီးမေးလ်ကနေဖောင်ကို ချက်ချင်းမပို့သေးပေ။
ထို့နောက်အစကနေ အဆုံးထိ ပြန်စစ်လေသည်။
ဖောင်ကို မေးလ်ထဲမပို့ခင် အချိန်အတော်လေးကြာခဲ့သည်။
ရှောင်ပန်နှင့် ရှောင်အန်းသည် မောက်စ်ကို နောက်တစ်ကြိမ် ရွှေ့လိုက်ပြီး ပေးပို့ရန် ခလုတ်နေရာတွင် အချိန်အတော်ကြာအောင်ရပ်နေခဲ့သည်။
နောက်ဆုံးတော့ပေးပို့သည်ကိုနှိပ်လိုက်လေတော့သည်။
ရုတ်တရက် ရှောင်ပန် နှင့်ရှောင်အန်း တို့၏ နှလုံးများသည် ဒရမ်တီးသကဲ့သို့လျင်မြန်စွာခုန်တက်သွားကာ သူမ၏လှပသော မျက်နှာနှစ်ခုသည် နီမြန်းသွားကြသည်။
ထို့နောက် သူတို့သည် ကွန်ပြူတာရှေ့တွင် ထိုင်ကာ စာမပြန်သည့် အီးမေးလ်ကို ကြည့်နေကြသည်။
...
နောက်ရက်အနည်းငယ်တွင်လင်းဖန်သည် ကျောင်းတက်လိုက်၊အိပ့်လိုက်၊စားလိုက်လုပ်နေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ပိတ်ရက်လို့ရောက်လာလေသည်။
မနေ့ညက လင်းဖန်သည် ပန်လုံဗီလာသို့ ပြန်လာခဲ့သည်။
လင်းဖန်သည် ယခုရက်ပိုင်းအတွင်း ကန်တင်းတွင်သာထမင်းစားလေသည်။
ယနေ့တွင်တော့အမဲသားနှပ်၊ ငါးရှဉ့်ပေါင်း၊ ဘဲသားနှင့် ....ကိတ်မုန့်များနှင့် မြူချီလီ စားသောက်ဆိုင်မှ အခြားအရသာရှိသောဟင်းများကိုသုံးဆောင်လေသည်။
ထမင်းစားပြီးနောက် လင်းဖန်က သူ့ဖုန်းနဲ့ဖုန်းသုံးနေလိုက်သည်။
ဒီအခိုက်အတန့်မှာ သူ တစ်ခုခုကို တွေးမိပုံရပြီး ကွန်ပြူတာဆီ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ့အီးမေးလ်ထဲကို ဝင်သွားလိုက်သည်။
“ဒီး....”
ရုတ်တရက်၊ ထောင်ပေါင်းများစွာသော အီးမေးလ်များအားလုံးသည်ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
၎င်းတို့တွင် ကျန်ပေ့တက္ကသိုလ်၊ ဟွမ်ကျူတက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်... နှင့် နိုင်ငံခြားတက္ကသိုလ်များစွာလဲပါဝင်ကြသည်။
ဒါကိုကြည့်ရင်းလင်းဖန် က “ဒါက အရမ်းများတာပဲ”
သို့သော်ကံကောင်းတာကလင်းဖန်တွင်စကင်န်ဖတ်နိုင်သည့်အစွမ်းရှိလို့သာဖြစ်သည်။မဟုတ်ရင်လင်းဖန်တစ်ယောက်ဘာလုပ်လို့လုပ်ရမှန်းသိမည်မဟုတ်ပေ။လင်းဖန်သည် စကင်န်ဖတ်နိုင်စွမ်းရှိသော်ကြောင့် အီးမေးလ်တစ်စောင်ကို ချက်ချင်းဖတ်နိုင်သည်။
သို့သော် ထောင်နှင့်ချီသော အီးမေးလ်များ ကိုရင်ဆိုင်ရသောအခါအနည်းငယ်ဦးနှောက်ခြောက်သလိုခံစားရလေသည်။
သူအနေနဲ့အနည်းဆုံးမောက်စ်ကို အကြိမ်ပေါင်း ထောင်နဲ့ချီပြီး နှိပ်ရမည်ဖြစ်သည်။ဒါကသူ့ကိုတော်တော််ဒုက္ခပေးလေသည်။
ခဏအကြာတွင် လင်းဖန်သည် သူ့လက်ကောက်ဝတ်ပေါ်ရှိ စူပါစမတ်နာရီကို ကြည့်ကာ “ရှောင်ဘိုင်ရေ..”
“ရှိပါတယ်... ဆရာ!”
စူပါစမတ်နာရီသည် အနည်းငယ်တုန်ခါသွားကာ ကြည်လင်ပြတ်သားသော အသံထွက်လာသည်။
“ငါအတွက် ဤအီးမေးလ်တွေကို အမျိုးအစားခွဲပြီး ရွေးချယ်ပေးနိုင်သလား။” လင်းဖန်က ပြောသည်။
“ရပါတယ် ဆရာ” ရှောင်ဘိုင်က က “ခွင့်လွှတ်ပါ၊ သခင်မင်းကက ဘာလိုအပ်ချက်တွေနဲ့အမျိုးအစားခွဲပြီး ရွေးချယ်ရမှာလဲ?”
လင်းဖန်က ခဏလောက်စဉ်းစားပြီး “နိုင်ငံခြားသားတွေကိုအရင်ဆုံးဖယ်လိုက်!”
“ဒီး...”
ရုတ်တရက် လင်းဖန်၏ အီးမေးလ်ထဲတွင် မေးလ်လေးပုံတစ်ပုံခန့် ချက်ချင်းပျောက်ဆုံးသွားသည်။
လင်းဖန် က “ဓာတုဗေဒ၊ ကွန်ပြူတာသိပ္ပံ၊ သင်္ချာ၊ ရူပဗေဒနဲ့ ဇီဝဗေဒမှာ အကောင်းဆုံးအရည်အချင်းနဲ့အလားအလာအရှိဆုံးကို ရွေးလိုက်ပါ”
“ကောင်းပြီ ဆရာ...” ရှောင်ဘိုင်က ပြောသည်။
“ဒီး...”
မကြာခင်မှာပဲအီးမေးလ် 50သာကျန်တော့လေသည်။
ဒါကိုကြည့်ကာလင်းဖန်သည် မောက်စ်ကို ကောက်ကိုင်လိုက်ပြီး အီးမေးလ်တစ်ခုပြီးတစ်ခုကိုနှိပ်ကာဖတ်လေသည်။
သူသည် ခေါင်းညိတ်၊ ခေါင်းယမ်း ဒါမှမဟုတ် ရေရွတ်ခြင်း....စသည့်အပြုအမူမျိုးကိုအကြိမ်ပေါင်းများစွာပြုလုပ်လေသည်။
လင်းဖန်သည် ဆယ်ခုမြောက် အီးမေးလ်ကို ဖွင့်လိုက်သောအခါ၊ “ဟွာကျင်းတက္ကသိုလ် နင်းကျန်းကျန်း၊ သူက သင်္ချာမော်ဒယ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ပုံရသည်၊ ဟုတ်တယ်မလား?”
“သူက အသိအကျွမ်းဟောင်းပဲ၊ ဒါကြောင့် သူ့ကို တစ်ယောက်လို့ မှတ်လိုက်တော့။”
စကားပြောနေရင်းနဲ့ နောက်အီးမေးလ်ကို ဖွင့်လိုက်သည်။
“ရှောင်ပန်?”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး